← Chapters

မျိုးစေ့

Vol. 23 Ch. 336

မျိုးစေ့

Vol. 23 Ch. 336

ထိုသူ၏ ကြောက်ရွံ့နေသော မျက်လုံးများကို ကြည့်ပြီး ရှောက်ရွှမ်က “မင်းကို မေးခွန်းနည်းနည်းမေးမယ်…ငါမေးတာကိုဖြေပါ” ဟုတီးတိုးပြောလိုက်သည်။ ထိုသူသည် ခေါင်းကို အလောတကြီးညိတ်ပြလာသည်။

ရှောက်ရွှမ်သည် ထိုသူ၏လည်မျိုကိုချုပ်ကိုင်ထားရာမှ ဖြေလွှတ်ပေးလိုက်သည်။ ထို့နောက် ရှောက်ရွှမ်က “အောက်မှာ တောက်ယွီဘာလုပ်နေတာလဲ” ဟုမေးလိုက်သည်။ ထိုသူစိတ်လှုပ်ရှားသွားသည်။ သူ့အနေနှင့် ရှောက်ရွှမ်သည် တောက်ယွီ၏အမည်ကို ထုတ်ပြောလာမည်ဟု ထင်မထားပါ။ ထိုနာမည်ကို ကြားသောအခါ ထိုလူ၏ မျက်လုံးများတွင် ကြောက်ရွံ့တုန်လှုပ်နေသော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။

ရှောက်ရွှမ်သည် ထိုသူ၏ လည်မျိုကို တဖန်

ပြန်လည် ချုပ်ကိုင်လိုက်သည်။ ထိုအခါ ရှောက်ရွှမ်လက်တွင်းမှလူသည် တစ်စုံတရာ ပြောချင်ဟန်ဖြင့် ခေါင်းညိတ်၊ခေါင်းခါ ပြုလုပ်ပြလေသည်။ သို့သော် စကားတော့မပြောနိုင်ပါ။ ရှောက်ရွှမ်က လက်ကို အနည်းငယ်ဖြေလွှတ်ပေးလိုက်သောအခါ ချောင်းတဟွတ်ဟွတ်ဆိုးနေ၏။

“ပြောစမ်း…”

“အထဲမှာ…အထဲမှာ…သေစမ်းကွာ”

ထိုသူ၏ ကြောက်လန့်နေသောမျက်လုံးများသည် လူသတ်လိုသော မျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။ သူသည် နောက်ကို ဆုတ်လိုက်ပြီး ခြေ၂ချောင်းကို လိမ်လိုက်ကာ ရှောက်ရွှမ်ဆီသို့ လေပွေတစ်ခုလို ပြေးဝင်လာသည်။ ထိုသူ၏ခြေထောက်ထိပ်တွင် ထက်မြက်သော အရိုးတစ်ချောင်းကို တပ်ဆင်ထားသည်။ ထိုအရိုးနှင့် ထိမိမည်ဆိုပါက သွေးများပန်းထွက်လာမည်ဖြစ်သည်။

သို့သော် ရှောက်ရွှမ်က သတိရှိပါသည်။ ရှောက်ရွှမ်သည် ရှေ့ကိုလည်းမတိုး၊ နောက်ကိုလည်းမဆုတ်ဘဲ လက်များကိုသာလှုပ်ရှားလိုက်သည်။

ထိုသူ၏လည်မျိုထဲသို့ သစ်သားဆူးချွန်တစ်ချောင်း စိုက်ဝင်သွားသည်။

ထိုအရာကို ရှောက်ရွှမ်သည် သဲကန္တာရထဲမှ ရှာတွေ့လာခြင်း ဖြစ်သည်။ သူခုတ်လှဲခဲ့သော အပင်ကြီးတစ်ပင်မှ ဆူးတစ်ချောင်းဖြစ်သည်။ ထိုဆူးသည် အလွန်မာကြောသလို ရှောက်ရွှမ်သည် ထိုဆူးပေါ်တွင် အဆိပ်တစ်မျိုးကို သုတ်လိမ်းထားသည်။ ထိုဆူးနှင့် အထိုးခံရသူသည် အချိန်ခဏအတွင်း မူးဝေလာပြီး အိပ်ပျော်သွားမည် ဖြစ်သည်။

