← Chapters

လမ်းစဉ် စောင့်ရှောက်သူ…

Vol. 2 Ch. 15

လမ်းစဉ် စောင့်ရှောက်သူ…

Vol. 2 Ch. 15

~အစစ်အမှန်သိုင်းအမွေအနှစ်ကို ရရှိပြီး နှစ်ပေါင်းများစွာတစ်လျှောက် သူသည် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသော်လည်း သူမည်မျှပင် ခေါင်းခြောက်အောင် စဉ်းစားပါစေ အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူသည် ကောင်းကင်ဘုံသားအဖြစ်သို့ တက်လှမ်းပြီးနောက် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ရှိလာနိုင်မည်ဟု တွေးထင်ခဲ့သော်လည်း အများစုမှာ အချည်းနှီးသာ ဖြစ်သွားဖွယ်ရှိသည်။ ဖြစ်နိုင်သည်မှာ သိုင်းသူတော်စင်တစ်ပါးသာလျှင် ၎င်းကို အောင်မြင်နိုင်ပေလိမ့်မည်။

သို့သော် သူမျှော်လင့်မထားခဲ့ပါ။

တစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် အစစ်အမှန်သိုင်းလောင်းကြေးမှာ ဤပုံစံဖြင့် သူ၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ပထမဦးစွာ နင်ချီ ဤခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေသည်ကို မြင်တွေ့စဉ်က တာအိုဆရာ လုံရှန်း၏ ကနဦးတုံ့ပြန်မှုမှာ အစစ်အမှန်သိုင်းဂိုဏ်း၏ အကြွင်းအကျန်များမှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦး ရောက်ရှိလာသည်လားဟူ၍ပင်။

၎င်းက သူ၏အစောပိုင်းမေးခွန်းများကို ဖြစ်ပေါ်စေခဲ့ခြင်းပါ။

သို့သော် ယခုအခါတွင်မူ ၎င်းမှာ သူ၏တပည့်ငယ်လေး ဖန်တီးခဲ့သောအရာဖြစ်ကြောင်း သူသိရှိသွားခဲ့သည်။

တာအိုဆရာ လုံရှန်းက သူ၏လက်ထဲမှ လက်စွဲစာအုပ်ကို ကြည့်လိုက်သည်။

တဖြည်းဖြည်းနှင့် ၎င်းထဲတွင် နစ်မြောသွားခဲ့၏။

"ဒီလိုကိုး။"

"အံ့ဖွယ်ပဲ။"

"ပါရမီရှင်တစ်ယောက်ရဲ့ လက်ရာပဲ။"

တာအိုဆရာ လုံရှန်းသည် သူ၏ဘေးမှ ကျောက်ခုံတန်းပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ပေါင်ကို အဆက်မပြတ် ရိုက်ခတ်နေမိသည်။

အဖြေများဖြင့် ပြဿနာများကို ဖြေရှင်းရသည်မှာ လျင်မြန်လှသည်။

သူက မူလအမြုတေနယ်ပယ်မှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကိုးမျိုးနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ကာ လေသည်။ ၎င်းတို့ကို အကြိမ်ပေါင်းများစွာ …မရေရာသော ဦးတည်ချက်များဖြင့် ဖန်တီးတွက်ချက်ရန် ကြိုးစားခဲ့ဖူးရာ ယခုအခါ ဤခန္ဓာကျင့်စဉ် လက်စွဲစာအုပ်ကို မြင်တွေ့လိုက်ရသည့်အခါ သူသည် ၎င်း၏ ထက်မြက်မှုကို သဘာဝကျကျပင် မြင်တွေ့နိုင်ခဲ့သည်။

ထိုသို့သော ပါးနပ်သည့် အတွေးအခေါ်များက သူ့ကို အံ့ဩသွားစေခဲ့သည်။

နောက်ဆုံးတွင် တာအိုဆရာ လုံရှန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး လက်စွဲစာအုပ်ကို ပိတ်ကာ နင်ချီကို အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကနဦးပိုင်းတွင် နင်ချီသာ သူ

စီစဉ်ထားသော လမ်းကြောင်းအတိုင်း လိုက်နာခဲ့ပါလျှင် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် သိသာထင်ရှားသော အခွင့်အရေးရှိသည်ဟု ခံစားခဲ့မိသည်။

