← Chapters

နှင်းမြို့တော်

Vol. 23 Ch. 343

နှင်းမြို့တော်

Vol. 23 Ch. 343

ရှောက်ရွှမ်သည် ရှီရှူကို သတိဝီရိယနှင့် ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။ စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာအောင် လူမသိဘဲ လုပ်ဆောင်နိုင်ခဲ့သည် လူတစ်ယောက်သည် အန္တရာယ်များလွန်းလှသည်။

ရှီရှူပြောသွားသော စကားတွင်ပါသော မျိုးနွယ်စုများ၏ ပျောက်ကွယ်မှုဆိုသည်မှာ ကျွန်ပိုင်ရှင်များနှင့် ပတ်သက်နေမည်ဟု ရှောက်ရွှမ် ခံစားလိုက်ရသည်။ ကျောက်သင်္ချိုင်းမြို့တော်မှ ကျွန်ပိုင်ရှင်များ၏ လျှို့ဝှက်ချက်များသာမက၊ အခြားသော မြို့မှ ကျွန်ပိုင်ရှင်များ၏ လျှို့ဝှက်ချက်များကိုပါ စုံစမ်းရမည်။

ကျောက်သင်္ချိုင်းမြို့အပါအဝင် မြို့ကြီးသုံးမြို့အပြင် အခြား၂မြို့ရှိသေးသည်။

နှင်းမြို့တော်သည် မီးလောင်ကုန်းမြို့တော်နှင့် စစ်ဖြစ်နေကြောင်း ရှောက်ရွှမ် ကြားထားသည်။ ရှီရှူအနေနှင့် ထိုအရှုပ်တော်ပုံကို မည်သို့ဖြေရှင်းမလဲ ရှောက်ရွှမ် မသိပေ။ လက်ရှိအချိန်တွင်တော့ နှင်းမြို့တော်တွင် အခြေအနေများ ပိုဆိုးလာနေပြီ ဖြစ်သည်။ စစ်ပွဲမှာ နှင်းမြို့တော်မှစတင်လာခြင်းဖြစ်သဖြင့် မြို့တော်သည် တည်ငြိမ်ဦးမှာ မဟုတ်ပေ။

နှင်းမြို့တော်ဆိုသည့်အတိုင်း နာမည်နှင့်လိုက်အောင် မြို့တော်အတွင်းတွင် နှင်းများ၊ရေခဲများ ကိုတွေ့နိုင်သည်။

နှင်းမြို့တော်မှ အုပ်ချုပ်သော နယ်စပ်သို့ ရှောက်ရွှမ် ရောက်လာသောအခါ၊ နှင်းများကျနေပါသည်။ ခရမ်းနီရောင်ပန်းတချို့က နှင်းထဲတွင် ပွင့်နေပါသည်။ ထိုအပင်များသည် နှင်းမြို့တော်တွင်သာရှိပြီး အခြားမြို့တော်များတွင် မရှိပေ။

ပျက်ယွင်းနေသော သားရဲမြို့တော်နှင့်

နှိုင်းယှဉ်လျှင်၊ နှင်းမြို့တော်သည် အပင်များနှင့် ဝေဆာလျက်ရှိပါသေးသည်။

လူ၂၀၀လောက်ပါသော အဖွဲ့ကြီးတစ်ခုကို ကျော်ဖြတ်ပြီးနောက်၊ ရှောက်ရွှမ်သည် တိုက်ပွဲဖြစ်ရာ မြေပြင်သို့ ရောက်သွားသည်။ စစ်ပွဲများဒဏ်ကို ခံထားရသောကြောင့် အားလုံး၏ မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေပါသည်။ ဘုရင်သည် အလွန်စိတ်ဆိုးနေပြီး၊ အကူအညီကို အသက်တမျှ လိုအပ်နေပါသည်။ဘုရင့်အမိန့်တော်ဖြစ်သဖြင့်၊ မည်သူကမှ စစ်ပွဲကို မရပ်ရဲပါ။ ဘုရင်က စစ်ပွဲကို ဆက်တိုက်ရန် ပြောသဖြင့်၊ ဆက်နေတိုက်နေကြရခြင်း ဖြစ်သည်။

