← Chapters

ကောင်းကင်ဘုံသားရဲ…

Vol. 2 Ch. 23

ကောင်းကင်ဘုံသားရဲ…

Vol. 2 Ch. 23

~တာအိုဆရာလုံရှန်းသည် ရေခဲပိုးမျှင်အားကျမ်းကို ယူလိုက်ပြီး၊ လျင်မြန်စွာ တစ်ချက် ဖတ်လိုက်ကာ လေးစားအံ့ဩဟန်တစ်ခု ပေါ်လာသည်။

“ရေခဲပိုးမျှင်အားကျမ်းကို ဖန်တီးခဲ့တဲ့ ရှေ့က ပုဂ္ဂိုလ်ကြီးကတော့ တကယ်ပဲ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ပထမသုံးဆင့်ပဲ ရှိတာတော့ နှမြောစရာကောင်းတယ်။ မဟုတ်ရင် မင်းတို့လေ့ကျင့်နေတဲ့ အားဆင့်

သိုင်းစွမ်းရည်တွေထက်တောင် သာလွန်သွားမှာ။”

တာအိုဆရာလုံရှန်း၏ အကဲဖြတ်မှုကို ကြားသောအခါ၊ ယဲ့ချင်းဟယ်မှာ အံ့ဩမဆုံးဖြစ်သွားပြီး၊ သူ ရေခဲပိုးမျှင်အားကျမ်းကို အထင်သေးမိခဲ့ကြောင်း သဘောပေါက်သွားသည်။

သူမ၏စိတ်ထဲတွင် အနည်းငယ် နှမြောတသဖြစ်မိသွား၏။

သို့သော် တာအိုဆရာလုံရှန်းသည် ရေခဲပိုးမျှင်အားကျမ်းအပေါ်တွင် အာရုံမစိုက်တော့ဘဲ၊ အခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။

“မင်းတို့ အစောက မျောက်ဖြူလေး အသီးနီတစ်လုံး စားသုံးခဲ့တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီ အသီးရဲ့သွင်ပြင်လက္ခဏာတွေကို အသေးစိတ် ပြောပြစမ်း။”

တာအိုဆရာလုံရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်နေ၏။

ထိုသို့မြင်သော် ယဲ့ချင်းဟယ်မှာ ပေါ့ဆရန် မဝံ့ရဲဘဲ ထိုအသီးနီ၏ အသွင်အပြင်ကို ချက်ချင်း သရုပ်ဖော်လိုက်သည်။

“အရောင်က တောက်ပတယ်၊ သူ့ရဲ့ပင်စည်က ဆန်းကြယ်တဲ့ အဝါရောင်၊ ပြီးတော့ ကိုယ်ထည်က လုံးဝန်းနေတာ ဆရာ…”

အသီးနီကို အသက်ရှူချိန်အနည်းငယ်မျှသာ ကိုင်ထားခဲ့သော်လည်း၊ ယဲ့ချင်းဟယ်၏ မှတ်ဉာဏ်ဖြင့် ၎င်းကို အပြည့်အစုံ ပြန်လည်မှတ်မိနိုင်ခဲ့သေးသည်။

ထို့အပြင်၊ အသီးနီသည် အမှန်ပင် ထူးခြားဆန်းကြယ်လှ၏။

သူမမှာ သိလိုစိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

“ဆရာ… ဒီအသီးနီက ဘယ်လိုထူးဆန်းတဲ့ အရာဝတ္ထုလဲဆိုတာ ဆရာသိလား။”

တာအိုဆရာလုံရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ဒဏ္ဍာရီလာ ဖီးနစ် သစ်သီးနဲ့တော့ ဆင်တူတယ်။ ဒါပေမဲ့ ဖီးနစ် သစ်သီးက ခန္ဓာကိုယ်ကို အသွင်ပြောင်းနိုင်တယ်၊ အနှစ်သာရကို သန့်စင်နိုင်တယ်၊ ခြင်ဆီကို ဆေးကြောနိုင်တယ်။ မင်းပြောတဲ့အတိုင်းသာဆိုရင်၊ မျောက်ဖြူလေးက ဖီးနစ်သစ်သီး တစ်လုံးထက်မက စားသုံးခဲ့တာဆိုတော့၊ သူ့ရဲ့ခွန်အားက မှားယွင်းစရာမရှိ၊ အားကောင်းနေမှာပဲ။ မင်းတို့တောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး။ အဲ့ဒီအသီးနီက ဒဏ္ဍာရီလာ ဖီးနစ် သစ်သီးဖြစ်နိုင်ခြေကတော့ နည်းပါးတယ်။”

