← Chapters

မြေအောက်နန်းတော်

Vol. 23 Ch. 335

မြေအောက်နန်းတော်

Vol. 23 Ch. 335

ပိုင်ရှီသဲကန္တာရအတွင်း ကင်းလှည့်သော အစောင့်၂ယောက်နှင့် ရှောက်ရွှမ် ဆုံတွေ့ခဲ့ရသည်။ အစောင့်၂ယောက်ကို ကြည့်ရသည်မှာ စိတ်နှင့်လူမကပ်သော အခြေအနေဖြစ်နေသည်။ ပိုင်ရှီမြို့တော်တွင် အခြေအနေများ တော်တော်ဆိုးဝါးနေပုံ ပေါ်ပေသည်။ ရှောက်ရွှမ်သိထားသော သတင်းများအရဆိုလျှင် ကင်းအဖွဲ့သည် ယခုထက် စည်းကမ်းပိုတင်းကျပ်သင့်သည်။ မြို့တော်ထဲတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ၊ ကင်းအဖွဲ့သည် ထိုသို့ စိတ်ညှိုးနွမ်းခြင်းမျိုး ဖြစ်ပေါ်၍ မရပေ။

သို့သော် သူတို့၏ အခြေအနေကို နားလည်ပေး၍ ရသည်။

ကျွန်များအတွက်တော့ ပိုင်ရှီမြို့တော်၏ အခြေအနေသည် အလွန်အရေးကြီး နေသည်။

ကျွန်ပိုင်ရှင်များ၏ဘုရင်သေဆုံးသွားခြင်းသည် သူတို့၏ ဆရာသခင် မရှိတော့သည့် သဘောပင်ဖြစ်သည်။ သူတို့၏ ဆရာသခင်နေရာကို မည်သူက ဆက်ခံမည်နည်း။ မည်သူက အရှင်သခင်အသစ် ဖြစ်လာမည်နည်း။ ဘယ်အရာမှ ကျိန်းသေတွက်လို့မရေသေးသလို၊၎င်းတို့၏ အနာဂါတ်မှာလည်း စိုးရိမ်စရာ ဖြစ်နေပေသည်။

စိတ်နှင့်လူမကပ်သော အစောင့်များကို ရှောင်ရှားလာပြီး ရှောက်ရွှမ်သည် ဘေးဘီ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ ငှက်ကလေးများ၊သေးငယ်သော သတ္တဝါလေးများကို ကြည့်နေခြင်းဖြစ်သည်။ ပိုင်ရှီမြို့တော်မှ လူများတွင် အများနှင့်မတူသော အမြင်ရှိပုံ ပေါ်သည်။ တစ်ယောက်ယောက်က ပိုးမွှားတစ်ကောင်ကောင်ကို ကျွန်ပြုထားနိုင်သည်။ ရှောက်ရွှမ် မပေါ့ဆရဲတော့ပါ။

ထို့နောက်တွင်တော့ ရှောက်ရွှမ်သည် ကျောက်တုံးကြီးတစ်တုံး ဆီသို့ ရောက်သွား၏။ ကျောက်

တုံးကြီး၏ ထိပ်ဖျားမှာ ထီးရွက်သဏ္ဍာန်ဖြစ်နေပြီး မှိုပွင့်ကြီး တစ်ပွင့်နှင့် တူပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သဲမုန်တိုင်းများ တိုက်ခတ်သောအခါတွင် သဲမှုန်များက ကျောက်တုံးကြီးကို တိုက်စားသွားသောကြောင့် ဖြစ်သည်။

ရေအနည်းငယ်လောက်သောက်ပြီးသောအခါ အားအင်များ ပြန်ပြည့်လာသည်။ ထိုအခါ ရှောက်ရွှမ်သည် ပိုင်ရှီမြို့တော်ထဲဝင်ရန် အကြံအစည်ကို သေချာသုံးသပ်နေသည်။ တွေးနေရင်းနှင့် နဖူးကြောများ ရှုံ့လာလေသည်။ သူ့အနေနှင့် မြို့ထဲသို့ အောင်မြင်စွာ ဝင်နိုင်ပြီးမှ၊ မြို့ထဲတွင် တောက်ယွီမရှိလျှင် သူဘက်ဆက်လုပ်ရမည်နည်း။

စဉ်းစားပြီးသွားသောအခါတွင် ရှောက်ရွှမ်သည် ကုလားအုတ်ဆီမှ ဖြုတ်ယူလာသော ဇက်ကြိုးကို ဖြတ်လိုက်သည်။ သူသည် ကြိုးထုံးဗေဒင်ကို အသုံးပြု၍ တောက်ယွီရှိသော နေရာကို ရှာမည် ဖြစ်သည်။ အောင်မြင်မလား၊ ကျရှုံးမလားတော့ ရှောက်ရွှမ်လည်း မသိပါ။

