← Chapters

သက်ရှိမှတ်တမ်း

Vol. 23 Ch. 345

သက်ရှိမှတ်တမ်း

Vol. 23 Ch. 345

လူသုံးယောက်အထဲ ဝင်သွားပြီးနောက်တွင် ၊ရှောက်ရွှမ်သည် မျက်မမြင် အဖိုးအိုဆီမှ အသံတစ်ခုကြားလိုက်ရသည်။

ကန္တာရများမှ မြို့တော်များတွင် ကျွန်ပိုင်ရှင်များသည် ဘိုးဘေးများ ထားခဲ့သော မှတ်တမ်းများကို သိပ်မမြင်ချင်ကြပေ။ သူတို့သည် ထိုမှတ်တမ်းများကို မလေ့လာနိုင်သော်လည်း၊ ထိုမှတ်တမ်းများကို မပျက်စီးအောင်ထားရန်၊ သေချာထိန်းသိမ်းရန် ဘိုးဘေးများက သူတို့ကို မှာထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ထိုမှတ်တမ်းများကို လာကြည့်သူမှာ နည်းသည်ထက် နည်းသွားတော့သည်။

နောက်ပိုင်းတွင်တော့ ကျွန်ပိုင်ရှင်များက သူတို့၏ ကျွန်များအား မှတ်တမ်းများကို အလွတ်ကျက်ခိုင်းသည်။ ကျွန်ပိုင်ရှင်များက

တစ်ခုခုကို သိလိုလျှင်၊ အလွတ်ကျက်ထားသော ကျွန်က ပြန်ပြောပြမည် ဖြစ်သည်။

ထိုအခါ မှတ်တမ်းများကို အလွတ်ကျက်ရသော ကျွန်အတန်းအစားတစ်ခု ပေါ်ထွက်လာပါသည်။ သူတို့တာဝန်မှာ သခင်များအတွက် မှတ်တမ်းများကို အလွတ်ကျက်ပေးရန် ဖြစ်သည်။

ထိုလူများသည် သက်ရှိမှတ်တမ်းများပင်ဖြစ်လေသည်။ ကျွန်ပိုင်ရှင်များသည် သူတို့သိလိုတာရှိလျှင် မှတ်တမ်းများအားအလွတ်ကျက်ထားသော ကျွန်အားမေးလိုက်ရုံပင် ဖြစ်သည်။

ရှောက်ရွှမ်သည် အခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်ပြီးနောက်၊ ဟိုဘက်အခန်းမှ အသံများကို နားစွင့်နေပါသည်။ ဟိုဖက်ခန်းမှ လူ၂ယောက်သည် စိတ်အားထက်သန်စွာ စကားပြောနေကြပါသည်။

သို့သော် အဖိုးအို၏ အသံကတော့ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ သခင်၂ယောက်၏ အပြုအမူများကြောင့် ပျာယာခတ်သွားခြင်းမျိုးမဖြစ်ပါ။ ရှောက်ရွှမ် မှန်းထားသည်ထက်ပင် ပို၍တည်ငြိမ်နေသေးသည်။ ထိုအဖိုးအိုသည် အတွေ့အကြုံများစွာ ရှိသော သူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ရှောက်ရွှမ်တွင် ကျွန်များနှင့် သခင်များ၏ ဆက်ဆံရေးကို စဉ်းစားနေရန် အချိန်မရှိပေ။ သူရောက်နေသော အခန်းထဲတွင် သားရေလိပ်များ၊ ပုရပိုက်များ၊ အဝတ်လိပ်များကို တွေ့လိုက်ရသောအခါ ရှောက်ရွှမ် စိတ်လှုပ်ရှားသွားသည်။ သူရှာနေသော အရာကို တွေ့ပေပြီ။

မှတ်တမ်းများကို အမျိုးအစားခွဲထားသည်ကိုတွေ့ရပြီး၊ ရှောက်ရွှမ် ရှာနေသော သတ္တုထုတ်ယူခြင်းမှတ်တမ်းကိုလည်း တွေ့ရပါသည်။ မှတ်တမ်းများသည် သက်တမ်းအလွန်ကြာနေပြီ ဖြစ်ပါသည်။ တချို့မှတ်တမ်းများဆိုလျှင် ထိန်းသိမ်းပုံ မမှန်ကန်သဖြင့် ပျက်စီးနေပြီ ဖြစ်သည်။

