နတ်ဘုရားဓားသခင် အဘိုးကြီး…
Vol. 2 Ch. 26
~အစစ်အမှန်သိုင်းတောင်ကို မူလက နတ်ဘုရားဓားတောင်ဟု ခေါ်တွင်ခဲ့သည်။
နတ်ဘုရားဓားသခင်အဘိုးကြီးသည် နတ်ဘုရားဓားတောင်၏ ပိုင်ရှင်ဖြစ်ခဲ့လေသည်။
ဆယ်စုနှစ်ပေါင်းများစွာ အရင်က ဖြစ်လေသည်။
တာအိုဆရာလုံရှန်းသည် ဤနေရာသို့ ခရီးလှည့်လည်လာခဲ့ပြီး နတ်ဘုရားဓားသခင်အဘိုးကြီးနှင့် တွေ့ဆုံခဲ့သည်။
နတ်ဘုရားဓားသခင်အဘိုးကြီးမှာ ရှူးရှရှဲရှဲ ဒေါသကြီးသူ ဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ သူတို့ နှစ်ဦးသား သဘောထားကွဲ
လွဲမှု တစ်ခု ဖြစ်ခဲ့ကြသည်။
နောက်ဆက်တွဲအနေဖြင့်၊ နတ်ဘုရားဓားသခင်အဘိုးကြီးက သူကိုယ်တိုင် လောင်းကြေး တစ်ခုကို သတ်မှတ်ခဲ့၏။ အကယ်၍ သူရှုံးနိမ့်ပါက၊ နတ်ဘုရားဓားတောင်ကို လုံရှန်းအား လွှဲအပ်ပေးမည်ဟု ဆိုသည်။
မမျှော်လင့်ဘဲ၊ သူသည် မှားယွင်းစွာ တွက်ချက်မိပြီး တာအိုဆရာလုံရှန်းကို ရှုံးနိမ့်သွားခဲ့လေသည်။
တာအိုဆရာလုံရှန်းက ယဉ်ကျေးစွာ ငြင်းဆန်ခဲ့သည်။
သို့သော် နတ်ဘုရား ဓားသခင်အဘိုးကြီးမှာ မိမိ၏ကတိကို လေးစားပြီး အစေခံများနှင့်အတူ ဆန္ဒအလျောက် ထွက်ခွာသွားခဲ့သည်။
နောက်ဆုံးတွင်၊ တာအိုဆရာလုံရှန်းသည် နတ်ဘုရားဓားတောင်ထိပ်တွင် အစစ်အမှန်သိုင်းဂိုဏ်းကို ရိုးရှင်းစွာ ပြန်လည်တည်ဆောက်ခဲ့လေ၏။
သို့သော် ဤကိစ္စသည် ထိုမျှနှင့် မပြီးဆုံးခဲ့ပေ။
နတ်ဘုရားဓားသခင်အဘိုးကြီးမှာ အတော်ပင် မကျေမနပ်ဖြစ်နေခဲ့သည်။ တာအိုဆရာလုံရှန်း အစစ်အမှန်သိုင်းဂိုဏ်းကို တည်ထောင်သည်ကို မြင်သောအခါ၊ သူသည်လည်း ခေါင်းမာစွာဖြင့် နတ်ဘုရားဓားဂိုဏ်းကို တည်ထောင်ခဲ့ပြီး၊ နှစ်ဦးသား ဆယ်နှစ်တာ သဘောတူညီချက်တစ်ခုကို တည်ထောင်ခဲ့ကြသည်။ ထို့နောက်ပိုင်း၊ ဆယ်နှစ်တစ်ကြိမ်တိုင်း၊ နတ်ဘုရားဓားသခင်အဘိုးကြီးသည် အစစ်အမှန်သိုင်းတောင်သို့ လာရောက်ကာ တာအိုဆရာလုံရှန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်လေသည်။
အကယ်၍ သူ အနိုင်ရပါက၊ အစစ်အမှန်သိုင်းတောင်ကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
နှစ်ဖက်ကြားမှ ပြိုင်ဆိုင်မှု၏ မူလဘူတမှာ ဤသို့ဖြင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း၊ လူတိုင်း သိကြသည်မှာ…
တာအိုဆရာလုံရှန်းသည် ပို၍ပါရမီထူးချွန်သူ ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာအကြာက၊ နတ်ဘုရားဓားသခင်အဘိုးကြီးမှာ တိုက်ကွက် တစ်ကွက်တည်းသာ လိုခဲ့၏။
