တိတ်တဆိတ်ဝင်ရောက်ခြင်း
Vol. 23 Ch. 344
ရှောက်ရွှမ်သည် ဝိုင်သိုလှောင်ခန်းထဲတွင် လေးရက်ကြာနေခဲ့သည်။ ထိုလေးရက်အတွင်းတွင် သူသည် ကျွန်၃ယောက်ဆီမှ သတင်းအတော်များများကို ရခဲ့သည်။ သူတို့သည် နန်းတော်နားတွင် နေခွင့်ရသော လူနည်းစုတွင် ပါဝင်ပေသည်။ ထို့ကြောင့် သူတို့သည် အခြားသော ကျွန်များထက် အကြားအမြင်ဗဟုသုတ ပိုရှိသည်။
သားရဲမြို့တော်မှ ပြန်လာပြီးနောက်တွင် နှင်းမြို့တော်သည် မီးလောင်ကုန်းမြို့တော်နှင့် စစ်ပွဲစတင်သည်။ မျိုးနွယ်စုဝင်တိုင်းရင်းသားများနောက်ကို လိုက်နေကြသော ကျွန်များကိုပြန်ခေါ်ကာ စစ်ပွဲတွင် ဝင်တိုက်ခိုင်းသည်။သို့သော် ရှုံးပွဲများနှင့်သာ ရင်ဆိုင်နေရသည်။ တစ်ခါတုန်းကတော့ နိုင်ခါနီးတွင် ကျောက်သင်္ချိုင်းမြို့တော်မှ လူများဝင်တိုက်သဖြင့် ရှုံးသွားရပြန်သည်။
အကြမ်းဖျဉ်းခန့်မှန်းရမည်ဆိုလျှင် ရက်၂၀အတွင်း နှင်းမြို့တော်တွင်ရှိသော လူအရေအတွက်မှာ သုံးပုံတစ်ပုံလောက်လျှော့နည်းသွားသည်။ သို့သော် ကျွန်ပိုင်ရှင်များအတွက်တော့ ကျွန်များ၏ အသက်သည် အဖိုးမတန်ပါ၊ ဆုံးရှုံးသွားသော ကျွန်များကို နောင်တချိန်တွင် ပြန်ရနိုင်သည်။ အခုအချိန်တွင် အရေးကြီးသည်မှာ အခြေအနေများ ပြောင်းလဲသွားရန်ဖြစ်သည်။
“ ပျောက်သွားတဲ့ ဘုရင်ကြီးရဲ့ ပစ္စည်းကို အခုထိ ရှာမတွေ့သေးဘူးတဲ့” ကျွန်တစ်ယောက်က လေသံကို နှိမ့်၍ ပြောလိုက်သည်။
“မီးလောင်ကုန်းက လူတွေခိုးသွားတယ်လို့တော့ ကြားတာပဲ…ဒါပေမဲ့ ကျောက်သင်္ချိုင်းက လူတွေ စနက်လည်း မကင်းပါဘူး”
“ဒီစစ်ပွဲက ဘယ်တော့မှ ပြီးမှာလဲကွာ…ငါကတော့ စစ်မတိုက်ချင်ဘူး” တိတ်ဆိတ်နေသော ကျွန်တစ်ယောက်က သက်ပြင်းချလိုက်ပြီး ဝင်ပြောသည်။
အခုအခြေအနေအတိုင်းသာဆက်သွားမည်ဆိုလျှင် သူတို့ ၃ယောက်သည် နေရာရွှေ့ပြောင်းခံရတော့မည် ဖြစ်သည်။ အခြေအနေများကလည်း ပိုပို ဆိုးဝါးလာနေပါသည်။ ရှုံးနိမ့်မှုများကြောင့် နှင်းမြို့တော်ဘုရင် ဒေါသရေချိန်မှာလည်း မြင့်တက်နေသည်။ နှင်းမြို့တော်ဘုရင် ဒေါသပေါက်ကွဲပြီး သတ်လိုက်မိသော ကျွန်များ၏ အလောင်းများကို နန်းတော်ထဲမှ သယ်ထုတ်လာသည်ကို နေ့စဉ်လို မြင်နေရသည်။
ထိုအချိန်တွင် လူတစ်ယောက်ရောက်လာပေသည်။