ကြိုးထုံးဗေဒင်မေး၍ ပြီးသွားပေပြီ။ ရှောက်ရွှမ်သည် မျက်လုံးဖွင့်လိုက်ကာ သူ့လက်ထဲမှ ကြိုးထုံးကို ကြည့်လိုက်သည်။ သူသည် ကြိုးထုံးက ပေးသောအဖြေကို ဖတ်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် မြေပြင်ပေါ်တွင် ပန်းချီတစ်ပုံဆွဲလိုက်ပြီး တောက်ယွီရှိနိုင်မည့်နေရာကို အဖြေထုတ်လိုက်သည်။ ကြိုးထုံးမှ ပြနေသော အရပ်မျက်နှာကတော့ ပိုင်ရှီမြို့တော် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ်ကတော့ ထိုနေရာကို သွားကြည့်မည် ဖြစ်သည်။

ပိုင်ရှီမြို့တော်ထဲမဝင်ခင် ကြိုးထုံးဗေဒင်မေးလိုက်ခြင်းမှာ မှန်သွဦးသည်။ မဟုတ်လျှင် ပိုင်ရှီမြို့တော်ထဲ သွားခြင်းမှာ အလကားဖြစ်သွားပေလိမ့်မည်။

ထို့နောက် ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင်က ညွှန်ပြသော အရပ်မျက်နှာကို လျင်မြန်စွာထွက်ခွာလာခဲ့သည်။ ချာချာမရှိတော့သဖြင့် သဲကန္တာရထဲ

တွင် ခရီးမတွင်သော်လည်း အရမ်းနှေးကွေးနေခြင်းတော့ မဟုတ်ပေ။

ဆက်လျှောက်လာသောအခါ ပိုင်ရှီသဲကန္တာရ အပြင်ဘက်သို့ရောက်လာပြီ ဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်သည်။ပိုင်ရှီမြို့တော်တွင် ထိုမျှ အရေးကြီးသောအချိန်တွင် တောက်ယွီက ဘယ်ရောက်နေသနည်း။ ထွက်ပြေးသွားခြင်းများလား။

ရှောက်ရွှမ်သည် ထိုအရပ်မျက်နှာသို့ ဆက်သွားသည်။ ညတွင်လည်း ခဏသာနားပြီး ဆက်သွားသည်။ နေရာတစ်ခုကို မရောက်မချင်း သူဆက်သွားနေ၏။

ထိုနေရာသည် သဲကန္တာရသာ ဖြစ်ပါသည်။ နေရာအနှံ့တွင် သဲသောင်ကုန်းများကို တွေ့ရသည်။ မျက်နှာပြင် ညီညာသော နေရာဖြစ်ခဲ့လျှင်တော့ တောက်ပနေသော ရေကန်ကြီးတစ်ကန်နှင့် တူပေလိမ့်မည်။

ထိုနေရာတွင် လေအနည်းငယ်ထန်သဖြင့် လေ

ထဲတွင် ဖုန်မှုန့်များ ပျံ့လွင့်နေသည်။

ရှောက်ရွှမ်သည် သူ့ရှေ့တွင်ရှိသော တောင်တလုံးနှင့်တူသည့် သဲသောင်ကုန်းများကို ကြည့်နေသည်။ အရာအားလုံးမှာ ပုံမှန်သာဖြစ်သည်။ သို့သော် ကြိုးထုံးဗေဒင်အရတော့ ထိုနေရာတွင် တစ်ခုခုရှိရမည် ဖြစ်သည်။ ရှောက်ရွှမ်အနေဖြင့် ရှေ့ဆက်သွားရန် လိုအပ်နေခြင်းများလား။

တောင်နှင့်တူသော သဲသောင်ကုန်းများပေါ်တက်ရင်းနှင့် ရှောက်ရွှမ်စိတ်ထဲတွင် ထူးဆန်းသလို ခံစားလိုက်ရသည်။

ရှောက်ရွှမ်၏ စိတ်ထဲမှ မီးတောက်ကို ကာရံထားသော အပြင်ခွံသည် အရောင်တလက်လက်တောက်ပနေပေသည်။ ထိုအပြောင်းအလဲကြောင့် ရှောက်ရွှမ်သည် သွားနေရာမှ ရပ်လိုက်သည်။

ရှောက်ရွှမ်သည် ဝေခွဲမရဖြစ်နေစဉ်တွင် အသံတစ်ခုကို သဲ့သဲ့လေး ကြားလိုက်ရသည်။ သဲပြင်ကို လေတိုးသံများထွက်ပေါ်နေသော်လည်း ရှော

