← Chapters

အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်...

Vol. 2 Ch. 24

အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်...

Vol. 2 Ch. 24

~နင်ချီသည် အရိုအသေပြုပြီးနောက်၊ ယွမ်ထျန်းချန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ယဲ့ချင်းဟယ်မှာမူ စနောက်ချင်သော လျှာကိုထုတ်ကာ တိတ်တဆိတ် ထွက်သွားရန် ပြင်ဆင်လိုက်သော်လည်း၊ တာအိုဆရာလုံရှန်း၏ ခေါ်သံကြောင့် ခြေစုံရပ်သွားရတော့၏။

သူမသည် ခါးသက်သော မျက်နှာပေးဖြင့်…

“ဆရာသခင်၊ ဒီတစ်ခါ တပည့်က ဂျူနီယာ မောင်လေးကို သွားစတာမဟုတ်ပါဘူးနော်၊ သူကိုယ်တိုင်က တပည့်ကို တောင်ပေါ် လိုက်ခဲ့ဖို့ အဖော်ခေါ်တာပါ”

တာအိုဆရာလုံရှန်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း၊ သူ၏အမူအရာမှာ တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။

“မင်းကွာ… ပိုင်ရှန်းနဲ့ ယှဉ်လိုက်ရင် အရည်အချင်းမှာ လုံးဝမနိမ့်ကျပေမဲ့၊ မင်းရဲ့စိတ်တစ်ခုလုံးက အရက်သောက်ဖို့ပဲ ရောက်နေတယ်။ အခုတော့ ပိုင်ရှန်းရဲ့ ကျင့်ကြံမှုအဆင့်က မင်းကိုတောင် ကျော်တက်သွားပြီ”

သူက ညင်သာစွာ ဆူလိုက်သော်လည်း၊ ယဲ့ချင်းဟယ်ကမူ ရယ်ကျဲကျဲဖြင့်…

“အစ်ကိုငါးက ရှေ့ကနေ မျက်နှာစာခံပေးထားတော့ ကောင်းတာပေါ့ရှင်။ နောက်မှာ အငယ်လေးတွေ ဖြစ်တဲ့ ရှစ်နဲ့ ကိုးလည်း ရှိသေးတာပဲ။ သူတို့ ကြီးလာတဲ့အခါ၊ ကျွန်မတို့ ‘အစစ်အမှန်သိုင်းဂိုဏ်း’ က တိမ်တိုက်တွေလို အင်အားကြီးမားလာပြီး တပည့်တွေအားလုံးလည်း စိတ်အေးလက်အေး နေရမှာပေါ့”

“မင်းက စိတ်အေးလက်အေးနေနိုင်ပေမဲ့၊ ဆရာကတော့ မနေနိုင်ဘူး”

တာအိုဆရာလုံရှန်းမှာ အကူအညီမဲ့နေခဲ့သည်။

သူ့အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ဤတတိယတပည့်သည် အရက်ကို နှစ်သက်သော်လည်း၊ ဖြူစင်သော နှလုံးသားရှိပြီး သူမ၏ သက်တူရွယ်တူများကြားတွင် ထူးချွန်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။

သူမသာ ကြိုးစားလျှင် ယခုထက်ပင် အစွမ်းထက်လာနိုင်ပါသေး၏။

“ထားလိုက်တော့ ထားလိုက်တော့။ နောက်နှစ်ဆောင်းဦးမှာ၊ ‘နတ်ဘုရားဓားသခင်အဘိုးကြီး’ က သူ့တပည့်ကို ဒီကို ခေါ်လာလိမ့်ဦးမယ်၊ အဲ့ဒီအခါကျရင် ဆရာ့ကို အရှက်မရအောင်သာ သေချာလုပ်”

ယဲ့ချင်းဟယ်မှာ မှင်သက်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်တူသည်။

သူမ၏ဆရာသခင် ပြောသော ‘နတ်ဘုရားဓားသခင်အဘိုးကြီး’ မှာ သာမန်လူတစ်ယောက် မဟုတ်ပေ။

အမှန်တကယ်တွင်၊ ထိုသူသည် တစ်ချိန်က ‘အစစ်အမှန်သိုင်းတောင်’ ၏ ပိုင်ရှင်ဖြစ်ခဲ့ပြီး၊ ထိုစဉ်က ယခုတောင်ကို ‘နတ်ဘုရားဓားတောင်’ ဟု ခေါ်တွင်ခဲ့ကြလေသည်။

