← Chapters

အရိုးသန့်စင်ခြင်း အထွတ်အထိပ်...

Vol. 2 Ch. 17

အရိုးသန့်စင်ခြင်း အထွတ်အထိပ်...

Vol. 2 Ch. 17

~ထို့နောက်တွင်မူ…

နင်ချီ၏ ဘဝသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။

သူ၏ နေအိမ်အသစ်သို့ ပြောင်းရွှေ့ပြီးသည့်နောက် သိုင်းကျမ်းတိုက်နှင့် နီးကပ်နေခြင်းက သူ့ကို အတောင်ပံစုံလင်စွာဖြင့် ပျံသန်းနိုင်စေခဲ့၏။

သူသည် နေ့စဉ် သိုင်းပညာကို လေ့ကျင့်ပြီး အားလပ်ချိန်များတွင် သိုင်းကျမ်းတိုက်ထဲ၌ နစ်မြုပ်နေကာ ထိုနေရာမှ အာဟာရဓာတ်များကို လောဘတကြီး စုပ်ယူလျက် သူ၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

ဤအချက်ကြောင့်ပင်…

နင်ချီသည် သိုင်းပညာ၏ နိယာမတရားများကို ဆင်ခြင်သုံးသပ်သည့်အခါတိုင်း ယခင်ကထက်ပင် ပို၍ နတ်ဘုရားတို့၏ ကူညီစောင်မမှုကို ရရှိနေသကဲ့သို့ ခံစားနေရလေသည်။

တာအိုဆရာ လုံရှန်း၏ မှာကြားချက်များကြောင့် အခြားစီနီယာအစ်ကိုများမှာ သူ့ကို လာရောက်အနှောင့်အယှက်ပေးခြင်းမှာ အလွန်ပင် ရှားပါးလှပြီး နင်ချီသည်လည်း ဤအခြေအနေကို နှစ်သက်၏။ သူသည် အနည်းငယ်မျှပင် ပျင်းရိငြီးငွေ့သည်ဟု မခံစားရပေ။ သူ၏ ပြည့်စုံလုံလောက်သော အာရုံခံနိုင်စွမ်းနှင့်အတူ ကျင့်ကြံခြင်း၏ ပျော်ရွှင်မှုမှာ အဆုံးမရှိ ချဲ့ထွင်ခံထားရပြီး အခိုက်အတန့်တိုင်းကို သူ မြိန်မြိန်ယှက်ယှက် အရသာခံနိုင်ခဲ့သည်။

တစ်ကိုယ်တည်းနေရခြင်းက သူ့ကို အလွန်ပင် ကျေနပ်စေခဲ့၏။ ဤသည်မှာ သူ၏ ယခင်ဘဝထက် များစွာ သာလွန် ကောင်းမွန်လှပေသည်။

ထို့အပြင် သူ၏ဆရာနှင့် စီနီယာအစ်ကို၊ အစ်မများစွာတို့သည် သူ့ကို လျစ်လျူရှုထားခြင်းမဟုတ်ဘဲ သူ့ကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ယခင်ကဲ့သို့ အကြိမ်များစွာ လာရောက်လည်ပတ်ခြင်း မပြုကြတော့ခြင်းသာ ဖြစ်သည်။

ယဲ့ချင်းဟယ်သည်သာလျှင် အလာအများဆုံးသူအဖြစ် ရှိနေဆဲပင်။

စီနီယာအစ်ကို တစ်ဦးဦး တောင်အောက်သို့ ဆင်းသည့်အခါတိုင်း သူတို့သည် နင်ချီအတွက် လက်ဆောင်ပစ္စည်းများကို အမြဲယူဆောင်လာကြပြီး ယဲ့ချင်းဟယ်မှတစ်ဆင့် ပေးအပ်စေခဲ့သည်။ သို့သော်ငြားလည်း ထိုလက်ဆောင်ပစ္စည်းများ၏ အမျိုးအစားမှာ တဖြည်းဖြည်း ပုံစံ တစ်ခုတည်းသို့ ပြောင်းလဲလာခဲ့ပြီး အဓိကအားဖြင့် စာအုပ်များသာ ဖြစ်လာခဲ့တော့သည်။

