← Chapters

မနာလိုခြင်း…

Vol. 2 Ch. 30

မနာလိုခြင်း…

Vol. 2 Ch. 30

~နင်ချီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ…

ကောင်လေး ကျွမ်းချန်သည် စကားအဆက်မပြတ်ပြောသော ပုံစံသို့ ပြောင်းသွားလေသည်။

"နင်ချီ၊ တကယ်ပြောတာ၊ မင်း နောက်ဆုတ်လိုက်ပါ"

"နင်ချီ၊ ခုနက ငါ့ခွန်အားအကုန် မဟုတ်သေးဘူးနော်"

"နင်ချီ၊ ဘာလို့ ငါ့ကို လျစ်လျူရှုထားတာလဲ"

"နင်ချီ၊ မင်းက သိပ်မတောက်ပြောင်ဘူးလား၊ သက်ပြင်းချစရာပဲ၊ မင်းသာ နောက်မဆုတ်ဘူးဆိုရင် ငါ မင်းကို ညှာတာပေးရလိမ့်မယ်"

ကျွမ်းချန်သည် နောက်ဆုံးတွင် ဤစကားကို မထိန်းနိုင်ဘဲ ပြောထွက်လိုက်သည့်အခါ လူတိုင်း၏ မျက်နှာအမူအရာများက

ထူးဆန်းသွားကြသည်။

နတ်ဘုရားဓားဂိုဏ်းမှ စီနီယာ တပည့်နှင့် နတ်ဘုရားဓားသခင်အဘိုးကြီး၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကြ၏။

တာအိုဆရာ လုံရှန်းကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဒီကောင်လေး တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။

နင်ချီသည် ကျွမ်းချန်ကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် စကားတစ်ခွန်း ဆိုလိုက်သည်။

"မင်း ဆက်ပြောနေရင် မင်းဆရာက မင်းကို ရိုက်လိမ့်မယ်"

ကျွမ်းချန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ တဖြည်းဖြည်း မည်းမှောင်လာသော နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်နှာကို မြင်လိုက်ရပြီး နှာခေါင်းကို အလိုလို ရှုံ့လိုက်မ်ိ၏။

သူသည် နောက်သို့ လက်လှမ်းကာ နက်မှောင်သော သစ်သားဓားကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ အမူအရာတစ်ခုလုံး ပြောင်းလဲသွားလေသည်။

စူးရှသော အရောင်အဝါတစ်ခုသည် တက်ကြွလည်ပတ်လာရာ နင်ချီကို အနည်းငယ် အံ့အားသင့်စေသည်။

တိုက်ရိုက်ရင်ဆိုင်မှသာ အချို့လူများသည် ဤမျှလောက် ပြောင်းလဲနိုင်သည်ကို သူ သိရှိလိုက်ရ၏။

ယခင်က ကျွမ်းချန်သည် အစားအသောက်ကြိုက်သော တုံးအအ ကောင်လေးတစ်ယောက်သာ ဖြစ်ခဲ့လျှင်၊ ယခုတွင်မူ သူသည် တုနှိုင်းမဲ့ ဓားသိုင်းသမားတစ်ဦး၏ အစောပိုင်းပုံရိပ်ကို ဆောင်ကြဉ်းထားသကဲ့သို့ ရှိသည်။

"နင်ချီ၊ မင်း လက်နက်မပါဘူးလား"

ကျွမ်းချန်၏ အသံသည် ယခင်က

လေးနက်မှုနှင့် မတူဘဲ၊ ဤအခြေအနေတွင် သူသည် နင်ချီ၏ ရှုပ်ထွေးမှုကို မြင်နေရသကဲ့သို့ ရှိလေ၏။

နင်ချီသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

"ငါလည်း ဓားသုံးတယ်"

သူသည် ဓားသိုင်းတာအိုကို အထူးပြုလေ့လာခဲ့ခြင်း မရှိသော်လည်း၊ ဓားသိုင်းကျမ်းများစွာကို ဖတ်ရှုခဲ့သည်။

သူ၏ အရည်အချင်းဖြင့် အခြားသူများ အပင်ပန်းခံ ကြိုးစားသမျှထက် ပိုမို၍ အလိုအလျောက် နားလည်သဘောပေါက်နိုင်သည်။

ထို့အပြင်၊အခြေခံ

သဘောတရားတစ်ခုကို နားလည်လျှင် အရာအားလုံးကို နားလည်နိုင်သည်၊ အစုံစုံသောသိုင်းလက်သီးကွက်သည် အစုံစုံသောဓားသိုင်းကွက်ပင် ဖြစ်သည်။