သို့သော်လည်း၊ ယခုအခါတွင်၊ တာအိုဆရာလုံရှန်းသည် မူလအူတိုင်ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ကောင်းကင်ဘုံ လူသား နယ်ပယ်ထဲသို့ ခြေတစ်လှမ်းဝင်နေပြီဖြစ်သော်လည်း၊ နတ်ဘုရားဓားသခင်အဘိုးကြီးမှာမူ မကြာသေးမီကမှ မူလ အမြုတေအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။
ယခင် ဆယ်နှစ်တာ သဘောတူညီချက်များတွင်…
နတ်ဘုရားဓားသခင်အဘိုးကြီးသည် အမြဲတမ်း စိတ်ပျက် ညှိုးငယ်စွာ ထွက်ခွာသွားခဲ့ရသည်။
သို့သော် သူသည် အမြဲတမ်း အချိန်မှန် ရောက်ရှိလာခဲ့၏။
ထိုကိစ္စများကို တွေးမိသောအခါ နင်ချီမှာ ပြုံးလိုက်မိသည်။
သူ၏အမြင်အရ၊ သူ၏ဆရာနှင့် နတ်ဘုရားဓားသခင်အဘိုးကြီးတို့သည် တစ်ချိန်က ရင်းနှီးသော မိတ်ဆွေများ ဖြစ်နိုင်၏။
နတ်ဘုရားဓားသခင်အဘိုးကြီးမှာ ဒေါသပေါက်ကွဲလွယ်ပြီး သူ့မာနကို မျိုသိပ်မထားနိုင်ခြင်းသာ ဖြစ်သည်။
ယခုအခါ နတ်ဘုရားဓားသခင်အဘိုးကြီး သဘောတူညီချက်ကို ဖြည့်ဆည်းရန် တောင်ပေါ်သို့ တစ်ဖန်ပြန်တက်လာပြီ ဖြစ်ရာ၊ အစစ်အမှန်သိုင်းဂိုဏ်း၏ တကယ့်တပည့်ရင်းများထဲမှ တစ်ဦးအနေဖြင့်၊ နင်ချီမှာ သဘာဝအတိုင်း ပွဲထွက်ရပေမည်။
နင်ချီသည် တည်ငြိမ်ပြီး ပေါ့ပါးစွာ လျှောက်လှမ်းနေပြီး၊ သူ၏လက်များကို လူကြီးတစ်ဦးကဲ့သို့ နောက်ပစ်ထားပါသည်။
သူ့နောက်တွင် မျောက်ဖြူလေး လိုက်ပါလာ၏။ ယခုအခါ တာအိုဝတ်ရုံကို ဝတ်ဆင်ထားရာ၊ မျောက်ဖြူ၏အဖြူရောင်အမွေးများ
သည် နှင်းကဲ့သို့ တောက်ပနေ၏။
မျောက်ဖြူ၏ မျက်လုံးများမှာလည်း တက်ကြွ လှုပ်ရှားနေကာ၊ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းလျက်၊ နင်ချီကို ပို၍ပင် ထူးခြားဆန်းကြယ်သွားစေသည်။
ဤအခိုက်အတန့်တွင်၊ အစစ်အမှန် သိုင်းဂိုဏ်း၏ တပည့်များမှာ စုရုံးနေကြပြီး၊ တပည့်ရင်းများမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ လေသည်။
“အဲ့ဒါ ကိုးယောက်မြောက် ဆရာဦးလေးလား။”
“ကိုးယောက်မြောက်ကိုးယောက်မြောက်ဆရာဦးလေးက ဒီလောက်ငယ်မယ်လို့ ငါမထင်ထားဘူး။ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ပဲ ရှိလောက်တယ်။ သူ သိုင်းလမ်းစဉ်ပေါ် ခြေချပြီးပြီလား မသိဘူး။”
အသစ်ဝင်လာသော တတိယမျိုးဆက်တပည့်အချို့မှာ စိတ်ဝင်တစားဖြင့် ဆွေးနွေးနေကြသည်။
ပုံမှန်အားဖြင့် ဆော့ကစားတတ်သော မျောက်ဖြူလေးသည် နင်ချီ၏ နောက်တွင် နာခံစွာ လိုက်ပါနေသည်ကို မြင်သောအခါ သူတို့
အံ့ဩသွားကြသည်။
ဒုတိယ မျိုးဆက် တပည့်အချို့မှာမူ ပြုံးရင်း နှုတ်ဆက်နေကြသည်။
သူ့ကို ကိုးယောက်မြောက် စီနီယာ အစ်ကိုလေးဟု ခေါ်ဆိုကြ၏။
နင်ချီက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
