သော့ချက်
Vol. 23 Ch. 342
ရှီရှူ၏စကားများသည် သူ့အတွက် စဉ်းစားစရာ ဖြစ်နေကြောင်းကို ရှောက်ရွှမ် ဝန်ခံရမည်။ ထို့ကြောင့် ထိုကဲ့သို့အချိန် ကန္တာရထဲတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများကို အခွင့်ကောင်းယူပြီး အသုံးဝင်မည့် သတင်းများကို စုံစမ်းရမည်။ မျိုးနွယ်စု၏ ရှင်သန်ရေးအတွက်ပင် မဟုတ်ပါလား။
ရှီရှူက မျိုးနွယ်စုများ ပျောက်ဆုံးသွားလိမ့်မည်ဟု ပြောခဲ့သည်။ သူ့စကားမှန်ချင်လည်း မှန်လိမ့်မည်။ မှန်ချင်မှလည်း မှန်လိမ့်မည်။
သူ့စကားမှန်သည်ဆိုပါက အချိန်တိုအတွင်း သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည် မဟုတ်ပေ။ မည်သည့်သက်သေကိုမျှ မမြင်ရသေးဘဲနှင့် သူသေချာမပြောနိုင်ပါ။ ရှီရှု့စကားမှားသည်ဟုဆိုလျှင်လည်း မမှန်သေးပေ။ မျိုးနွယ်စုများပျောက်ကွယ်သွားနိုင်သည်ဟု
ဆိုသော ဒဏ္ဍာရီများလည်း ရှိသည်။ သို့သော် ကောလဟာလကတော့ ကောလဟာလပင် ဖြစ်သည်။ မည်သည့်စကားအမှန်ဖြစ်ကြောင်း ရှောက်ရွှမ် ဝေခွဲ၍မရပါ။ အခြားသောမျိုးနွယ်စုများကို မေးကြည့်လျှင်ကောင်းမလား။ သို့သော် သူတို့က အမှန်ကို ထိန်ချမ်ထားမည်ဆိုတာ ရှောက်ရွှမ် သိနေပေသည်။
ရှောက်ရွှမ်သည် ကန္တာရထဲသို့ နောက်တစ်ဖန်ပြန်ရောက်ရှိလာပြန်သည်။ စစ်ပွဲကို ရှီရှူက စတင်လိုက်သည်ကို သိသွားသောအခါ၊ ရှောက်ရွှမ်သည် အခြေအနေအကဲခတ်ရန် လော့ယဲ့မြို့သို့ အရင်သွားရန် ရည်ရွယ်လိုက်သည်။ ထို့ပြင် စူးကုနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သူ့အတွက် ပြင်ဆင်ချိန်ပိုရမည် ဖြစ်သည်။ အဆုံးအရှုံးနည်းပါးအောင် ကာကွယ်နိုင်မည် ဖြစ်သည်။
သို့သော် လော့ယဲ့မြို့တော်နားရောက်လာသောအခါ ပိုင်ရှီမြို့တော်သို့ တပ်ဖွဲ့များ စေလွှတ်နေကြောင်း ရှောက်ရွှမ်သိလိုက်ရသည်။ ကျွန်
များသည် ၎င်းတို့၏ အဆင့်အတန်းလိုက် တန်းစီနေကြပြီး လက်နက်အသီးသီး ကိုင်ဆောင်ထားကြသည်။ ထိုတပ်များမှာ အခုမှ အလျင်စလို ထဖွဲ့စည်းထားခြင်းမဟုတ်ဘဲ အချိန်ယူကာ ပြင်ဆင်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
သူတို့ဘက်က တုန့်ပြန်သည်မှာ မြန်ဆန်လှသည်။