ဒဏ္ဍာရီလာမျိုးစေ့အကြောင်းနှင့် သတ္တုထုတ်ယူခြင်းအကြောင်းကိုလည်း တွေ့ရပါသည်။ ရှောက်ရွှမ်ထင်ထားသလိုပင်၊ ထိုမျိုးစေ့နား အချိန်ကြာကြာ ထားထားသော ကျောက်တုံးတစ်တုံးသည် သတ္တုကျောက်တစ်ခု ဖြစ်လာနိုင်ပါသည်။ အကွာအဝေးကို ပြောင်းလဲပြီး ထားလိုက်မည်ဆိုလျှင် ၊ မတူညီသော သတ္တုကျောက်တစ်ခု ထပ်ဖြစ်လာမည်။ သတ္တုထုတ်ယူခြင်း နည်းလမ်းမတူသဖြင့်၊ ရရှိလာသော သတ္တုလည်း တူမည် မဟုတ်ပါ။ ကျောက်သားအရည်အသွေးကောင်းလျှင် အချိန်တိုအတွင် အရည်အသွေးကောင်းမွန်သော သတ္တုတစ်မျိုးရရှိမည် ဖြစ်သည်။

မှတ်တမ်းများထဲတွင် ရေးထားသော သတ္တုထုတ်ယူနည်းများကို ရှောက်ရွှမ် ဖတ်ကြည့်နေပါသည်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မှတ်တမ်းစာအုပ်ထဲတွင်တော့ မှတ်တမ်းတင်ထားသည်။ ထိုမှတ်တမ်းများကို မြင်သောအခါ၊ ရှောက်ရွှမ်သည် ကျွန်ပိုင်ရှင်

များ၏ ဘိုးဘေးများအတွက် စိတ်မကောင်း ဖြစ်သွားပါသည်။ သူတို့သည် သတ္တုထုတ်ယူခြင်းနည်းလမ်းများကို တွေ့ရှိခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း၊ အမှားပေါင်းများစွာ ကြုံတွေ့ပြီးမှ သတ္တုထုတ်ယူခြင်းကို ကျွမ်းကျင်လာခြင်းဖြစ်သည်။

ရှောက်ရွှမ်အနေဖြင့် ကျွန်ပိုင်ရှင်များ၏ ဇစ်မြစ်နှင့် သူတို့သမိုင်းကြောင်းကိုလည်း လေ့လာရဦးမည် ဖြစ်သည်။

သို့သော် ထိုသမိုင်းကြောင်းမှတ်တမ်းများမှာ သက်တမ်းအလွန်ကြာနေပြီဖြစ်၍ ရှောက်ရွှမ် ရှာမတွေ့ပါ။ နေရာအနှံ့ရှာပြီးပြီဖြစ်သော်လည်း သူလိုချင်သော မှတ်တမ်းကို ရှာမတွေ့သေးပါ။

ထိုအချိန်တွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် ကိစ္စပြီးသဖြင့် ရယ်မောရင်း၊ အခန်းထဲမှ ထွက်လာကြသည်။

ရှောက်ရွှမ်သည် လက်ထဲမှ ပစ္စည်းများကို

အောက်ချလိုက်ပြီး စင်တစ်ခုနောက်တွင် ဝင်ပုန်းနေလိုက်သည်။

အခန်းတံခါးတွင် တပ်ထားသော လိုက်ကာပွင့်သွားပြီး၊ အခန်းထဲတွင် လမ်းလျှောက်နေသော ခြေသံများ ထွက်ပေါ်လာသည်။ ခြေသံမှာမပေါ့ပါးဘဲ လေးလေးပင်ပင် ဖြစ်နေသည်။ မျက်စိမမြင်သော ကျွန်အိုကြီး၏ ခြေသံ ဖြစ်ရမည်။

အဖိုးအိုရေငှဲ့သောက်နေသံကို ရှောက်ရွှမ်ကြားလိုက်ရသည်။ အဖိုးအိုကို ကြည့်ရသည်မှာ တစ်ခုခုကို စဉ်းစားနေဟန်တူသည်။ အဖိုးအိုသည် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်ပုန်းနေသောဘက်သို့ လျှောက်လာ၏။

နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ကျရောက်နေသည်။ ရှောက်ရွှမ်သည် အဖိုးအို၏ အရိပ်ကို မြင်နေရသည်။ အဖိုးအို၏အရိပ်သည် ရှောက်ရွှမ် ရှိရာနေရာနှင့် တဖြည်းဖြည်းနီးကပ်လာနေသည်။ ရှောက်ရွှမ်

သည် အသံမထွက်ဘဲ ဓားကို ဆွဲထုတ်လိုက်သည်။

အဖိုးအိုသည် သူနှင့် ၅မီတာအကွာလောက်သို့ ရောက်လာသောအခါ ရှောက်ရွှမ်သည် ပုန်းအောင်းနေရာမှ ထွက်လာပြီး ခြေ၂လှမ်း လှမ်းလိုက်သည်။ ထို့နောက် အဖိုးအို၏ ဘေးသို့ ခုန်ဝင်ကာ၊ ဓားမြောင်နှင့် လည်မျိုကို ထောက်ထားလိုက်သည်။

တည်ငြိမ်နေဆဲဖြစ်သော အဖိုးအိုကိုတွေ့သောအခါ၊ ရှောက်ရွှမ်သည် အဖိုးအိုကို ဓားနှင့်ထောက်ထားရင်း သေချာကြည့်လိုက်မိသည်။

အခန်းအပြင်တွင် ဘယ်သူမှ မရှိသလို အခန်းထဲတွင်လည်း ရှောက်ရွှမ်နှင့် မျက်မမြင်အဖိုးအိုသာ ရှိသည်။

အဖိုးအိုမှာ နည်းနည်းတော့ ထူးဆန်းနေပေသည်။

“ခင်ဗျား မကြောက်ဘူးလား” ရှောက်ရွှမ်က ခပ်တိုးတိုးမေးလိုက်သည်။

“ငါက ဘာလို့ ကြောက်ရမှာလဲ” အဖိုးအိုက တည်ငြိမ်သော လေသံဖြင့် ပြောသည်။

“လူတွေကို အော်မခေါ်ဘူးလား” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။

“ငါက ဘာလို့ လူတွေကို ခေါ်ရမှာလဲ” အဖိုးအို၏ လေသံက တည်ငြိမ်ဆဲ ဖြစ်သည်။

ရှောက်ရွှမ်သည် အဖိုးအိုကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။ အဖိုးအိုသည် မျက်မမြင်တစ်ယောက်ဖြစ်ပြီး၊ တိုက်ခိုက်ရန် ခွန်အားရှိသူ မဟုတ်ပေ။

“ခင်ဗျားကျုပ်ရှိမှန်း ဘယ်လိုသိသွားတာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“အနံ့ပေါ့…မင်းဆီက ဝိုင်နံ့ထွက်နေတယ်” အဖိုးအို

က ပြောလိုက်သည်။

ရှောက်ရွှမ် အံ့ဩသွားပေသည်။ ရှောက်ရွှမ်သည် နန်းတော်ထဲသို့ မဝင်မီ၊ စိတ်ချရအောင် အဝတ်အစားများကို လဲခဲ့လေသည်။ ဝိုင်အနံ့သည် မပြင်းထန်လောက်ပေ။ အပြင်ကအစောင့်များပင် သူ့ဆီမှ ဝိုင်နံ့မရသော်လည်း၊ မျက်မမြင် အဖိုးအိုက သူ့ဆီမှ ဝိုင်နံ့ကို အနံ့ခံမိသွားခြင်း ဖြစ်သည်။

ရှောက်ရွှမ်မယုံသင်္ကာဖြစ်သွားသည်ကို သတိထားမိသွားသောအခါ အဖိုးအိုက ဆက်ပြောလာ၏။ “ငါက ဒီအခန်းထဲက အနံ့ကို အသားကျနေပြီ…နည်းနည်းပြောင်းလဲသွားတာနဲ့ ငါကအနံ့ရတယ်”

