← Chapters

ဒေါသမီး

Vol. 23 Ch. 337

ဒေါသမီး

Vol. 23 Ch. 337

တောက်ယွီသည် မျိုးစေ့ကို ကျောက်တုံးများကြားတွင် ထားထားသည်။ မျိုးစေ့ရှိရာနေရာသို့ သွားရန် ကျဉ်းမြောင်းသော လမ်းလေးတစ်လမ်းသာ ရှိသည်။

အခု တောက်ယွီရပ်နေသော နေရာသည် လျှောက်လမ်း ဖြစ်သွားပြီ ဖြစ်သည်။

အခြားလူများသည် ထိုကျောက်တုံးများကို အသုံးပြုပုံကို သိပ်နားမလည်ပေ။ ကျောက်တုံးများအလယ်တွင် ဘာရှိမှန်းလဲ မသိချေ။ တောက်ယွီကတော့ အကြမ်းဖျဉ်း ရှင်းပြထားသည်။ သူတို့သည် မျိုးစေ့ကို အဖိုးတန်မှန်း မသိဘဲ ၊ အန္တရာယ်ရှိသည်ဟုသာ သိထားကြသဖြင့် မျိုးစေ့နားသို့ မသွားကြပါ။

မြင့်သထက်မြင့်လာသော ကျောက်တုံးပုံကြီး

ကို ကြည့်ရင်း တောက်ယွီ၏ မျက်နှာသည် လေးနက်လာသည်။ ထို့နောက် သူ့လက်ဝါးများကို ငုံ့ကြည့်လိုက်သည်။ လက်ဝါးပေါ်တွင် အရိုးပေါ်နေသည့် ဒဏ်ရာကြီးတစ်ခု ရှိပါသည်။ ဆေးကိုသောက်လိုက် ပြီးသောအခါ ဒဏ်ရာများ တော်တော်သက်သာသွားပါသည်။ သူ၏ ပြန်လည်ကုစားနိုင်စွမ်းကလည်း အစွမ်းထက်သည်။ ထို့ကြောင့် ဒဏ်ရာပေါ်တွင် အသားများ ပြန်တက်နေပြီ ဖြစ်သည်။ ၂ရက်လောက်ကြာလျှင် အတော်သက်သာသွားမည် ဖြစ်ပြီး ၅ရက် ၆ရက်လောက်ဆို လုံးဝပျောက်ကင်းသွားမည် ဖြစ်သည်။

“ခဏနားကြရအောင်” တောက်ယွီသည် ကျောက်တုံးများ သယ်နေသော လူများကို လှမ်းပြောလိုက်သည်။

ထိုနေရာသို့ တောက်ယွီက စေလွှတ်ထားသော ကျွန်အားလုံးပေါင်း၅၀ရှိပါသည်။ သို့သော် ရက်အနည်းငယ်ကြာသောအခါ လူ၃၀ကျော်ကျော်

သာ ကျန်တော့သည်။ လွန်ခဲ့သော၂ရက်အတွင်း သေဆုံးသူအရေအတွက်များလာခဲ့သည်။ တောက်ယွီ၏ စကားကို ကြားသောအခါ၊ ကျွန်များအားလုံး စိတ်ထဲတွင် ပေါ့ပါးလွတ်လပ်သွားသည်။ သူတို့၏ အလုပ်များပြီးသွားပြီ ဖြစ်သည်။ ဆုလာဘ်ကို စောင့်ရန်သာ ရှိတော့သည်။

တောက်ယွီသည် နန်းတော်အတွင်းမှ အစောင့်များကို ခေါ်လိုက်ပြီး ရွှံ့အိုးတစ်လုံး ထုတ်လိုက်သည်။ အိုးကိုဖွင့်လိုက်သောအခါ မွှေးပျံ့သော ဝိုင်အနံ့ ထွက်ပေါ်လာသည်။ အဆင့်နိမ့်သော ကျွန်များအတွက် ဝိုင်ဆိုသည်မှာ ဇိမ်ခံပစ္စည်း ဖြစ်သည်။ တခါတရံမှသာ သောက်သုံးခွင့်ရကြသည်။ အဆင့်အနိမ့်ဆုံးသော ကျွန်များကတော့ လုံးဝမသောက်ဖူးကြပါ။