ဇောစိတ်တစ်ခု ယဲ့ချင်းဟယ်၏ နှလုံးသားထဲတွင် နောက်ဆုံး၌ ပေါ်ပေါက်လာခဲ့၏။ သူမသည် လေးနက်တည်ကြည်စွာဖြင့်…

“တပည့်၊ နားလည်ပါပြီ၊ ဆရာ”

ထိုအခါ တာအိုဆရာလုံရှန်းက သူ၏ လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။

“သွားတော့၊ မနက်ဖြန် ထျန်းချန်အကြောင်း မင်းရဲ့စီနီယာအစ်ကိုကို ပြောပြလိုက်၊ ပြီးတော့ ဂိုဏ်းထဲက တပည့်တွေကိုလည်း မတော်တဆ ထိခိုက်မှုတွေမဖြစ်အောင်

အသိပေးထားလိုက်ဦး”

“အမိန့်ကို နာခံပါတယ်၊ ဆရာ”

ယဲ့ချင်းဟယ်သည် ရိုသေစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။

…

ထိုအခိုက်အတန့်၌ နင်ချီသည် စူးစမ်းလိုစိတ် ပြင်းပြနေသော မျောက်ဖြူနှင့်အတူ သူ၏ခြံဝင်းငယ်လေးဆီသို့ ရောက်ရှိလာခဲ့၏။

“ထျန်းချန်၊ ဒီနေ့ကစပြီး မင်းက ငါနဲ့အတူ ဒီမှာနေရမယ်။ ဟိုဘေးက အခန်းက မင်းအခန်းပဲ၊ သေချာ ဂရုစိုက်ပြီး နေနော်”

“ငါ သိုင်းကျင့်နေတဲ့အချိန် ဒါမှမဟုတ် စာဖတ်နေတဲ့အချိန်တွေမှာ မနှောင့်ယှက်ရဘူး။ ‘အစစ်အမှန်သိုင်းဂိုဏ်း’ ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်၊ ဒါပေမဲ့ တခြားတပည့်တွေရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်မိဖို့တော့ သတိရ။ မင်းအတွက် သင့်တော်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကိုတော့ ငါ စီစဉ်ပြီး ဖြည်းဖြည်းချင်း သင်ပေးမယ်ကွ”

“ဒီကြားထဲမှာ စာများများဖတ်ပြီး စာလုံးတွေ သင်ယူထားပါ”

မျောက်ဖြူသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြနေခဲ့သည်။

သူသည် ကမ္ဘာသစ်တစ်ခုထဲသို့ ဝင်ရောက်လာရသကဲ့သို့ ခံစားနေရလေ၏။

ထို့နောက် စကားတစ်ခွန်း မဆိုဘဲ ညတစ်ည တိတ်တဆိတ် ကုန်လွန်သွားခဲ့ လေသည်။

—------

နောက်တစ်နေ့ နံနက်၌…

နင်ချီ နိုးလာသောအခါ၊ မျောက်ဖြူသည် အိမ်အလုပ်များဖြင့် အလုပ်ရှုပ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရရာ၊ သူ၏ အတွင်းစိတ်ထဲတွင် ပြောင်းလဲမှု တစ်ခုကို ခံစားလိုက်ရပြီး ပြုံးမိသွားသည်။

အနားမှာ သက်ရှိ တစ်ယောက်ရှိနေခြင်းက သိပ်မဆိုးလှပါလား။

နင်ချီသည် သစ်သားပြားတစ်ချပ်ကို ရှာဖွေပြီး ‘တာအိုရှာဖွေခြင်း ကျောင်း‌တော်’ ဟူသော စကားလုံးများကို ရေးကာ ခြံဝင်းအပြင်ဘက်တွင် ချိတ်ဆွဲထားလိုက်သည်။

မနေ့က မျောက်ဖြူကို အမည်ပေးခဲ့ရာမှ အကြံရလာပြီး၊ သူ၏ခြံဝင်းငယ်လေးကိုလည်း အမည်ပေးသင့်သည်ဟု ခံစားမိခဲ့သည်။