အဖိုးအိုက ရှောက်ရွှမ်၏ လှုပ်ရှားမှုများကို ဂရုမစိုက်ပေ။ခွေးခြေတစ်လုံးကို ဆွဲယူလိုက်ပြီး ပေါ့ပါးစွာဝင်ထိုင်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ရှောက်ရွှမ်နှင့် စကားဆက်ပြောတော့မည့်ပုံပေါ်နေသည်။

အဖိုးအိုသည် သူ့ကို အခြားကျွန်ပိုင်ရှင်တစ်ယောက်နှင့် မှားနေခြင်းများလားဟု ရှောက်ရွှမ်တွေးလိုက်မိသည်။ သို့သော် အဖိုးအို၏ စကားသံကို ကြားလိုက်ရသောအခါ၊ သူ့မှန်းဆချက်မှားနေကြောင်း ရှောက်ရွှမ်သိသွားသည်။

“နှင်းမြို့တော်ကို ဘာလာလုပ်တာလဲ” အဖိုးအိုက မေးလိုက်သည်။ ထို့နောက် ရှောက်ရွှမ်၏ အဖြေကို မစောင့်ဘဲ “ဒီလိုအချိန်မျိုးမှာ မြို့ထဲကို ခိုးဝင်ပြီး၊ မှတ်တမ်းတွေထားတဲ့နေရာကို ရောက်လာတယ်ဆိုတော့၊ မင်းကို တခြားမြို့တစ်မြို့က လွှတ်လိုက်တာလား”

ထို့နောက် ရှောက်ရွှမ်ပြန်ပြောသည်ကို မစောင့်ဘဲ၊ ခေါင်းကိုယမ်းလိုက်ပြီး “မဖြစ်နိုင်ဘူး…မင်းဖတ်တဲ့မှတ်တမ်းတွေရှိတဲ့နေရာကို ငါသိတယ်…အဲဒါ ကျွန်ပိုင်ရှင်တွေရဲ့အကြောင်းတွေမှတ်တမ်းတင်ထားတဲ့ စာအုပ်တွေ ရှိတဲ့နေရာပဲ…ကျွန်ပိုင်ရှင်အများစုက သူတို့ဘိုးဘေးတွေရဲ့ မှတ်တမ်းတွေကို စိတ်မဝင်စားကြဘူး…အဲဒီတော့ မင်းဟာ မျိုး

နွယ်စုဝင် တိုင်းရင်းသားတစ်ယောက် ဖြစ်ရမည်။

အဖိုးအို၏ မေးခွန်းများကို၊ ရှောက်ရွှမ်တစ်ခွန်းမှ ပြန်မဖြေလိုက်ရပေ။ သို့သော် အဖိုးအိုက အဖြေမှန်ကို ခန့်မှန်းနိုင်ခဲ့သည်။ အဖိုးအို၏လေသံသည် တည်ငြိမ်နေရာမှ၊ စိတ်ဝင်စားလာသော လေသံသို့ပြောင်းလဲလာသည်။ သူ့လေသံတွင် ကြောက်ရွံ့သည့်ဟန် တစက်မှ မတွေ့ရချေ။

အဖိုးအိုသည် နှင်းမြို့တော်၏ ကျွန်တစ်ယောက်ကော ဟုတ်ရဲ့လား။

“မင်းသိချင်တာရှိရင် ငါ့ကိုမေးပါ၊ အဲဒီ စာအုပ်ပုံကြီးထဲမှာ ရှာမနေနဲ့” မျက်မမြင် အဖိုးအိုက ပြောလိုက်သည်။ ထို့နောက် ရှောက်ရွှမ်၏စကားသံကို စောင့်မျှော်နေသည်။

ရှောက်ရွှမ်သည် သူ့ဓားကို ခဏပြန်သိမ်းထားလိုက်ပြီး “ကျွန်ပိုင်ရှင်တစ်ယောက်နဲ့ ကျွန်တစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဆံရေးမျိုးလဲ”

အခြားလူများသာ ထိုမေးခွန်းကို ကြားပါက စိတ်ပျက်သွားမည် ဖြစ်သည်။ သခင်နှင့် ကျွန်ဆက်ဆံရေးဆိုမှတော့၊ သခင်နှင့် ကျွန်ဆက်ဆံရေးသာ ဖြစ်ပေလိမ့်မည်။