“ဒီအသီးနီက ဉာဏ်ပညာကို ဉာဏ်အလင်းပွင့်စေနိုင်တယ်၊ ဒါပေမဲ့ မျောက်ဖြူလေးရဲ့ ခွန်အားကတော့ သာမန်သားရဲတစ်ကောင်လောက်ပဲ ရှိတယ်။ တကယ်ပဲ ထူးဆန်းတဲ့ ဖြစ်ရပ်ပါပဲ။”

ထို့နောက် သူက ခေါင်းခါလိုက်သည်။

“ကျယ်ပြန့်တဲ့ လောကကြီးမှာ ထူးဆန်းအံ့ဩဖွယ်ရာတွေ အမျိုးမျိုးရှိတယ်။ ထူးခြားဆန်းကြယ်သစ်သီးရဲ့ တကယ့်သဘာဝက အရေးမကြီးပါဘူး။ ဒီမျောက်ငယ်လေးရဲ့ လက်ထဲကို ရောက်သွားမှတော့၊ ဒါက သူ့ရဲ့ကံကြမ္မာပဲ။ မင်းတို့နှစ်ယောက်လည်း ကိုယ့်ရဲ့အမြင်တွေကို ထိန်းသိမ်းပြီး အထင်မှားစိတ်တွေ မဖြစ်စေနဲ့။”

ထိုအခါ နင်ချီနှင့် ယဲ့ချင်းဟယ်တို့မှာ စိတ်ကိုစုစည်းလိုက်ပြီး ရိုသေစွာ ဆိုကြသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။”

အစစ်အမှန်သိုင်းဂိုဏ်းသည် အမြဲတမ်း ဤသို့သော စည်းမျဉ်းများကို ထိန်းသိမ်းခဲ့လေ၏။ တပည့်များမှာ ဖြောင့်မတ်မှန်ကန်မှုကို စောင့်ထိန်းပြီး မကောင်းမှု ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြသည်။

တာအိုဆရာလုံရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး၊ သူ၏ တပည့်များ၏ ကျင့်ဝတ်သိက္ခာကို ယုံကြည်လျက် မျောက်ဖြူလေးကို လက်ယပ်ခေါ်လိုက်သည်။

မျောက်ဖြူလေးသည် ဦးစွာ နင်ချီကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများထဲမှ အားပေးမှုကို မြင်မှသာ ရိုသေစွာဖြင့် တာအိုဆရာလုံရှန်းထံသို့ လျှောက်သွားကာ၊ ဒူးထောက်၊ ဦးညွှတ်ပြီး အကြိမ်ကြိမ် အရိုအသေပေးလေသည်။

တာအိုဆရာလုံရှန်းက မုတ်ဆိတ်ကို သပ်လိုက်ရင်း ရယ်လေသည်။

“ဟားဟား၊ သူ့ရဲ့ဝိညာဉ်အသိက တကယ်ပဲ ထူးခြားတာပဲ။”

သူက လေးနက်စွာ မေးလိုက်၏။

“မျောက်ဖြူ… ငါ မင်းကို မေးမယ်။ မင်း ငါ့ရဲ့အစစ်အမှန်သိုင်းဂိုဏ်းကို ဝင်ချင်သလား။ ဒါကိုတော့ သိထားရမယ်၊ အစစ်အမှန်သိုင်းဂိုဏ်းကို ဝင်ပြီးသွားရင်၊ မဆင်မခြင်လုပ်ရပ်တွေ ဒါမှမဟုတ် အကြောင်းမဲ့ အကြမ်းဖက်မှုတွေ မကျူးလွန်ရဘူး နော်။”

