← Chapters

မျိုးနွယ်စု၏ ရှင်သန်ရေး

Vol. 23 Ch. 341

မျိုးနွယ်စု၏ ရှင်သန်ရေး

Vol. 23 Ch. 341

ရှောက်ရွှမ်က ဆက်လက်မေးမြန်းလိုသော်လည်း ရှီရှူက မပြောချင်တော့ပေ၊ ရှီရှူက “မင်းအရင်သွားနှင့်…ငါတို့လုပ်စရာရှိသေးလို့ နေခဲ့ဦးမယ်…ငါတို့လူတွေ ရောက်ခါနီးပြီ…အဲဒီတော့ မင်းငါတို့ကို ပိုးကောင်တွေနဲ့ တိုက်ချင်သေးတယ်ဆိုလည်း ရတယ်…ကန္တာရထဲက အကြောင်းတွေ ပိုသိချင်တယ်ဆိုရင်တော့ ကျောက်သင်္ချိုင်းမြို့တော်မှ ငါ့ကို လာရှာပါ”

ရှောက်ရွှမ်သည် အခြေအနေကို သုံးသပ်လိုက်ပြီးနောက် နောက်ဆုတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

“သွားကြမယ်” ရှောက်ရွှမ်သည် သူ့ခြေထောက်နားမှ ချေးပိုးထိုးကြီးကို လှမ်းပြောလိုက်သည်။

အပြာရောင်ချေးပိုးထိုးကောင်က ရှောက်ရွှမ်ကို

လမ်းဖွင့်ပေးလိုက်သည်။ ၎င်းသွားရာနေရာတိုင်းတွင် ချေးပိုးထိုးများ ရှဲခနဲ ဖြစ်ဖြစ်သွားသည်။

အခြေအနေကို မြင်သောအခါ ရှီရှုသည် မျက်တောင် ပုတ်ခတ်၊ပုတ်ခတ်လုပ်ပြီး စဉ်းစားနေရသည်။

ရှောက်ရွှမ်ကတော့ ထိုနေရာမှ ထွက်ခွာလာပြီး ရှီရှူတို့ မမြင်နိုင်သောနေရာ ရောက်သောအခါ နီလာလေးကို သူ့အဖွဲ့နှင့် ထွက်သွားခွင့်ပေးလိုက်သည်။ သူကတော့ လဲ့တို့နှင့် ချိန်းဆိုထားသော နေရာကို လျင်မြန်စွာ ဦီးတည်သွားလေတော့သည်။

ရှီရှူ၏ စကားအားလုံးကို ရှောက်ရွှမ် မယုံပေ။သို့သော် အချက်၃ချက်ကတော့ အမှန်ပင် ဖြစ်လောက်သည်။

ရှောက်ရွှမ် ထွက်ခွာသွားသောအခါ ဝတ်ရုံခြုံထားသောသူက ရှီရှူကို မေးသည် “ ငါတို့

အကြောင်းတွေကို အခြားမြို့တော်က ကျွန်ပိုင်ရှင်တွေကို ပြောလိုက်မှာ မကြောက်ဘူးလား” ။

“သူပြောမှာ မဟုတ်ဘူး” ရှီရှူ အမြင်တွင် ရှောက်ရွှမ်သည် ကန္တာရထဲမှ လူများနှင့် မပတ်သက်သင့်ကြောင်း သိထားသော လူပါးလူနပ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူတို့အကြောင်းများကို ပြောမည်မဟုတ်ပေ။ ပြောမည်ဆိုလျှင်တောင် အပြောင်းအလဲက ဖြစ်နေပေါ်နေပြီ ဖြစ်သည်။

“ သူကိုယ်တိုင် ဝင်ပါလာရင်ကော ဘယ်လိုလုပ်မလဲ” ဝတ်ရုံခြုံထားသူက စိတ်မသက်မသာဖြင့် မေးသည်။