သို့သော် အဖိုးအိုကတော့ စိတ်ပျက်မသွားပေ။

ရှောက်ရွှမ်၏ မေးခွန်းကို ကြားသောအခါ အဖိုးအိုသည် သက်ပြင်းချလိုက်ပြီး “ကျွန်ပိုင်ရှင်တွေနဲ့ ကျွန်တွေဆိုတာ…ကျွန်ပိုင်ရှင်တွေ ကျွန်တစ်ယောက်ကို ကျွန်ပြုတယ်ဆိုတာ အပင်တစ်ပင်ရဲ့မျိုးစေ့တစ်ခုကို မြေပေါ်ချလိုက်သလိုပဲ…သူ့အုပ်ချုပ်မှုအောက်မှာ အဲဒီမျိုးစေ့အပင်ပေါက်လာအောင် လုပ်မယ်…ပြီးရင် ကြီးထွားလာအောင် ပျိုးထောင်မယ်…နောက်တချိန်ကျတော့ အပင်က သီးလာတဲ့ အသီးတွေကို ကျွန်ပိုင်ရှင်က ခူးခွင့်ရှိမယ်…ဒါပေမဲ့ မျိုးစေ့အတွက်တော့ အတားအဆီးတွေက အများကြီးပဲ…အဲဒီအတားအဆီးတွေကို မဖယ်ရှားပေးရင်၊ မျိုးစေ့ကနေ အပင်ဖြစ်လာရင်တောင်၊ အကန့်အသတ်နဲ့ပဲ ကြီးထွားလိမ့်

မယ်…ကျွန်ပိုင်ရှင်တွေက အပင်တွေ ဆက်ပြီးကြီးထွားလာအောင် အတားအဆီးတွေကို ဖယ်ရှားပေးရတယ်”

“ကျွန်ပိုင်ရှင်သေသွားရင်တော့ အပင်တွေကို စောင့်ရှောက်မယ့်လူ မရှိတော့ဘူးပေါ့…အတားအဆီးတွေကိုရော ဘယ်သူက ဖယ်ရှားပေးမှာလဲ…အပင်တွေက ဘာဖြစ်လာမှာလဲ…ကံကောင်းလို့ နောက်ကျွန်ပိုင်ရှင်တစ်ယောက်က တာဝန်ယူမယ်ဆိုရင် အဲဒီအပင်ကို နှုတ်ပြီး၊ ကျွန်ပိုင်ရှင်အသစ်ရဲ့အုပ်ချုပ်မှုအောက်မှာ အဲဒီအပင်ကို ပြန်စိုက်ရမယ်…အပင်ရဲ့အရွယ်အစားကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး…ဒါပေမဲ့ နေရာသစ်မှာ ရှင်သန်နိုင်ဖို့ နေရာဟောင်းမှာ ဘယ်လို ရှင်သန်ခဲ့လဲဆိုတာပေါ် မူတည်တယ်…အဲဒါကြောင့် အပင်တွေကို နေရာရွှေ့စိုက်ရင် ပြဿနာတစ်ခုတော့ အမြဲတက်နေတာပေါ့…အပင်ကို နေရာပြောင်းစိုက်လိုက်လို့ အမြစ်တွေဘာတွေ ထိခိုက်သွားရင် အဲဒီအပင်က ရှင်တော့မှာမဟုတ်ဘူး…နောက်ကျွန်ပိုင်ရှင်အသစ်က တစ်ခုခုအမှားလုပ်တာနဲ့ ကျွန်က သေသွားလိမ့်မယ်”

“အဲဒီတော့ ကျွန်ပိုင်ရှင်အပြောင်းအလဲလုပ်တာက အပင်တွေကို နေရာရွှေ့စိုက်သလိုပဲ…စွန့်စားမှုတော့ရှိတယ်…ကံမကောင်းရင် ရှင်သန်မှာမဟုတ်ဘူး…ကျွန်ပိုင်ရှင်တွေ မျိုးစေ့ချခဲ့တဲ့ မျိုးစေ့တိုင်းက အတားအဆီးတွေကို သူတို့ဟာသူတို့ ဖွယ်ရှားနိုင်တာ မဟုတ်ဘူး…ဖယ်ရှားနိုင်တယ်ဆိုရင်တောင် သစ်ကိုင်းကျိုးတာတို့၊ သစ်ရွက်တွေ ကြွေကျတာတို့ ဖြစ်နိုင်တယ်…နဂိုရှိရင်းစွဲကိုတောင် ထိခိုက်စေနိုင်တဲ့ အပျက်အစီးမျိုးတွေ ဖြစ်နိုင်တယ်…ကျွန်တွေ နှောင်ကြိုးကို ဖြတ်တာနဲ့ အတူတူပဲပေါ့”