တောက်ယွီသေသွားသည်ကို သူတို့သိသွားပြီလား။ အခုပုံအတိုင်းဆိုလျှင် ပိုင်ရှီမြို့တော်မှ အခြေအနေမကောင်းပါ။
တပ်ဖွဲ့များကို စေလွှတ်နေသည်ကို မြင်သော်လည်း ရှောက်ရွှမ်သည် မစဉ်းစားအားပါ။
စူးကု၏ သဘောထားကို မှတ်မိသွားသောအခါ ရှောက်ရွှမ်သည် မြို့တော်၏ အမြင့်ဆုံးအဆောက်အဦီးကို ကြည့်လိုက်မိသည်။
စူးလွင်ကြောင့် ရှီရှူသည် လော့ယဲ့မြို့တော်
ဘက်မှ ပါလာခြင်းလား။ သို့မဟုတ် သူတို့၂ယောက်သည် အတူပူးပေါင်းလှုပ်ရှားခြင်းလား။
သူတို့၂ယောက် အတူပူးပေါင်းလှုပ်ရှားခြင်းဆိုလျှင် ရှောက်ရွှမ်သိပ်စိတ်ပူနေရန် မလိုအပ်ပါ။ ကန္တာရကြီးတစ်ခုလုံး ဗြောင်းဆန်နေအောင် ဖြစ်နေချိန်တွင် စူးလွင်တစ်ယောက် အေးဆေးနေနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
အခုအခြေအနေအရဆိုလျှင် ရှောက်ရွှမ်အနေနှင့် လော့ယဲ့မြို့တော်တွင် ဆက်နေရန် မလိုတော့ပါ။ ရှောက်ရွှမ်သည် မြို့ထဲတွင် ခဏစနည်းနာပြီးနောက် ထွက်ခွာသွားလေသည်။
လူမရှိသောနေရာတစ်ခုကို ရှာပြီးနောက် ရှောက်ရွှမ်သည် နီလာလေးကို ခေါ်လိုက်သည်။
သူ့အဖွဲ့နှင့် အစာရှာနေသော နီလာသည် ရှောက်ရွှမ်နောက်မှ လိုက်ပါလာသည်။ ရှောက်ရွှမ်နှင့် နီလာကြားတွင် ထူးဆန်းသော ဆက်နွယ်မှုတစ်ခုရှိ
ပါသည်။ နီလာသည် ရှောက်ရွှမ်၏ အတွေးများကို သိရှိနိုင်ပေသည်။
အချိန်ခဏအတွင်း အပြာရောင်ချေးပိုးထိုးသည် မြေကြီးထဲမှ တိုးထွက်လာသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။
အပြာရောင်ချေးပိုးထိုးသည် မတ်တပ်ရပ်လိုက်သောအခါ ရှောက်ရွှမ်၏ ဒူးခေါင်းလောက် မြင့်လေသည်။ ၎င်းသည် သူ၏ချေးပိုးထိုးအုပ်စုနှင့်အတူ အစာများစွာကို စားခဲ့သည်။၎င်းတို့သည် သဲပြင်အောက်တွင်ရှိသော ပိုးကောင်များကို သတ်စားမည်ဖြစ်ကြောင်းကုတော့ သံသယဖြစ်နေရန် မလိုပေ။သဲပြင်အောက်တွင် ပုန်းအောင်းနေသော ပိုးမွှားများ၊ ကန္တာရသားရဲအသေးစားအချို့သာ ကံကောင်းသဖြင့် ချေးပိုးထိုးများ ပါးစပ်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။
ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ့အတွေ့အကြုံအရဆိုလျှင် သူတို့ရောက်နေသော နေရာသည် မြို့များ