ထိုကောင်လေးသည် ဓားသိုင်းပညာတွင် တုနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်နိုင်သော်လည်း၊ နင်ချီ၏ ရှေ့တွင်မူ သူသည် အနည်းငယ်တော့ ရင့်ကျက်မှု မရှိသေးပေ။

ကျွမ်းချန်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များဖြင့် အရောင်တောက်လာသည်။

"ဒါဆို ဘာလို့ မင်းဓားကို မထုတ်သေးတာလဲ"

သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက်…

အစစ်အမှန် သိုင်းဂိုဏ်းဘက်မှ ယဲ့ချင်းဟယ်၏ အသံထွက်ပေါ်လာသည်။

"ကိုးလေး၊ ဓားကို ဖမ်းလိုက်"

နင်ချီ၏ အရပ်နှင့် ကိုက်ညီသော သစ်သားဓားတစ်ချောင်း ပျံသန်းလာပြီး၊

နင်ချီသည် နောက်သို့မလှည့်ဘဲ အားစိုက်ထုတ်စရာမလိုဘဲ ဖမ်းယူလိုက်ရာ ဓားသည် အသက်ဝင်နေသကဲ့သို့ လက်ထဲသို့ အံဝင်ခွင်ကျ ကျရောက်လာလေ၏။

သာမန်မျက်လုံးများဖြင့် ကြည့်လျှင် အထူးအဆန်း မဟုတ်သော်လည်း၊ နတ်ဘုရားဓားသခင်အဘိုးကြီးသည် မျက်လုံးများကို ချက်ချင်း ကျဉ်းမြောင်းလိုက်သည်။

အနည်းငယ် စိတ်ရှုပ်ထွေးပြီး မသေချာသလို ဖြစ်နေသည်။

နင်ချီ၏ ရှုပ်ထွေးမှုကို ခံစားမိသကဲ့သို့ ကျွမ်းချန်သည် မပြုံးဘဲ မနေနိုင်တော့ပေ။

ဓားသိုင်းလေ့ကျင့်ခြင်းသည် သူ၏ အကြီးမားဆုံး ဝါသနာဖြစ်ပြီး၊ အမျိုးမျိုးသော ဓားသိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်ရခြင်းကို သူ နှစ်သက်သည်။

သို့သော် နတ်ဘုရား

ဓားဂိုဏ်းအတွင်းတွင် သူ၏ သက်တူရွယ်တူ တိုက်ခိုက်ဖော် တစ်ယောက်မျှ မရှိသလို၊ သူ့ထက် အသက်အနည်းငယ်ကြီးသူများပင် မရှိချေ။

"နင်ချီ၊ သတိထား"

သူ၏ ဝတုတ်သော ကိုယ်လုံးသည် တုနှိုင်းမဲ့ သွက်လက်မှုဖြင့် လှုပ်ရှားလိုက်သည်။ သူသည် အကြောအခြင်ကျင့်ကြံခြင်း ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ထူးကဲသော ခံနိုင်ရည်နှင့် သွက်လက်မှုကို ပေးစွမ်းပြီး၊ မယုံနိုင်စရာ ကောင်းသော အရာများကို လုပ်ဆောင်နိုင်စေသည်။

ယခုကဲ့သို့ပင်…

ကျွမ်းချန်သည် သူ၏ဓားကို ထိုးစိုက်လိုက်ရာ၊ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ဓားပန်းပွင့်ပေါင်း ဒါဇင်ဝက်ခန့် ပွင့်လန်းလာခဲ့ပြီး ပရိသတ်များထံမှ အံ့ဩတကြီး အာမေဋိတ်သံများ ထွက်ပေါ်လာစေသည်။

ကျွမ်းချန်သည် ယခင်က တုံးအအနိုင်သော အမူအရာနှင့်မတူဘဲ လေးနက်တည်ကြည်နေပြီး စူးရှသော ရည်ရွယ်ချက်ကို ထုတ်လွှတ်နေလေ၏။

ဓားပန်းပွင့်များသည် ပေါ့ပါးလွင့်မျောနေသယောင် ထင်ရသော်လည်း၊ အိုးကြီးတစ်လုံး၊ ကျောက်တုံးကြီးတစ်တုံးကဲ့သို့ လေးလံသော ခံစားမှုကို ဆောင်ကြဉ်းပေးသည်။

"ပေါ့ပါးမှုကို လေးလံစေခြင်း"