ထိုလူလဲကျသွားသောအခါ ရှောက်ရွှမ်သည် ဓားတစ်ချောင်းကို ဆဲထုတ်လိုက်သည်။ ထို့နောက် ထိုသူထွက်ပေါ်လာရာနေရာသို့ သွားလိုက်သည်။ မနေ့ညကလူပြုလုပ်သည်ကို

အတုယူပြီး သဲများကို ယက်ထုတ်ကာ၊ တွင်းပေါက်အမိုးကို ဆွဲလိုက်သည်။

တွင်းပေါက်အမိုးပွင့်သွားသည်။ တွင်းထဲမှ အစောင့်သည် အပြင်ကိုကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မမြင်တွေ့ရပေ။ သူသည် ဇဝေဇဝါဖြစ်သွားပြီး၊ တွင်းပေါက်အနည်းငယ်ထပ်ဖွင့်လိုက်ကာ အပြင်သို့ ခေါင်းထုတ်ပြီး ကြည့်လိုက်သည်။ သူ့ခေါင်းအပြင်ရောက်သောအခါ သူ၏လည်ပင်းတွင် နာကျင်သွားပြီး လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

ထိုလူလဲကျသွားပြီးနောက် ရှောက်ရွှမ်သည် ခဏစောင့်နေ၏။ အောက်မှ ဘာအသံမှ မကြားရသဖြင့် ရှောက်ရွှမ်သည် တွင်းအောက်သို့ဆင်းသွားသည်။ အိပ်ပျော်နေသောလူကိုတော့ သူ့ဘေးတွင် ထိုင်နေသယောင်ပြုလုပ်ထားသည်။ ရှောက်ရွှမ်သည် ထိုသူကို အိပ်ပျော်နေသည်နှင့် တူအောင် ပြုလုပ်ထားသည်။

အမိုးကို ပြန်ဆွဲပိတ်လိုက်ပြီးနောက် ဝင်ပေါက်

နားတွင် အရောင်တင်ထားသော ကျောက်သားတုတ်တစ်ချောင်းကို တွေ့လိုက်ရ၏။ ရှောက်ရွှမ်သည် အပြင်မှလူများ အမိုးတံခါးကို ဖွင့်၍မရစေရန် ကျောက်သားတုတ်ကို တံခါးလက်ကိုင်ကွင်း၂ခုကြားထဲသို့ ကန့်လန့်ထိုးထည့်လိုက်သည်။

အပေါ်မှ အမိုးကိုပိတ်လိုက်သောအခါ အောက်မှလမ်းသည် မှောင်သွားသည်။ အနားတွင် မီးတုတ်များရှိသော်လည်း ရှောက်ရွှမ်ကတော့ မီးတုတ်သုံးရန်မလိုချေ။

တွင်းထဲမှ လမ်းသည် အကျယ်တစ်မီတာလောက်ရှိမည်ဖြစ်သည်။ ရှောက်ရွှမ်သည် ရှေ့ဆက်မသွားခင် အသံများကို နားစွင့်နေသည်။ ပတ်ဝန်းကျင်သည် မှောင်မည်းနေသော်လည်း ရှောက်ရွှမ်ကတော့ အထူးအမြင်အာရုံဖြင့် ကြည့်လိုက်သည်။

ရှောက်ရွှမ်သည် သွားရင်းသွားရင်းနှင့် လမ်းသုံးခွဆုံသော နေရာတစ်ခုကို ရောက်လာသည်။

ရှောက်ရွှမ်၏ စိတ်က လမ်းတစ်ခုကို သူ့အလိုလိုရွေးလိုက်သည်။

ရှေ့ဆက်သွားလေ ရှောက်ရွှမ်စိတ်ထဲမှ နတ်မီးတောက်က အရောင်ပိုတောက်လာလေ ဖြစ်လာသည်။ သို့သော် ထိုအချိန်တွင် ရှောက်ရွှမ်စိတ်ထဲတွင် မသိုးမသန့်ခံစားနေရသည်။ သူ့တွင် အန္တရာယ်ကျရောက်နေကြောင်း အာရုံကြောများက သတိပေးနေသည်။ ထိုအန္တရာယ်မှာ လူသားအန္တရာယ်တော့မဟုတ်ပါ။