မြို့တော်၃မြို့မှလူများအနေဖြင့် အချိန်အတော်ကြာအောင် ငြိမ်းချမ်းစွာနေထိုင်လာ ကြသဖြင့် စစ်ပွဲတစ်ပွဲဖြစ်လာသောအခါ၊ တိုက်ပွဲကြီးများကို ရင်မဆိုင်နိုင်ကြတော့ပေ။

တိုက်ပွဲဖြစ်ခဲ့သောနေရာသို့ ရောက်သောအခါ

အလောင်းပေါင်းမြောက်များစွာကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ တချို့အလောင်းများကို သဲပြင်ထဲ မြှပ်ထားသော်လည်း တချို့အလောင်းများမှ မြှပ်တစ်ဝက်၊ပေါ်တစ်ဝက် ဖြစ်နေပါသည်။ ဒီအတိုင်းပစ်ထားသော အလောင်းများကိုတော့ ပိုးလောက်တို့ကိုက်သဖြင့် အရိုးများသာ ကျန်တော့သည်။

ရှောက်ရွှမ်သည် သွားရင်းလာရင်းနှင့် နှင်းမြို့တော်မှ ကျွန်များဝတ်ဆင်သော အဝတ်အစားများကို အလစ်သုတ်လာခဲ့သည်။ အဆင့်နိမ့်သော ကျွန်များ၏ အဝတ်အစားနှင့် ရှောက်ရွှမ်၏ အဝတ်အစားများမှာ သိပ်မကွာပါ။

ခဏလောက် ပုန်းအောင်းနေပြီးသောအခါ၊ မှောင်ရိပ်သမ်းလာသည်။ ရှောက်ရွှမ်သည် ကင်းလှည့်လာသော အဖွဲ့တဖွဲ့၏နောက်မှ မယောင်မလည်နှင့် လိုက်ပါသွားလေသည်။

ရှောက်ရွှမ်ရှေ့က ကျွန်သည် အိပ်ငိုက်နေပြီး သူ့နောက်တွင် လူပါလာကြောင်းကို မသိပါ။ သူသည် သမ်းဝေ၍သာနေပြီး ရှေ့ကလူနောက်မှ

လိုက်နေပါသည်။

အဖွဲ့ခေါင်းဆောင်ကလည်း နောက်ကိုသတိမထားမိဘဲ၊ ဘေးပတ်ဝန်းကျင်ကိုသာ အကဲခတ်နေပါသည်။ သူ့အဖွဲ့တွင် လူတစ်ယောက်တိုးလာသည်ကို သူမသိလိုက်ပါ။

နှင်းမြို့တော်၏ ဝင်ပေါက်နှင့် နီးလာသောအခါ ရှောက်ရွှမ်သည် ဦးခေါင်းပေါ်မှ ခေါင်းစွပ်ကို အောက်ဆွဲချလိုက်သည်။ ခေါင်းစွပ်မှာ သူ့ခေါင်းတွင်ရစ်ပတ်ထားသော အဝတ်စသာဖြစ်ပြီး အဆင့်နိမ့်သော ကျွန်များသည် ထိုကဲ့သို့ ဝတ်ဆင်လေရှိသည်။ ရှောက်ရွှမ်သည် သူ့ကိုယ်သူ ညစ်ပတ်ပေရေနေအောင် ပြုလုပ်ထားပြီး အခြားကျွန်များလိုပင် မောပန်းနေသည့် အသွင်ကို ဆောင်ထားပါသည်။

ဝင်ပေါက်မှ အစောင့်သည် ကင်းလှည့်သည့်အဖွဲ့ကို တချက်ကြည့်လိုက်သည်။ သူသည် ကင်းလှည့်သည့်အဖွဲ့တွင် ရှောက်ရွှမ်တစ်ယောက်တိုးလာသည်ကို သတိမထားပါသည်။ အစောင့်က