ချင်ယွင်က ရှင်းလင်းစွာ ထုတ်ပြောလိုက်ပြီး သူ၏အကြည့်က စူးစိုက်နေသည်။

အစောပိုင်းက ကျွမ်းချန်သည် လေးလံမှုကို ပေါ့ပါးစေခြင်း၏ အဆင့်မြင့်အခြေအနေကို ပြသခဲ့ပြီးဖြစ်ကာ၊ ယခုတွင်မူ ပေါ့ပါးမှုကို လေးလံစေခြင်း ဓားကွက် ဒါဇင်ဝက်ခန့်ကို အလွယ်တကူ ထုတ်ဖော်လိုက်သည်။

ဓားသိုင

ယခုလို တာအို အခြေအနေသည် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်းမှာ စိတ်ကူးပင် မယဉ်နိုင်စရာပင်။

"ဒါက မွေးရာပါ ဓားသိုင်းအရိုးလား"

ချင်ယွင် တိတ်တဆိတ် တွေးတောနေမိသည်။

အစပိုင်းတွင် သူသည် နတ်ဘုရားဓားသခင်အဘိုးကြီး၏ ပြောဆိုချက်များကို သံသယဝင်ခဲ့သော်လည်း၊ ယခုတွင်မူ သူ ဆိတ်ငြိမ်နေလေပြီ။

နင်ချီသည် သစ်သားဓားကို ပေါ့ပေါ့ပါးပါး ကိုင်ထားသည်။

လက်ရှိတွင် သူ၏ရုပ်ခန္ဓာသည် အပြစ်အနာအဆာကင်းပြီး ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။ သူသာ အားအပြည့်သုံးမည်ဆိုလျှင် ထိုကောင်လေးကို အလွယ်တကူပင် ကြေမွသွားစေနိုင်သည်။

တာအိုဆရာ လုံရှန်းပင်လျှင် သူ၏ အလွန်အမင်း ခိုင်မာသော အခြေခံကို မသိရှိချေ။

နင်ချီ၏ ဓားသိုင်း တာအို အဆင့်သည် ကျွမ်းချန်ထက် များစွာသာလွန်သည်ကို မပြောနှင့်ဦး၊ သူတို့သည် တစ်တန်းတည်း မဟုတ်ကြပေ။

သို့သော် ဤမျှလောက် ထင်ပေါ်အောင် လုပ်ရန်မလိုအပ်ပါ။

နင်ချီ လှုပ်ရှားလိုက်သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် ဂိုဏ်းချုပ်အဆင့် ပုဂ္ဂိုလ်တစ်ဦးပိုင်ဆိုင်သော နဂါးဇီးကွက်ဓားကို စိတ်ဝင်စားသောကြောင့်ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့ဂိုဏ်း၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်ဖြစ်သည်။

ဆရာ စိတ်မအားသည့်အခါ တပည့်က ရှေ့ထွက်ရမည်၊

ဤမျက်နှာ(ဂုဏ်သိက္ခာ)ကို သူ၊ နင်ချီက ရယူပေးရမည်။

တာအိုဆရာ လုံရှန်း လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ၎င်းမှာ သူ၏ကိစ္စသာ ဖြစ်သည်။

ဒီကောင်လေးနဲ့ ဆင်တူတဲ့ ခန္ဓာကိုယ်စွမ်းအားကိုပဲ သုံးလိုက်ရင် ကောင်းမလား

နင်ချီအတွက်မူ ၎င်းမှာ ခက်ခဲသော အလုပ်မဟုတ်ပေ။

ဓာအလင်းသည် ချဉ်းကပ်လာသည်။

နင်ချီကတော့ မလှုပ်မယှက် ရပ်နေသည်။

ဤအပြုအမူက နတ်ဘုရားဓားဂိုဏ်းမှ လူအုပ်ကို စိတ်ရှုပ်ထွေးစေသည်။

သို့သော် ကျွမ်းချန်သည် မကြုံစဖူးသော ဖိအားကို ခံစားနေရ၏။

နင်ချီသည် ဓားမထုတ်သေးဘဲ၊ အေးအေးလူလူ ရပ်နေရုံသာဖြစ်သော်လည်း၊ သူသည် မမြင်နိုင်သော ဓားများစွာနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏နဖူးတွင် ချွေးများ စို့နေလေပြီ။

ဤသို့သော ပြိုင်ဘက်မျိုးကို ကျွမ်းချန် တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ကျွမ်းချန် မာန်သွင်းကာ အော်ဟစ်လိုက်သည်။

နောက်ဆုံးတွင် ဖိအားကို မခံနိုင်တော့ပေ။

သူသည် အင်အားအကုန်သုံးလိုက်ရာ၊ ဓားပန်းပွင့်ဒါဇင်ဝက်ခန့် ပျောက်ကွယ်သွားပြီး သစ်သားဓားသည် ရှေ့သို့ တည့်တည့်