သို့သော် ယခုအခါတွင်မူ တာအိုဆရာ လုံရှန်းတွေးလိုက်သည်မှာ…

နင်ချီ သိုင်းသူတော်စင်တစ်ပါးဖြစ်လာခြင်းမှာ သေချာနေပြီးဖြစ်ကာ အနာဂတ်တွင် သိုင်းသူတော်စင်ကိုပင် ကျော်လွန်သွားလျှင်လည်း အံ့ဩစရာမဟုတ်တော့ချေ။

ထိုသို့သော ဉာဏ်အလင်းမျိုးမှာ အမှန်ပင် ကောင်းကင်ကို စိန်ခေါ်နေခြင်းပင်တည်း။

သူသည် နင်ချီ၏ ကန့်သတ်ချက်များကို မခန့်မှန်းနိုင်တော့ပါ။

ဤအခိုက်အတန့်တွင် တာအိုဆရာ လုံရှန်းသည် နင်ချီ ထာဝရ အသက်ရှည်ခြင်းအကြောင်း မေးခဲ့သည့် နေ့ကို ပြန်လည်အမှတ်ရလိုက်သည်။

စကားစုတစ်ခု ရုတ်တရက် စိတ်ထဲသို့ ဝင်လာခဲ့သည်။

"ဘယ်လိုလုပ်ပြီး စာငှက်တစ်ကောင်က ဟင်္သာတစ်ကောင်ရဲ့ ရည်မှန်းချက်ကို နားလည်နိုင်မှာလဲ။"ဟူ၍..

သူသည် မနေနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်မိသည်။

"ဆရာပြောသလိုပဲ ဒီခန္ဓာကျင့်စဉ်ကို အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်လို့ အမည်ပေးသင့်သလားခင်ဗျာ။"

နင်ချီ၏ စူးစမ်းလိုသော မေးမြန်းသံက တာအိုဆရာ လုံရှန်းကို အသိစိတ်ပြန်ဝင်လာစေခဲ့သည်။

သူက ပြုံးကာ သူ၏ဘေးမှ ကျောက်ခုံတန်းကို ပုတ်လိုက်ပြီး နင်ချီထိုင်ချပြီးမှသာ ဆက်လက်ပြောကြားလိုက်သည်-

"ကိုးလေး၊ ဆရာ မင်းကို လောကမှာ ခန္ဓာကျင့်စဉ် အဆင့်သုံးဆင့်ရှိတယ်လို့ ပြောခဲ့တာကို မှတ်မိသေးလား။"

"ကျွန်တော်မှတ်မိပါတယ် ဆရာ။"

"ဒါပေမဲ့ အခု ငါ မင်းကိုပြောမယ်၊ ဒီခန္ဓာကျင့်စဉ်အဆင့်သုံးဆင့်အပြင် ဘယ်သူမှမသိတဲ့ အလွန်ရှားပါးတဲ့ အမျိုးအစားတစ်ခု တကယ်ရှိတယ်၊ အဲ့ဒါကို ပြိုင်ဘက်ကင်းခန္ဓာကျင့်စဉ်လို့ ခေါ်တယ်။"

"လောကကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် ပြိုင်ဘက်ကင်းခန္ဓာကျင့်စဉ်ကို ပိုင်ဆိုင်တဲ့ အင်အားစုတွေက သိပ်နည်းတယ်၊ အနည်းဆုံးတော့ ဆရာသေချာသိတာ နှစ်နေရာပဲရှိတယ်။ မဟာယန်တော်ဝင်မိသားစုမှာ တစ်ခုရှိတယ်၊ မိစ္ဆာဂိုဏ်းမှာ တစ်ခုရှိတယ်၊ တခြားဟာတွေ ဖြစ်တဲ့ တာ့ကျွယ်ကျောင်းတော်၊ ဓားသိုင်း ရှာ ဖွေစံအိမ်တို့ကတော့ အများဆုံး တစ်ဝက်တစ်ပျက် ပြိုင်ဘက်ကင်းလို့ပဲ သတ်မှတ်နိုင်တယ်။"

တာအိုဆရာ လုံရှန်းသည် လောက၏ လျှို့ဝှက်ချက်များကို စတင် ဆွေးနွေးသည်ကို ကြားသော် နင်ချီ၏ မျက်လုံးများ အရောင်တောက်လာသည်။