အစစ်အမှန်သိုင်းဂိုဏ်းမှာ စည်းလုံးညီညွတ်ပြီး မသမာသော အခြေအနေမျိုး ရှားပါးလှ၏။
နင်ချီမှ ခန္ဓာကိုယ်သန့်စင်ခြင်းအမှုန့်ကို တိုးတက်စေခဲ့သည့် ကျေးဇူးဖြင့်၊ အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ ပေါ်ထွက်နေပြီ ဖြစ်ပြီး၊ ခန္ဓာကိုယ်သန့်စင်ခြင်း
နယ်ပယ်မှ တပည့် တစ်ဦးချင်းစီ၏ ကျင့်ကြံမှုမှာ သူတို့၏
သက်တူရွယ်တူများထက် သာလွန်နေသည်။
“ဆရာနှင့် စီနီယာအစ်ကို၊ အစ်မများ အားလုံးကို ဂါရဝပြုပါတယ်။”
နင်ချီက ရှေ့သို့ လျှောက်သွားပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
မျောက်ဖြူလေးကလည်း ထိုအတိုင်းပင် ပြုလုပ်၏။
တာအိုဆရာလုံရှန်းက သူ၏ မုတ်ဆိတ်ကို သပ်လိုက်ရင်း ပြုံးသည်။
လော့ဝန်ထျန်းနှင့် အခြားသူများမှာ၊ နင်ချီကို မြင်သောအခါ၊ အားလုံး ပျော်ရွှင်သွားကြ၏။
အကြောင်းမှာတော့၊ လွန်ခဲ့သော တစ်နှစ်အတွင်း၊ အချို့သော အထူးနေ့ရက်များမှ လွဲ၍၊ သူတို့သည် နင်ချီကို ရှားရှားပါးပါးသာ မြင်တွေ့ရပြီး သူ့ကို အလွန် လွမ်းဆွတ်
နေကြသောကြောင့်တည်း။
“ကိုးလေး၊ မင်း အရပ်ရှည်လာပါလားကွ။”
စီနီယာအစ်ကို ငါး ကျန်းပိုင်ရှန်းက ရွှင်ပျစွာ နှုတ်ဆက်လာသည်။
“ဟုတ်တယ်… အရင်က ကောင်စုတ်လေးက အခုတော့ တစ်နေ့တခြား ကြီးလာပြီပဲကွာ…”
လူတိုင်း သက်ပြင်းချလိုက်ကြ၏။
အချိန်သည် အမှန်ပင် လျင်မြန်စွာ ကုန်လွန်သွားသည်။
နင်ချီကို အစစ်အမှန်သိုင်းတောင်သို့ မနေ့ကမှ ခေါ်ဆောင်လာခဲ့သကဲ့သို့ ခံစားရသော်လည်း၊ ငါးနှစ်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး၊ နင်ချီမှာ ဤမျှလောက် ကြီးပြင်းလာခဲ့၏။
ခဏအကြာတွင်…
ရှစ်ယောက်မြောက် တပည့် ချင်ယွင် ရောက်ရှိလာသည်။
သူသည် ဦးစွာ တာအိုဆရာ လုံရှန်းကို တောင်းပန်ပြီးနောက်၊ စီနီယာ အစ်ကို၊ အစ်မများအားလုံးကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း၊ ချင်ယွင်သည် သိုင်းလေ့ကျင့်မှုတွင် ပို၍ပို၍ လုံ့လဝီရိယ ရှိလာပြီး၊ သိုင်းအစွဲအလမ်းကြီးသူ တစ်ဦးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသည်။
ချင်ယွင်၏ အကြည့်များက နင်ချီပေါ်သို့ ကျရောက်သွားပြီး၊ သူက ရယ်မောလိုက်သည်။
“ဟားဟား၊ ကိုးလေး၊ မင်း ရောက်နေပြီကိုး။”
သူသည် နင်ချီ၏ စွမ်းရည်များကို လုံးဝ မခန့်မှန်းနိုင်ဘဲ အနည်းငယ် နားမလည်ဖြစ်နေမိသည်။
နင်ချီက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က ကိုယ့်ကိုယ်ကို အတော် ကြိုးစားနေပြီလို့ ထင်ထားတာ။ ဒါပေမဲ့ စီနီယာ အစ်ကိုရှစ်က ကျွန်တော့်ထက်တောင် နောက်ကျပြီးမှ ရောက်လာမယ်လို့ မထင်ထားဘူးဗျ”