“သူသာဝင်ပါလာမယ်ဆိုရင်တော့ လက်တွဲရခက်မယ့်လူစားမျိုးပဲ” သူက ဆက်ပြောလိုက်သည်။

သူတို့စကားပြောနေသည့်အချိန်မှာပင် နန်းတော်ကြီး ပြိုကျသွားပြီ ဖြစ်သည်။ ထူထဲသော အကြေးခွံများ ရှိသည့် အိမ်မြောင်ကြီးတစ်

ကောင် ပြေးထွက်လာသည်။ အိမ်မြောင်ကြီးသည် အကောင်သိပ်မကြီးသော်လည်း အတော်ပင် ပျော့ပြောင်းပါသည်။ ထိုအိမ်မြောင်ကြီးသည် ရှီရှုရှိရာသို့လာပြီး ပါးစပ်ကို ဖွင့်လိုက်ကာ မျိုချထားသော အရာတစ်ခုကို အန်ထုတ်လိုက်သည်။

အစာချေရည်များပေကျံနေသော ရုပ်အလောင်းတစ်ခု ထွက်ပေါ်လာလေသည်။ သေဆုံးသွားသော တောက်ယွီ၏ အလောင်းပင် ဖြစ်သည်။

တောက်ယွီ၏ အလောင်းမှာ သူသေတုန်းကပုံစံ မဟုတ်တော့။ တောက်ယွီ၏ အလောင်းသည် သွေးများထွက်နေပြီး ခြောက်သွေ့နေသည်။ ဒဏ်ရာများလည်း ဗရပွ ဖြစ်နေသဖြင့် လူရုပ်ပင်မပေါ်တော့ချေ။ အိမ်မြောင်ကြီးမှာ ၎င်းကို မျိုချထားသော်လည်း အစာချေဖျက်ခြင်း မပြုလုပ်ရသေးပေ။ ထို့ကြောင့် အသားနှင့်အရိုးများကတော့ အကောင်းအတိုင်း ရှိပါသေးသည်။

ဝတ်ရုံခြုံထားသောသူသည် တောက်ယွီကို တွေ့

သော်အခါ ရှီရှူကို မေးလိုက်သည် “ကျွန်တော်တို့ပါ သူ့လို ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ…အဲဒီပစ္စည်းကို သုံးလို့ရပါ့မလား”။

“ရတာပေါ့” ရှီရှူက တောက်ယွီ၏ အလောင်းကို ကြည့်နေသည်။ “အသက်ရှင်နေတုန်း စကားနားမထောင်တဲ့ကောင် သေတာပဲကောင်းတယ်”

အမှန်တော့ တောက်ယွီသည် နှောင်ကြိုးများကို ဖြတ်တောက်စဉ်အချိန်ထိ အသက်အန္တရာယ်မရှိခဲ့ပေ။ ရှောက်ရွှမ်နှင့် တွေ့သောကြောင့်သာ သေဆုံးသွားရခြင်း ဖြစ်သည်။

ဝတ်ရုံခြုံထားသောလူက တောက်ယွီကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ သူမသည်လည်း နန်းတော်အတွင်းတွင်ရှိနေခဲ့သည်။ ထွက်ပေါက်တစ်ခုနားတွင် ခိုအောင်းနေခဲ့ပြီး မျိုးစေ့နှင့်ဝေးရာကို ရှောင်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏သားရဲကြီးနောက်က လိုက်၍ အပြင်ထွက်လာပြီး သဲသောင်ကုန်းများကြားတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။