ကြည့်လိုက်သောအခါ ရှောက်ရွှမ်က သမ်းဝေနေသည်။ ဂိတ်စောင့်သည် သူ့အနေနှင့် ထိုကျွန်များလို အပြင်ထွက်ပြီး ကင်းလှည့်စရာမလိုသောကြောင့် ဝမ်းသာနေသည်။ ထိုကျွန်များသည် နေ့စဉ်လို အိပ်ရေးပျက်ရပြီး ဘယ်သောအခါမှ လန်းလန်းဆန်းဆန်း မရှိပါ။

အချိန်နောက်နေပြီ ဖြစ်သည်။ မြို့တော်ထဲသို့ ရောက်သောအခါ ကင်းလှည့်သည့် အဖွဲ့ဝင်များသည် အနားယူရန် အိမ်သို့ ပြန်သွားကြပါသည်။ ဘယ်သူကမှ စကားပြောလိုစိတ်မရှိကြပါ။

အုပ်ချုပ်သောစနစ်သည် အပြစ်မကင်းပေ။ ဟာကွက်များစွာရှိနေသဖြင့် ၊ ရှောက်ရွှမ်အတွက်တော့ အခွင့်အရေးယူ၍ ကောင်းနေပါသည်။

မြို့တော်ထဲသို့ဝင်လာသောအခါ ရှောက်ရွှမ်သည် သဲအိမ်တစ်လုံးထဲသို့ ခိုးဝင်ရန် ကြံနေသည်။

ရှောက်ရွှမ်ရှေ့မှ လျှောက်နေသောသူများသည် တစ်ခုခုလွဲနေသည်ကို သတိထားမိသွားသည်။ သို့သော် နောက်လှည့်ကြည့်လိုက်သောအခါ၊ မည်သည့်အမှားအယွင်းမှ မတွေ့ပါ။ ထိုအခါ အစောင့်များသည် မောပန်းလွန်းသဖြင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုသာ တွေးလိုက်ပါတော့သည်။

ရှောက်ရွှမ်ဝင်ရောက်ပုန်းခိုနေသော အိမ်မှာ တံခါးပေါက်မရှိပါ။ ထိုအိမ်တွင် နေကြသူများမှာ စစ်ပွဲသို့ ထွက်ခွာသွားကြပြီး ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်ပါ။ ရှောက်ရွှမ်က ထိုအိမ်လေးတွင် ယာယီစခန်းချပြီး အခွင့်အရေးပေါ်မည့် အချိန်ကို စောင့်ဆိုင်းနေပါသည်။

ညရောက်သောအခါတွင်လည်း အိမ်ထဲသို့ဘယ်သူမှ ဝင်မလာပေ။ အပြင်တွင်လည်း လူသွားလူလာနည်းသွားပြီ ဖြစ်သည်။ အပြင်တွင် အလင်းရောင် မရှိပါ၊ မှုန်တိမှုန်ဝါး ထွက်ပေါ်နေသော လရောင်က အိမ်ထဲသို့ ကျရောက်နေပေသည်။ ထို့ကြောင့် အိမ်ထဲတွင် အရိပ်မည်းကြီး

များ ဖြစ်ပေါ်နေ၏။

စစ်ပွဲဒဏ်ကြောင့် မြို့တော်မှလူများအားလုံး မောပန်းနေကြပြီ ဖြစ်သည်။ ညကင်းသမားများမှ လွဲ၍ ကျန်လူများမှာ အိမ်ထဲသို့ဝင်ပြီး အိပ်စက်ရန် ပြင်နေကြပြီ ဖြစ်သည်။

နှင်းမြို့တော်သည် ခုနတုန်းကလို မဟုတ်တော့ဘဲ၊ လူသူကင်းမဲ့သွားသည်။

ရှောက်ရွှမ်သည် အိမ်ထဲမှ အပြင်ထွက်လိုက်သည်။ ကင်းအဖွဲ့နှင့် မတိုးမိအောင် ရှောင်ရှားရင်း နှင်းမြို့တော်၏ အလယ်ဗဟိုသို့ ချဉ်းကပ်လာသည်။