အကြောင်းကား…တာအိုကို ရှာဖွေခြင်း၊ ထာဝရအသက်ရှင်ခြင်းကို ရှာဖွေခြင်းဟူသည်မှာ မိမိကိုယ်ကို အမြဲတမ်း သတိပေးနေရန် ဖြစ်လေသည်။

ဤရိုးရှင်းသော သစ်သားဆိုင်းဘုတ်ကို ကြည့်ရင်း၊ နင်ချီသည် သူ၏ အတွေးများ ပိုမို ကြည်လင်လာသည်ကို ခံစားလိုက်ရသည်။

သူ သိုင်းကျင့်ချင်နေပြီ ဖြစ်သည်။

မနေ့က ‘အသင်္ချေ ဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ် ခန္ဓာကျင့်စဉ်’ ကို ဖန်တီးခဲ့ပြီးနောက်၊ သူ ၎င်းကို အပြည့်အဝ ကြိုးစား

မကျင့်ကြံရသေးပေ။

“ရှေ့က နယ်ပယ်လေးခုကို ပြန်လေ့ကျင့်ပြီး ‘အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်’ တစ်ခု တည်ဆောက်ဖို့ အနေတော်ပဲ”

နင်ချီသည် ‘ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း’ အဆင့်သို့ အလျင်စလို မချိုးဖြတ်ခဲ့ခြင်းမှာ သည်အကြောင်းကြောင့်ပင် ဖြစ်၏။

ထိုအတွေးဝင်လာသည်နှင့်၊ နင်ချီ လှုပ်ရှားလိုက်တော့သည်။

သူ၏ခန္ဓာကိုယ်ကို ဝှေ့ယမ်းလိုက်ရုံဖြင့်၊ သူသည် နက်နဲသော အခြေအနေတစ်ခုသို့ ချက်ချင်း ဝင်ရောက်သွားခဲ့၏။

‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ မှာ သူ၏ ဖန်တီးမှုဖြစ်ရာ၊ ၎င်း၏ နက်နဲမှုများကို သဘာဝအတိုင်း နားလည်ပြီးသားဖြစ်ပါသည်။

ပြီးပြည့်စုံသော ‘နတ်ဘုရားအာရုံ’ ၏ နယ်ပယ်သို့ ရောက်ရှိခြင်းမှာ နင်ချီ့အတွက် လက်တစ်ဖက်ကို မြှောက်လိုက်သကဲ့သို့ပင် လွယ်ကူနေပါတော့သည်။

ဘေးမှ နေ၍ ကြည့်နေသော မျောက်ဖြူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရ၏။

ရွှေရောင်မျောက်မင်း ကောင်းကင်ဘုံကို စိန်ခေါ်မေးမြန်းနေသည့် မြင်ကွင်းကို တစ်ဖန်ပြန်လည်

မြင်တွေ့နေရသည့်အလား..။

အတန်ကြာမှ မျောက်ဖြူခမျာ သတိပြန်ဝင်လာခဲ့သည်။

သူ၏လက်ထဲမှ ထင်းစကို ကြည့်ရင်း၊ မျောက်ဖြူ၏မျက်လုံးများမှာ တဖြည်းဖြည်း လေးနက်လာခဲ့၏။

မိုင်တစ်ထောင်ခရီးကို တစ်လှမ်းတည်းဖြင့် စတင်ရသည် မဟုတ်ပါလား။ ဤအသေးအဖွဲကိစ္စများကို ကောင်းစွာလုပ်ဆောင်နိုင်ပါက၊ တစ်နေ့နေ့တွင် ‘အစစ်အမှန်ကျင့်စဉ်’ ကို ရရှိနိုင်မည်ဟု သူ ယုံကြည်နေခဲ့သည်။

မျောက်ဖြူသည် ထင်းခုတ်ခြင်းကို ပိုမိုအလေးအနက်ထားကာ ဆက်လက်လုပ်ဆောင်နေခဲ့တော့သည်။

ထိုစဉ်တွင်၊ နင်ချီမှာမူ သိုင်းကျင့်နေခဲ့သည်။

သူ၏ ခန္ဓာကျင့်စဉ်မှ ‘ချီ’ စွမ်းအင်များ အလိုရှိရာသို့ ရွေ့လျားနိုင်နေသည်ကို နင်ချီ ခံစားလိုက်ရ၏။