တောက်ယွီနှင့် ရှောက်ရွှမ်တို့၏ တိုက်ပွဲပြီးဆုံးရန် စောင့်နေသည့်အချိန်အတွင်းတွင် သူမသည် သွား၍ကူညီလိုစိတ်များ ဖြစ်ပေါ်လာပါသည်။ သို့သော် တောက်ယွီက နှောင်ကြိုးများကို ဖြတ်တောက်နေကြောင်း သူမ သိသွားသည်။ ထို့ကြောင့် သွားကူညီမည့်အစား သူမသည် သူမ၏ သားရဲကြီးကိုခေါ်ကာ အပြင်သို့သာ ထွက်ပြေးလာခဲ့သည်။ နန်းတော်ကြီးပြိုကျသည်ကို ဒီအတိုင်းကြည့်နေလိုက်ရသည်။ သူမသည် ရှောက်ရွှမ်ကို သတ်ပြီးတောက်ယွီ၏ အလောင်းကိုယူရန် စဉ်းစားသေးသော်လည်း၊ ရှောက်ရွှမ်က ထင်ထားသည်ထက် ပိုသန်မာနေသည်။ ထို့ပြင် ချေးပိုးထိုးအုပ်ကြီးကလည်း ရှိသေးသည်။

“မျိုးစေ့ကို အာရုံခံလို့မရဘူး” ဝတ်ရုံခြုံထားသော လူက ပြောလိုက်သည်။

“ဟိုကောင်လေး ယူသွားတာ ဖြစ်ရမယ်” ရှီရှူက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး…သူ့ကိုယ်ပေါ်မှာ မျိုးစေ့ရဲ့ အငွေ့အသက်ကို အာရုံခံလို့မရဘူး” ဝတ်ရုံကို ခြုံထားသောသူက ရှီရှူ၏ စကားကို မယုံပေ။သို့သော် ရှီရှူကို ကြည့်လိုက်သောအခါ တကယ်ပြောနေကြောင်း သိသွားသည်။

“အဲဒီချာတိတ်ကို သတ်ဖို့ ဘာလို့ လူမလွှတ်တာလဲ” ဝတ်ရုံခြုံထားသောသူက မေးလိုက်သည်။

“မလိုအပ်ဘဲနဲ့ မစွန့်စားတာ အကောင်းဆုံးပဲ…မျိုးနွယ်စုဝင်တွေဆိုတာ အသက်ဘေးနဲ့ရင်ဆိုင်လာရရင် ဘာကိုမှ အရေးလုပ်နေတာ မဟုတ်ဘူး…သူတို့ စိတ်ဝင်စားတာဆိုလို့ နည်းနည်းပဲရှိတယ်”

ငှက်တချို့ ကောင်းကင်ပေါ်က ပျံသန်းသွားသည်ကို မြင်လိုက်ရသောအခါ ရှီရှူက “ငါအရင်ပြန်နှင့်မယ်…အခုချိန်လောက်ဆို နှင်းမြို့တော်နဲ့ မီးလောင်ကုန်းမြို့တော် တိုက်ခိုက်နေလောက်ပြီ”

“အဲဒါဆို ကျွန်မက ပိုင်ရှီမြို့တော်မှ ဆက်နေရ

ဦီးမှာလား” ဝတ်ရုံနှင့် အမျိုးသမီးက မေးလိုက်သည်။

“မနေနဲ့တော့…စူးလွင်ဆီကို သွားပြီး ပိုင်ရှီမြို့တော်ကို သွားဖို့ ပြောလိုက်”

ငှက်များနှင့် အတူလာသောလူသည် တောက်ယွီ၏ အလောင်းကို အဝတ်နှင့် ပတ်လိုက်ပြီး အခေါင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ရှီရှုနောက်က လိုက်သွားလေတော့သည်။

မျိုးစေ့ကို ယူသွားသော ရှောက်ရွှမ်ကတော့ ထိုမျိုးစေ့ကို ကန္တာရထဲတွင် အဆုံးသတ်ပစ်ချင်နေသည်။ အခုအချိန်တွင် ကန္တာရထဲမှလူများသည် မျိုးစေ့ကို ရှာမနေကြပေ။