“ကျွန်ပိုင်ရှင်တွေကလည်း ကျွန်တွေရဲ့နှောင်ကြိုးကို လွယ်လွယ်နဲ့ ဖြည်ပေးမှာ မဟုတ်ဘူး…ကျွန်တွေက သူတို့ကို မျိုးရိုးအစဉ်အဆက် သစ္စာရှိမှသာ နှောင်ကြိုးကို ဖြည်ပေးလေ့ရှိတယ်…ဒါပေမဲ့ အဲဒီလိုဖြစ်လာအောင် စစ်ပွဲတွေ တိုက်ရတယ်…မဟုတ်ရင် သော့ခလောက်ဖြည်တယ်ဆိုတာ ဘာမှထူးဆန်းတော့မှာ မဟုတ်ဘူး”

ရှောက်ရွှမ်သည် အဖိုးအို၏ အဖြေကို နားထောင်နေပါသည်။ သူသည် အဖိုးအိုပြောသည့် စကားများကို လိုက်မှတ်နေရင်း၊ အဖိုးအိုသင်ယူကျက်မှတ်ထားသော အရာများကို အံ့ဩနေပါသည်။ ထိုကျွန်အိုကြီးသည် အကြောင်းအရာ အတော်များများကို သိထားပုံရပါသည်။

ရှောက်ရွှမ်ရှေ့မှ အဖိုးအိုသည် အဆင့်နိမ့်သော ကျွန်တစ်ယောက်သာ ဖြစ်ပါသည်။ ခွန်အားချင်းယှဉ်မည်ဆိုလျှင်လည်း သူသည် အဆင့်အနိမ့်ဆုံးသော ကျွန်တစ်ယောက်ကိုပင် နိုင်မည် မဟုတ်ပါ။သူ့အသက်အရွယ်၊သူ့ခွန်အားနှင့်ဆိုလျှင်၊ အဆင့်နိမ့်သော ကျွန်တစ်ယောက်က လက်ဗလာနှင့် သတ်သွားလို့ရသည်။ သို့သော် ထိုအဖိုးအိုသည် ထိုအခန်းထဲက မှတ်တမ်းအများစုကို ချရေးထားသောသူဖြစ်သည်။ အဖိုးအိုသည် ထိုမှတ်တမ်းများအားလုံးကို အကျဉ်းချုပ်လိုက်ပြီး ရှောက်ရွှမ်ကို ပြောပြလိုက်ခြင်း ဖြစ်သည်။

“အရဲကိုးတယ်…မောက်မာတယ်…မာနကြီး

တယ်…လူတွေကို ဂရုမစိုက်ဘူး…ကိုယ်ပဲမှန်တယ်လို့ထင်တယ်…ကျွန်ပိုင်ရှင်တွေသာ အဲဒီလို ဆက်သွားမယ်ဆိုရင် နောက်ဆုံးမှာ ပျောက်ဆုံးသွားမှာပဲ” စကားဆုံးသွားသောအခါ အဖိုးအိုသည် ယူကြုံးမရ ဖြစ်နေသည်။ “ အခုဆို ကျွန်တွေရဲ့ပုန်ကန်ထကြွမှုတွေ ကလည်း ပိုများလာနေပြီ”