လူတိုင်း သိကြသည်က…သူတို့၏ ဂျူနီယာညီငယ်လေးသည် စာဖတ်ခြင်းကို နှစ်သက်ပြီး မကြာခဏဆိုသလို သိုင်းကျမ်းတိုက်ထဲတွင်သာ နေထိုင်ကာ အောက်သို့ပင် ဆင်းမလာတော့ချေ။

သို့ဖြစ်သော်ငြားလည်း…

နင်ချီအား တိတ်တဆိတ် သက်ပြင်းချမိစေသည့် အရာတစ်ခုမှာ သူ၏ စီနီယာအစ်ကိုရှစ်သည် ယခင်ကကဲ့သို့ သူနှင့် ရင်းနှီးမှုမရှိတော့ခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် ချင်ယွင်သည် နင်ချီ၏ နေအိမ်သစ်သို့ တစ်ကြိမ်တစ်ခါ ရောက်ရှိလာခဲ့သော်လည်း ခဏတာမျှသာ နေထိုင်ခဲ့၏။ ကျင့်ကြံခြင်းနှင့် ပတ်သက်သော စကားအချို့ကို ပြောဆိုကာ ထွက်ခွာသွားခဲ့ပြီးနောက် မည်သည့်အခါမျှ ပြန်မရောက်လာတော့ပေ။

တပည့်ရင်း အားလုံး စုဝေးကြသော ပွဲတော်ရက်များတွင်သာ သူတို့ တစ်ယောက်ကိုတစ်ယောက် မြင်တွေ့ကြရတော့သည်။ သဘာဝအတိုင်းပင် တွေ့ဆုံသည့်အခါတိုင်း ချင်ယွင်သည် ပြုံးနေဆဲဖြစ်ပြီး၊ အကယ်၍ သူ တောင်အောက်သို့ ဆင်းပါက နင်ချီအတွက် စာအုပ်များ ယူဆောင်လာပေးဆဲပင်။ သို့သော်ငြားလည်း ထိုအပြုအမူများထဲတွင် သိသာထင်ရှားသော စိမ်းကားမှုတစ်ခု ရှိနေသည်ကိုမူ ခံစားသိရှိနိုင်လေသည်။

နင်ချီ အကြမ်းဖျင်း ခံစားမိသည်မှာ…

စီနီယာအစ်ကိုရှစ်သည် သူ့အပေါ် အနည်းငယ်

မနာလို ဖြစ်နေပုံ ရ၏။ ဖြစ်နိုင်သည်မှာ သူ၏ ပါရမီကြောင့် သို့မဟုတ် ဆရာ၏ မျက်နှာသာပေးမှုကြောင့် ဖြစ်တန်ရာသည်။

သူသည် စိတ်မကောင်းသာ ဖြစ်ခဲ့ရ၏။

မည်မျှပင် ပါရမီ ထူးချွန်နေပါစေ၊ သူတစ်ပါး၏ အတွေးများကိုတော့ နင်ချီ မထိန်းချုပ်နိုင်ပါပေ။

နင်ချီ လုပ်နိုင်သမျှမှာ တတ်နိုင်သမျှ မိမိကိုယ်ကိုယ် နှိမ့်ချစွာ နေထိုင်ရန်သာ ဖြစ်သည်။ သူသည် သူ၏ အချိန်အများစုကို သိုင်းကျမ်းတိုက်နှင့် သူ၏ ကိုယ်ပိုင်ခြံဝင်းထဲတွင် ကျင့်ကြံရင်း ကုန်ဆုံးစေခဲ့သည်။ ရံဖန်ရံခါတွင်မူ သူသည် တစ်ကိုယ်တည်း သဘာဝတရားကို ရှုစားလေ့ရှိ ပါသည်။