ချင်ယွင်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“ရွေးချယ်စရာ မရှိဘူးလေ။ ငါ့ရဲ့ အရည်အချင်းက မလုံလောက်တော့၊ ကြိုးစား အားထုတ်မှုနဲ့ပဲ ဖြည့်ဆည်းရတာပေါ့။”
ဤစကားကို နားထောင်ရင်း၊ တာအိုဆရာ လုံရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
မကြာသေးမီက၊ သူသည် သူ၏ စွမ်းအင်အများစုကို ကောင်းကင်ဘုံ လူသား နယ်ပယ်သို့ တက်လှမ်းရန်အတွက် အာရုံစိုက်ထားပြီး၊ ဂိုဏ်း၏ အရေးကိစ္စများကို စီနီယာတပည့် လော့ဝန်ထျန်းထံသို့ လွှဲအပ်ထားခဲ့သည်။
ထို့ကြောင့် အခြားတပည့်များကို များစွာ အာရုံမစိုက်နိုင်ခဲ့ပေ။ သူသည် လော့ဝန်ထျန်းထံမှ ချင်ယွင်၏ အစွဲအလမ်းကြီးသော ကျင့်ကြံမှု အကြောင်း ယခင်က ကြားသိခဲ့ဖူးသည်။
ယခုမူ မိမိ ထင်ထားသည်ထက် ပို၍ လွန်ကဲနေပုံရသည်။
သိုင်းလမ်းစဉ်သည် ဇွဲလုံ့လ၊ ဟန်ချက်ညီမှုနှင့် တော်သင့်ရုံမျှသာ ဖြစ်သည်။
သူသည် ချင်ယွင်နှင့် တစ်ချိန်ချိန်တွင် စကားပြောရန် စီစဉ်ထား၏။
ချင်ယွင်၏ ပါရမီသည် သူ့ကိုယ်ပိုင် စွမ်းအားထက် မနိမ့်ကျသည့်အတွက်၊ အလျင်လိုရန် မလိုအပ်ပေ။
တည်ငြိမ်စွာ ကျင့်ကြံခြင်းက သူ့ကိုယ်ပိုင် ထက်ပင် ကျော်လွန်သော အောင်မြင်မှုများသို့ ပို့ဆောင်ပေးလိမ့်မည်။
နင်ချီအတွက်မူ၊ သူသည် ကွဲပြားသည်။
ဤတပည့်ငယ်လေးကို သာမန်စံနှုန်းများဖြင့် တိုင်းတာ၍မရကြောင်း တာအိုဆရာလုံရှန်း သိရှိထားသည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင်…
တောင်အောက်မှ လှုပ်ရှားမှု တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း ဦးခေါင်းများ လှည့်ကြည့်လိုက်ကြသည်။
ကျောတွင် ဓားရှည်များ လွယ်ပိုးထားသော ပုံရိပ်များသည် လျင်မြန်စွာ ချဉ်းကပ်လာ၏။၊ ပျံသန်းနေသော နတ်ဘုရားဓားများကဲ့သို့ပင်။
ထိုသူတို့၏အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပြီး၊ တောင်တန်းမြေပြင်ကို မြေပြန့်ကဲ့သို့ သဘောထားကာ၊ သူတို့နှင့်အတူ စူးရှသော အရှိန်အဝါတစ်ခုကို သယ်ဆောင်လာကြသည်။
“နတ်ဘုရားဓားသခင်အဘိုးကြီး ဖန်တီးခဲ့တဲ့ နတ်ဘုရားဓားခြေလှမ်းလား။ တကယ်ပဲ ထူးခြားတာပဲ။”
နင်ချီက သူ့ကိုယ်သူ ခေါင်းညိတ်လိုက်သည်။
သူသည် ထုံးစံအတိုင်း အတွင်းမှ သိမ်မွေ့မှုများကို လေ့လာပြီး၊ သူ၏ကြီးထွားမှုနှင့် အခြေခံအုတ်မြစ်အတွက် အာဟာရဖြစ်သော အသိပညာ အချို့ကို ရရှိလိုက်သည်။
တာအိုဆရာလုံရှန်းက အားရပါးရ ရယ်မောလိုက်ပြီး ရှေ့သို့ တိုးသွားသည်။
“နတ်ဘုရားဓား အစ်ကိုက တကယ်ပဲ အချိန်ကိုက်ပဲ။ စောလည်းမလာဘူး၊ နောက်လည်းမကျဘူး နော်။”