က်ရွှမ်၏ အကြားအာရုံသည် လေတိုးသံနှင့် သူကြားလိုက်သော အသံတို့ကို ခွဲခြားနိုင်သည်။ သူကြားလိုက်သောအသံမှာ လေတိုးသံမဟုတ်ပေ။

ရှောက်ရွှမ်သည် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ခေါင်းစွပ်ကို ဆွဲချလိုက်သည်။ ထို့နောက် အသံကြားရာဘက်သို့ ထွက်ခွာသွားသည်။

အသံမှာ ပေါ့ပါးသော အသံဖြစ်ပြီး ကျောက်တုံးများကို ရွှေ့နေသော အသံမျိုးဖြစ်သည်။ ကျောက်တုံးကို ရွှေ့နေသူမှာ သတိကြီးစွာဖြင့် ကျောက်တုံးများကို ရွှေ့နေခြင်းပင်။

ရှောက်ရွှမ်သည် စိတ်ရှည်စွာ လဲလျောင်းရင်း အသံထွက်လာရာနေရာသို့ စောင့်ကြည့်နေ၏။

အနားတွင်ရှိသော သဲများက‌ ရှောက်ရွှမ်ကိုယ်ပေါ် ဖုံးလွှမ်းသွားသည်။ မကြာခင်တွင် ရှေ့တွင်ရှိသော သဲသောင်ကုန်း၂ခုကြား အပေါက်တစ်ခု ပေါ်လာသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

ထိုအပေါက်သည် တဖြည်းဖြည်းကျယ်လာပြီး လူတစ်ယောက်ပင် ဝင်ထွက်လို့ ရနေပြီ ဖြစ်သည်။ ထို့နောက်တွင်တော့ ထိုအပေါက်မှ လူတစ်ယောက် လျင်မြန်စွာ ထွက်လာသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုလူသည် ဘေးဘီကိုကြည့်ပြီး ဘာမှ မတွေ့ရသောအခါ အပေါက်၏ အောက်ခြေဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုလူသည် နောက်လူတစ်ယောက်ကို ထိုအပေါက်မှ ခေါ်ထုတ်လာသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ နောက်လူတစ်ယောက်လည်း သူ့ကို ကူညီနေပုံပေါ်သည်။ မောပန်းနေသောသူက သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သောအခါ မြေအောက်မှအပေါက် ပြန်ပိတ်သွားလေသည်။

အပေါက်ထဲမှ အရင်ထွက်လာသောသူသည် ဘေးဘီကို ကြည့်လိုက်ပြီးနောက် သူခေါ်ထုတ်လာသောလူကို တစ်နေရာသို့ ဆွဲခေါ်သွားသည်။

ရှောက်ရွှမ်သည် ထိုသူများနောက်သို့ သဲသောင်ကုန်းပေါ်မှ လိုက်မသွားခင် စဉ်းစားနေသည်။ ထို

သူများနောက်သို့ လိုက်မသွားနိုင်သော်လည်း၊ ထိုသူများ သွားသောနေရာကိုတော့ ရှောက်ရွှမ်မြင်လိုက်ရသည်။

ထိုလူသည် တောင်ကုန်းတစ်ခုနားသို့လျှောက်သွားပြီး မြေပြင်ပေါ်ရှိ သဲများကို လက်ဖြင့် ယက်ထုတ်နေသည်။ မြေပြင်ပေါ်တွင် တွင်းတစ်တွင်း ဖြစ်လာသောအခါ သူခေါ်လာသောသူကို တွန်းချလိုက်သည်။ ထိုလူကို ပြန်မမြှပ်ခင်၊ ထိုလူ၏ အဝတ်အစားများကို ချွတ်ယူထားလိုက်သည်။

အဝတ်အစားများကို ယူပြီးနောက်တွင် ထိုလူသည် သူတူးထားသောတွင်းကို သဲများဖြင့် ပြန်ဖို့လိုက်သည်။ ထို့နောက် ထွက်ခွာမသွားမီ ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။

ထိုလူပြန်ရောက်လာသောအခါ ရှောက်ရွှမ်က ဆက်ကြည့်နေသည်။ ထိုလူသည် တွင်းပေါက်အမိုးကွေးသွားသည်အထိ သဲပြင်ကို ဆွဲနေသည်။

တွင်းပေါက်အမိုးပွင့်သွားသောအခါ ထိုလူသည်

အောက်မှလူကို စကားလှမ်းပြောလိုက်သည်။ ထို့နောက် သူသည် ပွင့်နေသော တွင်းပေါက်ထဲသို့ ဆင်းသွားတော့သည်။

ထို့နောက် တွင်းပေါက်အမိုးပြန်ပိတ်သွားပြီး အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။ လေတိုက်သောကြောင့် တွင်းပေါက်နေရာကို သဲများက ပြန်လည် ဖုံးလွှမ်းသွားသည်။ ခဏအကြာတွင်တော့ ရှောက်ရွှမ်သည် ပုံမှန်မဟုတ်သော အရာများကို မမြင်တွေ့ရတော့ပေ။