တဖြည်းဖြည်းနှင့် အစစ်အမှန် သိုင်းဂိုဏ်း၏ ဤနဝမမြောက် တပည့်သည် အပြင်စည်းနှင့် အတွင်းစည်း တပည့်များစွာတို့အတွက် ပို၍ပို၍ နက်နဲ ဆန်းကြယ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့တော့သည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင်…

တစ်နှစ်နီးပါး ကုန်လွန်သွားခဲ့လေပြီ။

နင်ချီသည် အသက်လေးနှစ်အရွယ်သို့ ရောက်ရှိခဲ့၏။

သိုင်းကျမ်းတိုက်အတွင်း၌ တာအိုဝတ်ရုံဖြူဝတ်ဆင်ထားသော အရပ်ပုပု ပုံရိပ်လေးတစ်ခုသည် လက်များ နောက်သို့ ပစ်ကာ ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုရင်း သူ့ဘာသာသူ တီးတိုးရေရွတ်နေလေသည်။

"ဒီ ‘ကျားသတ်လက်သီးသိုင်း’ က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ။ အကယ်၍ တစ်စုံတစ်ယောက်က ကျားသတ်လက်သီးသိုင်းရဲ့ အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့ရင် အဲ့ဒီအစွမ်းက ရင်ကိုထိမှန်ပြီး ဝိညာဉ်ကိုပါ ဖမ်းစားနိုင်စွမ်းရှိတယ်။ တကယ့်ကို လက်ရာမြောက်တဲ့ သိုင်းကွက်တစ်ခုပဲ။"

နင်ချီ၏ မျက်လုံးများထဲတွင် အနည်းငယ်သော အထင်ကြီးလေးစားမှုအရိပ်အယောင်တို့ ထင်ဟပ်နေသည်။

သူ၏ အတွေးများ လည်ပတ်သွားသည့် အခိုက်အတန့်မှာပင် သူသည် ကျားသတ်လက်သီးသိုင်းကို နားလည်သဘောပေါက်သွားခဲ့ပြီးဖြစ်ကာ၊ ထိုသိုင်းကွက်၏ အနှစ်သာရကိုပင် ထုတ်ယူ၍ သူကိုယ်တိုင်ဖန်တီးထားသော ‘အစစ်အမှန် လက်သီးသိုင်း’ ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်လေသည်။

ခန္ဓာကျင့်စဉ်သည် ကိုယ်ခန္ဓာသန့်စင်ခြင်း နည်းစနစ်တစ်ခုဖြစ်သည်။ ထိုအထဲတွင် တိုက်ခိုက်ရေးနည်းစနစ်များ ပါဝင်သော်လည်း တိုက်စစ်ပိုင်းကို အထူးပြုသော သိုင်းပညာများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အားနည်းပေသည်။

ထို့ကြောင့် အားလပ်ချိန်များတွင် နင်ချီသည် တိုက်စစ်ပိုင်းဆိုင်ရာ သိုင်းကွက်အချို့ကို လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင် အရာအားလုံးကို လွှမ်းခြုံနိုင်သော၊ ပြိုင်ဘက်ကင်းသော ဤ ‘အစစ်အမှန်သိုင်းလက်သီးသိုင်း’ ကို ဖန်တီးနိုင်ခဲ့သည်။ ဤသိုင်းကွက်သည် ကိုယ်ခန္ဓာသန့်စင်ခြင်းနယ်ပယ်တွင် အရှုံး မရှိဟုပင် သတ်မှတ်နိုင်လောက်ပေသည်။

နင်ချီသည် အသက်ရှည်ခြင်း လမ်းကြောင်းကို ရှာဖွေနေသည်မှန်သော်လည်း…

လမ်းကြောင်း အကာအကွယ်ပေးသော သိုင်းကွက်များကိုလည်း လိုအပ်နေသေးသည်။

သို့မဟုတ်ပါက ကျင့်စဉ်အဆင့်သာ ရှိပြီး အကာအကွယ်မရှိပါက မလွဲမသွေ အသတ်ခံရပေလိမ့်မည်။

လက်သီးသိုင်း၊ ကိုယ်ဖော့သိုင်း၊

ဓားနှင့် လှံသိုင်းပညာရပ်များအားလုံးကို နင်ချီလေ့လာခဲ့ပြီး သူ၏ အဓိကလေ့ကျင့်မှုများမှာ သာမန်လူတို့အတွက် စိတ်ကူးပင် မယဉ်နိုင်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေခဲ့လေပြီ။

