← Chapters

ရေခဲပိုးချည်မျှင်သိုင်းအား...

Vol. 2 Ch. 20

ရေခဲပိုးချည်မျှင်သိုင်းအား...

Vol. 2 Ch. 20

~မျောက်တောင်ထိပ်တွင် လေပြည်ညင်းက ညင်သာစွာ တိုက်ခတ်နေ၏။

ယဲ့ချင်းဟယ်သည် ဘူးတောင်းထဲမှ မျောက်စပျစ်ရည်ကို ပျော်ရွှင်စွာ သောက်သုံးနေရင်း သူမ၏ လှပသောမျက်နှာလေးမှာ နီမြန်းတောက်ပလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာလေးထက်မှ ညှိုးငယ်ခြင်းအရိပ်အယောင်တို့ လွင့်ပြယ်သွားခဲ့လေသည်။

"အင့်..."

သူမသည် ရှိုက်သံတစ်ချက်ပြုလိုက်ပြီးနောက် နင်ချီအား စနောက်သောဟန်ဖြင့် ဆိုလေ၏။

"ဂျူနီယာ မောင်လေး... ဒီမျောက်စပျစ်ရည်က တကယ့်ပစ္စည်းကောင်းပဲ၊ များများသာသောက်ထား၊ မင်းရဲ့ အရိုးအဆစ်တွေကို သန့်စင်တဲ့နေရာမှာ အများကြီး အကျိုးရှိတယ်နော်။"

ဝါးကျည်တောက်များဖြင့် အပြည့်ဖြစ်နေသော ယဲ့ချင်းဟယ်ကို ကြည့်ရင်း နင်ချီတစ်ယောက် ခေါင်းသာခါယမ်းမိတော့သည်။ သို့သော် သူ၏အခြေခံအုတ်မြစ်ကို သန့်စင်နေချိန်တွင် မျောက်စပျစ်ရည်က ထိုဖြစ်စဉ်ကို အရှိန်မြှင့်ပေးနိုင်သည်မှာ အမှန်ပင်။

သူက သံမဏိလက်မောင်းမျောက်ကြီးနှင့် လက်ရှည်မျောက်များကို လှည့်ကြည့်လိုက်ရာ

သူတို့၏မျက်လုံးများထဲမှ နက်ရှိုင်းသောဝမ်းနည်းမှုကို ထင်ရှားစွာ မြင်လိုက်ရသည်။

နှစ်ပေါင်းများစွာ ကြိုးစားစုဆောင်းခဲ့သမျှ ရတနာများဖြစ်သော်လည်း ယခုအခါတွင်မူ

ယဲ့ချင်းဟယ်၏ လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

"ကဲ... မျောက်သူငယ်ချင်းတို့ ကျေးဇူးတင်ပါရဲ့၊ အခွင့်သင့်ရင် နောက်တစ်ခါ လာလည်ဦးမယ်နော်။"

ယဲ့ချင်းဟယ်က သူမ၏နောက်မှ မျောက်များကို လက်ဝှေ့ယမ်းပြလိုက်သည်။ မျောက်အုပ်ကြီးမှာ မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားကြတော့သည်။

နင်ချီကမူ ပြုံးကာ ခေါင်းခါယမ်းလိုက်၏။

တစ်ခါတစ်ရံတွင် သူ၏အစ်မတော်သည် ကလေးတစ်ယောက်ကဲ့သို့ စနောက်တတ်ပြီး စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် သဘာဝရှိလေသည်။

မျောက်ဖြူငယ်လေးသည်လည်း သူ၏ကိုယ်ပေါ်တွင် ဝါးကျည်တောက်များစွာကို သယ်ဆောင်ထားသည်။ ၎င်းက ကျန်ရစ်သူမျောက်များကို လှောင်ပြောင်နေသည့်အလား မျက်နှာပေးလုပ်ပြလိုက်သေး၏။