သူသည် အရေပြားမှ စတင်ကာ ပြန်လည်လေ့ကျင့်နေခဲ့သည်ပင်။

ဤတစ်ကြိမ်တွင်၊ ‘နဂါးအစစ်အမှန်ချီ’ ဖြင့် သန့်စင်ခဲ့သော အရေပြားတွင်ပင် ချို့ယွင်းချက်များစွာ ရှိနေသေးသည်ကို သူ တွေ့ရှိခဲ့ရသည်။

‘ချီ’ စွမ်းအင်သည် တိမ်ဖြူတစ်စအဖြစ်၊ စိမ်းလန်းသောတောင်တန်းတစ်ခုအဖြစ်၊ မီးခိုးရောင်သိမ်းငှက်ကြီး

အဖြစ်သို့… ပြောင်းလဲသွားပြီး၊ ဟာကွက် တစ်ခုပြီးတစ်ခုကို တဖြည်းဖြည်း ဖြည့်ဆည်းသွားလေသည်။

ဤဖြစ်စဉ်မှာ အလွန် မြန်ဆန်လှ၏။

စင်စစ်တော့၊ ဒါက တစ်ခါသွားခဲ့ဖူးသော လမ်းကို ပြန်လည်

လျှောက်လှမ်းနေခြင်းပင် မဟုတ်ပါလား။

နင်ချီ၏ တိုးတက်မှုမှာ မျက်စိဖြင့်ပင် မြင်သာထင်ရှားနေခဲ့သည်။

မျက်တစ်မှိတ်အတွင်းမှာပင် ခုနစ်ရက် ကုန်လွန်သွားခဲ့လေပြီ။

‘တာအိုရှာဖွေခြင်း ကျောင်းတော်’ အတွင်း၌၊ နင်ချီသည် လက်သီးကွက်များကို ကျင့်ကြံနေခဲ့သည်။

မည်သည့် ဖြစ်ရပ်ဆန်းကြယ်မှုမှ မရှိ၊ တည်ငြိမ်စွာဖြင့်သာ လက်သီးထိုးနေခဲ့သော်လည်း၊ သူ့ကိုယ်အတွင်းမှ ပြောင်းလဲမှုများက မြင်တွေ့ရသူတိုင်းကို ရင်သပ်ရှုမောဖြစ်သွားစေမည်မှာ မလွဲဧကန်ပင်။

…‘ခန္ဓာကိုယ်သန့်စင်ခြင်း အပြင်စည်းနယ်ပယ်လေးခု’ မှာ၊ ‘အရေပြားသန့်စင်ခြင်း’ က ပြိုင်ဘက်ကင်းတဲ့ ကာကွယ်မှုကို ပေးတယ်၊ ‘အသားသန့်စင်ခြင်း’ က ပေါင်းဖိုအိုးကြီးတွေကို သယ်ယူ မြှောက်မ,နိုင်တဲ့ ခွန်အားကို ပေးတယ်၊

‘အကြောသန့်စင်ခြင်း’ က ကျားသစ်တစ်ကောင်လို လျင်မြန်စေပြီး၊ ‘အရိုးသန့်စင်ခြင်း’ က အဲ့ဒီသုံးခုလုံးကို ပေါင်းစပ်ပေးတာပဲ၊ ဒီလိုနဲ့ သိုင်းပညာရှင် တစ်ယောက်ရဲ့ ခွန်အား၊ အမြန်နှုန်းနဲ့ ကာကွယ်မှုကို ပိုပြီး မြှင့်တင်ပေးတယ်…

…အဆင့်နိမ့် အခြေခံကျင့်ကြံသူ

တစ်ယောက်က ‘အရိုးသန့်စင်ခြင်း’ ပြီးပြည့်စုံမှု အဆင့်မှာ လက်တစ်ဖက်တည်းနဲ့ ပေါင်တစ်ထောင် အလေးချိန်ကို မနိုင်တယ်၊

