← Chapters

ငြင်းဆိုခြင်း

Vol. 23 Ch. 339

ငြင်းဆိုခြင်း

Vol. 23 Ch. 339

ရှောက်ရွှမ်သည် မြေအောက်လမ်းအတိုင်းလျင်မြန်စွာ ပြေးထွက်လာသည်။ နန်းတော်ကြီးကတော့ လျင်မြန်စွာ ပြိုကျလာ၏။ အမိုးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည့်အခါ ရှောက်ရွှမ်သည် တစ်စုံတရာကို ခံစားလိုက်ရသဖြင့် ဘေးသို့ ရှောင်ထွက်လိုက်သည်။

ထိုအချိန်တွင် မြားတစ်စင်းသည် ရှောက်ရွှမ်ဆီသို့ ပြေးဝင်လာသည်။ မြားထိပ်ဖျားက ရှောက်ရွှမ်၏ ရှည်လျားသော ဆံပင်များကြားမှ ဝီခနဲ ဖြတ်ကျော်သွားသည်။

“ဒုတ်…”

မြားက ရှောက်ရွှမ်နှင့် မလှမ်းမကမ်းရှိ သဲပြင်ပေါ်သို့ စိုက်ဝင်သွားသည်။ သဲပြင်ပေါ်သို့ မြားစိုက်ဝင်သွားသောအခါ သဲများဖွာလန်ကျဲသွားသည်။

အခုမှတော့ နောက်ပြန်လှည့်ရန် အကြောင်းမရှိတော့ပါ။ ရှောက်ရွှမ်သည် ကျွမ်းပစ်ပြီး ပြန်ထလိုက်သည်။

ထိုအချိန်တွင် လေချွန်သဲကဲ့သို့ အသံတစ်သံထွက်ပေါ်လာပြီး မြားနောက်တစ်ချောင်းက လေထုကို ခွဲ၍ ပြေးထွက်လာသည်။ မြားတံက ရှောက်ရွှမ် လက်ကောက်ဝတ်ကို ပွတ်ဆွဲသွားပြီး သဲပြင်ပေါ်တွင် စိုက်ဝင်နေသည်။

ဘာမျှပင်မကြာလိုက်ပါ။ ဒုတိယမြား မြေကြီးထဲစိုက်ဝင်သွားသောအခါ နောက်မြားတစ်ချောင်းကိုက ထပ်မံပြေးထွက်လာသည်။

ရှောက်ရွှမ်က သူ့ဓားဖြင့် လှမ်းပစ်လိုက်သည်။ မြားတံကို မထိမီ ဓားသည် လေထဲတွင် တဝီဝီလည်နေ၏။ ရှောက်ရွှမ်သည် နောက်မဆုတ်ဘဲ မြားတံထွက်လာသောနေရာကို ခုန်ဝင်သွားသည်။

ရှောက်ရွှမ်သည် အားကုန်သုံး၍ လေးသည်တော်ကို တိုက်ခိုက်လိုက်သည်။

လေးသည်တော်မှာ ခေါင်းစွပ်စွပ်ထားသောကြောင့် မျက်နှာကို မမြင်ရပါ။ သို့သော် လေတိုက်ခတ်နေသော ကြောင့် သူ၏ဆံနွယ်များကတော့ ယိမ်းခါနေသည်။ ဖုံတက်နေသော အဝတ်အစားများလည်း လေထဲတွင် တဖျတ်ဖျတ် ဖြစ်နေပါသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုသူ၏ ပုံရိပ်ကို တစွန်းတစလောက်တော့ မြင်လိုက်ရသည်။ ထိုသူသည် လူသိမများသော သတ္တုချပ်ဝတ်တန်ဆာများကို ဝတ်ထားပါသည်။ ထိုချပ်ဝတ်တန်ဆာကို ရွှေဖြင့် လုပ်ထားခြင်း မဟုတ်သော်လည်း အရောင်တောက်ပနေသည်။

ထိုသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းနိမ့်ကျသူ တစ်ယောက်မဟုတ်ပါ။ သတ္တုချပ်ဝတ်ကိုပင်ဝတ်နိုင်သဖြင့် မြို့ကြီးသုံးမြို့မှ ကျွန်ပိုင်ရှင်တစ်ယောက် ဖြစ်ဟန်တူပေသည်။