ရှေ့ဆက်သွားသောအခါ လမ်းမှာ တဖြည်းဖြည်းပိုကျယ်လာသည်။ လေများလည်း တိုက်ခတ်နေသောကြောင့် အခြားထွက်ပေါက်များလည်း ရှိနေနိုင်သည်။ ထိုတွင်းကြီးမှာ လူများဖန်တီးထားခြင်းမဟုတ်ဘဲ၊ တည်ရှိနေသည်မှာ အချိန်အတော်ကြာ ရှိလောက်ပြီ ဖြစ်သည်။

ရှေ့ဆက်သွားသောအခါ ဂိုဒေါင်များကို မြင်လိုက်ရသည်။ ထိုဂိုဒေါင်များကို မီးတုတ်များကိုင်ထားသော အစောင့်များက စောင့်နေ၏။

အစောင့်၃ယောက်မှာ မြေပြင်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ ခေါင်းများငိုက်စိုက်ကြနေသည်ကို ကြည့်ခြင်းဖြင့် ထိုသူများအိပ်ငိုက်နေကြောင်းကို ရှောက်ရွှမ်သိလိုက်သည်။

ရှောက်ရွှမ်သည် ဂိုထောင်တစ်လုံးထဲသို့ ခိုးဝင်သွားသည်။ အပြင်ကအစောင့်များကတော့ မသိလိုက်ပေ။

ဂိုထောင်တံခါးသည် ပိတ်မထား။ အထဲတွင်တော့ အရွယ်အစားစုံသော ကျောက်တုံးများကို တွေ့လိုက်ရသည်။ ကျောက်တုံးများသည် အရည်အသွေးကောင်းသော ကျောက်တုံးများဖြစ်သည်။ အစကတော့ ထိုနေရာကို ပိုင်ရှီမြို့တော်၏ ကျောက်တုံးများနှင့် ကျောက်လက်နက်များထိန်းသိမ်းရာနေရာ ဟုရှောက်ရွှမ်ထင်မိသည်။ သို့သော် ကျောက်တုံများကို ထိန်းသိမ်းလျှင် ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်နေစရာမလိုပါ။ ပုန်းလျှိုးကွယ်လျှိုးလုပ်နေကြသဖြင့် ၎င်းတို့တွင် တခြား အကြံအစည်များရှိရမည်။

ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံကို ရှောက်ရွှမ်ကြားလိုက်ရသည်။ ရှောက်ရွှမ်သည် ကျောက်တုံးများနောက်ဝင်ပုန်းလိုက်ပြီး အခြေအနေကို အကဲခတ်နေလိုက်သည်။

အပြင်မှ လူတစ်စုရောက်လာသည်။ သူတို့ယူလာသော မီးတုတ်မှ အလင်းရောင်ဖြင့် အထဲတွင် လင်းထိန်သွားသည်။

“မြန်မြန်လုပ်…နောက်ထပ်နည်းနည်း ထပ်သယ်ဦး” တစ်ယောက်ကပြောလိုက်သည်။

“သယ်ရဦးမှာလား…ဒီမှာ ကျောက်တုံးတွေ အတော်များနေပြီလေ”

“အရှင်တောက်ယွီခိုင်းထားတာကွ…မြန်မြန်လုပ်…သူဟိုမှာကြည့်နေတယ်”