ယဲ့ချင်းဟယ်နှင့် နင်ချီတို့ ပိုမိုဝေးကွာသွားသည်ကို မြင်သောအခါ ၎င်းသည် အလျင်အမြန်ပင် နောက်မှလိုက်ပါသွားတော့သည်။ ဤသတ္တဝါငယ်လေးသည် သူတစ်ပါး၏ဩဇာကို ချေးငှားအသုံးချခြင်းအနုပညာကို အပြည့်အဝ စံနမူနာပြနေတော့သည်။

"ကဲ မျောက်ဖြူလေး၊ ဝါးကျည်တောက်တွေ ပေးတော့၊ ငါတို့ သွားကြတော့မယ်။"

နင်ချီက အပြုံးဖြင့် ဆိုလိုက်သည်။

မျောက်ဖြူလေးသည် ရုတ်တရက် ထိတ်လန့်သွားပုံရ၏။ ၎င်းသည် နားရွက်နှင့်ပါးကိုကုတ်ခြစ်ကာ ခုန်ပေါက်လျက် တစ်စုံတစ်ခုကို အသည်းအသန် ရှင်းပြနေသည်။

ယဲ့ချင်းဟယ်သည် စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလေသည်။

နင်ချီကမူ ၎င်း၏အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်လိုက်၏။ သူ၏အာရုံခံနိုင်စွမ်းဖြင့် မျောက်ဖြူနှင့် သံမဏိလက်မောင်းမျောက်ကြီးတို့၏ အပြန်အလှန်ပြောဆိုမှုများမှ ကောက်ချက်ချရန်မှာ မခက်ခဲပေ။

သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်းပြောချင်တာက ငါတို့ကို ပေးချင်တာ တစ်ခု ရှိသေးတယ်၊ ဒါကြောင့် မင်းနောက်ကို လိုက်ခဲ့ဖို့ တောင်းဆိုနေတာလား။"

ဤစကားကို ကြားသောအခါ မျောက်ဖြူလေးသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်ပြလေသည်။ အကယ်၍ သူ၏ကိုယ်ပေါ်တွင် ဝါးကျည်တောက်များသာ မရှိခဲ့ပါက ၎င်းသည် ကျွမ်းပင်ပြန်ထိုးလိုက်လောက်မည် ဖြစ်သည်။

နင်ချီနှင့် ယဲ့ချင်းဟယ်တို့ တစ်ယောက်မျက်နှာတစ်ယောက် တိုင်ပင်သလို ကြည့်လိုက်ကြသည်။ နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်တို့က အရိပ်ထင်နေ၏။ မျက်စိရှိသူတိုင်းသည် ဤမျောက်ဖြူ၏ ထူးခြားမှုကို မြင်နိုင်ပေသည်။ ၎င်းသည် ဆန်းပြား သားရဲတစ်ကောင် မဟုတ်သော်လည်း ထိုသို့သော သားရဲတစ်ကောင်နှင့် တစ်ထပ်တည်းတူနေသည့်အလားပင်။

"အချိန်က စောသေးတာပဲ၊ ငါတို့ သွားကြည့်ကြမလား။"

ယဲ့ချင်းဟယ်က စိတ်ဝင်တစားဖြင့် တိုက်တွန်းလိုက်ပါသည်။

နင်ချီ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ နေဝင်ဆည်းဆာအချိန်ဖြစ်သော်လည်း လုံးဝမှောင်မိုက်သွားရန်မှာ အချိန်အနည်းငယ် လိုပါသေးသည်။

"သွားကြတာပေါ့ဗျ"

ထိုအခါ မျောက်ဖြူလေးသည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး အလျင်အမြန်ပင် လမ်းပြခေါ်ဆောင်သွားတော့သည်။

လူနှစ်ဦးနှင့် မျောက်တစ်ကောင်သည် တောအုပ်ထဲတွင် လှည့်ပတ်သွားလာကြပြီး မျောက်ဖြူသည် ရံဖန်ရံခါတွင် နောက်သို့ လှည့်ကြည့်ကာ သူတို့ ရုတ်တရက် ထွက်ခွာသွားမည်ကို စိုးရိမ်နေသည့်အလားပင်။

မကြာမီမှာပင် မျောက်ဖြူသည် ဂူတစ်ဂူ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး သူတို့ကို ဝင်ရောက်ရန် အချက်ပြလေသည်။