တာအိုဆရာလုံရှန်း၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီး၊ ကြီးမားသော သြဇာအာဏာကို ထုတ်လွှတ်နေသည်။

မျောက်ဖြူလေးမှာ အတိုင်းထက်အလွန် ပျော်ရွှင်သွားသည်။

၎င်းက အကြိမ်ကြိမ် ခေါင်းညိတ်ပြ၏။

‘တပည့် ဆန္ဒရှိပါတယ်၊ ဆရာ’ ဟုပင် ပြောထွက်လုနီးပါး ဖြစ်သွားသည်။

မျောက်ဖြူလေး ဆရာ၏ သဘောတူညီချက်ကို ရရှိသွားသည်ကို မြင်သော်၊ နင်ချီနှင့် ယဲ့ချင်းဟယ်တို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

တာအိုဆရာလုံရှန်းက လှမ်းကြည့်လိုက်သည်။

“ကိုးလေး… မင်းက မျောက်ဖြူလေးကို ပြန်ခေါ်လာခဲ့တာဆိုတော့၊ လောလောဆယ် မင်းနဲ့အတူပဲ နေပါစေ။ အချင်းချင်း လိုအပ်တဲ့အခါ မင်းအတွက် ကောင်းတာပေါ့။”

သူသည် ယဲ့ချင်းဟယ်နှင့် အတွေးတူနေသည်။ ဤသို့ ဝိညာဉ်အသိရှိသော မျောက်ဖြူလေးတစ်ကောင် လူငယ်တပည့်နှင့် အဖော်ပြုနေခြင်းသည် နေ့စဉ်တစ်ကိုယ်တည်း ကျင့်ကြံနေခြင်းထက် ပိုကောင်းသည် မဟုတ်ပါလော။

“တပည့် နာခံပါတယ်။”

“မျောက်ငယ်လေးက

ကျွမ်မတို့ အစစ်အမှန်သိုင်းဂိုဏ်းကို ဝင်ပြီးမှတော့၊ သူ့ကို နာမည်တစ်ခုလောက် ပေးလိုက်ရင် မကောင်းဘူးလား။”

ယဲ့ချင်းဟယ်က အကြံပြုလိုက်သည်။

“ကောင်းပြီလေ။”

တာအိုဆရာလုံရှန်းက ခေါင်းညိတ်လိုက်သည်။

“မျောက်ဖြူလေးက ကိုးလေးနောက်ကို လိုက်ချင်တာဆိုတော့၊ ကိုးလေးပဲ ရွေးလိုက်ပါစေ။”

နင်ချီက ငြင်းဆန်မနေခဲ့ပေ။

သူသည် ခဏမျှ စဉ်းစားလိုက်ပြီး၊ မျောက်ဖြူလေးကို ကြည့်ကာ ဆို၏။

“မင်းက မျောက်မျိုးနွယ်က လာတာဆိုတော့၊ မင်းကို ‘ယွမ်’ ဆိုတဲ့ မျိုးရိုးနာမည်ပေးမယ်။ မင်းက တောင်တန်းတွေထဲမှာ တစ်ယောက်တည်း လှည့်လည်သွားလာတယ်၊ တစ်မူထူးခြားတယ်၊ နောက်ပြီး..အခွင့်အရေးအမျိုးမျိုးကို ပိုင်ဆိုင်ထားတယ်၊ ကောင်းကင် နဲ့ မြေကြီးကနေ မွေးဖွားလာတာဆိုတော့၊ မင်းကို ‘ယွမ်ထျန်းချန်’ လို့ ခေါ်ရင် ဘယ်လိုလဲ။”

ထိုစကားများအပြီးတွင်…

တာအိုဆရာလုံရှန်းနှင့် ယဲ့ချင်းဟယ်တို့မှာ နာမည်နောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားနေကြဆဲဖြစ်သော်လည်း၊ မျောက်ဖြူလေး၏ မျက်လုံးများမှာမူ စိတ်လှုပ်ရှားမှုဖြင့် ပြူးကျယ်သွားသည်။