နှင်းမြို့တော်၏နန်းတော်သည် လော့ယဲ့မြို့တော်နန်းတော်နှင့် ပုံစံအတူတူပင် ဖြစ်သည်။ သို့သော် နှင်းမြို့တော်၏ နန်းတော်က အနည်းငယ် ပိုကြီးသည်။

နန်းတော်နားမှ အစောင့်များက ပို၍

နိုးနိုးကြားကြားရှိသည်။ ရှောက်ရွှမ်သည် အထဲဝင်ရောက်ရန် အခွင့်အရေးမရသဖြင့်၊ နောက်တစ်ကြိမ် အခွင့်အရေးရမည့် အချိန်ကို စောင့်ရမည် ဖြစ်သည်။ ထိုကြောင့် ရှောက်ရွှမ်သည် ပုန်းအောင်းရန် ကောင်းသောနေရာတစ်ခုတွင် ခိုအောင်းနေပြီး အခွင့်အရေးကို စောင့်နေပါသည်။

ရှောက်ရွှမ်ဝင်ပုန်းနေသောနေရာသည် ခုနကဝင်ခဲ့သော သဲအိမ်ထက် နေရာကျယ်ပါသည်။ အိမ်ထဲမှ ပစ္စည်းများကိုလည်း ကျောက်တုံးများဖြင့် ပြုလုပ်ထားပါသည်။ နန်းတော်နှင့်နီးလာလေ၊ အိမ်များမှာ ပိုကြီးလာလေ ဖြစ်သည်။

ရှောက်ရွှမ်ဝင်ပုန်းနေသောနေရာမှာ ဝိုင်အရက်များသိုလှောင်ရာ အခန်းဖြစ်သည်။ ဝိုင်ထည့်ထားသော သစ်သားစည်များကို ရှောက်ရွှမ်တွေ့လိုက်ရပါသည်။

သို့သော် ထိုမြေအောက်ခန်းသည် ဝိုင်ရောင်းချသောနေရာဖြစ်သည်။ ဆုလာဘ်များကို ထိန်းသိမ်းထားသော နေရာတစ်ခုသာဖြစ်သည်။

ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်သောကျွန်များကို ဝိုင်အရက်ဖြင့် ဆုချလေ့ရှိသည်။ ဆုရသော ကျွန်များက ထိုနေရာတွင် ၎င်းတို့၏ ဆုလာဘ်များကို လာထုတ်ကြသည်။

ဝိုင်သိုလှောင်ခန်းကို ကြီးကြပ်သောသူ သုံးယောက်ရှိသည်။ အခုအချိန်တွင်တော့ ထိုသူများမှာ အိပ်ပျော်နေကြသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် မြေအောက်ခန်းထဲတွင် ပုန်းအောင်းနေလေသည်။

အိမ်ထဲမှ အသုံးအဆောင်ပစ္စည်းများကို ကြည့်လိုက်ပြီးသောအခါ ကြီးကြပ်သူ ၅ယောက်လောက်ရှိရမည်ဟု ရှောက်ရွှမ် မှန်းလိုက်မိသည်။ အခြား၂ယောက်မှာ တခြားအဖွဲ့များသို့ရောက်နေခြင်းဖြစ်ရမည်။

သူတို့သည် ဝိုင်သိုလှောင်ခန်းကိုသာ တာဝန်ခံရသည်မဟုတ် အခြားနေရာများအတွက်ပါ တာဝန်ခံရသေးသည်။ အချို့က ကင်းလှည့်သည့်အဖွဲ့တွင် ပါသွားသကဲ့သို့ အချို့က ဂိတ်စောင့်