မွှေးပျံ့သော ဝိုင်ရနံ့ကို ရသောအခါ တချို့လူများသည် တံတွေးမျိုချလိုက်မိသည်။ သူတို့အားလုံးသည် တောက်ယွီလက်ထဲမှ အိုးလေးကို လောဘကြီးစွာ ကြည့်နေကြသည်။ ထိုဝိုင်ကို ကျွန်ပိုင်ရှင်များနှင့် အဆင့်မြင့်သော ကျွန်များသည

သောက်သုံးခွင့်ရှိသည် ဟုဆိုကြသည်။ အရသာကောင်းမကောင်းထက်၊ ဝိုင်သောက်ခြင်းသည် အဆင့်အတန်းတစ်ခုကို ဖော်ပြခြင်းဖြစ်သဖြင့်၊ ထိုလူများအားလုံးသည် ထိုဝိုင်ကို ငမ်းငမ်းတက် ဖြစ်နေကြသည်။

တောက်ယွီသည် ထိုလူများ၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

“ကဲ…မင်းတို့အားလုံး ရောက်လာကြပြီလား”

“ဟုတ်ကဲ့…” တစ်ယောက်ဖြေလိုက်သည်။

တောက်ယွီသည် သူ့နားရောက်လာသူများ၏ မျက်လုံးများကိုကြည့်လိုက်သည်။ တောက်ယွီသည် လူရေတွက်ကြည့်လိုက်ပြီး ပျောက်ဆုံးနေသောသူများ ဘာဖြစ်ကုန်သလဲ ဟုမေးသည်။ အနည်းငယ်တွက်ချက်ပြီးသောအခါ လူ၂ယောက်လျော့နေသေးသည်။ တစ်ယောက်ကတော့ အလောင်းတစ်လောင်းကို အပြင်သွားပို့နေခြင်းဖြစ်ပြီး ပြန်ရောက်မလာသေးပါ။ တစ်ယောက်

ကတော့ ဝင်ပေါက်တွင် အစောင့်ကျနေသည်။

“ကျွန်တော် သူတို့ကို သွားရှာလိုက်ရမလား” တစ်ယောက်က ပြောသည်။

တောက်ယွီသည် စဉ်းစားရင်း ထိုလူကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းလိုက်ပြီး “ထားလိုက်ပါတော့…ဒီကောင်တွေကို စောင့်မနေနဲ့တော့…ငါတို့ အရင်သောက်ကြမယ်…ဒီရက်တွေအတွင်းမှာ အားလုံးတော်တော် ပင်ပန်းခဲ့ကြတယ်…အဲဒါကြောင့် မင်းတို့အားလုံး သောက်ဖို့ သခင်လေးဆီက ဝိုင်တစ်အိုးတောင်းထားတယ်”

တောက်ယွီ၏စကားကိုကြားသောအခါ အားလုံးပျော်ရွှင်သွားကြသည်။ သူတို့သည် တောက်ယွီကို ကြောက်ရွံ့နေကြသော်လည်း၊ တောက်ယွီ၏ စကားကို ကြားသောအခါ စိတ်ထဲတွင် ပေါ့ပါးလွတ်လပ်သွားသည်။ တောက်ယွီကို ကြောက်ရမည့် နေ့ရက်များ ကုန်ဆုံးသွားပြီ။ ပြန်ရောက်မလာသေးသောသူများကိုတော့ ဘယ်သူကမှ သွားမခေါ်ချင်ပေ။ ထို့ပြင် ထိုလူများကို သွား