ထိုးစိုက်သွားသော်လည်း၊ ၎င်းမှထွက်ပေါ်လာသော ထိုးဖောက်သံက ရှင်းလင်းစွာ ပဲ့တင်ထပ်နေလေသည်။

တာအိုဆရာ လုံရှန်းသည် မအံ့ဩဘဲ မနေနိုင်တော့ချေ။

"ဒါက… လူနှင့် ဓား တစ်ထပ်တည်းကျခြင်းလား"

ကျွမ်းချန်သည် ဤအဆင့်ကို အခြေခံမျှသာ နားလည်သော်လည်း၊ ၎င်းမှာ အထင်ကြီးစရာပင်။

နတ်ဘုရားဓားသခင်အဘိုးကြီးသည် ဤတစ်ကြိမ်တွင် ဂုဏ်ယူမနေတော့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် နင်ချီထံတွင် ပို၍အံ့ဩစရာကောင်းသော အရာကို မျက်မြင်

တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူ၏မျက်လုံးများတွင် တုန်လှုပ်သောအကြည့်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

ထိုစဥ် နင်ချီ နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

ကျွမ်းချန်ကို တည်ငြိမ်စွာ ကြည့်ရင်း၊ သူသည် ဓားကို ပေါ့ပေါ့ပါးပါးပင် မြှောက်ကိုင်လိုက်ပြီး လေပြေညင်းက မိုးမခပင်ကို ညင်သာစွာ ပွတ်သပ်သွားသည့်အလား ခုတ်ပိုင်းချလိုက်လေ၏။

အရှိန်နှင့် စွမ်းအားသည် ထူးခြားမှုမရှိဘဲ၊ ကျွမ်းချန်ထက်ပင် ကြီးမားနိုင်သော်လည်း၊ ၎င်းတွင် အရာအားလုံးကို လွှမ်းခြုံနိုင်သော အလှတရားနှင့် အနုပညာသဘောတရားတစ်ခု ပါဝင်နေသည်။

ကျွမ်းချန်၏ မျက်လုံးထဲတွင်…

နင်ချီ၏ လက်ထဲမှ ဓားသည် လေတစ်ချက်၊ တိမ်တစ်စကဲ့သို့ ပေါ့ပါးဆန်းကြယ်သော်လည်း၊ နေရာတိုင်းတွင် ရှိနေပြီး ရှောင်လွှဲမရနိုင်ပေ။

ကျွမ်းချန်သည် မျက်လုံးများ ကျယ်ပြန့်သွားပြီး၊ ဆွံ့အသွားသည်။

သူ သတိ ပြန်ဝင်လာသည့်အခါမှာတော့…

သူ၏ဓားသည် မြေပြင်ပေါ်သို့ မည်သို့မည်ပုံ ကျသွားသည် မသိလိုက်ဘဲ၊ နင်ချီ၏ဓားကမူ သူ၏ ဗိုက်ပူပူလေးကို ထောက်ထားလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

နင်ချီသည် ထိုကောင်လေး၏ ဗိုက်ကို ဓားဖြင့် တို့လိုက်ရင်း ပြုံးလိုက်သည်။

"ဓားကို ဒီလိုသုံးရတယ်ကွ"

ကြောင်ငေးနေသော ကောင်လေးကို ကြည့်ရင်း၊ ကလေးတစ်ယောက်ကို အနိုင်ကျင့်ရသည့် အပြစ်ရှိသော ပျော်ရွှင်မှုကို သူ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင်…

သိုင်းကွင်းပြင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပတ်ဝန်းကျင်မှ လူတိုင်းသည် မြင်ကွင်းကြောင့် ဆွံ့အသွားကြ တော့၏။ နတ်ဘုရားဓားဂိုဏ်းမှ အဖွဲ့ဝင်များမှာ မယုံနိုင်ဖြစ်ကာ ကျွမ်းချန် ချက်ချင်းရှုံးနိမ့်သွားသည်ကို မယုံကြည်နိုင်ကြပေ။

အစစ်အမှန် သိုင်းဂိုဏ်းအတွင်း၌ နင်ချီ၏ အစွမ်းအစကို တစ်ခါမျှ မမြင်ဖူးသော တပည့်များသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။

"ကိုးယောက်မြောက် ဆရာ ဦးလေး (ကိုးယောက်မြောက် အစ်ကိုကြီး) က တကယ်ပဲ ဒီလောက် အစွမ်းထက်တာလား"