နင်ချီနှင့် ယဲ့ချင်းဟယ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ ယဲ့ချင်းဟယ်သည် သူမ၏ အစောင့်အကြပ်ကို အနည်းငယ်မြှင့်တင်လိုက်ပြီး ဦးစွာ ဝင်ရောက်သွားသည်။

ဂူအတွင်းပိုင်းမှာ အနည်းငယ်မှောင်မိုက်နေ၏။ ယဲ့ချင်းဟယ်က မီးစတစ်စကို ထွန်းညှိလိုက်ရာ အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သာမန်မျှသာဖြစ်ပြီး ထူးခြားဆန်းကြယ်မှုတစ်စုံတစ်ရာမရှိပေ။

သူမ အနည်းငယ် စိတ်ပျက်သွားသည်။ မူလက သူမသည် အခွင့်အရေးကောင်းတစ်ခု ကြုံလာပြီဟု ထင်မှတ်ထားခဲ့သည်။

သို့သော် မကြာမီမှာပင် သူမ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

မျောက်ဖြူသည် ထောင့်တစ်နေရာတွင် တစ်စုံတစ်ခုကို ရှာဖွေနေပြီးနောက် တစ်စုံတစ်ခုကို ကိုင်ဆောင်ကာ ထွက်လာလေသည်။ သူတို့အနားသို့ ရောက်လာသောအခါမှ ၎င်းမှာ သားရေချပ်ဖြင့် လိပ်ထားသော ကျမ်းလိပ်တစ်ခု

ဖြစ်ကြောင်း ထင်ရှားသွားတော့သည်။

"ဒါ တကယ်ပဲ အခွင့်အရေးကောင်းတစ်ခု ကြုံလာတာပဲ၊ ခစ်ခစ်။"

ယဲ့ချင်းဟယ်က ရယ်မောလိုက်သည်။

နင်ချီသည်လည်း မျောက်ဖြူက အံ့ဩဖွယ်ရာတစ်ခုကို ယူဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် အတော်လေး အံ့ဩမိသည်။

သူတို့ နှစ်ဦးလုံး သားရေချပ်လိပ်ကို ကြည့်လိုက်ကြသည်။ အစပိုင်းမှ စာလုံး သုံးလုံးက သူတို့ကို ချက်ချင်း ဆွဲဆောင်သွား၏။

"ရေခဲပိုးချည်မျှင်သိုင်းအား။"

"ဒါ ..ဆင့်ကဲ ခွန်အားသိုင်းကွက်တစ်ခုပဲ။"

ယဲ့ချင်းဟယ်မှာ စိတ်ဝင်စားမှု ပိုမိုပြင်းထန်လာပြီး တစ်ကြောင်းချင်းစီ ဖတ်ရှုနေသည်။

နင်ချီသည်လည်း ကြည့်ရှုနေပြီး ပို၍ပင် လျင်မြန်စွာ ဖတ်ရှုနေသော်လည်း သူ အတွင်းအနှစ်သာရနယ်ပယ်သို့ မရောက်ရှိသေးသောကြောင့် ဤကျင့်ကြံခြင်းနည်းစနစ်သည် သူ့အတွက် အသုံးမဝင်သေးပေ။ ၎င်းသည် သူ၏ အခြေခံအုတ်မြစ်ကိုသာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ခဏအကြာတွင် နှစ်ဦးလုံး အသိစိတ်ပြန်ဝင်လာကြသည်။

"ရေခဲပိုးချည်မျှင်သိုင်းအားသည် တစ်ကြိမ် ထုတ်လွှတ်လိုက်သည်နှင့် ခွန်အားတို့က ဆင့်ကဲဆင့်ကဲ ပေါ်ထွက်လာပြီး အရိုးထိအောင် အေးစက်စေနိုင်၏။ ဒါ့အပြင် ဒီသိုင်းကွက်ကို ဖန်တီးခဲ့တဲ့ ပညာရှင်က ရေခဲပိုးချည်မျှင်ရဲ့ ပိုးအိမ်ဖောက်ထွက်ပြီး ပြန်လည်မွေးဖွားခြင်းကနေ ထိုးထွင်းဉာဏ်အလင်းရခဲ့တာက ပါးနပ်လှတယ်။ ပြန်လည်မွေးဖွားခြင်းတစ်ခုစီတိုင်းက ခွန်အားဆင့်တစ်ခုကို ဆိုလိုတာပဲ။"