တစ်နှစ်တာကာလအတွင်း သူသည် အလွန်အမင်း ကြီးထွားလာခဲ့၏။ နေ့စဉ် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုရင်း သူသည် သိုင်းကျမ်းတိုက်ရှိ စာအုပ်များ၏ အနည်းဆုံး ဆယ်ပုံတစ်ပုံကို ဖတ်ရှုပြီးဖြစ်ကာ ၎င်းတို့ကို သူ၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ သိုင်းပညာဆိုင်ရာ အသိပညာနှင့်ပတ်သက်လာပါက ချီစွမ်းအင်နယ်ပယ်မှ ပညာရှင်များပင်လျှင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

နင်ချီသည် ကျားသတ် လက်သီးသိုင်းကျမ်းကို နေရာတကျပြန်ထားလိုက်ပြီး အကြောဆန့်ကာ သူ၏ အတွေးများကို အဝေးသို့ လွင့်မျောစေလိုက်သည်။

"တစ်နှစ်အတွင်းမှာပဲ ငါ ‘အရိုးသန့်စင်ခြင်း အထွတ်အထိပ်’ အဆင့်ကို ရောက်ခဲ့ပြီ။ ဒီလိုနဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း အပြင်စည်းလေးရပ်က လုံးဝဥဿုံ ပြည့်စုံသွားခဲ့ပြီ။ အခုဆိုရင် လက်တစ်ဖက်တည်းနဲ့တောင် ငါ ပေါင်ငါးထောင်အားကို ထုတ်နိုင်တယ်၊ ဒါက ငါ့စီနီယာအစ်ကိုတွေရဲ့ အခြေခံအုတ်မြစ်ထက် အများကြီး ပိုခိုင်မာတယ်။ သူတို့ ဒီနယ်ပယ်ကို ရောက်တုန်းက ပေါင်သုံးထောင်ပဲ ရှိခဲ့တာ။"

"ဒါပေမဲ့ ဒါနဲ့လည်း မလုံလောက်သေးဘူး၊ ဒါက ငါ စိတ်ကူးထားတဲ့ ပြည့်စုံတဲ့ အခြေခံအုတ်မြစ် မဟုတ်သေးဘူး။"

"အပြင်စည်းလေးရပ်ကို ရောက်ဖို့ တစ်နှစ်အချိန်ယူခဲ့ရတယ်၊ အတွင်းစည်းလေးရပ်ကို ပြည့်စုံစေပြီး အတွင်းအပြင် ပေါင်းစည်းညီညွတ်ကာ အတွင်းအနှစ်သာရနယ်ပယ်ကို ခြေလှမ်းဖို့ဆိုရင် နောက်ထပ် နှစ်နှစ်လောက် အချိန်ယူရဦးမယ်၊ ဆိုလိုတာက ခြောက်နှစ်သားအရွယ်မှာ ငါ အတွင်းအနှစ်သာရနယ်ပယ်ကို ခြေလှမ်းနိုင်မယ်။"

"သာမန်လူတွေနဲ့ နှိုင်းယှဉ်ရင် ဒီအရှိန်က အရမ်းကို မြန်နေပြီ၊ ဒါပေမဲ့ ငါက ဒီထက် ပိုမြန်နိုင်သေးတယ်။"

နင်ချီသည် သူ၏ အကြည့်ကို သိုင်းကျမ်းတိုက်အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။

အမှန်စင်စစ် လွန်ခဲ့သော တစ်လခန့်ကတည်းက သူသည် ‘ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်’ သို့ ခြေလှမ်းနိုင်ခဲ့သော်လည်း သူက အဆင့် မချိုးဖြတ်ရန်

ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဖြည်းညှင်းစွာ သွားခြင်းသည် အရှိန် မြှင့်တင်ရန်အတွက် ဖြစ်၏။

"ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ သိုင်းပညာ လေ့ကျင့်တာအပြင် ငါ့ရဲ့ စွမ်းအင် အများစုကို ခန္ဓာကျင့်စဉ်ကို ဖန်တီးတဲ့ နေရာမှာ အသုံးပြုခဲ့တယ်။ ဖြစ်နိုင်တာက ကန့်သတ်ချက် တစ်ခုကို ရောက်သွားလို့ ထင်တယ်၊ ဒီခန္ဓာကျင့်စဉ်ကို ဖန်တီးရတာ ငါ မျှော်လင့်ထားတာထက် အများကြီး ပိုကြာခဲ့တာပဲ။"

"ဒါပေမဲ့ အခုတော့ အတော်လေး နီးစပ်နေပါပြီ။ ခန္ဓာကျင့်စဉ်ရဲ့ အနှစ်သာရက ငါ့မျက်စိထဲမှာ ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူး။ ခန္ဓာကျင့်စဉ်ပေါင်း တစ်ရာကျော်ကို နားလည်ပြီးနောက်မှာတော့ ရက်အနည်းငယ်အတွင်းမှာ ဒီ ‘အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်’ က သေချာပေါက် အောင်မြင်ရမယ်။"

နင်ချီ၏ မျက်လုံးများမှာ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

သူ၏ စိတ်ကူးထဲတွင် အကြွင်းမဲ့ ခန္ဓာကျင့်စဉ်၏ အထက်၌ အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ် တည်ရှိနေ၏။ အကယ်၍ သူ အောင်မြင်နိုင်ခဲ့ပါက

တစ်နှစ်အတွင်း သူသည် အတွင်းအားကို ထင်ရှားစေပြီး အတွင်းအနှစ်သာရ နယ်ပယ်သို့ ခြေလှမ်းနိုင်မည်ဟု နင်ချီ ယုံကြည်မှု အပြည့် ရှိသည်။

ကွာခြားချက်မှာ ကြီးမားလှပေလိမ့်မည်။ ဤသည်မှာလည်း နင်ချီ ‘ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်’ သို့ လောလောဆယ် အဆင့်မချိုးဖြတ်သေးသည့် အကြောင်းရင်းပင် ဖြစ်သည်။ အကယ်၍ သူ ယခု လောလောဆယ်ဆယ် အဆင့်ချိုးဖြတ်လိုက်ပါက အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်ဖြင့် သူ၏ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်သည့်အခါ အချိန် ပိုမိုကုန်ဆုံးရပေလိမ့်မည်။ သို့သော် အပြင်စည်း လေးရပ်ကိုသာ ပြန်လည် ပြုပြင်မည်ဆိုပါကမူ များစွာ ပိုမိုရိုးရှင်းပေသည်။

"လောကကြီးရဲ့ ဖြစ်ရပ်ဆန်းကြယ်ပေါင်းများစွာကို လေ့လာပြီး ထိုးထွင်းဉာဏ်အလင်းရယူခြင်း၊ အစစ်အမှန် နဂါးက အလွန်တရာ အားကောင်းပေမဲ့ အဆုံးစွန်မှာတော့ အဲ့ဒါက ဖြစ်ရပ်ဆန်းကြယ်တွေထဲက တစ်ခုလေးပါပဲ။"

"အချိန်ကို ချွေတာနိုင်မယ်ဆိုရင်တော့ ချွေတာထားတာ ကောင်းတာပေါ့။"

နင်ချီက ကိုယ်ကို လှည့်လိုက်ပြီး သူ၏ဘေးမှ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။

“နှင်းဆီးပန်းစံအိမ်၏ မှတ်တမ်းပေါင်းချုပ်။”