အကယ်၍သာ ဆရာ လုံရှန်းရှေ့သာ မဟုတ်ပါက ၎င်းသည် ခုန်ပျံကျော်လွှား ကစားနေလောက်ပြီ ဖြစ်သည်။

သို့တိုင်အောင်ပင် သူ၏ ကိုယ်ကို ရံဖန်ရံခါ ကုတ်ခြစ်နေသော လှုပ်ရှားမှုများက သူ၏ခံစားချက်များကို ဖော်ပြနေလေသည်။

မျောက်ဖြူလေးသည် ထိုနာမည်ကို အတော်ပင် ကျေနပ်နေသည်မှာ ထင်ရှားသည်။

သုံးဦးသား ပြုံးလိုက်ကြ၏။

နင်ချီက ရုတ်တရက် ထုတ်ပြောလာ၏။

“ဆရာ…တပည့် ဆရာ့ကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။”

“ဒီတစ်ခေါက်၊ တပည့် စီနီယာအစ်မနဲ့အတူ တောင်ထဲကိုဝင်သွားပြီး ဆန်းပြား သားရဲအများအပြားနဲ့ ကြုံခဲ့ရပါတယ်။ တချို့ရဲ့ခွန်အားက အတွင်းစွမ်းအားနယ်ပယ်နဲ့ ယှဉ်နိုင်ပြီး၊ တချို့ကတော့ အရိုးသန့်စင်ခြင်း

နယ်ပယ်ထက်တောင် အားနည်းနေပါသေးတယ်။ ဘာဖြစ်လို့ ဒီဆန်းပြား သားရဲတွေရဲ့ ခွန်အားမှာ ဒီလောက်ကွာခြားချက်ကြီး ရှိနေရတာလဲဗျ။ သူတို့မှာ ကျင့်ကြံခြင်း နည်းလမ်းတွေများ ရှိလို့လား။”

သိုင်းကျမ်းတိုက်တွင် ဆန်းပြား သားရဲများအကြောင်း မှတ်တမ်းများ ပါဝင်သော်လည်း၊ ၎င်းမှာ မပြည့်စုံပါပေ။

တာအိုဆရာလုံရှန်းက မျောက်ဖြူလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆိုသည်။

“ဆန်းပြား သားရဲတွေရဲ့ မူလဇာစ်မြစ်ကတော့ နောက်ကြောင်းပြန်လိုက်လို့ မရတော့ဘူး၊ ပါးစပ်ပြောရာဇဝင်တွေပဲ ရှိတော့တယ်။ ရှေးဒဏ္ဍာရီအရ၊ အစပိုင်းမှာ သားရဲတချို့က ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့ကြတယ်။ ဒါကြောင့် သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို အသုံးပြုပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်သန့်စင်နိုင်ခဲ့ကြတယ်၊ ဒီစွမ်းအားကိုတောင် ကိုင်စွဲနိုင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို ကောင်းကင်ဘုံသားရဲတွေလို့ ခေါ်တွင်ခဲ့ကြတယ်။”

“ဒါပေမဲ့၊ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုရဲ့ အကြောင်းအကျိုးကို ခံနိုင်ရည်ရှိဖို့က မလွယ်ကူဘူး။ တစ်ခုခု မှားယွင်းသွားပုံပါပဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကောင်းကင်ဘုံသားရဲတွေရဲ့ ကျဆုံးမှုကို ဦးတည်သွားခဲ့တော့တာပေါ့။”

“အဲ့ဒီနောက်ပိုင်းကစပြီး ကောင်းကင်ဘုံသားရဲတွေရဲ့ သွေးမျိုးဆက် ရှိတယ်လို့ ဆိုကြတဲ့ ဆန်းပြား သားရဲတွေရဲ့ ခေတ်ရောက်လာခဲ့တယ်။”