"ပြန်လည်မွေးဖွားခြင်း ကိုးကြိမ်က ခွန်အားဆင့်ကဲဆင့်ကဲ ကိုးလွှာနဲ့ ညီမျှတော့ ဒီနတ်ဘုရားသိုင်းကွက်မှာ မဟာအောင်မြင်မှု ရရှိသွားရင် တူညီတဲ့ နယ်ပယ်မှာ ပြိုင်ဘက် ရှာဖို့တောင် ခက်တယ်။"

"အံ့ဩစရာပဲ။"

ယဲ့ချင်းဟယ်သည် အာမေဋိတ်သံပြုလိုက်ပြီး သူမ၏ မျက်လုံးများမှာ လေးစားမှုတို့ဖြင့် တောက်ပနေသည်။

ဤရေခဲပိုးချည်မျှင်သိုင်းအားသည် ကျန်းဝူဂိုဏ်း၏ ထိပ်တန်း ဆင့်ကဲခွန်အားသိုင်းကွက်အများအပြားနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှပင် အားမနည်းနေဘဲ အတွေးအခေါ်ပိုင်းတွင်မူ သာလွန်နေသေးသည်။

သို့သော် ထို့နောက်တွင်မူ သူမ၏ မျက်လုံးများထဲတွင် နောင်တရသော အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။

"ကံမကောင်းစွာနဲ့ပဲ ဒီသားရေချပ်လိပ်မှာ ပထမအဆင့်သုံးဆင့်ပဲ ပါတယ်ဟယ်"

အကယ်၍ ပြီးပြည့်စုံသော

အဆင့်ကိုးဆင့်ပါ ရေခဲပိုးချည်မျှင်သိုင်းအားသာ ဖြစ်ခဲ့ပါက ဒါက အမှန်တကယ်ပင် ကြီးမားသော ကံကောင်းခြင်းတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် အဆင့်သုံးဆင့်သာ ပါရှိသဖြင့် ၎င်း၏ တန်ဖိုးမှာ အလွန်တရာ လျော့ကျသွားပေသည်။

"မျောက်ဖြူလေး၊ ဒီသားရေချပ်လိပ် တစ်လိပ်ပဲ ရှိတာလား။"

ယဲ့ချင်းဟယ်က မျှော်လင့်တကြီး မေးလိုက်သည်။

မျောက်ဖြူက ခေါင်းခါပြသည်။

ယဲ့ချင်းဟယ်သည် နောင်တတကြီးဖြင့် သက်ပြင်းချလိုက်သော်လည်း မကြာမီမှာပင် ပြုံးလိုက်၏။

ယခုလို ကံကောင်းခြင်းသည် အတော်လေး ကောင်းမွန်နေပြီဖြစ်ပြီး အသုံးမဝင်လျှင်ပင် အံ့ဩရခြင်း၏ ခံစားချက်မှာ အလွန်တရာ ကျေနပ်ဖွယ်ကောင်းလှသည်။

သူမသည် မျောက်ဖြူအား ပိုမိုကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မျောက်လိမ္မာလေးတစ်ကောင်ပါလား။

နင်ချီသည်လည်း အနည်းငယ် နောင်တရမိသော်လည်း များများစားစားတော့ မဟုတ်ပေ။ သူ အနာဂတ်တွင် အတွင်းအနှစ်သာရနယ်ပယ်သို့ တက်လှမ်းသည့်အခါ သူသည် ဤမပြည့်စုံသော ရေခဲပိုးချည်မျှင်သိုင်းအားကို ပြီးပြည့်စုံအောင် ကြိုးစားနိုင်ပြီး မူလပုံစံထက်ပင် သာလွန်သွားနိုင်ဖွယ်ရှိသည်။