နှင့် အလှမ်းကွာဝေးသောနေရာဖြစ်သည်။ သူတို့ရောက်နေသော နေရာတွင် လူအသွားအလာ သိပ်မရှိပါ။
ကျွန်မပြုခင်ကတည်းက ချေးပိုးထိုးလေးမှာ အကောင်ကြီးပါသည်။ အခုတော့ မျှော်လင့်ထားသည်ထက် ပိုကြီးထွားလာသည်။
အပြာရောင်ချေးပိုးထိုးသည် ရှောက်ရွှမ်ဘာလုပ်ချင်သလဲ နားမလည်ပါ။ ရှောက်ရွှမ်သည် အပြာရောင်မီးတောက်ကို တောက်လောင်စေလိုက်သည်။ ထိုအခါမှ နီလာသည် ရှောက်ရွှမ်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ နီလာသည် စိတ်လှုပ်ရှားသဖြင့် နောက်ခြေထောက်များကို လှုပ်ရှားနေသည်။ ၎င်းသည် စိတ်လှုပ်ရှားလာသဖြင့် ခြေထောက်များကို လှုပ်နေခြင်းဖြစ်သည်။ ထိုအကျင့်သည် သူ၏ အရိုးစွဲနေသော အကျင့်ဖြစ်ပါသည်။
ရှောက်ရွှမ်သည် နီလာ၏ ဒုတိယမြောက်သော့ခလောက်ကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်
သည်။ အရင်တုန်းကတော့ အချိန်မကျသေးဟု ထင်ခဲ့သလို နီလာ့အနေနှင့်လည်း ပြောင်းလဲ ဖွံ့ဖြိုးရန် အချိန်ယူရဦးမည်ဟု တွက်ဆခဲ့သည်။ အခြားဖြစ်နိုင်ချေလည်း အမြောက်အများရှိသေးသည်။ အခုတော့ နီလာသည် အခြားသော သားရဲများထက် လျင်မြန်စွာပြောင်းလဲလာကြောင်းကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ နီလာသည် မစင်များကို မစားတော့ဘဲ အပေါင်းပါ ချေးပိုးထိုးများနှင့်အတူ အသားကို စားလာသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ဒုတိယမြောက် သော့ခလောက်ကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ နီလာသည် ကောင်းမွန်စွာ ဖွံ့ဖြိုးလာသည်ဆိုပါက ရှောက်ရွှမ်အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။
သိပ်မကြာသေးသော အချိန်အတွင်းက၊ နီလာသည် ချေးပိုးထိုးအုပ်ကြီးကို ဦးဆောင်လာခဲ့သည်။ နောင်တစ်ချိန်တွင် သူဦးဆောင်လာသော ချေးပိုးထိုးအုပ်ကြီးမှာ ပိုကြီးလာမည်လား။ ထိုအကြောင်းကို စဉ်းစားမိသောအခါ ရှောက်ရွှမ် စိတ်လှုပ်ရှားသွားသည်။ သူတွေးထားသလို ဖြစ်၊မဖြစ်ကိုတော့ သူလည်း သေချာမသိသေးပါ။
ကျောက်သင်္ချိုင်းမြို့တော်ကြီး၏ နှစ်ထပ် အိမ်တစ်လုံးတွင်…။
ရှီရှူသည် တောက်ယွီ၏ အလောင်းကို မြို့တော်သို့ ပြန်သယ်လာပြီး အဖိုးအိုတစ်ယောက်လက်ကို ပေးအပ်လိုက်သည်။