ခေါ်ပါက၊ ဝိုင်မသောက်လိုက်ရမည်ကို စိုးရိမ်နေကြသည်။

တောက်ယွီသည် ဝိုင်အရက်ကို အရင်ဆုံးသောက်ရန် အိုးကို မလိုက်သည်။ တစ်ငုံသောက်ပြီးသွားသော နှုတ်ခမ်းများကို လျာနှင့်သပ်လိုက်ပြီး ဝိုင်အရသာကို ခံနေ၏။ ကျန်သောသူများကတော့ သူ့ကို အားကျနေကြသည်။

ပထမဆုံးခွက်ကို ဖြည့်လိုက်ပြီးနောက်၊ တောက်ယွီသည် ဝိုင်ခွက်ကို သူ့ဘေးမှ လူကို လှမ်းပေးလိုက်ပြီး “တစ်ယောက်တစ်ငုံသောက်ကြ”

ထိုနေရာတွင် ခွက်ဆို၍ များများစားစားမရှိပေ။ ကျွန်များအတွက်တော့ များများရှိရန် မလိုအပ်ပါ၊ ရှိသလောက်ကို ဝေမျှ သောက်ကြရုံသာ။ ထို့ကြောင့် တောက်ယွီက ဝိုင်ခွက်များကို ပေးနေစဉ်တွင်၊ တစ်ယောက်က ဝိုင်ခွက်ကိုတိုက်ရိုက်ယူပြီး သောက်လိုက်သည်။ ထိုသူသောက်လို့မပြီးသေးခင် ကျန်လူများက ဝိုင်ခွက်ကို ဆွဲယူသွားကြသည်။

ပထမဆုံးကျွန်တစ်ယောက်မှ သူ့လက်ထဲက ဝိုင်ခွက်မှ ဝိုင်ကို တစ်ငုံမျှသာ သောက်ရသေးသည်၊ နောက်တစ်ယောက်က ဝိုင်ခွက်ကို သူ့ဆီက ဆွဲယူသွားသည်။ တောက်ယွီသာ မရှိပါက သူတို့သည် ဝိုင်ခွက်လုရင်း ရန်ဖြစ်ကုန်ကြမည် ဖြစ်သည်။

ဝိုင်ခွက်များကို လုနေကြသော ကျွန်များကို ကြည့်လိုက်ပြီး၊ တောက်ယွီသည် ခွက်များကို မလုကြရန် ပြောလိုက်သည်။ တစ်ယောက်ကို အနည်းဆုံးတစ်ငုံစီတော့ သောက်ရမည်ဟု တောက်ယွီက ဆိုလေသည်။

တောက်ယွီ၏ ကြောက်မက်ဖွယ် အကြည့်တစ်ချက်ကိုတော့ ဘယ်သူကမှ သတိမထားမိလိုက်ကြပေ။

“ခွမ်း…”

ကျွန်များသေချာကိုင်ပြီးသောက်နေသော ဝိုင်

ခွက်သည် မြေပြင်ပေါ်သို့ ကျကွဲသွားသည်။ ဝိုင်ခွက်ကို ကိုင်ထားသော ကျွန်ကတော့ တအားအားအော်နေပြီး ပါးစပ်မှ သွေးများ ထွက်လာသည်။ ထို့နောက် သူ့ခြေထောက်များ တုန်လှုပ်လာသည်။ ထို့နောက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကျွန်တစ်ယောက်လဲကျသွားသောအခါ အချို့လူများသည် သူတို့သောက်နေသော ဝိုင်ခွက်ကို ငုံ့ကြည့်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီဖြစ်သည်။ သို့သော် သူတို့ သတိထားမိသောအချိန် နောက်ကျသွားလေပြီ။