“ဆန်းပြား သားရဲတွေက ငါတို့လူသားမျိုးနွယ်လို မွေးရာပါ အားကောင်းတဲ့ ဉာဏ်ပညာ မပိုင်ဆိုင်ကြဘူး။ သူတို့ရဲ့အစက ပိုမြင့်မားပေမဲ့၊ ငါတို့လို စနစ်ကျတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေ မရှိတဲ့အတွက်၊ သူတို့ရဲ့ခွန်အားတိုးတက်ရာလမ်းက သူတို့ရဲ့ ကောင်းကင်ဘုံ

သားရဲသွေးမျိုးဆက်ကို ထုတ်ဖော်အသုံးချပြီး၊ သူတို့ သွေးမျိုးဆက်ရဲ့ အကန့်အသတ်ကို ရောက်တဲ့အထိပဲ။”

နင်ချီအတွက်မူ၊ ဤအမြင်ကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ရာ၊ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်လာသည်။

ကောင်းကင်ဘုံသားရဲများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို တိုက်ရိုက် သုံးစွဲပြီး သူတို့ကိုယ်သူတို့ သန့်စင်နိုင်ခဲ့၏။

သူတို့၏အစသည် လူသားမျိုးနွယ်ထက် အများကြီး သာလွန်ပေသည်။

အကြောင်းမှာတော့ လူသားများသည် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်မှသာ ကောင်းကင်ဘုံ၏ စွမ်းအားနှင့် ပဲ့တင်ထပ်

နိုင်သောကြောင့်တည်း။

“ဒါဆို… ဆန်းပြား သားရဲတွေ အားကောင်းမကောင်းဆိုတာက သူတို့အတွင်းထဲမှာရှိတဲ့ သွေးမျိုးဆက်ရဲ့ စွမ်းအားအဆင့်ပေါ်မှာ လုံးဝမူတည်နေတာပေါ့။”

“ဟုတ်တယ်… ဥပမာ မင်းတို့ အရင်က ကြုံခဲ့ရတဲ့ သံမဏိ

လက်မောင်းမျောက်လိုမျိုးပေါ့။ သူ့ရဲ့အမြင့်ဆုံး အလားအလာက ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းသမား တစ်ယောက်နဲ့ပဲ ယှဉ်နိုင်တယ်။ သူ့အတွင်းထဲမှာ တခြားရှေးဟောင်း

သွေးမျိုးဆက်တွေ မရှိဘူးဆိုရင်ပေါ့။ မဟာယန်ရဲ့ မြစ်တစ်ရာကန်ထဲမှာ၊ ရေလွှမ်းနဂါး ဧကရာဇ် တစ်ကောင်ရှိတယ်။ သူ့ရဲ့သွေးမျိုးဆက်က အလွန်အမင်း ထိပ်တန်းအဆင့်ပဲ။ သူက အခု သူ့ရဲ့ကိုယ်ပိုင်စွမ်းအားအဖြစ် ကြီးထွားလာခဲ့ပြီ။ ကောင်းကင်ဘုံပုဂ္ဂိုလ်စွမ်းအားရှင်တွေတောင် သူ့ကို အလွယ်တကူ သွားမစရဲကြဘူး။”

မျောက်ဖြူလေးသည် အာရုံ စူးစိုက်စွာ နားထောင်နေသော်လည်း အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

သူ့အတွင်းထဲတွင် အားကောင်းသော သွေးမျိုးဆက်တစ်ခုခု မရှိနိုင်ဟု ခံစားမိ၏။ အသီးနီအများအပြားကို စားသုံးပြီးမှသာ သူ ပို၍ နားလည်လာခဲ့သည်။

တာအိုဆရာလုံရှန်းက မျောက်ဖြူလေးကို တစ်ချက်ကြည့်လိုက်ပြီး ဆို၏။

“ဒါပေမဲ့၊ သီအိုရီအရ ပြောရရင်၊ လူသားတွေနဲ့ တခြား

သားရဲ အမျိုးအစားတွေမှာ တိကျတဲ့ ကွာခြားချက် မရှိဘူး။ လူသားမျိုးနွယ်မှာ ကျင့်ကြံခြင်း လမ်းကြောင်းတွေ ရှိတာက မျိုးဆက်ပေါင်းများစွာက ရှေ့က ပုဂ္ဂိုလ်ကြီးတွေက ဖန်တီးခဲ့လို့ပဲ။ ဉာဏ်ပညာ ကြီးမားတဲ့ သားရဲတွေကသာ သူတို့ကိုယ် သူတို့အတွက် သင့်တော်တဲ့ ကျင့်ကြံခြင်း လမ်းကြောင်းတွေကို ဖန်တီးနိုင်ခဲ့ရင်၊ သူတို့လည်း အလားတူ ဖြစ်နိုင်တယ်။”