ထိုကဲ့သို့ ပစ္စည်းမျိုးကို တခါမှ မတွေ့ဖူးသော မျိုးနွယ်စုဝင်တစ်ယောက်သည် မည်မျှ စဉ်းစားနိင်မည်နည်း။ မျိုးနွယ်စုဝင်များ ကန္တာရထဲသို့ လာရခြင်းမှာ သတ္တုရိုင်းများ လိုချင်၍ ဖြစ်သည်။ ထိုမျိုးစေ့သည် သတ္တုရိုင်းများကို ဖန်တီးနိုင်သည်ဆို

တာကို သူတို့မသိပါ။ မျိုးနွယ်စုဝင်များညသ် ထိုကဲ့သို့မျိုးစေ့ ရှိမှန်းတောင် မသိကြပါ။

ထို့ပြင် ထိုမျိုးစေ့ကို မှန်ကန်စွာ အသုံးမချပါက မျိုးနွယ်တစ်ခုလုံး သေဆုံးရမည် ဖြစ်သည်။ မျိုးနွယ်စုဝင် တိုင်းရင်းသားများဆိုသည်မှာ အလွန်ဥာဏ်နည်းသည်။ သူတို့အနေနှင့် ထိုမျိုးစေ့ကို မှန်ကန်စွာအသုံးချတတ်မည် မဟုတ်ပေ။

ထိုအချက်ကို တွေးမိသောအခါ ဝတ်ရုံနှင့်အမျိုးသမီးသည် စိတ်သက်သာရာရသွားပြီး လော့ယဲ့မြို့တော်သို့ ဦးတည်ထွက်ခွာသွားလေသည်။

ရှီရှူသည် ကန္တာရထဲတွင် ဖြစ်ပွားနေသော စစ်ပွဲကိုသာ အာရုံစိုက်ထားသည်။ မျိုးဆက်သုံးဆက်လောက် အကောင်အထည်ဖော်လာသော ကျောက်သင်္ချိုင်းမြို့တော်၏ အစီအစဉ်များ အောင်မြင်မည်လား၊ ကျောက်သင်္ချိုင်းမြို့တော်က ကန္တာရတစ်ခုလုံးကို စည်းလုံးအောင် လုပ်နိုင်မည်လား ဆိုသည့်အချက်များသည် ကန္တာရထဲတွင် ဖြစ်ပွားနေ

သော စစ်ပွဲအပေါ်တွင် မူတည်နေပေသည်။

သို့သော် သူတို့မသိသေးသည်မှာ ရှောက်ရွှမ်သည် သာမန် မျိုးနွယ်စုဝင် တိုင်းရင်းသားတစ်ယောက်မဟုတ်ပါ။

မျိုးစေ့ကို အသုံးပြုပုံနည်းလမ်းကို ရှောက်ရွှမ်ခန့်မှန်းကြည့်သည်။ သူ့မှန်းဆချက်များ မှန်၊မမှန်ကိုတော့ အချိန်ယူ၍ စောင့်ကြည့်ရမည် ဖြစ်သည်။

မျိုးစေ့ကိုယူလာပြီး ရှောက်ရွှမ်သည် လဲ့နှင့်ထွော်တို့ရှိရာသို့ ပြေးလာသည်။

လဲ့တို့၂ယောက်မှာ ရှောက်ရွှမ်ကိုတွေ့သောအခါ စိတ်လှုပ်ရှားနေကြသည်။

“အားရွှမ်…မင်းရောက်လာပြီနော်”

ရှောက်ရွှမ်ဘာမှမဖြစ်သည်ကိုတွေ့သောအခါ လဲ့နှင့်ထွော်တို့ စိတ်သက်သာရာရသွားကြသည်။

“ဒီရက်ပိုင်းတွေမှာ ကျွန်တွေအသွားအလာ အရမ်းများတယ်…ကန္တာရထဲမှာ စစ်ပွဲဖြစ်နေပြီလား” ထွော်ကမေးလိုက်သည်။