ထိုအစား ရေခဲပိုးချည်မျှင်သိုင်းအား၏ နောက်ကွယ်မှ အနှစ်သာရက နင်ချီ့ကို ပို၍ အံ့အားသင့်သွားစေသည်။

နှစ်ဦးလုံး စိတ်ဓာတ်တက်ကြွနေကြသည်။

"ကျေးဇူးပဲ မျောက်ဖြူလေး။"

နင်ချီက သားရေချပ်လိပ်ကို သိမ်းဆည်းလိုက်ပြီး နောက်ပိုင်းတွင် ဂိုဏ်း၏အခြေခံအုတ်မြစ်ကို ကြွယ်ဝစေရန်အတွက် သိုင်းကျမ်းတိုက်၌ ထားရှိမည်ဟု စိတ်ဆုံးဖြတ်လိုင်သည်။

မျောက်ဖြူက စိတ်လှုပ်ရှားစွာဖြင့် သွားဖြဲပြုံးလိုက်သည်။ ထို့နောက် ဂူ၏ အတွင်းပိုင်းသို့ ညွှန်ပြလိုက်သည်။

နှစ်ဦးလုံး ပို၍ စူးစမ်းလိုစိတ် ဖြစ်လာကြသည်။

သူတို့ ဆက်လက်ရှေ့သို့ တိုးဝင်သွားကြသည်။

-----

မမျှော်လင့်စွာပင် ဂူသည် အလွန်တရာ ကွေ့ကောက်ပြီး နက်ရှိုင်းလှပါ၏။ ပို၍ ဝင်ရောက်သွားလေလေ ၊ ပို၍ တိုးလျသော အသံတစ်သံကို ကြားနေရလေလေ ဖြစ်သည်။

အဆုံးတွင် သူတို့၏ရှေ့တွင် သက်တန့် ရောင်စဉ်များ ဖြာကျနေသော ရေတံခွန် တစ်ခု ထွက်ပေါ်လာပြီး နွယ်ပင်များက တွဲလောင်းကျနေလေသည်။

မပီမသ အသံသည် ရေတံခွန်၏ တစ်ဖက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

မျောက်ဖြူသည် သူ၏ကိုယ်ပေါ်မှ ဝါးကျည်တောက်ကို ချွတ်ကာ မြေပြင်ပေါ်တွင် ချထားလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ အားပေးဟစ်ကြွေးရင်း နွယ်ပင်များတစ်လျှောက် လွှဲကာ သူတို့၏ မျက်စိရှေ့မှ ရေတံခွန်ကို ဖြတ်ကျော်ဝင်ရောက်သွားသည်။

နှစ်ဦးလုံး မှင်သက်သွားကြ၏။

ထို့နောက် တစ်ဖက်ခြမ်းမှ မျောက်ဖြူ၏ ခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

ယဲ့ချင်းဟယ် တစ်ယောက် စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြလာသည်။

"ငါ အရင်သွားမယ်။"

သူမသည် အားရပါးရ ရယ်မောလိုက်ပြီး နွယ်ပင်များကို အသုံးမပြုဘဲ ခြေဖျားကို အသာအယာ တို့ထိလိုက်ရုံဖြင့် ပျံလွှားတစ်ကောင်ကဲ့သို့ ပျံသန်းကျော်လွှားသွားသည်။

" ကိုးလေး ၊ မြန်မြန်လုပ်၊ ဒီမှာ အရမ်းလှတာပဲ”

နင်ချီသည် တွန့်ဆုတ်မနေတော့ပေ။ သူသည်လည်း နွယ်ပင်များကို အသုံးမပြုဘဲ သူ၏ခြေဖျားကို အားပြုကာ စမ်းချောင်းကို ဖြတ်ကူးသော ကျားတစ်ကောင်ကဲ့သို့ပင်။

ရေတံခွန်ကို ဖြတ်ကျော်ပြီးသည်နှင့် သူသည် ကျောက်တုံး

စင်မြင့်တစ်ခုပေါ်တွင် ရပ်မိနေသည်ကို တွေ့လိုက်ရသည်။

ကမ္ဘာသစ်တစ်ခုလုံး သူ၏ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့၏။

သူ၏ဘေးတွင် ရေတံခွန်များက တဝေါဝေါ စီးဆင်းနေ၏။ နေဝင်ဆည်းဆာ ရောင်ခြည်က ကောင်းကင်ယံတွင် တစောင်းဖြာကျနေသည်။