ရှောက်ရွှမ်က စူးကုကို တစ်ခါမှမေးဖူးသည်။ ကျွန်ပိုင်ရှင်များနေထိုင်သော မြို့တော်များတွင် နတ်ဆေးဆရာများရှိသလားဟု မေးခဲ့ခြင်းဖြစ်သည်။ စူးကုကတော့ ရှိသည် ဟုဖြေခဲ့သည်။ သို့သော် အလွန်ရှားပါးပါသည်။ လူတစ်ယောက်သည် နတ်ဆေးဆရာဖြစ်ချင်ဆိုပါက ကျွန်ပိုင်ရှင်ဖြစ်၍ မရပါ။ ထို့ပြင် ကျွန်ပိုင်ရှင်များ၏ နတ်ဆေးဆရာများသည် မျိုးနွယ်စုနတ်ဆေးရာများနှင့် မတူပါ။ ကျွန်ပိုင်ရှင်များ၏ နတ်ဆေးဆရာများသည် မျိုးရိုးစဉ်ဆက်ဆင်းသက်လာခြင်းဖြစ်ပြီး ကျွန်ပြုခြင်းကို တစ်ခါမှ မလုပ်ဆောင်ဖူးပါ။ ထို့ကြောင့် လော့ယဲ့ကဲ့သို့ မြို့တော်များတွင် နတ်ဆေးဆရာများများစားစားမရှိပေ။
ရှီရှူရှေ့တွင်ရှိသော ဆံပင်ဖြူဖြူနှင့် ခန္ဓာကိုယ်တွင် ထူးဆန်းသော အမှတ်အသားများကို ရေးဆွဲထားသောသူသည် နတ်ဆေးဆရာတစ်ယောက် ဖြစ်ပါသည်။ သူ၏ဘိုးဘေးများသည်လည်းနတ်ဆေးဆရာများပင်ဖြစ်ပြီး ကျောက်သင်္ချိုင်းမြို့တော်၏ အရေးပါသော လူများဖြစ်သည်။ သူတို့မိသားစု၏ အဆင့်အတန်းသည် အနိမ့်စား ကျွန်ပိုင်ရှင်များထက် မနိမ့်ပေ။
အဖိုးအိုသည် တောက်ယွီ၏ အလောင်းနှင့် အလုပ်ရှုပ်နေသည်။ အလုပ်ရှုပ်နေသလို အံ့လည်း အံ့ဩနေပါသည်။
“ကျွန်တွေက နှောင်ကြိုးကို ဖြတ်လိုက်ရင် သူတို့အရိုးတွေက ပိုမာလာတာကိုး…ကောင်းတယ်…ဒီလိုမျိုးကျွန်တွေ ထပ်ပေါ်လာရင် ကောင်းမှာပဲ”
ရှီရှူသည် တိတ်ဆိတ်စွာထိုင်နေရင်း “နတ်ဆေးဆရာကြီး…ပိုးမွှားတွေကို ကျွန်ပြုတာကို ခင်ဗျားဘယ်လိုထင်လဲ”ဟု ရုတ်တရက်မေးလိုက်
သည်။
တောက်ယွီအလောင်းမှ ကလီစာများကို ထုတ်ယူရင်းအလုပ်ရှုပ်နေသော အဖိုးအိုသည် အစွမ်းထက်သော ကျွန်များကို ဘယ်ကရှာလျှင် ကောင်းမလဲ စဉ်းစားနေပါသည်။ ရုတ်တရက် ရှီရှူ၏ စကားသံကို ကြားလိုက်ရသောအခါ အဖိုးအို တုန်လှုပ်သွားသည်။
“အဓိပ္ပါယ်မရှိတာတွေ” ပြောလိုက်ပြီးမှ သူ့လေသံတင်းမာသွားကြောင်း အဖိုးအို သတိထားမိလိုက်သည်။ ရှီရှူသည် သူ့လက်အောက်ငယ်သားမဟုတ်သဖြင့် လေသံကို အနည်းငယ်ပြင်လိုက်ပြီး “ သခင်လေး…ပိုးမွှားလိုမျိုး ဘာမဟုတ်တဲ့အကောင်တွေကို ကျွန်ပြုလို့ ဘယ်လိုလုပ်ရမလဲ…သာမန်သားရဲတစ်ကောင်တောင် ကျွန်ပြုဖို့အဆင့်မမီတာ…ပိုးမွှားတွေဆိုတာ အဆင့်အနိမ့်ဆုံး သတ္တဝါတွေလေဗျာ”