တာဝန်ကျသည်။ ပိုဆိုးသည်မှာ စစ်ပွဲဖြစ်ပွားရာနေရာသို့ စေလွှတ်ခြင်းဖြစ်သည်။ စစ်ပွဲဖြစ်နေသဖြင့် လူအင်အားကုန်ဆုံးလှသည်။ ရှိသောကျွန်များနှင့် လိုအပ်သော လူအင်အားကို ဖြည့်ဆည်းနေရသည်။ ကိုယ့်အလုပ်ကိုယ် မကျွမ်းကျင်သော အလုပ်သမားများ ရှိပါသည်။ ထို့ပြင် သူတို့အနေနှင့် မြို့ထဲတွင် အလုပ်လုပ်မည်ဆိုသောအခါတွင်လည်း ဆဲရေးတိုင်းထွာခြင်းကို ခံရသည်။ သူတို့အနေနှင့် ဘာများတတ်နိုင်မည်နည်း။ ထိုသို့ လူအင်အားလိုအပ်ချက်များကြောင့် အုပ်ချုပ်ရေးစနစ်တွင် ဟာကွက်များစွာ ပေါ်လာသည်။ ရှောက်ရွှမ်လို လူမျိုးအတွက် အသုံးချ၍ ကောင်းသော ဟာကွက်များပင် ဖြစ်ပါသည်။

ဝိုင်များကို ရက်အတန်ကြာ အသုံးမပြုဘဲထားသည်ကို တွေ့ရသဖြင့် ဆုလာထုတ်ယူသည်များ ရောက်မလာသည်မှာ ကြာပြီ ဖြစ်ကြောင်းသိနိုင်ပါသည်။ နှင်းမြို့တော်သည် မကြာသေးမီအချိန်အတွင်းကပင် တောက်လျှောက်ဆိုသလို စစ်ပွဲများတွင် ရှုံးနိမ့်နေရသည်။ ထို့ကြောင့် ဆုရသူ ပေါ်နိုင်မည်မဟုတ်ပါ။ ဆုရသူပေါ်လာလျှင်

တောင်၊ အရှုံးနှင့်ရင်ဆိုင်နေရခြင်းကြောင့် ကျွန်ပိုင်ရှင်များတွင် ဆုချလိုစိတ် ဖြစ်ပေါ်မလာပါ။

လမ်းပေါ်တွင်သာနေရခြင်း၊ သတိမပြတ်ထားရခြင်းတို့ကြောင့် ရှောက်ရွှမ်လည်း မောအန်းနေပြီဖြစ်သည်။ သူရောက်နေသောနေရာသည် ရှားရှားပါးပါး ပုန်းခိုရန် ကောင်းသောနေရာ ဖြစ်သည်။ ရှောက်ရွှမ်သည် ထိုနေရာတွင် ကောင်းကောင်းအနားယူမည်ဟု ရည်ရွယ်ထားသည်။ သို့သော် သတိဝီရိယပေါ့ဆ၍ မရသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရမည်တော့မဟုတ်ပါ။

ရှောက်ရွှမ်သည် နှင်းမြို့တော်သို့ လာခဲ့ခြင်းမှာ မြို့တော်၏ သမိုင်းကို ရှာဖွေရန် ဖြစ်သည်။ လော့ယဲ့ မြို့၏ အထူးနေရာတစ်ခုတွင် မြို့တော်၏ သမိုင်းဝင်မှတ်တမ်းများကို ထိန်းသိမ်းထားသည်ဟု စူးကူးက ပြောဖူးသည်။နှင်းမြို့တော်သည် မြို့ကြီးသုံးမြို့ထဲမှ တစ်မြို့ဖြစ်နေသောကြောင့် ကျန်မြို့၂မြို့နှင့် ဖွဲ့စည်းပုံအတူတူပဲ ဖြစ်သည်။ ရှောက်ရွှမ်သည် သူသိချင်နေသော မေးခွန်းများအတွက်

အဖြေများကို နှင်းမြို့တော်တွင် ရှာတွေ့မည်ဟု မျှော်လင့်နေပါသည်။ ထိုသမိုင်းဝင်မှတ်တမ်းများကိုသာ ရရှိခဲ့ပါက၊ သူသည် ရှီရှူ၏ စကားများကို နားလည်သွားမည် ဖြစ်သည်။