ရေနှင့် အလင်းတို့ သည်နေရာတွင် ပေါင်းစပ်သွားပြီး ခမ်းနား ထည်ဝါသော ရှုခင်းတစ်ခုကို ဖန်တီးနေ၏။

အဝေးမှ ကောင်းကင်ယံတွင် ငှက်များ ပျံဝဲနေပြီး ကျယ်ပြန့်သော ရှုခင်းများမှာ အဆုံးမဲ့သော ကျယ်ပြန့်မှုကို ပြသနေ လေသည်။

နင်ချီသည် ဤမြင်ကွင်းကို ပန်းပုရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ စိုက်ကြည့်နေမိစဉ် သူ၏စိတ်ထဲတွင် ဝိညာဉ် ဉာဏ်အလင်းများက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

မူလက ရှုခင်းကြောင့် စွဲမက်နေခဲ့သော ယဲ့ချင်းဟယ်၏ အာရုံသည် ထို့နောက်တွင်မူ မျောက်ဖြူ၏ ခေါ်သံများကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ လှမ်းကြည့်လိုက်ရာ သူမသည် မျောက်ဖြူက ရေချောက်ကမ်းပါးဘေးမှ သစ်ပင်ငယ်လေးပေါ်မှ အနီရောင်အသီးကို စိတ်လှုပ်ရှားစွာ ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ မည်သို့သော ထူးခြားဆန်းကြယ်အသီး ဖြစ်သည်ကို ယဲ့ချင်းဟယ် မခွဲခြားနိုင်ခဲ့ပေ။

"ဒီအနီရောင်အသီးက မျောက်ဖြူ ဒီလောက် ပါးနပ်ရတဲ့ အကြောင်းရင်းများလား။"

သူမသည် ပင်ကိုအသိစိတ်အရ တွေးလိုက်မိပြီး အောက်ဘက်တွင် အခြားသစ်ပင်ငယ်နှစ်ပင်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း ထိုအပင်တို့မှာမူ အသီးများ ကင်းမဲ့နေသည်။

မကြာမီမှာပင် ယဲ့ချင်းဟယ် မျောက်ဖြူ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

"မင်းက လျှို့ဝှက်သိုင်းကွက်တစ်ခု ပေးချင်ယောင်ဆောင်ပြီး တကယ်တော့ ငါ့ကို အနီရောင်အသီးခူးခိုင်းချင်နေတဲ့ ဉာဏ်ပြေးတဲ့ မျောက်ဖြူလေးပါလား။"

သူမ ချိုလွင်စွာ ရယ်ချမိသည်။

မျောက်ဖြူသည် အလွန်တရာ အပြစ်ကင်းစင်သည်ဟုလည်း ခံစားမိ၏။

အကယ်၍ ၎င်းသာ ပို၍ကောက်ကျစ်ခဲ့ပါက သခင်မနှင့် စစ်သည်နှစ်ဦးလုံးကို ဆုံးရှုံးရမည့် အန္တရာယ်ကို စွန့်စားခဲ့မည် မဟုတ်ပေ။

[ဒီစာကြောင်းထဲမှာပါတဲ့ စကားပုံကတော့ တရုတ်စကားပုံတစ်ခုဖြစ်တဲ့ "赔了夫人又折兵" (péi le fūrén yòu zhé bīng) ဖြစ်ပါတယ်။

မြန်မာလို တိုက်ရိုက်ပြန်ဆိုရင်တော့ "သခင်မကိုလည်း ဆုံးရှုံး၊ စစ်သည်တွေကိုလည်း လက်လွှတ်ရ" လို့ အဓိပ္ပာယ်ရပါတယ်။ တစ်ခုခုကို အမြတ်ထုတ်ဖို့ ကြိုးစားရင်းကနေ ကိုယ့်မှာရှိတာပါ ထပ်ပြီးဆုံးရှုံးသွားတဲ့ "နှစ်ခါနာ" တဲ့ အခြေအနေကို တင်စားတာ ဖြစ်ပါတယ်။