အဖိုးအိုကိုကြည့်ရသည်မှာ စိတ်ကသိကအောင့် ဖြစ်နေပုံပေါ်သည်။ သူ့အနေနှင့် ရှီ
ရှူကို အစွမ်းရှိသော ကျွန်များကို ရွေးချယ်စေချင်သည်။ သူဆန္ဒရှိလျှင် မျိုးနွယ်စုဝင်တိုင်းရင်းသားများကိုပင် ကျွန်ပြုနိုင်သည် မဟုတ်ပါလား။ ဘာ့ကြောင့် ပိုးမွှားတစ်ကောင်ကို ကျွန်ပြုရမည်နည်း။မတတ်နိုင်သူများသာ ပိုးမွှားများကို ကျွန်ပြုရခြင်းဖြစ်သည်။ ရှီရှူလို လူတစ်ယောက်အနေနှင့် ထိုကဲ့သို့ လုပ်စရာမလိုပါ။
ရှီရှူသာ သူ့လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေပါက အဖိုးအိုသည် တဲ့တိုးပြောမိမည်ဖြစ်သည်။ သို့သော် ရှီရှူသည် အရှင်သခင်တစ်ယောက်ဖြစ်နေပါသည်။ အဖိုးအိုသည် စိတ်ရှိတိုင်းပြောလိုက်လိုသော်လည်း ပြောရမည့် စကားလုံးများကို ရွေးချယ်စဉ်းစားနေရသည်။
ကံကောင်းစွာဖြင့် ရှီရှူမှာ အဖိုးအိုကို တန်ဖိုးထားသူ ဖြစ်နေပါသည်။ အဖိုးအိုက တစ်ခုခုပြောမည်ဆိုလျှင်လည်း သူကနားထောင်နေမည်သာ။ သူ့စိတ်ထဲဘယ်လို ဖြစ်နေနေ၊ အဖိုးအိုပြောသည်ကို ကောင်းကောင်းနားထောင်မည်သာ ဖြစ်သည်။
“ပိုးမွှားတွေကို ကျွန်ပြုလို့မကောင်းဘူးလား” ရှီရှူကမေးလိုက်သည်။
“မကောင်းဘူး” အဖိုးအိုက ပြောလိုက်သည်။
“ပိုးမွှားတွေဆိုတာ အဆင့်အနိမ့်ဆုံး သတ္တဝါတွေလား” ရှီရှူက ထပ်မေးပြန်သည်။
“ဟုတ်တယ်…စကားထဲတောင် ထည့်ပြောဖို့မကောင်းဘူး” အဖိုးအိုကလည်း ဗြောင်ပင် ပြောလိုက်သည်။
“ပိုးမွှားတစ်ကောင်ကို ကျွန်ပြုဖို့ လုံးဝ မဖြစ်နိုင်ဘူးလား”
“တောင်းပန်ပါတယ်…သခင်လေးရယ်…တခြား ဖြစ်နိုင်ချေရှိတာကိုပဲ စဉ်းစားပါ”
အဖိုးအိုသည် သူ့လက်ထဲမှ ပစ္စည်းများကို သူ့ဘေးနားမှ သေတ္တာထဲထည့်လိုက်သည်။ အဖိုးအိုသည် လက်ပင်မသုတ်အားဘဲ ရှီရှူကို နားချနေရ
သည်။ ရှီရှူအနေဖြင့် ထိုအကြံကို စွန့်လွှတ်လိမ့်မည်ဟု အဖိုးအို မျှော်လင့်ထားသည်။
ရှီရှူသည် သူ့ရှေ့တွင်ဦးညွှတ်နေသော အဖိုးအိုကို ကြည့်လိုက်သည်။ အဖိုးအိုသည် သူ့လုပ်ငန်းကို သူကျွမ်းကျင်မှုရှိသူ ဖြစ်ပါသည်။ မဟုတ်လျှင် ရှီရှူ၏ မိဘများနှင့် ဘိုးဘေးများက အဖိုးအိုကို တန်ဖိုးထားမည် မဟုတ်ပါ။ သို့သော် ရှီရှူသည် ခေါင်းမာသော လူတစ်ယောက်ဖြစ်ပါသည်။ တစ်ခုခုကို လုပ်မည်ဟု ဆုံးဖြတ်ပြီးသွားလျှင် ဆုံးဖြတ်ချက်ကို ပြင်လေ့မရှိပါ။ အဖိုးအိုအနေဖြင့် ပိုးမွှားများကို ထိုမျှအထင်သေးစွာ ဝေဖန်လာမည်ဟု ရှီရှူ မမျှော်လင့်ထားပါ။