“ဒါပေမဲ့ သားရဲ အမျိုးအစားတိုင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အင်မတန် ကွာခြားတယ်။ ဒါကြောင့် ဒါက အရမ်းကို စိန်ခေါ်မှု များတာ‌ပေါ့”

ရုတ်တရက်၊ မျောက်ဖြူလေး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။

နင်ချီမှာမူ ပို၍ပင် နားလည်သွား၏။

သားရဲများသည် ကျင့်ကြံ၍ မရခြင်း မဟုတ်ဘဲ၊ ကိုက်ညီသော ကျင့်ကြံနည်းလမ်းများ မရှိခြင်းသာ ဖြစ်သည်။

၎င်းသည် သားရဲများအတွက် ယေဘုယျအသုံးအနှုန်းတစ်ခုသာ။

ဥပမာအားဖြင့် မြွေမျိုးနွယ်ဝင်များသည် သူတို့ကိုယ်တိုင်အတွက် ကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုကို ဖန်တီးရှေ့ဆောင်ရန် သိသာသော ဉာဏ်ပညာရှိသော မြွေများ လိုအပ်၏။

ထိုအခါမှသာ သူတို့သည် လူသားမျိုးနွယ်နှင့် ဆင်တူနိုင်ပေလိမ့်မည်။

သို့သော် ၎င်းကို စဉ်းစားကြည့်လျှင် ခက်ခဲမှုကို မြင်သာသည်။

မြွေများ ဉာဏ်ပညာရရှိခြင်းမှာပင် ရှားပါးလှ၏။ ထို့အပြင် ကြီးမားသော ဉာဏ်ပညာနှင့် မျိုးဆက်ပေါင်းများစွာ ကြိုးစားအားထုတ်မှု လိုအပ်ရာ၊ အသီးအပွင့်များ ဖြစ်ထွန်းလာရန်မှာ နှစ်သောင်းပေါင်း သို့မဟုတ် သန်းပေါင်းများစွာ ကြာမြင့်နိုင်လေသည်။

နင်ချီမှာ စိတ်ထဲမှ ခေါင်းအသာခါလိုက်သည်။

“ဒါပေမဲ့ မျောက်တွေအတွက်တော့၊ လူသားတွေနဲ့ ဆင်တူတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိလို့၊ ကွဲပြားပေမဲ့လည်း၊ သူတို့က လူသား သိုင်းပညာကို လိုက်လျောညီထွေ ဖြစ်အောင် ညှိယူနိုင်တယ်။ ဒါကြောင့် အများကြီး ပိုလွယ်ကူတယ်။”

“ငါ့အတွက်တော့၊ ဒါက အပြန်အလှန် အတည်ပြုမှု တစ်ခုအဖြစ် အသုံးဝင်တယ်။”

သူ့ထံသို့ အတွေးစ တစ်ခု လင်းလက်လာသည်။

နင်ချီမှာ အတွေးအခေါ်များ ရှိနှင့်နေပြီ ဖြစ်သည်။ သူက ဦးညွှတ်လိုက်ပြီး ပြောလိုက်လေ၏။

“တပည့်ရဲ့ သံသယကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။”

သူသည် နားလည်မှုအားကောင်းသော်လည်း၊ အချို့သော အသိပညာများမှာ အဆက်မပြတ် စုဆောင်းမှု လိုအပ်နေသေးသဖြင့်၊ သူ ပိုမိုကြီးပြင်းလာရန် လိုအပ်သည်ဟု နင်ချီ ခံစားလိုက်ရလေသည်။

All Chapters