ရှောက်ရွှမ်သည် ထိုနေရာကို ရေးမှတ်ထားလိုက်သည်။ ထို့နောက် လူတစ်ယောက်ကို မြှပ်နှံထားသောနေရာကို သွားလိုက်သည်။ ရှောက်ရွှမ်သည် သဲများကို ဖယ်ထုတ်လိုက်ပြီး မြှပ်နှံခံထားရသောလူကို ကြည့်လိုက်သည်။

ခုနတုန်းက ထိုလူကို မှောက်ခုံကြီး ဆွဲသွားသဖြင့် ရှောက်ရွှမ်သည် ထိုသူ၏အခြေအနေကို သေချာမမြင်ရပေ။ အခုမှသာ ထိုသူကို ကောင်းကောင်းကြည့်၍ ရလေသည်။ ထို

သူ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် အရေပြားများ အက်ကွဲနေပြီး ကြွက်သားများမှာလည်း ပုပ်နေသည်။ နှာခေါင်းပေါက်နှင့် အခြားနေရာများမှလည်း သွေးမျာယိုစီးထွက်နေသည်။

ထိုသူသည် ထိုဒဏ်ရာများကို ဘယ်လိုရလာလဲ ရှောက်ရွှမ်မသိပါ။ မျက်နှာပေါ်တွင်လည်း ရိုက်ခံထားရသော အမူအရာမရှိ။ ပြည်တည်နေသော ဒဏ်ရာများသာမရှိလျှင် ထိုသူသည် အရပ်မြင့်မြင့်နှင့် ယောင်္ကျားပီသသောသူ တစ်ယောက်ဖြစ်နိုင်သည်။ အဆင့်နိမ့်သော ကျွန်တစ်ယောက်ဖြစ်မည်ဆိုလျှင်တောင် လုပ်အားနှုန်းကောင်းသော ကျွန်တစ်ယောက်တော့ ဖြစ်နိုင်ပါသေးသည်။

ခုနက တွင်းကြီးအောက်ခြေတွင် ဘာတွေရှိသလဲ ရှောက်ရွှမ်သိချင်လာသည်။ တောက်ယွီသာရှိနေမည်ဆိုလျှင်ကော…။

ရှောက်ရွှမ်သည် ထိုနားတွင် ပုန်းအောင်းရင်း အခွင့်အရေးကို စောင့်နေ၏။ နောက်တစ်နေ့နေ့လယ်ရောက်သောအခါ ရာသီဥတုက အလွန်ပူ

လာသည်။ ရှောက်ရွှမ်သည် သဲသောင်ကုန်းကြီးနောက်ကွယ်တွင် ပုန်းအောင်းနေဆဲ ဖြစ်ပါသည်။ သူ့ကိုယ်ပေါ်တွင် သဲတစ်လွှာဖြင့် ဖုံးအုပ်ထားသည်။ ရှောက်ရွှမ်သည် ပူလောင်သောသဲများကို အရေးမလုပ်နိုင်ဘဲ အခြားဘက်ကိုသာ ကြည့်နေသည်။ ခဏအကြာတွင် လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရသည်။

ခဏအကြာတွင် တွင်းပေါက်ကြီး ပြန်ပွင့်လာပြီး နောက်လူတစ်ယောက် ထပ်ထွက်လာသည်။ ထိုသူမှာ မနေ့ညက ရှောက်ရွှမ်တွေ့လိုက်သောလူမဟုတ်ပါ။ သို့သော် ထိုသူသည်လည်း မနေ့ညက လူပြုလုပ်သလိုသာ ပြုလုပ်လေသည်။

ထိုလူသည် လူတစ်ယောက်ကို နေရာတစ်နေရာသို့ ဆွဲလာပြီး သူဆွဲလာသောလူကို မြှပ်နှံရန် တွင်းတစ်တွင်းတူးနေသည်။ သူသည် ရုတ်တရက် ရှောက်ရွှမ်ကိုတွေ့လိုက်ရသောအခါ တုန်လှုပ်သွားသည်။ ထိုသူ့ဆီမှ ဘာအသံမှ မထွက်ခင် ရှောက်ရွှမ်က ထိုလူ၏လည်မျိုကို ချုပ်ကိုင်ထားလိုက်သည်။

ထိုသူ၏ကိုယ်ပေါ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကျွန်အမှတ်အသား ဆေးမင်ကြောင်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထိုသူသည် ပိုင်ရှီမြို့တော်မှ ကျွန်တစ်ယောက်ပင် ဖြစ်ပေသည်။

All Chapters