တောက်ယွီသည် တိတ်ဆိတ်စွာ ရပ်နေရင်း ကျွန်များလဲကျသွားသည်ကို ကြည့်နေပါသည်။ ဒေါသထွက်နေသော ကျွန်တစ်ယောက်သည် ဓားတစ်ချောင်းကို ကိုင်ဆွဲပြီ တောက်ယွီဆီသို့ တရွတ်ဆွဲလာပါသည်။ သို့သော် သူသည် တောက်ယွီ၏ ခြေထောက်ကိုပင် မထိလိုက်ရဘဲ မြေပြင်ပေါ်သို့ အင်အားချိနဲ့စွာ လဲကျသွားပြီး၊ သူ့ဆီမှ ဘာအသံမှ ထွက်မလာတော့ပါ။

တောက်ယွီ၏ စက်ဆုပ်ဖွယ်ကောင်းသော ရယ်သံကြီးထွက်ပေါ်လာသည်။ ကျွန်များကို အသက်ရှိ၊မရှိ သိရရန် ခြေထောက်ဖြင့်လိုက်ကန်ကြည့်သည်။ အဆိပ်မိသွာသော လူတစ်ယောက် သူ့ခြေထောက်ပေါ် လဲကျစဉ်က၊ သူတို့အားလုံး သေဆုံးသည်မှာ သေချာစေရန် ထိုသူ၏ ရင်ညွန့်ရိုးကို ချိုးပစ်ခဲ့သည်။ ထို့နောက် တောက်ယွီသည် ထွက်ပေါက်မှ ထွက်လာခဲ့သည်။ ဝိုင်သောက်သောနေရာသို့ မလာသော အစောင့်တစ်ယောက်နှင့် ကျွန်တစ်ယောက် ကျန်နေသေးသည်။ တောက်ယွီသည် ဤနေရာအကြောင်းကို သိနေသူများအားလုံးကို အလွတ်ပေးမည် မဟုတ်ပါ။ ပိုင်ရှီမြို့တော်မှ ခေါ်လာသော ငှက်များကိုပင် တခြားနေရာတစ်ခုသို့ စေလွှတ်လိုက်သည်။

နန်းတော်ပြင်ရန်နှင့် ကျောက်တုံးများကို သယ်ရန် ကျွန်များကို မခိုင်းစေမီက၊ တောက်ယွီကိုယ်တိုင် လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တောက်ယွီသည် မျိုးစေ့နင့် နီးကပ်သောနေရာတွင်နေပြီး သူ့အသက်ကို မစွန့်စားချင်တော့ပါ။ မျိုးစေ့ကို ခိုး

ခဲ့စဉ်က သေမလိုဖြစ်ခဲ့ပြီး သူ့လက်မောင်းဒဏ်ရာရခဲ့သည်။ သူ့အနေဖြင့် နောက်တစ်ကြိမ် ထပ်မစမ်းချင်ပါ။ သူသည် မသေချင်သေးသဖြင့် အခြားလူများကို အသေခံလိုက်ခြင်းဖြစ်သည်။ အခုတော့ လုပ်ငန်းဆောင်တာများ အားလုံးပြီးသွားပြီ ဖြစ်သည်။ ထိုကျွန်များအနေဖြင့် အသက်ရှင်နေရန် မလိုအပ်တော့ပေ။

နောင်တချိန်တွင် လိုအပ်လာပါက သူသည် လူတစ်စုကို စေလွှတ်လိုက်မည် ဖြစ်သည်။ အခုလို ဗရုတ်ဗရက်အခြေအနေမျိုး၌၊ သဲကန္တာရထဲတွင် ကျွန်များစွာရှိပါသည်။ တောက်ယွီသည် ထိုကျွန်များ၏ ရှင်သန်ရေးကို အရေးမလုပ်ပေ။ တောက်ယွီကိုယ်တိုင်က ကျွန်တစ်ယောက်ဖြစ်သော်လည်း၊ သူသည် ကျွန်များအကြောင်းကို အချိန်ကုန်ခံ‌ စဉ်းစားနေမည် မဟုတ်။