ဂိုထောင်အပြင်ဘက်တွင် ကျောက်တုံးများကို ရွှေ့နေသော အသံများ ထွက်ပေါ်လာသည်။ တစ်

ယောက်သည် သူ့အသံကိုနှိမ့်လိုက်ပြီး “လူတွေ ထပ်သေတယ်ပြောတယ်…အရေပြားတွေ ပုပ်သိုးခြောက်ကပ်ကုန်တယ်တဲ့…ငါတို့တွေ ရော အဲဒီလူတွေလို ဖြစ်ကုန်မှာလား”

“ဒါပေမဲ့ ဒီအခြေအနေတွေကို ကျော်ဖြတ်ပြီးသွားရင် ငါတို့တွေ အဆင့်တက်သွားမယ်လို့ အရှင်တောက်ယွီက ကတိပေးထားတာပဲ…သခင်လေးနဲ့ သူစကားပြောမှာပါ”

ထိုလူသည် ကျောက်တုံးများကို ရွှေ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။ အပြင်ဘက်တွင် မှောင်မည်းသွားပြန်သည်။

အပြင်တွင် ရှိသော အစောင့်၃ယောက်မှာ စကားပြောနေသည်။ တစ်ယောက်က လုပ်စရာရှိ၍ ခဏထွက်သွားမည် ဖြစ်သည်။ ထိုနေရာသည် ကျောက်တုံးများထားသော နေရာဖြစ်သဖြင့် သူတို့သည် ဖရိုဖရဲ မလုပ်ရဲကြပေ။

ကျန်ခဲ့သော အစောင့်၂ယောက်အနက်

၁ယောက်က သမ်းနေပြီး တစ်ယောက် ဆက်အိပ်နေလေသည်။ သမ်းနေသော တစ်ယောက်သည် နေမကောင်းဖြစ်နေပြီး အိပ်နေသောသူမှာတော့ အရေပြားများတွင် ပြည်တည်နာများ ပေါက်နေသည်။ သမ်းနေသောသူသည် အိပ်နေသော သူ့အဖော်ကို ကြည့်ရင်း မြေပြင်ပေါ်တွင် ထိုင်နေသည်။ သူသည် ကြည့်ရင်းနှင့် ကြောက်လန့်လာသည်။ သူ့အဖော် ကြာကြာမခံလောက်တော့သည်ကို တွေးပြီး စိတ်ပူနေခြင်းဖြစ်သည်။

ထိုသို့ စိတ်ပျက်နေစဉ်၊ သူသည် ရုတ်တရက် ကျောက်ခဲတစ်လုံး ပြုတ်ကျသံကို ကြားလိုက်ရသည်။ သူသည် တုန်လှုပ်သွားသော်လည်း အသံထွက်ပေါ်လာရာ နေရာကိုတော့ လှမ်းကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် ဘာမှမတွေ့သဖြင့် နေရာကို ပြန်လာပြီ စဉ်းစားခန်းဆက်ဝင်နေလေသည်။

ရှောက်ရွှမ်သည်လည်း ဂိုဒေါင်ထဲမှ လျင်မြန်စွာထွက်ခွာလာသည်။ စောစောက အသံမှာ ရှောက်ရွှမ် ဂိုဒေါင်ထဲက ထွက်လာစဉ်က ထွက်ပေါ်လာ

သော အသံဖြစ်သည်။

ရှောက်ရွှမ်သည် ကျောက်တုံးများကို ရွှေ့ခဲ့သော လူများသွားသောဘက်ကို မှတ်မိပါသည်။ ရှောက်ရွှမ်သည် ထိုလမ်းကြောင်းအတိုင်း လိုက်သွားလေသည်။

အန္တရာယ်အငွေ့အသက်က ပိုပိုများလာပါသည်။ ထိုအထဲမှ လူများ၏ ရောဂါကြောင့် ထိုသို့အငွေ့အသက်များ ဖြစ်နေခြင်းလား။

ထိုနေရာတွင် ဘာကိုလျှို့ဝှက်ထားသနည်း။ တောက်ယွီနှင့် သူ့သခင်သည် လူအများပြောထားသလို ဖြစ်နေကြပြီလား။