ထို့ကြောင့် ရှီရှူသည် ဘာမှထပ်မပြောတော့ဘဲ သက်ပြင်းချလိုက်ပြီး “ကျွန်တော်သိပါပြီ” ဟုပြောလိုက်သည်။ထပ်ပြောနေလျှင်လည်း ဘာမှ ထူးမည် မဟုတ်ပေ။
နတ်ဆေးဆရာကြီးသည် ရှီရှူ၏ စကားကိုကြားသောအခါ စိတ်သက်သာရာ ရသွားသည်။သူ
သည် လက်တစ်ဖက်တည်းဖြင့် ချေမွပစ်လို့ရသော၊အသိဥာဏ်မရှိသော ပိုးမွှားများကို အထင်မကြီးပါ။
သူအကြံပေးသည့်အတိုင်း သခင်လေးက လိုက်နာသဖြင့် အဖိုးအိုအနည်းငယ် ကျေနပ်သွားသည်။ ထို့ကြောင့် အဖိုးအိုသည် သူလုပ်စရာရှိသည်ကို ဆက်လုပ်နေပါသည်။ အဖိုးအိုသည် အလောင်းကိုယ်ပေါ်တွင် ဆေးတစ်မျိုးလိမ်းလိုက်ပြီး အလောင်းကို ခန်းတစ်ခန်းထဲထည့်လိုက်သည်။ ဆေးခြောက်သွားသောအခါ အလောင်းကို အဝတ်နှင့် ပတ်လိုက်ပြီး အခေါင်းတစ်ခုထဲသို့ ထည့်လိုက်သည်။
ရှီရှူ၏ အဖိုးလက်ထက်မှစ၍ နတ်ဆေးဆရာသည် အဆင့်မြင့်ကျွန်များ၏ ရုပ်အလောင်းများကို အဝတ်များနှင့် ထုပ်၍ စုဆောင်းခဲ့သည်။ ထိုသို့ ရုပ်အလောင်းစုဆောင်းခြင်းမှာ နတ်ဆေးဆရာ အဆက်ဆက်လုပ်ဆောင်ခဲ့သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
ယနေ့ခေတ်ရောက်သောအခါ နန်းတော်၏အောက်တွင် ကျွန်များ၏ ရုပ်အလောင်းများ ထောင်ချီရှိပေသည်။ စစ်ဖြစ်လာပါက ထိုရုပ်အလောင်းများကို အသုံးချမည်ပင်။ ထိုအချက်မှာ အပြင်လူများမသိသေးသော ရှီရှူ၏ သော့ချက်တစ်ခုဖြစ်သည်။
“ဒါနဲ့ သခင်လေးပြောတဲ့ မျိုးနွယ်စုဝင်ကောင်လေးက ဒီမြို့ကို တကယ်လာပါ့မလား” အဖိုးအိုကမေးလိုက်သည်။
“သူလာမှာပါ” ရှီရှူက လာမည်ဟု ကျိန်းသေယုံကြည်ထားသည်။ “ကျွန်တော့်ကိုမှ လာမရှာရင် သူတခြားဘယ်သူ့ကို သွားရှာမလဲ”
သူဆင်ထားသော ခွင်ထဲသို့ ရှောက်ရွှမ်ဝင်လာတော့မည်ကိုတွေးပြီး ရှီရှူသည် ကျေနပ်နေသည်။ သို့သော် ရှောက်ရွှမ်အနေနှင့် ကျောက်သင်္ချိုင်းမြို့တော်သို့ ချက်ချင်းမလာဘဲ အခြားမြို့တော်တစ်ခုကို သွားလိမ့်မည်ဟု ရှီရှူမမျှော်လင့်ထားချေ။