ကျွန်ပိုင်ရှင်များသည် သမိုင်းဝင်မှတ်တမ်းများကို တန်ဖိုးထားကြပါသည်။ သို့သော် မျိုးနွယ်စုဝင်တိုင်းရင်းသားများလောက်တော့ မလေးနက်ကြပါ။ ဖြစ်ရပ်များကို မှတ်တမ်းတင်ရာတွင်လည်း အခြားသူများကို နှိမ့်ချ၊ မိမိကိုယ်ကို မြှောက်ပင့်ပြီး မှတ်တမ်းတင်ကြခြင်း ဖြစ်သည်။

ရှောက်ရွှမ် အနားယူနေသောအချိန်…မြို့တော်၏ နန်းတော်ကြီးအတွင်း၌…။

နှင်းမြို့တော်ဘုရင်သည် စားပွဲကို ရိုက်ချိုးလိုက်ပြန်သည်။ ပန်းကန်များ၊ ဇွန်းများသည် လေထဲသို့ မြောက်တက်သွားပြီး ပြုလုပ်ထားသည်မှာ မကြာသေးသော သစ်သားစားပွဲကြီးမှာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားတော့သည်။

“ကျောက်သင်္ချိုင်းမြို့တော်က ငါတို့ကို တပတ်ရိုက်သွားပြီ” နှင်းမြို့တော်ဘုရင်၏ မျက်နှာမှာ သုန်မှုန်နေပါသည်။ ကျောက်သင်္ချိုင်းမြို့တော်မှ စစ်ပွဲကို ရပ်ဆိုင်းရန် ပြောလိုက်သည် စာတစ်စောင် နှင်းမြို့တော်ဘုရင်ဆီသို့ ရောက်နေသည်။

“အဲဒီဘုရင်လည်း မီးလောင်ကုန်းမြို့တော်က လူတွေနဲ့ တိုက်နေတာပဲ…သူတို့ကျတော့ စစ်ပွဲကို မရပ်ဘဲ…ငါ့ကို ရပ်ဖို့ လာပြောနေတယ်” နှင်းမြို့တော်ဘုရင် စိတ်တိုနေ၏။ “ငါ့ရတနာပစ္စည်းကို ခိုးသွားတဲ့လူတွေထဲမှာ ကျောက်သင်္ချိုင်းမြို့တော်ကလူတွေလည်း ပါရမယ်”?

ဆက်တိုက်ကြုံတွေ့နေရသော ရှုံးပွဲများအကြောင်းကို စဉ်းစားမိသောအခါ နှင်းမြို့တော်ဘုရင်သည် အသက်ကိုခဲယဉ်းစွာရှူနေရသည်။ အစကတော့ သူသည် ကန္တာရထဲမှ မျိုးနွယ်စုဝင်တိုင်းရင်းသားများကို သတ်ဖြတ်ပစ်ရန် ကြိုးစားခဲ့သော်လည်း မျိုးနွယ်စုဝင် တိုင်းရင်းသားများသည် ကန္တာရထဲမှ ထွက်ခွာသွားကြောင်း သူကြားလိုက်ရသည်။ ထိုအခါ နှင်းမြို့တော်ဘုရင်

သည် ရှိသမျှလူအင်အားကို စုဆောင်းကာ တခြားလူများကို တိုက်ခိုက်ပါတော့သည်။ မျိုးနွယ်စုဝင်တိုင်းရင်းသား မလောက်လေး မလောက်စားများကိစ္စကို နောက်မှ ဖြေရှင်းတော့မည်။

သို့သော် ထိုမလောက်လေး မလောက်စား ကောင်လေးတစ်ယောက်က သူတို့မြို့တော်၏ သမိုင်းဝင်မှတ်တမ်းများကို ခိုးဖတ်နေကြောင်း သူမသိရှာပေ။

All Chapters