ပျောက်ဆုံးနေသော ကျွန်များကို ရှာဖွေရန် တောက်ယွီ ထွက်သွားသောအခါ၊ ရှောက်ရွှမ်သည် အမှောင်ထဲမှ ထွက်လာပြီး မြေပြင်ပေါ်လဲကျနေသော လူ၃၀ကို ကြည့်လိုက်သည်။ တော

က်ယွီ တော်တော်တရားလွန်လေသည်။

ထို့နောက် ရှောက်ရွှမ်သည် မျိုးစေ့ရှိရာနေရာသို့ လျှောက်သွားလိုက်သည်။

ထိုနေရာတွင် အရောင်တောက်ပနေသော သလင်းကျောက်များကို တွေ့ရသည်။ မီးတောက်နေသော သလင်းကျောက်များတော့ မဟုတ်ပါ။ ထိုသလင်းကျောက်များ တကယ်ရှိသည်လား၊ ထင်ယောင်ထင်မှားဖြစ်ခြင်းလား ရှောက်ရွှမ် မသိ။ သို့သော် သလင်းကျောက်ရှိသော နေရာသည် အခြားနေရာများထက် အလင်းရောင်ပိုရှိသည်ကို တော့ ရှောက်ရွှမ် ခံစားမိလိုက်သည်။သလင်းကျောက်အားလုံးမှာ အမျိုးတူများဖြစ်သော်လည်း အလယ်တွင်ရှိသော သလင်းကျောက်မှာ အရောင်အတောက်ပဆုံးဖြစ်သည်။

သူ့ကိုယ်ထဲမှ အာရုံကြောများက အန္တရာယ်အငွေ့အသက်ကို သတိပေးနေသဖြင့် ရှောက်ရွှမ်သည် ကျောက်တုံးပုံ၏ အလယ်တွင် ထားထားသော သတ္တုပစ္စည်းလေးကို ကြည့်လိုက်သည်။ ထို

အရာသည် တောက်ယွီဖွက်ထားသော ပစ္စည်းပဲ ဖြစ်ရမည်။

ရှောက်ရွှမ် စိတ်လှုပ်ရှားသွားသည်။ ထိုပစ္စည်းသည် သတ္တုနှင့် ဆက်စပ်နေမလား။

ထိုသတ္တုနားသို့ ကပ်သွားသောအခါ ရှောက်ရွှမ်၏ လက်မောင်း၊မျက်နှာနှင့် ခန္ဓာကိုယ်၏ အခြားနေရာများတွင် ဆူးနှင့် ထိုးလိုက်သလို ဝေဒနာမျိုးကို ခံစားလိုက်ရသည်။ သို့သော် ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုဝေဒနာကို ခံစားနေရခြင်း မဟုတ်ပေ။ ရှောက်ရွှမ်သည် အပေါ်တွင် ထပ်ဝတ်ထားသော အဝတ်များကို ချွတ်လိုက်သည်။ ထိုအခါ ပိုးမွှားသားရေဖြင့် ပြုလုပ်ထားသော အဝတ်များ ပေါ်လာသည်။

ထိုအင်္ကျီကို ချာချာနှင့် သိမ်းငှက်တောင်သို့သွားရင်း၊ သူရလာခဲ့သော ပိုးမွှားသားရေနှင့် ချုပ်ထားခြင်းဖြစ်သည်။ ထိုအင်္ကျီဖုံးထားသော နေရာများကတော့ နာကျင်မှုကို မခံစားရပါ။

ခဏစဉ်းစားလိုက်ပြီး ရှောက်ရွှမ်သည် သားရေအင်္ကျီကို ချွတ်လိုက်သည်။ နောက်ဆက်တွဲပြဿနာများ မည်သို့ပင် ဖြစ်ဖြစ်၊ ရှောက်ရွှမ်သည် ထိုပစ္စည်းကို တောက်ယွီလက်ထဲတွင် မထားခဲ့နိုင်ပါ။