“ဟုတ်တယ်…ဖြစ်နေပြီ…မင်းတို့မြင်လိုက်တာ ဘယ်လိုကျွန်အဖွဲ့တွေလဲ” ရှောက်ရွှမ်က ထွော်တို့၂ယောက်ရှင်းပြသည်ကို စောင့်နေလိုက်သည်။

ထွော်တို့၂ယောက်ပြောသည်ကို နားထောင်ပြီးသွားသောအခါ လဲ့တို့မြင်လိုက်သော ကျွန်များအနက် အနည်းငယ်လောက်သည် အခြားမြို့များမှ ကျွန်များဖြစ်ပြီး၊ ကျွန်အများစုမှ ရှီရှု၏ လူများဖြစ်ကြောင်း ရှောက်ရွှမ်သိလိုက်ရပါသည်။ ပထမဆုံးအခေါက် မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို လာရှာတုန်းက မြင်ခဲ့ရသော အဆောက်အဦးများနှင့် တိုးပွားလာသော ကျွန်အရေအတွက်ကို ပြန်မှတ်မိသွားသောအခါ၊ ရှီရှူ၏ အကြံမှာ စစ်သားစုဆောင်းရန် ဖြစ်သည်ဟု ရှောက်ရွှမ် တွေးလိုက်မိသည်။

ရှောက်ရွှမ်သည် ထိုနေရာတစ်ခုကိုသာ သိသည်။ ထိုနေရာနှင့် တူသော အခြားသော နေရာများရှိသေးလား ရှောက်ရွှမ်မသိပေ။

ထပ်မေးစရာမရှိတော့သဖြင့် ရှောက်ရွှမ်သည် အဝတ်စတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် မီးသွေးခဲတစ်ခဲကို ဘောပင်လို ကိုင်ထားလိုက်သည်။

လဲ့နှင့် ထွော်တို့သည် ထိုအဖြစ်မျိုးကို ကြုံဖူးနေကျဖြစ်သည်။ ရှောက်ရွှမ်စာရေးတော့မည်ဆိုတာကို မြင်သောအခါ သူတို့၂ယောက်သည် အပြင်ထွက်ပြီး ကင်းစောင့်ပေးကြသည်။

ရှောက်ရွှမ်သည် သူရေးစရာရှိသည်ကို ရေးပြီးသွားသောအခါ အဝတ်စကို သေချာလိပ်လိုက်သည်။ ထို့နောက် သားရေအိတ်နှင့်အတူ လိပ်ထားသောအဝတ်စကို လဲ့နှင့်ထွော်တို့ကို လှမ်းပေးလိုက်သည် “မင်းတို့အခုချက်ချင်း ကန္တာရထဲက သွားကြတော့…သားရေအိတ်ထဲမှာ အရမ်းအရေးကြီးတဲ့ပစ္စည်းတစ်ခုပါတယ်…လမ်းမှာဖွင့်မ

ကြည့်ကြနဲ့…မျိုးနွယ်စုဆီပြန်ပြီး နတ်ဆေးဆရာကို ပေးလိုက်ပါ…ပြီးတော့ နတ်ဆေးဆရာကို အိတ်ပေါ်မှ ရေးထားတဲ့စာကို အရင်ဖတ်ခိုင်းပါ…မဖတ်ရသေးဘဲ မဖွင့်ခိုင်းပါနဲ့…နောက်ပြီးတော့ ဒီကိစ္စကို တခြားလူတွေသိလို့ မဖြစ်ဘူး…ငါတို့မျိုးနွယ်စုဝင်တွေပါ သိလို့မဖြစ်ဘူး…အိတ်ပေါ်မှ ရေးထားတဲ့စာကိုဖတ်ပြီး အဲဒီပစ္စည်းကို နတ်ဆေးဆရာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ငါမသိချင်ဘူး…ဒီပစ္စည်းကို မျိုးနွယ်စုဆီ ပြန်မယူသွားနိုင်ရင် ဖွက်ထားခဲ့…ဒါမှမဟုတ် လွှတ်ပစ်ခဲ့…ဒီပစ္စည်းအကြောင်း ဘယ်သူမှ သိလို့ မဖြစ်ဘူး”