ထိုအခါ အေးစက်သော ဟွန်းခနဲအသံတစ်ခု ပဲ့တင်ထပ်လာသည်။
“လုံရှန်း… မင်း၊ မျက်နှာပြောင်တိုက်တဲ့ တာအိုအဘိုးကြီး၊ ထေ့ငေါ့တဲ့ စကားတွေ ရပ်လိုက်စမ်း။”
အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်များအားလုံး မကျေမနပ်ဖြစ်ဟန်များ ပြသကြသော်လည်း၊ တာအိုဆရာလုံရှန်းမှာမူ ပျော်ရွှင်နေဆဲဖြစ်ပါ၏။
နတ်ဘုရားဓားသခင်အဘိုးကြီး၏ ပင်ကိုစရိုက်ကို သူ ကောင်းစွာသိရှိထားသည်။
နင်ချီက ရှေ့သို့ ကြည့်လိုက်သည်။
ထို့နောက်မှာ သန်မာပြီး ကြံ့ခိုင်သော အဘိုးကြီးတစ်ဦး လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သူ၏မျက်လုံးများမှာ စူးရှပြီး၊ ကျောတွင် သာမန်ထက် ပိုပြားပြီး ပိုရှည်သော ဓားရှည် တစ်ချောင်းကို လွယ်ထားရာ၊ အတော်ပင် ကြမ်းတမ်းလှသည်။
သူသည် နတ်ဘုရားဓားသခင်အဘိုးကြီးမှလွဲ၍ အခြားသူ ဟုတ်ပါရိုးလား။
နတ်ဘုရားဓားသခင်အဘိုးကြီး၏ နောက်တွင် နတ်ဘုရားဓားဂိုဏ်း၏ တပည့်များ ရှိနေကြသည်။
ဤနတ်ဘုရားဓားဂိုဏ်းတပည့်များအားလုံးမှာ တက်ကြွသော ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ တည်ကြည်ခန့်ညားကာ ထက်မြက်ကြပြီး၊ ဓားသမားများ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ပြသနေသည်။
သို့သော် အစစ်အမှန်
သိုင်းတပည့်များအပေါ် သူတို့၏ အကြည့်မှာမူ ရန်လိုနေ၏။
ဒါက၊ နင်ချီ အကျွမ်းတဝင်ရှိသော အကြည့်မျိုး ဖြစ်သည်။
ယေဘုယျအားဖြင့်၊ ကလေးငယ်များ သူတို့၏ကစားစရာများကို အကြီးများက လုယူသွားပြီး ခုခံနိုင်စွမ်းမရှိသောအခါ၊ သူတို့သည် ဤသို့သော အမူအရာကို ဆောင်ကြဉ်းလေ့ ရှိသည်။
သို့သော်လည်း၊ ထူးခြားသော ပုံရိပ်တစ်ခုက နင်ချီ၏ အာရုံကို ဖမ်းစားသွားသည်။
တရားမျှတပြီး ဝကစ်ကစ် ကောင်လေးတစ်ယောက်၊ ဓားတစ်ချောင်းလွယ်ထားသည်။
စိတ်တင်တစားဖြင့် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်နေပြီး၊ နှာရည်ပင် စီးကျနေ သေးသည်။ သူက သိပ်မထက်မြက်ပုံ ပေါ်သည်။
ကောင်လေးသည် နင်ချီ၏ အကြည့်နှင့် ဆုံသွားပြီး၊ မျက်လုံးများ အရောင်တောက်ပလာကာ၊ ပေါတောတော ပြုံးပြနေစဉ် ဘေးမှ နတ်ဘုရားဓားဂိုဏ်း စီနီယာအစ်ကို တစ်ဦးက သူ့ကို နောက်သို့ ဆွဲခေါ်လိုက်သည်။
နင်ချီကလည်း ပြန်လည် ပြုံးပြလိုက်သည်။
“နတ်ဘုရားဓားအစ်ကိုကြီး… ဆယ်နှစ်တောင် ကြာသွားပြီ။ ခင်ဗျားက အရင်အတိုင်းပဲ ခန့်ညားထည်ဝါနေတုန်းပဲဗျာ။”
တာအိုဆရာလုံရှန်းက တအံ့တဩ ချီကျူးလိုက်သည်။
နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွား၏။