လေးသမားသည် ရှောက်ရွှမ်ကို စိုက်ကြည့်နေ၏။ ရှောက်ရွှမ်သည် ထိုအမျိုးသမီးနှင့် မီတာ၅၀လောက် ကွာဝေးနေသော်လည်း၊ သူ့မျက်လုံးများမှ အေးစက်သော အရိပ်အငွေ့များကို ခံစားလိုက်ရသည်။ အေးစက်သော မျက်လုံးများသည် ရှောက်ရွှမ်ကို သတ်တော့မည်ဟု‌ ပြောနေသယောင်ယောင်။

သူကိုင်ထားသောလေးကတော့ တောက်ယွီ၏လေးနှင့် အတူတူပင်ဖြစ်သည်။ ခုနက မြားချက်များကို ကြည့်ပြီးနောက် ထိုလေး၏ အစွမ်းကို သိနိုင်ပေသည်။ သို့သော် အခုလေးကို ပစ်သူမှာ တောက်ယွီထက် ကြောက်စရာကောင်းလေသည်။

“ဝှစ်…”

နောက်တစ်ချောင်း…။

လေးညှို့သည် တုန်ခါသွားပြီး မြားများက အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။

ကျယ်လောင်သော လေခွင်းသံနှင့်အတူ ထိုမြားသည် ရှောက်ရွှမ်ဆီသို့ ပြေးဝင်သွားသည်။

ရှောက်ရွှမ်သည် မြားချက်ကို လျင်မြန်သွာ ရှောင်လိုက်ပါသည်။ မြားက သဲပြင်ပေါ်သို့ စိုက်ဝင်သွားပြီး သဲများဖွာလန်ကျဲထွက်သွားသည်။

ရှောက်ရွှမ်သည် လေးသမားကို အာရုံစိုက်လိုက်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြည်ပြတ်မခံတော့ပါ။ရှောက်ရွှမ်သည် လေးသမားက နောက်တစ်ကြိမ် ဘယ်နေရာကို ပစ်လိမ့်မည်ကို ခန့်မှန်းပြီး ရှောင်ရမည့်နေရာကို တွက်ဆနေပေသည်။

ထိုအချိန်တွင် ရှောက်ရွှမ်သည် မြားတံများနှင့် မြားတံများ၏ အရိပ်ကို မျက်ခြည်မပြတ်တမ်းလိုက်ကြည့်နေ၏။

ရှောက်ရွှမ်သည် လေးသမားနှင့် နီးကပ်လာသောအခါ၊ လေးသမားတွင် မြားတံများ မရှိတော့ပါ။ ထိုအခါ သူမသည် လေးကို လွှတ်ပစ်လိုက်ပြီး လေးလက်မခန့်ရှည်သော နှစ်ဖက်သွားဓား

တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး ရှောက်ရွှမ်ကို ဝိုက်၍ ခုတ်ချလိုက်သည်။

ဓားသွား၂ခု တွေ့ဆုံသောအခါ မီးတောက်ကလေးများ ထွက်ပေါ်သွားသည်။

ဓားများက တုန်ခါသွားသဖြင့် ဓားကိုကိုင်ထားသူများ၏မှာ ၎င်းတို့၏ ဦးရေပြားများ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။

မြေပြင်တုန်ခါသွားသောအခါ ရင်ဆိုင်တိုက်ခိုက်နေသော လူ၂ယောက်သည် လူစုခွဲလိုက်ကြသည်။ ရှောက်ရွှမ်သည် နောက်ကို ၁၀လှမ်းခန့် လျင်မြန်စွာ ဆုတ်သွားလိုက်သည်။

ထိုအချိန်တွင် ရှောက်ရွှမ်ရှေ့တွင် သားရဲကြီးတစ်ကောင် ထွက်ပေါ်လာပါသည်။ ၎င်း၏ ခွာတစ်ချက်ဆောင့်လိုက်တိုင်း မြေပြင်တုန်ခါသွားသလို သဲများလည်း လေထဲတွင် ပြန့်ကျဲသွားသည်။