ရှောက်ရွှမ်၏ လေးနက်သော မျက်နှာကို မြင်သောအခါမှ လဲ့နှင့်ထွော်တို့သည် ရှောက်ရွှမ်၏ အမှာစကားများကို အသေအချာမှတ်သားကြလေသည်။ “အားရွှမ်…မင်းစိတ်ချပါ…ဒီအကြောင်းကို ငါတို့သေတာတောင် မပြောဘူး”

သို့သော် ပြောနေရင်းနှင့် တစ်ခုခုလွဲနေကြောင်း လဲ့တို့ခံစားလိုက်ရသည်။

“ဟေ့ကောင် အားရွှမ်…မင်းကငါတို့နဲ့မလိုက်သေးဘူးလား” တည်ငြိမ်သွားသောလူ၂ယောက်မှာ ရင်ခုန်သံများ ပြန်လည် မြန်ဆန်လာပြန်သည်။

ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “မင်းတို့အရင်သွားနှင့်ပါ…ငါဒီမှာ လုပ်စရာလေးတွေရှိသေးတယ်”

“ဘာတွေဖြစ်နေတာလဲ…အရေးကြီးလို့လား” ရှောက်ရွှမ်က ကန္တာရထဲတွင် နေခဲ့မည်ဟု ပြောသောအခါ၊ လဲ့တို့၂ယောက် စိတ်လှုပ်ရှားသွားကြသည်။

“အရေးကြီးတယ်”

“ဘယ်လောက်အရေးကြီးလို့လဲ”

“ငါတို့မျိုးနွယ်စုရဲ့ သေရေးရှင်ရေးပဲ”

လဲ့တို့၂ယောက် ဘာမှ ပြန်မပြောနိုင်တော့ပါ။

လဲ့နှင့် ထွော်တို့ကို ပြောဆိုပြီးနောက်၊ ရှောက်ရွှမ်သည် ချာချာ့ကို နားချရဦးမည်။ ချာချာကတော့ ခေါင်းမာပါသည်။

လဲ့၊ထွော်နှင့် ချာချာတို့ကို စည်းရုံးပြောဆိုပြီးသောအခါ ရှောက်ရွှမ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရှောက်ရွှမ်သည် အဝတ်စတစ်ဖြင့် အရပ်မျက်နှာတစ်ဖက်သို့ ညွှန်ပြရင်း “အဲဒီဘက်ကသွားကြ…အဲဒီဘက်က ပိုလုံခြုံတယ်”

“အားရွှမ်…ဒီပစ္စည်းကို ပြန်ပို့ပြီးလို့ မျိုးနွယ်စုဆီကို မင်းပြန်မလာဘူးဆိုရင် မင်းနောက်ကို ငါတို့လိုက်လာမယ်” ထွော်က ပြောလိုက်သည်။

ထို့နောက်တွင်တော့ ရှောက်ရွှမ်ဘာပြောပြော ထွော်တို့မကြားတော့ပေ။ ထွော်တို့၂ယောက်သည် သိမ်းငှက်ကျောပေါ်ခုန်တက်၍ ကောင်းကင်ထဲတွင် လိုက်ပါစီးနင်းသွားကြလေပြီ ဖြစ်သည်။

သူညွှန်ပြလိုက်သောအရပ်မျက်နှာသို့ ပျံသန်း

သွားသော သိမ်းငှက်ကြီးကို ကြည့်ရင်း၊ ရှောက်ရွှမ်သည် ကျောက်တုံးတစ်တုံးပေါ်ထိုင်ကာ အမောဖြေနေ၏။ ခဏလောက်အကြာတွင်တော့ ကန္တာရထဲသို့ ပြန်လည် ထွက်ခွာသွားတော့သည်။

All Chapters