အထဲသို့ ဆက်ဝင်သွားသောအခါ တောက်ယွီကိုတွေ့လိုက်ရသည်။ သူသည် သူ့နားတွင်ရှိသော ပစ္စည်းလေးတစ်ခုကို ကြည့်နေပါသည်။ သူ့မျက်လုံးများမှာ အဖျားရောဂါစွဲကပ်နေသလို ဖြစ်နေ၏။

တောက်ယွီဘေးတွင်တော့ ကျောက်တုံး အရွယ်အစားအစုံက အပုံလိုက်ပင်။ ကျောက်တုံးများသည် အလယ်အလတ်တန်းစား အဆင့်လောက်ရှိသည်။

ထိုနေရာကို ပိုင်ရှီဘုရင်ဟောင်းတစ်ပါးက ရတနာပစ္စည်းများကို ဖွက်ရန်နှင့် သူသေသောအခါ အလောင်းကို မြှပ်နှံရန် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ နန်းတော်တစ်ခုနှင့်တူသော ဂူသင်္ချိုင်းတစ်ခုကို ဆောက်လုပ်ပြီးနောက် ကျွန်များရာနှင့်ချီ၍ အသတ်ခံရပါသည်။ ထိုနေရာကို ဆောက်လုပ်ပေးသော ကျွန်များကိုလည်း အဆောက်အဦးပြီးသွားသောအခါ သတ်ပစ်သည်။ ထို့ကြောင့် ထိုနေရာအကြောင်းကို လူသိပ်မသိခြင်းဖြစ်သည်။ ကွယ်လွန်သွားသော ဘုရင်နေရာကို ဆက်ခံသော ပိုင်ရှီဘုရင်သာ သိနိုင်မည်ဖြစ်သည်။ အခြားလူများအနေဖြင့် ထိုနေရာအကြောင်းကို သိလျှင်တောင် နေရာအတိအကျကိုတော့ သိမည် မဟုတ်ပေ။

နောက်ပိုင်းတွင်တော့ သေဆုံးသွားသော ပိုင်ရှီ

ဘုရင်သည် ထိုနေရာကို ကွယ်လွန်သွားသော ဘိုးဘေးများကို မြှပ်နှံရန်သုံးသလို ကျောက်တုံးများကို ဖွက်ရန်လည်း အသုံးပြုသည်။ ပိုင်ရှီဘုရင်သည် မြို့ကြီးသုံးမြို့မှ ဘုရင်များသာ သိထားသော လျှို့ဝှက်ချက်တစ်ခုကို သိထားသည်။ သူသည် တစ်နေ့တွင် ထိုမြို့ကြီးသုံးမြို့၏လက်ထဲမှ အဖိုးတန်ပစ္စည်းများ သူ့လက်ထဲရောက်လာရမည်ဟု ယုံကြည်ထားပေသည်။

သို့သော် ကံမကောင်းစွာဖြင့် ပိုင်ရှီဘုရင်သည် သူ့အစီအစဉ်များကို အကောင်အထည် အဖော်လိုက်ရပါ။ သူမိတ်ဖွဲ့ထားသော အဖွဲ့မှ လူတစ်ယောက်က သူ့ကို သတ်သွားသည်။ သို့သော် သူ့ဘေးတွင်ရှိသောကျွန်များကပဲ သူ့ကို သတ်သွားသယောင် ပြောဆိုနေကြသည်။ သူ့ကိုယ်ရံတော်၃ယောက်ထဲတွင် သစ္စာဖောက်က ၁ယောက်မကပါ။ ၂ယောက်က သူ့ကို သစ္စာဖောက်ပြီး သစ္စာစောင့်သိသော တစ်ယောက်ကတော့ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

တောက်ယွီသည် လက်သီးဆုပ်ထက်မ

ကြီးသော ပစ္စည်းလေးကို ကြည့်နေပါသည်။ ထိုအရာမှာ ပိုင်ရှီဘုရင် အလွန်နှစ်သက်သော “မျိုးစေ့”ဖြစ်ပါသည်။ မျိုးနွယ်စုဝင်များသည် နှင်းမြို့တော်တွင် ခိုးမှုနှင့် စွပ်စွဲခံနေရသော်လည်း တောက်ယွီကတော့ ဖြစ်ဖြစ်မြောက်မြောက် မကူညီပေ။ သူသည် မျိုးစေ့ကို ပိုင်ဆိုင်ရသဖြင့် အလွန်ပျော်ရွှင်နေသည်။