ဒီစကားပုံဟာ နာမည်ကျော် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းကနေ ဆင်းသက်လာတာပါ။

အရှေ့ဝူပြည်က စစ်သူကြီးချုပ် 'ကျိုးယွီ' ဟာ 'လျိုပေ့' ဆီကနေ 'ကျင်းကျိုး’ နယ်မြေကို ပြန်လိုချင်တဲ့အတွက် အကြံထုတ်ခဲ့တယ်။ သူ့ရဲ့အကြံကတော့ ဝူဘုရင် 'စွန်းချန်' ရဲ့ ညီမတော်ကို 'လျိုပေ့' နဲ့ ပေးစားဖို့ ကမ်းလှမ်းပြီး 'လျိုပေ့'ကို မြှူခေါ်ဖမ်းဆီးကာ ‘ကျင်းကျိုး’ နယ်မြေနဲ့ ပြန်လဲလှယ်ဖို့ပါပဲ။

ဒါပေမယ့် 'လျိုပေ့' ရဲ့ အကြံပေးပညာရှိ 'ကျူးကော့လျှံ' က ဒီအကြံကို ကြိုသိနေတဲ့အတွက် အစီအစဉ်ကို တလွဲဖြစ်အောင် ပြန်ပြီး ဖန်တီးလိုက်တယ်။ နောက်ဆုံးမှာတော့ 'လျိုပေ့' ဟာ မင်းသမီးကို တကယ်တမ်း လက်ထပ်ရသွားတဲ့အပြင် ဘေးမသီရန်မခဘဲ သူ့နယ်မြေကို ပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။ 'ကျိုးယွီ' ကတော့ မင်းသမီးကိုလည်း လက်လွှတ်လိုက်ရ၊ သူ့ရဲ့တပ်ဖွဲ့ဝင်အင်အားကိုလည်း ဆုံးရှုံးလိုက်ရပါတော့တယ်။

ဒီအဖြစ်အပျက်ကို အစွဲပြုပြီး "တစ်ခုခုကို လောဘတကြီးကြံစည်ရင်း ကိုယ့်ဘက်က နှစ်ခါပြန်ရှုံးနိမ့်သွားတဲ့" အခြေအနေမျိုးမှာ ဒီစကားပုံကို သုံးစွဲကြတာ ဖြစ်ပါတယ်။ ]

သို့သော် ယဲ့ချင်းဟယ်သည် ရှင်းလင်းစွာပင် ထိုသို့သော လူစားမျိုးမဟုတ်ချေ။

သူမသည် စွမ်းအားကို ညင်သာစွာ ထုတ်သုံးလိုက်ပြီးနောက် တင့်တယ်လှပစွာဖြင့် အနီရောင်အသီးတစ်လုံးကို ခူးကာ မျောက်ဖြူထံသို့ ပစ်ပေးလိုက်သည်။

မျောက်ဖြူ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ထင်ဟပ်နေပြီး ၎င်းသည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် အနီရောင်အသီးကို အလျင်အမြန် စားသုံးလိုက်သည်။

ယဲ့ချင်းဟယ်၏ အံ့ဩနေသော အကြည့်များအောက်တွင် မျောက်ဖြူ၏ အမွှေးများသည် ထူးခြားသော အလင်းရောင်တစ်ခုဖြင့် တဖျပ်ဖျပ်လက်သွားပြီး ပို၍ပင် ချောမွေ့ကာ ဖြူစင်သွားသည့်အလားပင်။

သူမသည် ဤထူးခြားဆန်းကြယ်မှုကို နင်ချီနှင့် မျှဝေလိုစိတ်ကို မထိန်းနိုင်တော့ချေ။

လှည့်ကြည့်လိုက်ရာ ယဲ့ချင်းဟယ်၏ လျှာဖျားမှ ခေါ်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။

အကြောင်းမှာ သူမ၏ မောင်ငယ်လေးသည် အံ့ဩဖွယ်ကောင်းသော ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သောကြောင့် ဖြစ်လေသည်။

All Chapters