သားရဲကြီးသည် သူ့ရှေ့မှ လူများကို ရင်ဆိုင်လိုက်ပြီး မြေကို ခွာနှင့်ပေါက်လိုက်သည်။

နန်းတော်ကြီးပြိုကျသွားသောနေရာတွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရှောက်ရွှမ်သည် သားရဲကြီးနားတွင်ရှိသော လူကို စိုက်ကြည့်နေလိုက်သည်။ ထိုသားရဲကြီးကို ကြည့်ရသည်မှာ ကျွန်ပြုခံထားရသော သားရဲတစ်ကောင်နှင့်တူနေပြီး၊ ၎င်းကို ကျွန်ပြုခဲ့သူမှာ သူ့ဘေးတွင်ရပ်နေသော ဝတ်ရုံခြုံထားသော အမျိုးသမီးပင် ဖြစ်လေသည်။

အမျိုးသမီး၏ ဓားသည် နေရောင်ထဲတွင် တလက်လက်တောက်ပနေသည်။ အခုတော့ သူမသည် ဆက်မတိုက်ခိုက်တော့ဘဲ၊ တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူမသည် သဲသောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေပြီး ရှောက်ရွှမ်ထက်မြင့်သော နေရာတွင် ရောက်နေပါသည်။ ထို့ကြောင့် သူမသည် ရှောက်ရွှမ်ကို အပေါ်စီးမှ မြင်နေရသည်။

ရှောက်ရွှမ်ရှေ့တွင်တော့ ဧရာမသားရဲကြီးသည် ၎င်း၏ခွာများကို မြေပေါ်တွင် ကုတ်ခြစ်နေသည်။ သူ၏ပိုင်ရှင်က တိုက်ခိုက်ရန် အချက်ပေးသည်ကို စောင့်နေသည်နှင့်ပင် တူနေပါသေးသည်။ သို့သော် အခုအချိန်တွင်တော့ သူ၏ပစ်မှတ်မှာ နန်းတော်ကြီးမဟုတ်တော့ဘဲ ရှောက်ရွှမ်ဖြစ်နေ၏။

ရှောက်ရွှမ်၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူ့နောက်မှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“ရှူး…ရှူး…”

တောက်ကုန်းများနောက်မှာ မြွေခေါင်းကြီးတစ်လုံးထွက်ပေါ်လာသည်။

မြွေကြီး သဲသောင်ကုန်းများဘက်သို့ လှည့်လိုက်ပြီး ရှောက်ရွှမ်ဆီသို့ ဦးတည်လာပေသည်။ သို့သော် ၎င်းသည် ရှောက်ရွှမ်နှင့် မီတာ၅၀လောက် ဝေးသောနေရာတွင် ရပ်တန့်

သွား၏။

မြွေကြီးအမြီးမှာ လှုပ်ခါနေသောကြောင့် ခလောက်သံထွက်ပေါ်နေပေသည်။

ရှောက်ရွှမ်၏ အဓိကပစ်မှတ်မှာ မထင်မှတ်ဘဲ ထွက်ပေါ်လာသော မြွေကြီးမဟုတ်ပါ။ မြွေကြီး၏ဦးခေါင်းပေါ်တွင် ရပ်နေသော သူဖြစ်သည်။

“ရှီရှုလား” ရှောက်ရွှမ်သည် ထိုနေရာတွင် ရှီရှုကို တွေ့ရမည်ဟု မမျှော်လင့်ထားပါ။

“ငါတို့ ထပ်တွေ့ကြပြန်ပြီပေါ့” ရှီရှူ၏ အသံသည် မတွေ့ရတာကြာနေပြီ ဖြစ်သော သူငယ်ချင်းတစ်ယောက်၏ အသံမျိုးဖြစ်သည်။ အခုအခြေအနေမှာ ထိုကဲ့သို့ အခြေအနေမဟုတ်သော်လည်း ထိုသို့နှုတ်ဆက်လိုက်ခြင်းက လွယ်ကူမည်ဖြစ်သည်။

“အခြေအနေမကောင်းဘူးဟေ့”ရှောက်ရွှမ် တွေးလိုက်မိသည်။

“ခင်ဗျားဘာလာလုပ်တာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“ကျွန်တစ်ယောက်အတွက် လာတာဆိုပါတော့” ရှီရှူသည် ထိုစကားကို ပေါ့ပေါ့တန်တန်သာ ပြောလိုက်သည်။

“တောက်ယွီလား” ရှောက်ရွှမ် စိတ်လှုပ်ရှားသွားသည် “တောက်ယွီက ခင်ဗျားလူလား” ။

“မဟုတ်ပါဘူး”