ထိုအခါ ယဲ့ချင်းဟယ်သည် တိတ်တဆိတ် လျှာထုတ်လိုက်သည်။

"ကိုး‌လေးက တကယ်ပဲ မိစ္ဆာဆန်လိုက်တာ၊ သူ့ရဲ့ ဓားသိုင်းတာအို အဆင့်ကို ငါ နားတောင်မလည်နိုင်ဘူး"

သူမသည် အစပိုင်းတွင် နင်ချီက ထိုကောင်လေးကို အလွန်အမင်းစွမ်းအားဖြင့် အနိုင်ယူလိမ့်မည်ဟု ထင်ခဲ့သော်လည်း၊ ဓားသိုင်းတာအိုဖြင့် ဖိနှိပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

တစ်ခဏအတွင်းမှာပင် နင်ချီသည် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့သည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏အကြည့်က ရှုပ်ထွေးနေသည်။

ဝမ်းမြောက်မှုများ ပြည့်နှက်နေသော်လည်း၊ ခါးသီးမှု အနည်းငယ် ရောယှက်နေလေသည်။

နတ်ဘုရားဓားသခင်အဘိုးကြီး၏ နှလုံးသားထဲတွင် ခံစားချက်မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။

ဤအခိုက်အတန့်တွင်…

တာအိုဆရာ လုံရှန်းသည် အဘယ်ကြောင့် အစောပိုင်းက အံ့ဩရုံသာဖြစ်ပြီး မနာလိုမဖြစ်ခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားလေပြီ။

ဒီလို တပည့်တစ်ယောက် ရှိနေလျှင်၊ မည်သူက အခြားသူများ၏ တပည့်များကို မနာလိုဖြစ်နေမည်နည်း။

နတ်ဘုရားဓားသခင်အဘိုးကြီးသည် မနာလိုမှုနှင့် မကျေနပ်မှုများကို ဖိနှိပ်လိုက်ပြီး ခါးသီးမှုများ ပြည့်နှက်နေသော လေသံဖြင့် ဆိုလိုက်သည်။

"ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားသိုင်းအနှစ်သာရကို နားလည်ပြီး၊ ကိုယ်ပိုင် ဓားသိုင်းလမ်းကြောင်းကို ဖောက်လုပ်နိုင်တယ်၊ ဓားသိုင်းသူတော်စင်တစ်ပါးရဲ့ အရိပ်အယောင်တွေ… လုံရှန်း၊ မင်း ဘယ်လိုကံကောင်းမှုမျိုး ကြုံခဲ့တာလဲကွ…"

ထိုအခါ တာအိုဆရာ လုံရှန်းသည် အားရပါးရ ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်လိုက်သည်။

"အိုးဟိုးဟိုး..နတ်ဘုရားဓား အစ်ကိုကြီး မြှောက်လွန်းနေပါပြီ”

တိတ်တဆိတ်ပင် လုံရှန်း၏ သတိထားမှုက ပိုမိုမြင့်တက်လာပြီး၊ နတ်ဘုရားဓားသခင်အဘိုးကြီး၏ အသံထဲမှ မနာလိုမှုနှင့် လောဘကြီးမှုတို့သည် မသေးငယ်ကြောင်း ရိပ်စားမိသည်။

ပရိသတ်ကို မကြေညာမီမှာပင်…

နင်ချီသည် ပုံမှန်လို တည်ငြိမ်နေပြီး၊ နတ်ဘုရားဓားသခင်အဘိုးကြီး၏

တုံးအသော တပည့်ကို တစ်ချက်ကြည့်လိုက်ရာ နတ်ဘုရားဓားသခင်အဘိုးကြီး၏

နှလုံးသားထဲတွင် ချဉ်စုတ်စုတ် ခံစားမှုက တစ်ဖန် ပြန်လည်ပေါ်ပေါက်လာသည်။

ထိုအခိုက်အတန့်တွင်…

ကျွမ်းချန်သည် သတိပြန်ဝင်လာသည်။

သူ၏မျက်လုံးများတွင် တောက်လောင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ ရုတ်တရက် ဒူးထောက်ချလိုက်သည်။

"ကျွန်တော် ဓားကို ဘယ်လို ကောင်းကောင်းကိုင်ရမှန်း မသိဘူးဆိုတာ နားလည်သွားပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ"

ထိုအခိုက်အတန့်၌

နတ်ဘုရားဓားသခင်အဘိုးကြီး၏ မျက်နှာသည် ဒယ်အိုး အောက်ခြေကဲ့သို့ မည်းမှောင်သွားလေသည်။

…ဒီပုန်ကန်တဲ့ တပည့်ကတော့…

All Chapters