ကျွန်၃ယောက်၏ မျက်နှာပျက်သွားပါသည်။ ရောက်လာသူမှာ သူတို့ကို စစ်ပွဲသို့ စေလွှတ်ရန် လာအကြောင်းကြားသော ဆက်သားဖြစ်နေမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။သို့သော် ခဏအကြာတွင်တော့ သူတို့မျက်နှာ အမူအရာများ ပြောင်းလဲသွားသည်။
“ဝိုင်အရက်ပို့ပေးဖို့ လာပြောတာ…တော်သေးတာပေါ့ကွာ…ငါက…”
“ ကျန်သေးတဲ့ ဝိုင်အရက်တွေကို မနက်ဖြန်ကျရင် နန်းတော်ကို ပို့လိုက်တော့…နေဦး… ငါနည်းနည်းသောက်ဦးမယ်…ငါတို့သောက်ပြီးမှ ပို့လိုက်တော့…နောက်တခါ ဝိုင်သောက်ရဖို့ ဘယ်လောက်ကြာကြာစောင့်ရဦးမလဲ မသိပါဘူးကွာ”
သူတို့ကို ဝိုင်အရက်များ ပို့ပေးရန် အကြောင်းလာကြားသောသူက နောက်တစ်နေ့တွင် ဝိုင်အရက်များကို နန်းတော်သို့ ပို့ပေးရန် မှာသွားသည်။ ဘုရင်သည် နန်းတော်မှ အစောင့်များကို ဝိုင်အရက်နှင့် ဆုချမည် ဖြစ်သည်။
“နန်းတော်ထဲမှာ အစောင့်လုပ်ရတာ ကောင်းလိုက်တာ…အဲဒီမှာ အစားအသောက်ကောင်းကောင်းတွေ စားရတယ်တဲ့”
“ကောင်းတယ်သာပြောနေတာ နန်းတော်ထဲက အစောင့်တွေကို ဘုရင်က စိတ်ဆိုးလာရင် သတ်
ပစ်တာကွ…အဲဒီလိုတွေ ဖြစ်တော့ ကျွန်တွေက သိပ်မကျေနပ်ကြဘူး…အဲဒါကြောင့် ဘုရင်က သူ့ကျွန်တွေကို ဝိုင်အရက်ဆုချပြီး နှစ်သိမ့်တာကွ”
ကျွန်၃ယောက်သည် ဝိုင်သောက်ရင်း စကားပြောနေကြသည်။ ရှောက်ရွှမ်ကတော့ ရှုပ်ယှက်ခတ်နေသော အခန်းထဲတွင် ပုန်းအောင်းနေဆဲဖြစ်သည်။ သူသည် နန်းတော်တွင်းသို့ ဝင်ခွင့်ရမည့် အခွင့်အရေးကို စောင့်နေခြင်း ဖြစ်သည်။ အခုတော့ အခွင့်အရေးပေါ်လာပြီဖြစ်သည်။ ထိုအခွင့်အရေးကို လက်လွှတ်ခံ၍မဖြစ်ပေ။ ထိုအခွင့်အရေးမျိုး နောက်တစ်ကြိမ်ပေါ်လာရန် မည်မျှစောင့်ရမည် မသိပေ။
မိုးမချုပ်ခင်၊ ကျွန်များသည် ဝိုင်အရက်စည်များကို သစ်သားသေတ္တာကြီး၂လုံးထဲသို့ ထည့်လိုက်သည်။ တချို့စည်များမှာ သူတို့ယူသောက်ထားသဖြင့် ဝိုင်အရက်များ လျော့နေပါသည်။ သို့သော် ထိုဝိုင်များသည် ကျွန်များကို ပေးမည့်ဝိုင်များဖြစ်သဖြင့် အရေးစိုက်နေရန် မလိုပေ။
ဝိုင်များကို သေတ္တာထဲ ထည့်ပြီးသောအခါ ကျွန်၃ယောက်တို့သည် အိပ်ရာဝင်သွားကြသည်။ သူတို့အိပ်ပျော်သွားသောအခါ ရှောက်ရွှမ်သည် သူတို့ကို ပိုအိပ်ပျော်စေမည့် ဆေးတစ်မျိုးခတ်လိုက်သည်။ မြို့တော်ထဲသို့ ခိုးမဝင်မီ၊ ရှောက်ရွှမ်သည် ကန္တာရဆေးပင်များကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