“သူသေသွားပြီ” ရှောက်ရွှမ်ကပြောလိုက်သည်။

“သေသွားတာပဲကောင်းပါတယ်…မဟုတ်ရင် ငါသတ်နေရဦးမယ်” ရှီရှူသည် တောက်ယွီသေသွားသည်ကို ပိုသဘောကျနေသည်ထင်သည်။ “လူသေတစ်ယောက်က လူအရှင်ထက် ပိုပြီး အမိန့်နာခံတတ်တယ်လေ”

ထို့နောက် ရှီရှူသည် ရှောက်ရွှမ်ကို လှမ်းပြောလိုက်သည် “ကဲ…ငါတို့ ဆုံတုန်းလေး ငါတို့နဲ့အတူ ခရီးတစ်ခုလောက် အတူထွက်ပါလား”။

“ခင်ဗျားတို့နဲ့မလိုက်ရင် ဘာလုပ်မှာလဲ” ရှောက်ရွှမ်သည် ရှီရှူကို သတိကြီးစွာနှင့် စောင့်ကြည့်ရင်း ပြန်ပြောလိုက်သည်။ဝတ်ရုံခြုံထားသောသူက မထင်မှတ်သော တိုက်ခိုက်မှုမျိုးကို လုပ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ရှောက်ရွှမ်သည် သတိဝီရိယနှင့် နေနေရသည်။

“ငြင်းလိုက်တာလား” ရှီရှူသည် ထိုစကားလေးလုံးကိုသာပြောလိုက်သည်။ သို့သော် သူ့လေသံက ရှောက်ရွှမ်အနေဖြင့် သူ့ကိုမငြင်းသင့်ဟူသော လေသံမျိုးထွက်နေပါသည်။

အမှန်တကယ်တော့ ရှောက်ရွှမ်သည် ကျဉ်းထဲကျပ်ထဲ ရောက်နေခြင်းဖြစ်သည်။ ကျွန်ပိုင်ရှင်၂ယောက်နှင့် ရင်ဆိုင်နေရသလို မွန်းစတားကြီး၂ကောင်နှင့်လည်း ရင်ဆိုင်နေရသည်။ ရှောက်ရွှမ် တကယ်အကျပ်တွေ့နေပြီ ဖြစ်သည်။

ရှောက်ရွှမ်က တိတ်ဆိတ်နေသလို အခြား၂ယောက်ကလည်း ဘာမှမပြောပါ။ သူတို့ကိုကြည့်ရသည်မှာ ရှောက်ရွှမ်၏ အဖြေကို စောင့်နေဟန်တူပါသည်။

ရှောက်ရွှမ်သည် ပြုံးလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျွန်တော်မလိုက်ဘူး”

ရှောက်ရွှမ်၏ စကားကိုကြားသောအခါ ရှီရှူသည် သူ၏ မျက်လုံးကို စောင်း၍ ကြည့်လိုက်ပါသည်။

ရှောက်ရွှမ်၏ ခြေထောက်နားတွင် အပြာရောင် သတ္တဝါတစ်ကောင်သည် သဲပြင်ထဲမှ တူးထွက်လာသည်။

ချေးပိုးထိုးလေးတစ်ကောင်ဖြစ်ပါသည်။

ထို့နောက် အနက်ရောင် ချေးပိုးထိုးတစ်ကောင်ထွက်ပေါ်လာပြီး အပြာရောင်ချေးပိုးထိုးကို အစီရင်ခံနေပါသည်။ ထို့နောက်တွင်တော့ ချေးပိုးထိုးများ တစ်ကောင်ပြီး တစ်ကောင်ထွက်ပေါ်လာသည်။

အဝါရောင်သဲပြင်ပေါ်တွင် အနက်ရောင်ချေးပိုးထိုးများဖုံးလွှမ်းသွားသည်။ ချေးပိုးထိုးများသည် ရှောက်ရွှမ်နားတွင်သာမဟုတ်၊ ရှီရှုနှင့် ဝတ်ရုံခြုံထားသော အမျိုးသမီးနားတွင်ပါ ရှိနေသည်။ ချေးပိုးများသည် အနက်ရောင်လှိုင်းလုံးကြီးတစ်လုံး ထွက်ပေါ်လာသလို မြေပြင်ပေါ်သို့ ထွက်ပေါ်လာလေသည်။

All Chapters