သူက တာအိုဆရာလုံရှန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ရာ၊ တိတ်တဆိတ် အံ့အားသင့်သွားပြီး ရှင်းလင်းစွာ မခွဲခြားနိုင်တော့ပေ။
နတ်ဘုရားဓားသခင်အဘိုးကြီးမှာ မအောင့်အည်းနိုင်ဘဲ ထုတ်မေးမိတော့သည်။
“မင်း အဲ့ဒီခြေလှမ်းကို လှမ်းပြီးသွားပြီလား။”
တာအိုဆရာလုံရှန်းက ခေါင်းခါလိုက်သည်။
“နည်းနည်းတော့ လိုသေးတယ်။”
နတ်ဘုရားဓားသခင်အဘိုးကြီးမှာ တိတ်ဆိတ်သွား၏။ ခဏအကြာတွင် သူက မကျေမချမ်း ဆိုသည်။
“မျက်နှာပြောင်တိုက်တဲ့ တာအိုအဘိုးကြီး… ဒီနှစ်တွေအတွင်း အစစ်အမှန်သိုင်းတောင်ပေါ်မှာ တကယ်ပဲ ကောင်းကောင်းနေနေတာပဲ။”
ထိုအခါ တာအိုဆရာလုံရှန်းက ပြုံးသည်။
“နတ်ဘုရားဓား အစ်ကိုကြီးရဲ့ ကောင်းချီးပေးမှုတွေကြောင့်ပါပဲ။ အစစ်အမှန်သိုင်းတောင်က သေချာပေါက် ကောင်းချီးပေးခံထားရတဲ့ နယ်မြေတစ်ခုပါ။”
နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်နှာမှာ ညိုမှောင်သွားပြီး၊ တစ်ဖက်သား၏ စကားများမှာ အလွန်ဒေါသထွက်စရာကောင်းသည်ဟု ခံစားလိုက်ရသော်လည်း၊ ချေပနိုင်ခြင်းမရှိပေ။
သူသည် အေးစက်စွာ ဟွန်းခနဲ နှာမှုတ်နိုင်ရုံသာ ရှိတော့သည်။
“ကျေနပ်ရောင့်ရဲမနေနဲ့။ အစစ်အမှန်သိုင်းတောင်က မင်းရဲ့စောင့်ရှောက်မှုအောက်မှာ ယာယီပဲ ရှိနေတာကွ။”
တာအိုဆရာလုံရှန်းက ခေါင်းခါလိုက်ပြီး၊ လေးနက်စွာ ရယ်မောလိုက်သည်။
“နတ်ဘုရားဓား အစ်ကိုကြီးသာ စကားတစ်ခွန်းပြောလိုက်တာနဲ့၊ အစစ်အမှန်သိုင်းတောင်က ခင်ဗျားရဲ့
ဟာ ပြန်ဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ တခြားနေရာ တစ်ခုကို ရိုးရိုးရှင်းရှင်း ရှာလိုက်ရုံပါပဲ။”
“တော်ပြီ… တော်ပြီ။”
နတ်ဘုရားဓားသခင် အဘိုးကြီးက ဒေါသတကြီး ဟစ်အော်လိုက်သည်။
“အဲ့ဒီစကားတွေ ချန်ထားခဲ့။ ငါ့ဘဝကို ငါနေတာ၊ တခြားသူတွေရဲ့ လမ်းညွှန်မှု မလိုအပ်ဘူး။ အစစ်အမှန်သိုင်းတောင်အတွက် လောင်းကြေးရှုံးသွားမှတော့၊ ငါ ကတိမဖျက်ဘူး။ ပြန်ယူမယ် ဆိုရင်လည်း ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ယူရမယ်။”
“လုံရှန်း… မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူးလို့ ထင်နေလို့၊ စိတ်အားထက်သန်စွာနဲ့ အလျှော့ပေးနေတာလား။”
“ငါ မင်းကို ပြောမယ်… မဖြစ်နိုင်ဘူး။”
“ဆယ်နှစ်တာ သဘောတူညီချက်ကို မင်း မေ့သွားပြီလို့တော့ မပြောနဲ့နော်။”
နတ်ဘုရားဓားသခင်အဘိုးကြီး၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးများပင် ထောင်ထလာပြီး၊ ခန့်ညားပြီး ကြမ်းတမ်းလှသည်။ သူ့အနောက်တွင် နတ်ဘုရားဓားဂိုဏ်း၏ တပည့်များမှာလည်း အရပ် အမောင်း မြင့်မြင့်မားမားနှင့် ဂုဏ်ယူစွာ ရပ်နေကြသည်။