နောက်ဆုံတွင် ကျွန်၃ယောက် အိပ်ပျော်သွားသည်။ ထိုအခါ ရှောက်ရွှမ်သည် ပုန်းနေရာမှ ထွက်လာပေသည်။ ထွက်လာပြီးနောက် သေတ္တာကြီးထဲမှ ဝိုင်ပုလင်းများကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သေတ္တာကြီးနှင့် အတော်လောက်ဖြစ်မည့် သစ်သားပြားတစ်ခုကို ဖြတ်သည်။ လွတ်နေသောနေရာတွင်တော့ ဝိုင်အရက်စည်များကို ဖြည့်လိုက်သည်။
ရှောက်ရွှမ်သည် သစ်သားပြားပေါ်တွင် ဝိုင်ပုလင်းများကို တင်လိုက်သည်။ ထို့နောက် ဝိုင်ပုလင်းများတင်ထားသော သစ်သားပြားကို ကိုင်ကာ သေတ္တာထဲသို့ ဝင်လိုက်ပါသည်။ ဝိုင်ပုလင်း
များတင်ထားသော သစ်သားပြားကို မရသည်မှာ ကျောက်တုံးများကိုမရသည်လောက်မလေးပါချေ။
ထို့နောက် ရှောက်ရွှမ်သည် သေတ္တာထဲတွင် ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး သစ်သားပြားကို လက်ဖြင့်မထားလိုက်သည်။
အထဲတွင်ဝင်ပုန်းပြီးသောအခါ သစ်သားပြားနှင့် ပုလင်းများကို နေရာတကျ ဖြစ်အောင် လုပ်လိုက်သည်။ နောက်ဆုံးတွင်တော့ သေတ္တာကြီးပေါ်မှ အဖုံးကို ခြေရာလက်ရာမပျက် ပြန်ဖုံးထားလိုက်သည်။
ထို့နောက် ရှောက်ရွှမ်သည် ခဏနားလိုက်ပြီး နောက်တစ်နေ့ရောက်မည့်အချိန်ကို စောင့်နေလိုက်သည်။
နောက်တစ်နေ့မနက် မိုးလင်းသောအခါ၊ အစောင့်၃ယောက်မှာ အိပ်မောကျနေဆဲ ဖြစ်သည်။ ရှောက်ရွှမ်၏ လက်ချက်ကြောင့် မို
လင်းသည့်တိုင် မနိုးဘဲ၊ အိပ်မောကျနေခြင်းပင်။ ခဏနေသောအခါတွင် ဝိုင်သေတ္တာကို သယ်မည့်သူများရောက်လာသည်။
ဝိုင်အရက်လာသယ်သော ကျွန်အချို့သည် နန်းတော်ကြီးထဲမှ အစောင့်များ ဖြစ်ကြသည်။ ဘုရင့်အနေဖြင့် ထိုသို့ဆုချသည်ဆိုသည်မှာ ရှားရှားပါးပါးဖြစ်သည်။ ထို့ကြောင့် သူတို့သည် အပျော်လွန်ပြီး သူတို့၏ဆုလာဘ်ကို သယ်ယူရန် လူများခေါ်လာခြင်း ဖြစ်သည်။ ဝိုင်သိုလှောင်ခန်းထဲမှ အစောင့်၃ယောက် အိပ်ပျော်နေသည်ကို တွေ့သောအခါ တံခါးကို ကန်ဖွင့်လိုက်ပြီး အိပ်ပျော်နေသော အစောင့်၃ယောက်ကို နှိုးလိုက်သည်။ဝိုင်အရက်လာသယ်သူများသည် ကြောင်တောင်တောင်နှင့် နိုးလာသော ကျွန်၃ယောက် အရေးလုပ်မနေတော့ဘဲ၊ ဝိုင်အရက်များထားသောနေရာသို့ ဝင်သွားကြသည်။ အသင့်ပြင်ထားသော သေတ္တာကြီး၂လုံးကို မြင်လိုက်သောအခါမှ စိတ်ကျေနပ်သွားကြသည်။ သို့သော် အဖုံးကိုဖွင့်လိုက်ပြီးတော့ စစ်ဆေးကြည့်ပါသေးသည်။ စစ်ဆေးပြီးသောအခါ ဝိုင်