ရှောက်ရွှမ်သည် ထိုသတ္တုရောင်ပစ္စည်းလေးကို သားရေအင်္ကျီဖြင့် အထပ်ထပ်ထုပ်လိုက်သည်။ ထိုသို့ ထုပ်လိုက်သောအခါ သူ့ကိုယ်တွင် ခံစားနေရသော ဆူးစူးသလို ဝေဒနာများ ပျောက်ကွယ်သွားသည်။

ရှောက်ရွှမ်သည် အင်္ကျီထုပ်ကို လုံခြုံအောင်လုပ်လိုက်ပြီး သားရေအိတ်ထဲသို့ ထည့်လိုက်သည်။ ပိုးမွှားသားရေသည် ထိုပစ္စည်းကို လုံခြုံစွာထိန်းထားနိုင်သဖြင့် သားရေအိတ်ထဲတွင် ထည့်ထားခြင်းမှာ စိတ်ချရသည်။ ထို့နောက် ရှောက်ရွှမ်သည် ကျောက်တုံးကြီးတစ်တုံးဆီသို့ ခုန်ဝင်သွားပြီး ပုန်းအောင်းနေလိုက်သည်။

ရှောက်ရွှမ်ပုန်းအောင်းပြီး သိပ်မကြာခင်တွင်

တောက်ယွီပြန်ရောက်လာသည်။ တောက်ယွီသည် ထွက်ပေါက်ကို သွားကာ၊ အစောင့်ကို သတ်ရန် ကြံသော်လည်း၊ တစ်ခုခုမှားယွင်းနေကြောင်း သူသိလိုက်သည်။အနီးကပ်ကြည့်လိုက်သောအခါ တောက်ယွီ သံသယ ပိုဝင်သွားသည်။ အစောင့်ကိုကြည့်ရသည်မှာ အိပ်ပျော်နေသည်ဟု အထင်ရောက်အောင် တစ်ယောက်ယောက်က လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင် မျိုးစေ့ပျောက်ဆုံးသွားသည်ဟု သူ့စိတ်ထဲက ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ခံစားနေရသော အန္တရာယ်အငွေ့အသက်များပျောက်သွားသဖြင့်၊ မျိုးစေ့တစ်ခုခု ဖြစ်နေကြောင်း သူသိလိုက်သည်။

ထွက်ပေါက်မှ ကျွန်ကို သတ်လိုက်ပြီးနောက် တောက်ယွီသည် အမြန်ပြန်လာခဲ့သည်။ သူပြန်ရောက်လာသောအခါ မျိုးစေ့မရှိတော့ပါ။ အနားတွင် လူအရိပ်အယောင်လည်း သူမတွေ့ရပေ။

တောက်ယွီသည် ဘေးပတ်ဝန်ကျင်ကို ကြည့်လိုက်သည်။ သူ့နားထင်မှ သွေးကြောများ တဒုတ်ဒုတ်မြည်နေပြီး မျက်လုံများမှာ ဒေါသ

ကြောင့် နီရဲနေသည်။ ဒေါသထွက်လွန်းသဖြင့် တောက်ယွီသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ၊ နန်းတော်၏ ထောက်တိုင်တစ်ချောင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ သူရိုက်လိုက်သောနေရာတွင် လက်ဝါးရာကြီး ထင်ကျန်သွားသည်။ ထိုအချိန်တွင် ထောက်တိုင်ပေါ်၌ အက်ကြောင်းကြီး တစ်ခုပေါ်လာသည်။

ထို့နောက် နန်းတော်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်လာပြီး၊ မျက်နှာကြက်မှ ကျောက်ခဲများ၊ဖုန်မှုန့်များ ပြုတ်ကျလာတော့သည်။

All Chapters