နှင်းမြို့တော်မှ ကျွန်ပိုင်ရှင်များရေးသားထားသော အပြစ်ပြုလုပ်ခဲ့သည် ကျွန်စာရင်းကိုပင် အဖိုးအိုက အလွတ်ရနေသည်။ ထိုစာရင်းထဲတွင် လွန်ခဲ့သောနှစ်၁၀၀၀အတွင်းက ကျော်ကြားခဲ့သော အဆင့်မြင့် ကျွန်များကို စာရင်းပြုစုထားပါသည်။ ထိုသူများမှာ မုန်းတီးစရာအကောင်းဆုံးကျွန်များဖြစ်ပြီး ပုန်ကန်ထကြွခဲ့သော ကျွန်များဖြစ်သည်။ အခုတော့ ထိုကျွန်များသည် သေဆုံးကုန်ပြီ ဖြစ်သည်။

ထိုစာရင်းထဲမှ ကျွန်များသည် အသေဆိုးနှင့်သေခဲ့သလားဆိုတာကိုတော့ မေးခွန်းထုတ်ရန်ပင် မလိုပေ။ သို့သော် အဖိုးအိုကတော့ ဝမ်းနည်းနေပုံပေါ်ပေသည်။

သစ္စာဖောက်သော ကျွန်များ မအောင်မြင်ခဲ့၍ ဝမ်းနည်းနေခြင်းလား သို့မဟုတ် ဒီအတိုင်းပဲ လူတစ်ဖက်သားကို သနားခြင်းလား ရှောက်ရွှမ် မသဲကွဲပေ။

အဖိုးအိုက ကျွန်များကို သနားနေသည်ကို တွေ့သောအခါ ရှောက်ရွှမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မျိုးနွယ်စုတွေရဲ့ မီးတောက်တွေနဲ့ ပတ်သက်လို့ကော ဘာတွေသိထားလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“မီး…အဲဒီစကားလုံးကို ငါအလွမ်းဆုံးပဲ” အဖိုးအိုကိုကြည့်ရသည်မှာ အတိတ်ကို သတိရသွားပုံပေါ်ပါသည်။ “မီးတောက်တွေအကြောင်းတော့ ငါသိပ်မသိဘူး…ဒါပေမဲ့ မျိုးနွယ်စုတွေရဲ့ မီးတောက်တွေ အားနည်းလာတာတော့ ငါသိတယ်…မျိုးနွယ်စုဝင်တိုင်းရင်းသားတွေက အဲဒီပြဿနာအတွက် အဖြေကို လိုက်ရှာနေကြတယ်”

အဖိုးအိုသည် မီးတောက်နှင့်ပတ်သက်၍ ထိုမျှသာပြောနိုင်သဖြင့် ရှောက်ရွှမ် အနည်းငယ် စိတ်ပျက်သွားသည်။သို့သော် အဖိုးအို၏ အဖြေမှာ လုံလောက်သော အဖြေတစ်ခု ဖြစ်သည်။

“နှင်းမြို့တော်ရဲ့ ကျွန်ပိုင်ရှင်တွေသာ ဘိုးဘေးတွေထားခဲ့တဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထားမယ်ဆိုရင် မင်းသိချင်တဲ့အဖြေကို ရနိုင်တယ်…ဒါပေမဲ့ အဲဒီမှတ်တမ်းတွေ ပျက်စီးကုန်ပြီ” အဖိုးအိုက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

ရှောက်ရွှမ်၏ အမူအရာ ပြောင်းလဲသွားသည်။ သူတကယ်ပဲ ရှီရှုဆီသို့ သွားရတော့မည်လား။ ရှီရှီဆင်ထားသော ခွင်ထဲသို့၊ သူဝင်သွား၍ သင့်တော်ပါ့မလား။ ရှောက်ရွှမ် အနည်းငယ် တွန့်ဆုတ်သွားသည်။

မျိုးနွယ်စုမီးတောက်များနှင့် ပတ်သက်သော အဖြေတစ်ခုကို မရသော်လည်း ရှောက်ရွှမ်သည် သူမရှင်းလင်းဖြစ်နေသော အကြောင်းအရာတစ်ခု

ကို မေးလိုက်သည် “ကျွန်ပိုင်ရှင်တွေက ဘယ်ကလာကြတာလဲ”။

“ပင်လယ်ထဲက” အဖိုးအိုက ပြန်ဖြေလိုက်သည်။

ရှောက်ရွှမ် “ခင်ဗျားကျုပ်ကို အရူးများ ထင်နေတာလား” ဟုရေရွတ်လိုက်မိတော့သည်။

All Chapters