အရက်သည် သူတို့ မျှော်လင့်ထားသည်ထက် နည်းနေကြောင်း ပြောသည်။ နောက်ဆုံးတွင်တော့ အစောင့်၃ယောက်သည် သူတို့ဝှက်ထားသော ဝိုင်ပုလင်းများကို ထုတ်ပေးလိုက်ရသည်။
အစောင့်များက သစ်သားသေတ္တာကြီးကို သယ်သွားချိန်တွင်၊ ဝိုင်သိုလှောင်ခန်းတွင် အစောင့်ကျသော ကျွန်၃ယောက်၏ မျက်နှာများကို ရှောက်ရွှမ်မမြင်လိုက်ရပေ။ သို့သော် ဝမ်းနည်းစိတ်ပျက်နေမည်ဆိုတာတော့ ကျိန်းသေပါသည်။ သူတို့သည် ခက်ခက်ခဲခဲနှင့် ဝိုင်ပုလင်းအနည်းငယ်ကို ဖွက်ထားရခြင်းဖြစ်သည်။ အခုတော့ ထိုဝိုင်ပုလင်းလေးများ ပါသွားပြီ ဖြစ်သည်။
ဝိုင်များကို သယ်ဆောင်လာသူများမှာ နန်းတော်ထဲက အစောင့်များ ဖြစ်နေသဖြင့် ဂိတ်ပေါက်ဝမှ အစောင့်သည် သေချာစစ်ဆေးမနေတော့ပါ။ ထို့ပြင် ဝိုင်အရက်သယ်လာသူများနှင့် ရယ်မောပြောဆိုနေပြီး ဘယ်နေ့တွင် ဝိုင်အရက်များ ခွဲယူကြမည်ဟု တိုင်ပင်နေကြသည်။
သစ်သားသေတ္တာများကို သိုလှောင်ခန်းထဲသို့ သယ်ဆောင်လာသည်။ ကျွန်များသည် ဝိုင်အရက်များကို သောက်ချင်နေသော်လည်း၊ ဆုလာဘ်များကို ကျွန်ပိုင်ရှင်များက စီမံခန့်ခွဲရမည်ဆိုတာကို သိပေသည်။ သူတို့သဘောအတိုင်း စီစဉ်လိုက်ပါက အဆူခံရမည် ဖြစ်သည်။ သို့သော် သူတို့သည် ဝိုင်ပုလင်းအသေး၂လုံးကို ခိုးယူ၍ အင်္ကျီထဲတွင် ဝှက်ယူသွားကြသည်။
အစောင့်များထွက်ခွာသွားသောအခါ၊ ရှောက်ရွှမ်သည် အပြင်မှ အသံများကို နားစွင့်နေလိုက်သည်။ လူမရှိတာသေချာသောအခါမှ၊ သူသည် သေတ္တာအပြင်သို့ ထွက်လာသည်။
အပေါ်တွင် ဝိုင်ပုလင်းများထည့်ထားသော သေတ္တာထဲမှ အပြင်ပြန်ထွက်ရသည်မှာ မလွယ်ကူပါ။ သို့သော် ရှောက်ရွှမ်သည် အားကောင်းသူတစ်ယောက်ဖြစ်သည်။ ရှောက်ရွှမ်သည် ဝိုင်ပုလင်းများကို မလှုပ်အောင် ဖယ်ရှားလိုက်သည်။ ထို့နောက် အပြင်သို့ ထွက်လာခဲ့သည်။
သို့သော် သူထွက်လာသောအခါ ဝိုင်ပုလင်းတစ်လုံးသည် မြေပြင်ပေါ်သို့ ကျကွဲမလို ဖြစ်သွားသည်။ သို့သော် ရှောက်ရွှမ်က မျက်စိလျင်သူတစ်ယောက် ဖြစ်နေသဖြင့် ဝိုင်ပုလင်းပြုတ်ကျမည့် နေရာတွင် သူ့ခြေထောက်ကို ခံထားပေးလိုက်သည်။ ထို့ကြောင့် ဝိုင်ပုလင်းသည် အသံမထွက်တော့ဘဲ မြေကြီးပေါ်သို့ ကျသွားသည်။
သေတ္တာထဲမှ အပြင်ရောက်အောင် အချိန်အကြာကြီး မကြိုးစားလိုက်ရသော်လည်း လွယ်ကူသောအလုပ်တစ်ခုတော့ မဟုတ်ပေ။ အပြင်သို့ရောက်သောအခါ ရှောက်ရွှမ် ချွေးပြန်နေသည်။