"ပြီးတော့ ငါတို့အစစ်အမှန်သိုင်းဂိုဏ်းက သူ့ရဲ့အထွတ်အထိပ်အချိန်အခါတုန်းကလည်း ပြိုင်ဘက်ကင်းခန္ဓာကျင့်စဉ်တစ်ခု ရှိခဲ့တယ်။"

နင်ချီ၏ တောက်ပသော မျက်လုံးများကို မြင်သော် တာအိုဆရာ လုံရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်-

"မှန်တယ်၊ အဲ့ဒါက အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ပဲ။"

"ငါမင်းကိုသင်ပေးခဲ့တဲ့ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကိုးမျိုးက တကယ်တော့ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကနေ ဆင်းသက်လာတာ။ အဲ့ဒါက အထွေထွေအကြမ်းဖျင်းဖြစ်ပြီး ပြိုင်ဘက်ကင်းလည်းဟုတ်တယ်။ အဲ့ဒါကိုလေ့ကျင့်တဲ့သူတွေက ပြိုင်ဘက်ကင်းတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ပြီး သိုင်းသူတော်စင်ဖြစ်ဖို့ အခွင့်အရေးပိုများတယ်။ ကံမကောင်းစွာနဲ့ ဆရာအဲ့ဒီတုန်းက အစစ်အမှန်သိုင်းအမွေအနှစ်ကို ရရှိခဲ့တုန်းက အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကိုးမျိုးပဲရှိပြီး အထွေထွေအကြမ်းဖျင်းမပါခဲ့ဘူး၊ အဲ့ဒါက အမြဲတမ်း နှမြောစရာ ဖြစ်ခဲ့တာ ပေါ့ကွာ။"

"ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက အဲ့ဒါကို ရှာဖွေတွေ့ရှိခဲ့တယ်။"

"ဖြစ်နိုင်တာကတော့ ဒါက ကံကြမ္မာပဲ။"

တာအိုဆရာ လုံရှန်းက နင်ချီ၏ခေါင်းကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

"ဆရာ၊ ဆရာဆိုလိုတာက ကျွန်တော်ဖန်တီးခဲ့တဲ့ အစစ်အမှန် နဂါး ခန္ဓာကျင့်စဉ်က အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်လား။"

"မှန်တယ်၊ အစစ်အမှန်သိုင်းအမွေအနှစ်မှာ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်က အစစ်အမှန်နဂါးရဲ့ နတ်ဘုရားအာရုံကို ရယူနိုင်တယ်လို့ ဖော်ပြထားတယ်။ မင်းဖန်တီးခဲ့တဲ့ ခန္ဓာကျင့်စဉ်က အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်နဲ့ လုံးဝတစ်ထပ်တည်းမတူရင်တောင် သေချာပေါက် အလှမ်းမဝေးဘူး။ ဒါပေမဲ့ ဒီခန္ဓာကျင့်စဉ်က မင်းဖန်တီးခဲ့တာဆိုတော့ ဒီနေ့ကစပြီး သူ့ကို အစစ်အမှန်နဂါး ခန္ဓာကျင့်စဉ်လို့ပဲ ခေါ်ဆိုသွားမယ်။"

"ပြောရရင်တော့ ဆရာက အစစ်အမှန်နဂါး ခန္ဓာကျင့်စဉ်ဆိုတဲ့ နာမည်က ပိုပြီး သင့်တော်တယ်လို့ ခံစားမိတယ်၊ ပိအန်း ခန္ဓာကျင့်စဥ်က ပိအန်းရဲ့ နတ်ဘုရားအာရုံကို ရယူနိုင်သလိုပဲ၊ အစစ်အမှန် နဂါးရဲ့ နတ်ဘုရား အာရုံကို ရယူနိုင်မှတော့ သဘာဝအတိုင်း အစစ်အမှန် နဂါး ခန္ဓာကျင့်စဉ်လို့ ခေါ်သင့်တာပေါ့။"

တာအိုဆရာ လုံရှန်းသည် နင်ချီကို အလွန်လေးစားခဲ့သည်။

သူသည် အပြုံးပန်းများဝေဆာလျက် စိတ်ဓာတ်တက်ကြွနေခဲ့သည်။

နင်ချီသည်လည်း ပြုံးနေခဲ့သည်။ သူသည် သူ၏နှလုံးသားထဲမှ သံသယများကို ဖြေရှင်းနိုင်ခဲ့သည်။

အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကိုးမျိုးအထက်တွင် အမှန်ပင် ပိုမိုအားကောင်းသော ခန္ဓာကျင့်စဉ်တစ်ခု တည်ရှိနေကြောင်း သိရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ဆရာထံတွင် အတည်ပြုရန် မရှိခဲ့ပေ။

တာအိုဆရာ လုံရှန်း၏ စကားကိုကြားသော် နင်ချီက ခေါင်းခါကာ ဆိုလိုက်သည်။

"သမိုင်းအရ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်လို့ ခေါ်ခဲ့မှတော့ အနာဂတ်မှာလည်း အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ပဲ ဖြစ်မှာပေါ့။ ဆရာ၊ သေချာသိမ်းထားပြီး အနာဂတ်မှာ သင့်တော်တဲ့ ဂျူနီယာတပည့်တွေကို လက်ဆင့်ကမ်းပေးပါ။"

ထိုစီနီယာအစ်ကိုအစ်မများအတွက်မူ သူတို့သည် အတွင်းစွမ်းအင်နယ်ပယ်သို့ ခြေချပြီးဖြစ်ရာ အစမှ ပြန်လည်လေ့ကျင့်နိုင်ခြင်းမရှိတော့ပေ။

နင်ချီသည် ဤခန္ဓာကျင့်စဉ်ကို မည်သို့ခေါ်သည်ကို ဂရုမစိုက်ခဲ့ပေ။ ၎င်းမှာ အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်သည်။

တာအိုဆရာ လုံရှန်းသည် နင်ချီကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

အမည်မှာ အမှန်ပင် အသေးအဖွဲကိစ္စတစ်ခုဖြစ်သော်လည်း ထိုအထဲမှ သူသည် နင်ချီ၏ ရည်ရွယ်ချက်များကို မြင်တွေ့ခဲ့ရသည်။

သူသည် လက်စွဲစာအုပ်ကို လက်မခံဘဲ ဆိုလိုက်သည်-

"ဒီအစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကို မင်းရဲ့တပည့်တွေနဲ့ မျိုးဆက်တွေ လေ့ကျင့်ဖို့ ချန်ထားခဲ့လိမ့်မယ်။"

နင်ချီက အံ့ဩစွာ မေးလိုက်သည်-

"ဘာဖြစ်လို့လဲခင်ဗျာ။"

တာအိုဆရာ လုံရှန်း၏ အကြည့်မှာ အဝေးသို့ ရောက်သွားသည်-

"ဆရာ တစ်ခါက အစစ်အမှန်သိုင်းသားတော်ကိုးပါးက သိုင်းသူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ပြောခဲ့တာကို မင်းမှတ်မိသေးလား။"

"ကျွန်တော်မှတ်မိပါတယ် ဆရာ။"

"တကယ်တော့ အတိတ်က အစစ်အမှန်သိုင်းဂိုဏ်းမှာ အစစ်အမှန်သိုင်းသားတော်ကိုးပါးအပြင် ပိုပြီးအားကောင်းတဲ့ လျှို့ဝှက်တည်ရှိမှုတစ်ခုရှိခဲ့တယ်၊ အစစ်အမှန်သိုင်းလမ်းစဉ်စောင့်ရှောက်သူပဲ။ လမ်းစဉ်စောင့်ရှောက်သူ၊ လမ်းစဉ်စောင့်ရှောက်သူဆိုတာ မည်သည့်လူတစ်ဦးတစ်ယောက်ကိုမဆို ကာကွယ်ဖို့ မရည်ရွယ်ဘူး၊ သူက အစစ်အမှန်သိုင်းအမွေအနှစ်ကို စောင့်ရှောက်ဖို့ပဲ။"

"လမ်းစဉ်စောင့်ရှောက်သူက အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကို လေ့ကျင့်ခဲ့ပြီး ပြိုင်ဘက်ကင်းခန္ဓာကျင့်စဉ်က အားကောင်းပေမယ့် သူ့ရဲ့လိုအပ်ချက်တွေက မြင့်မားတယ်။ မျိုးဆက်တိုင်းမှာ လမ်းစဉ်စောင့်ရှောက်သူတစ်ယောက်ပဲရှိခဲ့ပြီး သူက သိုင်းသူတော်စင် တစ်ပါး

နီးပါးပါပဲ။"

နင်ချီ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒါဆို အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အထွတ်အထိပ်အချိန်အခါတုန်းက သိုင်းသူတော်စင်တိုက်ခိုက်ရေးစွမ်းအား