မြို့တော်၃မြို့မှ လူများ အသုံးပြုသော ချပ်ဝတ်များနှင့် လက်နက်များကို ထိုမျိုးစေ့မှ ရလာခြင်းဖြစ်သည်။ ထိုမျိုးစေ့သည် ကျောက်တုံးများကို သတ္တုရိုင်းများအဖြစ် ပြောင်းလဲပေးနိုင်ပြီး သတ္တုရိုင်းများထဲမှ လိုအပ်သော သတ္တုကိုသာ စစ်ထုတ်ပေးနိုင်သည်။

ယခုတော့ တောက်ယွီတစ်ယောက် ထိုမျိုးစေ့ကို ပိုင်ဆိုင်ရပြီ ဖြစ်သည်။

ထိုမြေအောက်နန်းတော်ထဲတွင်တော့ သူသည် အရှင်သခင်ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ လက်စားလာချေမှာကို ကြောက်ရွံ့နေခြင်းလား…။ အစကတော့ တောက်ယွီသည် မီးတောက်ဦးချိုအဖွဲ့ဝင်များအကြောင်းကြားသောအခါ စိုးရိမ်မိသည်။ သို့သော် တောက်ယွီ၏ အင်အားသည် တဖြည်းဖြည်းကြီးလာသဖြင့် သူ့မျက်လုံးထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုကို အရေးလုပ်စရာဟု မမြင်တော့ပါ။ အခုအချိန်တွင် ကျွန်ပိုင်ရှင်များသည် အနာဂတ်၏ ပဲ့ကိုင်ရှင်များ ဖြစ်ကြသည်။

တောက်ယွီသည် ကျွန်ပိုင်ရှင်တစ်ယောက်ဖြစ်လာရန် ဘာမဆို လုပ်မည် ဖြစ်သည်။

ရှောက်ရွှမ်ဟုခေါ်သော လူအကြောင်းစဉ်းစားမိသွားသောအခါ တောက်ယွီ၏ စိတ်များ အုံ့ဆိုင်းသွားသည်။ သို့သော် မကြာမီအချိန်တွင် ပြန်လည်ပျော်ရွှင်လာသည်။ ပိုင်ရှီမြို့တော်နှင့် ထိုမျိုးစေ့ရှိနေလျှင် သူဘာကိုမှကြောက်နေစရာ မလိုပါ။ အခက်အခဲများကို မဖြေရှင်းနိုင်လျှင်တောင် အကူအညီသွားတောင်း၍ ရနေသည်မဟုတ်ပါ

လား။

သဲကန္တာရထဲတွင် သုတ်သင်ရှင်းလင်းမှုကြီး ဖြစ်ပွားနေသည်။ ထိုရှင်းလင်းမှု ပြီးသောအခါ မြို့ကြီးသုံးမြို့သည် ရှိချင်မှ ရှိတော့မည် ဖြစ်သည်။ မြို့အနည်းငယ်လောက်သာ ကျန်ခဲ့မည်ဖြစ်ပြီး လော့ယဲ့မြို့တော် ဆက်ရှိ၊မရှိ တောက်ယွီ မသိပါ။ သို့သော် တောက်ယွီကတော့ ပိုင်ရှီမြို့တော်ကို အပိုင်သိမ်းမည်ဖြစ်သည်။ နောင်တစ်ချိန်တွင် ပိုင်ရှီမြို့တော်ကို သူနာမည်ပြောင်းပစ်မည်။

အနာဂတ်အကြောင်းကို စိတ်ကူးယဉ်နေသော တောက်ယွီသည် သူ့နားတွင် သူအမုန်းတီးဆုံးလူ ရောက်နေကြောင်းကိုတော့ မသိရှာပေ။

All Chapters