‘အစစ်အမှန်သိုင်းကိုးမျိုးခန္ဓာကျင့်စဉ်’ လိုမျိုး သာလွန်တဲ့ ‘ကျင့်ကြံခြင်းအရိုး’ ရှိသူကတော့ ပေါင်သုံးထောင်အထိ မနိုင်တယ်။ အရင်တုန်းက ငါ ‘အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်’ ကို စတင်ခဲ့ပြီး၊ ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ် တည်ဆောက်ခဲ့လို့ လက်တစ်ဖက်တည်းနဲ့ ပေါင်ငါးထောင်အထက် ရခဲ့တယ်…

“ဒါပေမဲ့ အခုတော့၊ ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ နဲ့ ‘အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်’ ကို တည်ဆောက်ခဲ့လို့၊ လက်တစ်ဖက်တည်းနဲ့ ပေါင်တစ်သောင်း အလေးချိန်အထိ ရောက်ရှိသွားပြီ”

“ဒီအတွက် အချိန်ကုန်ရကျိုး နပ်ခဲ့ပါပြီ”

ယင်းက ခွန်အား ကွာခြားမှုမျှသာ မဟုတ်၊ အခြေခံ အုတ်မြစ်၏ နက်ရှိုင်းမှုတွင် ကွဲပြားခြားနားခြင်းပင် ဖြစ်သည်။

ယခုမှစ၍၊ နင်ချီသည် သူ၏ သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်သွားနိုင်ပါ၏။

သူသည် သူ၏လက်ဖဝါးကို ညင်သာစွာ ရှေ့သို့တွန်းထုတ်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ ပေါ့ပါးလှသည်ဟု ထင်ရသော်လည်း၊ မျောက်ဖြူမှာမူ သမိုင်းမတင်မီခေတ်က သားရဲတစ်ကောင် လျှောက်လှမ်းသွားသည်ကို မြင်လိုက်ရသည့်အလား၊ လွှမ်းမိုးနိုင်သော ဖိအားတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။

ထို့နောက်၊ မျောက်ဖြူ၏မျက်လုံးများမှာ နင်ချီ တဖြည်းဖြည်းရပ်တန့်လိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ ပြူးကျယ်သွားတော့၏။

ထိုလေပူသည် မြှားတစ်စင်းအလား လေထုကို ထွင်းဖောက်သွားပြီး၊ မြေပြင်ပေါ်တွင် တွင်းငယ်တစ်ခုကို ချန်ထားခဲ့သည်။

နင်ချီ၏ နှုတ်ခမ်းထောင့်များမှာ တဖြည်းဖြည်း ကွေးတက်လာခဲ့၏။

…မြှားတစ်စင်းလို မှုတ်ထုတ်နိုင်တဲ့ အသက်ရှူခြင်း၊ သာမန် ‘ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း’ ပြီးပြည့်စုံမှုအဆင့်တောင်မှ ဒီအဆင့်ကို မရောက်နိုင်လောက်ဘူး၊ ငါက ‘ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း’ ကို ခုမှစတင်ရုံပဲရှိသေးတာတောင် ဒီနယ်ပယ်ကို ရောက်နေပြီ။ ဒါဟာ အခြေခံခွန်အားမှာ ကွာခြားမှုပဲ..

‘ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်’ သို့ တက်လှမ်းခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

အမှန်တကယ်တော့၊ သူသည် အစောကြီးကတည်းက အဆင့်ချိုးဖြတ်နိုင်ခဲ့သော်လည်း၊ ခန္ဓာကျင့်စဉ် ဖန်တီးပြီးသည်အထိ စောင့်ဆိုင်းလိုခဲ့၍သာ။

သူ၏အခြေအနေမှာ ယခင်ကထက် ပိုမိုကောင်းမွန်နေသည်ကို နင်ချီ ခံစားနေရသည်။

‘ခန္ဓာကိုယ်သန့်စင်ခြင်း’ နောက်ဆုံးနယ်ပယ်လေးခုကို အတွင်းစည်း နယ်ပယ်လေးခုဟု ခေါ်ဆိုကြ၏။ ၎င်းတို့က လူ့ခန္ဓာကိုယ်၏ ပိုမိုနက်နဲသော လျှို့ဝှက်ချက်များကို လွှမ်းခြုံထားလေသည်။