ရှောက်ရွှမ်သည် သစ်သားပြားများကို လူမမြင်လောက်သော ထောင့်တစ်နေရာတွင် ထားလိုက်ပါသည်။ ထို့နောက် သေတ္တာထဲသို့ ဝိုင်ပုလင်းများထည့်လိုက်သည်။ ထို့နောက် သေတ္တာကို အပေါ်မှ အဖုံးနှင့် ပြန်ဖုံးထားလိုက်သည်။ အပြင်တွင် အစောင့်များမရှိသောအခါမှသာ ရှောက်ရွှမ်သည် အခန်းအပြင်ကို ထွက်လာသည်။
နှင်းမြို့တော်၏ နန်းတော်မှ လော့ယဲ့မြို့တော်နန်းတော်ထက်ပိုကြီးပေသည်။ နန်းတော်ဖွဲ့စည်းပုံကို သေချာမသိသဖြင့်၊ ရှောက်ရွှမ်သည် ကင်းလှည့်သူများကို ရှောင်ရှားပြီး စမ်းတဝါးဝါးသွားနေရသည်။ အစောင့်များထူထပ်သောနေရာများကိုတော့ ရှောက်ရွှမ် ရှောင်ထွက်လာခဲ့သည်။ ထိုနေရာများသည် ကျွန်ပိုင်ရှင်များနေသော နေရာများ ဖြစ်မည် ထင်သည်။
နန်းတော်ကြီး၏ ဖွဲ့စည်းပုံကို လေ့လာပြီးသောအခါ၊ နေရာအနည်းငယ်တွင်သာ အစောင့်များ ထူထပ်စွာချထားကြောင်း ရှောက်ရွှမ် သိလိုက်ရသည်။ အခြားနေရာများ တွင်မူ အစောင့်အနည်းငယ်သာရှိပြီး ထိုအစောင့်များမှာလည်း ဝတ်ကျေတန်းကျေသာ စောင့်ကြပ်နေခြင်းဖြစ်သည်။
အစောင့်အနည်းငယ်သာရှိသော နေရာတစ်ခုတွင်၊ လူတစ်စုကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ လူရွယ် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် မှတ်တမ်းများထားသော
အခန်းတစ်ခန်းအကြောင်းကို ပြောနေကြသည်။ ရှောက်ရွှမ်သည် သူတို့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားသည်။
ထို၂ယောက်မှာ လင်မယားမဟုတ်ပါ သို့သော် သူတို့ကတော့ လင်မယားလို ပြုမူနေ၏။ သူတို့သည် မှတ်တမ်းများထားသော အခန်းသို့ သွားလျှင် ကျွန်များကို ခေါ်လာလေ့မရှိပေ။
ထိုနေရာသည် စာအုပ်များထားသောနေရာတစ်ခု ဖြစ်ပေလိမ့်မည်။ အခန်းတံခါးဝနားတွင် အစောင့်၃ယောက်ရှိသည်။ လူငယ်၂ယောက်နှင့် မျက်မမြင်အဖိုးအိုတစ်ယောက် ဖြစ်သည်။
“ဒုတိယသခင်လေး” သုံးယောက်သား ပြိုင်တူဦးညွတ်လိုက်ကြသည်။
ဒုတိယသခင်လေးဟုခေါ်သော လူသည် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အဖိုးအိုကို “ခင်ဗျားနေခဲ့…ကျန်တဲ့လူတွေ သွားလို့ရပြီ”
ကျွန်၃ယောက်သည် ဒုတိယသခင်လေးက ထိုသို့ပြောလိမ့်မည်ဆိုတာကို ကြိုသိပြီးသား ဖြစ်ပုံရသည်။ ကျွန်၂ယောက်သည် အဖိုးအိုကို ထားခဲ့ပြီးနောက် အခန်းအပြင်သို့ ထွက်ခွာသွားကြလေသည်။