သူက ၎င်းကို ညင်သာစွာ ပွတ်သပ်လိုက်သော်လည်း ဖွင့်ဖတ်ခြင်း မပြုခဲ့ပေ။

အတွင်းထဲ၌ ဘာရေးထားသည်ကို သူ သိနှင့်ပြီးသား ဖြစ်သည်။

နှင်းဆီးပန်းစံအိမ်အား တည်ထောင်ခဲ့ကြသော စံအိမ် သခင်နင်ယဲ့နှင့် သူရဲကောင်းဒေဝီ ကျန်းရွှယ်မေ့တို့၏ သူရဲကောင်းဆန်သော ပုံပြင်များပင်။

ထို့နောက် အဆုံးတွင်မူ တိုတောင်းသော ဝါကျတစ်ကြောင်း ပါရှိလေသည်။

"ယုံရှင်းနှစ် ဆယ့်ခုနစ် ခုနှစ်တွင် နှင်းဆီးပန်းစံအိမ်သည် နက်နဲဆန်းကြယ်သော အင်အားစုတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှမရှိဘဲ ကြီးစွာသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ခဲ့ရသည်။"

ဟူ၍….

ဤစာအုပ်ကို လွန်ခဲ့သော နှစ်နှစ်ခန့်က အကြီးဆုံးစီနီယာအစ်ကို ..ခရီးသွားစဉ်အတွင်း ယူဆောင်လာခဲ့ပြီး သိုင်းကျမ်းတိုက်၌ ထားရှိခဲ့ခြင်း ဖြစ်သည်။

နင်ချီက ဖြည်းညှင်းစွာ အသက်တစ်ချက် ရှူသွင်းလိုက်သည်။

"အဲ့ဒီတုန်းက သခင်ဖုန်းက ဆရာ့ကြောင့် ဆုတ်ခွာသွားခဲ့တာ၊ သူက မူလအမြုတေ နယ်ပယ်ထက် မြင့်တဲ့ နယ်ပယ် တစ်ခုမှာ ရှိမနေလောက်ဘူး၊ ဖြစ်နိုင်ခြေ

အများဆုံးကတော့ ချီစွမ်းအင် နယ်ပယ်ရဲ့ ဒုတိယအဆင့် ဖြစ်တဲ့ ကျောက်စိမ်းအရည် နယ်ပယ်မှာပဲ။"

"ချီစွမ်းအင် နယ်ပယ်က သက်တမ်း နှစ်လေးရာ ရှိတယ်၊ ခင်ဗျား တခြား တစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ မသေဖို့ပဲ မျှော်လင့်ပါတယ်။"

ဖြစ်နိုင်မည်ဆိုလျှင်…

နင်ချီသည် ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုသေးသည်။

သူ ချီစွမ်းအင်နယ်ပယ်သို့ ရောက်ရှိသည့်အခါ ထိုလူကို ချေမှုန်းရန်မှာ ပြဿနာကြီးကြီးမားမားတစ်ခု ဖြစ်လိမ့်မည်မဟုတ်ဟု သူ ခံစားမိလေသည်။

မှတ်တမ်းပေါင်းချုပ်ကို ချထားလိုက်ပြီးနောက် နင်ချီ၏ အကြည့်များသည် သိုင်းကျမ်းတိုက်အပြင်ဘက်သို့ လှည့်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရင်းနှီးနေသော ပျင်းရိပျင်းတွဲ အသံ တစ်ခု ထွက်ပေါ်လာ၏။

"ကိုးလေး၊ သွားဖို့ အသင့်ပဲလား။"

ယဲ့ချင်းဟယ်က တံခါးကို တွန်းဖွင့်ဝင်လာခြင်းပါ။

သူမ၏ မျက်နှာထက်တွင် "နင် ဒီမှာပဲ ရှိနေလိမ့်မယ်ဆိုတာ သိပြီးသား" ဟူသော အမူအရာတစ်ခု ထင်ဟပ်နေလေသည်။