…ဒီနေ့ကစပြီး၊ ‘ခန္ဓာကိုယ်သန့်စင်ခြင်း’ က ချောမွေ့တဲ့ ခရီးတစ်ခု ဖြစ်လာတော့မှာပါ…

…ကိုယ်တွင်းအင်္ဂါတွေက ခံနိုင်ရည်ကို ကိုယ်စားပြုပြီး ရိုးတွင်း ခြင်ဆီက ပေါက်ကွဲစွမ်းအားကို ကိုယ်စားပြုတယ်၊ သွေးက အသက်ရှည်ခြင်းရဒ့ အမှတ်အသား ဖြစ်ပြီး၊ နောက်ဆုံးမှာ တော့ စိတ်ဝိညာဉ်နဲ့ ပေါင်းစည်းသွားတယ်။ အတွင်းစည်းနယ်ပယ်လေးခု ပြီးပြည့်စုံသွားတဲ့အခါ၊ ခန္ဓာကိုယ်က အပြစ်အနာအဆာ ကင်းမဲ့ပြီး၊ ရောဂါ ဘယ အားလုံးက်ု ခုခံနိုင်ပြီးတော့၊ ‘ကျားဇီ’ သက်တမ်း နှစ်ခုအထိ အသက်ရှင်နိုင်လိမ့်မယ်…

[ကျားဇီ (Jiazi) သံသရာ ဆိုတာ ရှေးဟောင်းတရုတ်ပြက္ခဒိန်စနစ်ကနေ ဆင်းသက်လာတဲ့ နှစ်ပေါင်း ၆၀ ကြာမြင့်တဲ့ အချိန်စက်ဝန်းတစ်ခုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဒါကို နားလည်ဖို့ ရှေးတရုတ်တို့ရဲ့ အချိန်ရေတွက်ပုံကို အနည်းငယ် သိဖို့လိုပါတယ်။

သူတို့ဟာ "ကောင်းကင်ပင်စည် " ၁၀ ခု နဲ့ "မြေကြီးကိုင်း " ၁၂ ခုကို ပေါင်းစပ်ပြီး နှစ်တွေကို ရေတွက်ကြပါတယ်။

အဲဒီ ပင်စည်နဲ့ ကိုင်းတွေကို တစ်စုံစီတွဲလိုက်တဲ့အခါ မတူညီတဲ့ အတွဲပေါင်း ၆၀ ထွက်လာရော။

အဲဒီအတွဲတွေထဲမှာ ကျား (Jia) က ပထမဆုံး ကောင်းကင်ပင်စည်၊ (Zi) က ပထမဆုံး မြေကြီးကိုင်း‌ပေါ့။ ဒါကြောင့် ဒီအတွဲ "ကျားဇီ (Jiazi)" ဟာ အစအဆုံးဖြစ်တဲ့အတွက် နှစ်ပေါင်း ၆၀ သံသရာတစ်ခုလုံးကို ကိုယ်စားပြုတဲ့ နာမည်အဖြစ် သုံးနှုန်းကြတာပါပဲ။ အချုပ်ပြောရရင်တော့ ကျားဇီ နှစ်ခု အဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ သာမန်လူတွေထက် အများကြီးသာလွန်တဲ့၊ အနည်းဆုံး နှစ်ပေါင်း ၁၂၀ သက်တမ်းကို ပိုင်ဆိုင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ ခင်ဗျာ။ ဒါဟာ ကျင့်ကြံခြင်းလမ်းရဲ့ အခြေခံကျတဲ့ မှတ်တိုင် တစ်ခုလို့ ဆိုနိုင်တာပေါ့။]

နင်ချီမှာ အနည်းငယ် မျှော်လင့်တကြီး ဖြစ်နေမိသည်။

ထိုအရာသည် ဘဝ၏ အနှစ်သာရတွင် ပထမဆုံးသော အဆင့်မြင့်တက်ခြင်း ဖြစ်နိုင်ပေသည်။

ရုတ်တရက် သူသည် ခေါင်းလှည့်လိုက်ပြီး၊ မျောက်ဖြူ၏ စိတ်အားထက်သန်သော မျက်လုံးများကို ကြည့်ကာ…မေးလိုက်တော့၏။

“ထျန်းချန်၊ ဒီနေ့ရဲ့ အိမ်စာတွေ ဘယ်လိုပြီးသွားလဲ”

မျောက်ဖြူသည် တုန်လှုပ်သွားပြီး၊ အတွေးနယ်ချဲ့ခြင်းမှ ပြန်လည်လွတ်မြောက်လာကာ၊ တာအိုဝတ်ရုံထဲမှ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူပြီး ရေးသားလိုက်သည်။

“ဆရာ၊ ကျေးဇူးပြု၍ စစ်ဆေးပေးပါ”

ယခုအခါ မျောက်ဖြူသည်လည်း ‘အစစ်အမှန်သိုင်းဂိုဏ်း’ တပည့် အမှတ်အသား တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါသည်။ ၎င်းအတွက် သူက များစွာ ဂုဏ်ယူနေခဲ့သည်။

စာအုပ်ငယ်လေးထဲတွင် ရေးသားခြင်းမှာ အခြားသူများ ခန့်မှန်းနေစရာမလိုအောင် စာရေးလေ့ကျင့်သည့် နည်းလမ်းတစ်ခုဖြစ်ပါ၏။ ထိုအတွက် မျောက်ဖြူက နင်ချီကို ‘ဆရာ’ ဟု ခေါ်ရန် တွင်တွင် တောင်းဆိုခဲ့သည်။

သူသည် နင်ချီ၏ တပည့်အဖြစ် ဝင်ရောက်ခဲ့သည်ဟု ခံစားရပြီး၊ သူ့ကို ‘ဆရာသခင်’ ဟု ခေါ်လိုခဲ့သည်။

သို့သော် နင်ချီမှာမူ မိမိကိုယ်တိုင် တာအိုကို ရှာဖွေနေဆဲဖြစ်ပြီး တပည့်များ လက်ခံရန် အရည်အချင်း

မပြည့်မီသေးဟု ခံစားရသောကြောင့်၊ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

နောက်ဆုံးတွင်၊ မျောက်ဖြူမှာ သူ့ကို ‘ဆရာ’ ဟုသာ သနားစဖွယ် ခေါ်ဆိုနိုင်ခဲ့သည်။

နင်ချီသည် တိတ်တဆိတ် သဘောတူလိုက်၏။

တပည့်တစ်ဦးအဖြစ် မှတ်ယူလိုက်သည်ပေါ့။

နင်ချီသည် ရယ်မောရင်း စာမေးပွဲစစ်ဆေးလိုက်သည်။

မျောက်ဖြူသည် ဆက်လက်ရေးသားဖြေဆိုနေခဲ့ပြီး၊ အမှားအယွင်းမရှိသလောက်ဖြစ်ရာ နင်ချီမှာ အလွန် စိတ်တိုင်းကျသွားသည်။

ဤတပည့်သည် သူ့အောက် များစွာနိမ့်ကျသော်လည်း၊ လူသားများကြားတွင်ပင် အသိဉာဏ် အထက်မြက်ဆုံးသူများထဲတွင် ပါဝင်သည်ဟု ယူဆနိုင်ပေသည်။

…ဒီလို စာရေးရတာက တကယ်ပဲ ကရိကထများတယ်။ အနာဂတ်မှာ ထျန်းချန်အတွက် သိုင်းလမ်းစဉ်ပေါ် လျှောက်လှမ်းဖို့ အခွင့်အရေးပေါ်လာခဲ့ရင်၊ သူ့အတွက် ‘ဝမ်းဗိုက်ဘာသာစကားသိုင်းစွမ်းရည်’ တစ်ခုလောက် ဖန်တီးပေးလို့ရနိုင်မလားပဲ…

နင်ချီသည် စိတ်ထဲမှ တွေးတောလိုက်သည်။

မျောက်ဖြူအတွက် သိုင်းလမ်းစဉ်မှာ သူ ဆက်လက်စဉ်းစားနေဆဲ ကိစ္စတစ်ခုဖြစ်သည်။

သူ မျောက်ဖြူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို နားလည်သွားသည်နှင့်၊ ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ မှ ခန္ဓာကျင့်စဉ်တစ်ခုကို ရိုးရှင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်ရာ ဒါက ဖြစ်နိုင်ချေ ရှိပါသည်။

All Chapters