သိုင်းကျမ်းတိုက်ထဲမှ ကြီးမားလှသော စာအုပ်ပင်လယ်ကြီးကို ကြည့်ရင်း သူမ မွန်းကြပ်သလို ခံစားလိုက်ရသည်။

"သွားတော့မယ်ဆိုတာတောင်မှ ဒီမှာ စာထိုင်ဖတ်နေတုန်းပဲ၊ နင့်ကို စာဂျပိုးလေးလို့ပဲ ခေါ်ရတော့မယ်။"

ယဲ့ချင်းဟယ်က ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး သူမ၏ ဖြူနုသော ကျောက်စိမ်းလက်ချောင်းများဖြင့် နင်ချီ၏ မျက်နှာကို တို့ထိလိုက်သည်။

နင်ချီက အကျင့်ပါနေသည့်အတိုင်း သူမ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး ပြုံးလျက် ဆိုသည်။

"အခုမှ ရောက်လာတာ မဟုတ်ဘူးလား၊

စီနီယာအစ်မသုံး..."

"သွားကြစို့ဗျ။"

နင်ချီက အရင်ဦးဆောင်ကာ အပြင်သို့ ထွက်ခွာသွားသည်။

"ကိုးလေး ... အပြင်ထွက်ချင်တာက ရှားရှားပါးပါးပဲ၊ ဒီနေ့တော့ နင့်ရဲ့ စီနီယာအစ်မဖြစ်တဲ့ ငါက နင့်ကို သေချာလိုက်ပြရမယ်၊ ပြီးမှ စူပုပ်ပုပ်

မလုပ်နဲ့နော်။"

ယဲ့ချင်းဟယ်သည် စိတ်လှုပ်ရှား တက်ကြွလာနေသည်။

နင်ချီက ခေါင်းခါယမ်းကာ အသာအယာ ပြုံးလိုက်၏။

သူ စိတ်ကူးပုံဖော်ထားသော အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်သည် လောကကြီး၏ ဖြစ်ရပ်ဆန်းကြယ်ပေါင်းများစွာနှင့် သက်ဆိုင်နေ၏။ ပုံမှန်အားဖြင့် အစစ်အမှန်သိုင်းတောင်ပေါ်မှ ဘေးကင်းလုံခြုံသော နေရာအချို့တွင် တိမ်၊ နှင်း၊ တောင်နှင့် ရေတို့ကိုသာ လေ့လာရှုစားလေ့ရှိသည်။

မကြာသေးမီက သူသည် အထောက်အပံ့ ပစ္စည်း တစ်ခု လိုအပ်နေသည်ဟု ခံစားမိသောကြောင့် အစစ်အမှန်သိုင်းတောင်၏ အစွန်အဖျားသို့ လမ်းလျှောက်သွားရန် စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။

သို့သော် အစစ်အမှန်သိုင်းတောင်၏ အစွန်အဖျားကို မရှင်းလင်းထားသေးရာ ထူးခြားဆန်းကြယ်သော သားရဲများ၏ သွားလာလှုပ်ရှားမှုမှာ မလွဲမသွေ ရှိနေပေလိမ့်မည်။ ထို့ကြောင့် ဘေးကင်းလုံခြုံမှုအတွက် နင်ချီသည် အဆင်သင့်ရှိနေသော သက်တော်စောင့်အဖြစ် စီနီယာ အစ်မ

ယဲ့ချင်းဟယ်ကို ခေါ်ခဲ့ခြင်း ဖြစ်သည်။

နင်ချီသည် သူ၏ အသက်ကို တန်ဖိုးထားပါသည်။ အရိုးသန့်စင်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အရှုံးမရှိ ဖြစ်ကာ လွတ်လပ်စွာ လှည့်လည်

သွားလာနိုင်သည်ဟု မယူဆပေ။

အကယ်၍ သူသည် အားကောင်းသော ထူးခြားဆန်းကြယ် သားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့ပါက သူ သေပွဲဝင်ရပေလိမ့်မည်။

မမျှော်လင့်ထားဘဲ ယဲ့ချင်းဟယ်သည် သူ့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။

All Chapters