နှစ်ခု ရှိခဲ့မှာ မဟုတ်ဘူးလား။"

"အတိအကျပဲ။"

"ဒီလောက်အားကောင်းတဲ့ အစစ်အမှန်သိုင်းဂိုဏ်းက သမိုင်းမြစ်ရေအလျဉ်ထဲမှာ ဘယ်လိုများ ပျက်စီးသွားခဲ့ရတာလဲ။"

နင်ချီ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူသည် ယခုအခါ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် မလွယ်ကူကြောင်း နားလည်ထားသည်။ ရှေးဟောင်းသမိုင်းအမြင်တွင် အချို့ခေတ်များတွင် လောကကို စိုးမိုးသော သိုင်းသူတော်စင် တစ်ပါးသာ ရှိခဲ့သည်။

သိုင်းလမ်းစဉ်စည်ပင်ဝပြောသော ခေတ်များတွင်ပင် လက်နှစ်ဖက်အရေအတွက်ထက် မကျော်လွန်နိုင်ပေ။

ယုတ္တိနည်းအရဆိုလျှင် ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် အစစ်အမှန်သိုင်းဂိုဏ်းသည် အဆက်မပြတ် တည်တံ့နိုင်ခဲ့သင့်သည် မဟုတ်လော။

တာအိုဆရာ လုံရှန်းက ခေါင်းအသာခါလိုက်သည်-

"ဖြစ်နိုင်တာကတော့ ပြည်တွင်းရန်ပွဲ ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့်ပဲ။ အမှန်တရားကို ဘယ်သူမှမသိကြဘူး။ ဆရာ အဲ့ဒီတုန်းက ရရှိခဲ့တဲ့ အမွေအနှစ်ထဲမှာ အဲ့ဒီအကြောင်း

မဖော်ပြထားခဲ့ဘူး။"

နင်ချီသည် သူ၏အတွင်းမှ ခန့်မှန်းချက်များကို ဖိနှိပ်လိုက်ပြီး တာအိုဆရာ လုံရှန်း၏ အမူအရာ တဖြည်းဖြည်း လေးနက်လာသည်ကို ကြားလိုက်ရသည်-

"နင်ချီ၊ မင်း ဒီမျိုးဆက်ရဲ့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လမ်းစဉ်စောင့်ရှောက်သူ ဖြစ်လိုသလား။"

တာအိုဆရာ လုံရှန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်အချို့ ရှိနေခဲ့သည်။

ယခင်က အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်မရှိဘဲ သူသည် လမ်းစဉ်စောင့်ရှောက်သူကိစ္စကို သဘာဝကျကျ ဘယ်သောအခါမျှ မစဉ်းစားခဲ့ပေ၊ သို့သော် ယခုအခါတွင်မူ နင်ချီထက် ပို၍သင့်တော်သူ မည်သူရှိမည်နည်း။

နင်ချီသာ ကြီးပြင်းလာလျှင် အစစ်အမှန်သိုင်းဂိုဏ်းသည် မျိုးဆက်တစ်ဆက်အတွက် ဘေးကင်းလုံခြုံပေလိမ့်မည်။

ဤအခိုက်အတန့်တွင် နင်ချီသည် တာအိုဆရာ လုံရှန်းက အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကို အနာဂတ်တပည့်များနှင့် မျိုးဆက်များသာ လေ့ကျင့်နိုင်မည်ဟု အဘယ်ကြောင့်ပြောခဲ့သည်ကို ချက်ချင်းပင် နားလည်သွားသည်။

အကြောင်းမှာ သူ၌ ဤစိတ်ကူးရှိနေခဲ့ပြီးဖြစ်သောကြောင့်ပင်။

နင်ချီ တုံ့ဆိုင်းမနေခဲ့ပါ။

သူမတ်တပ်ထရပ်လိုက်ပြီး သူ၏အမူအရာမှာ လေးနက်သွားသည်။

"တပည့် ဆန္ဒရှိပါတယ်။"

ကျေးဇူးတရားကို သိတတ်ရမည်။ တာအိုဆရာ လုံရှန်းက သူ၏အသက်ကို ကယ်တင်ခဲ့ပြီး သူ့ကိုကာကွယ်ပေးကာ မမောမပန်း သင်ကြားပေးခဲ့သလို စီနီယာအစ်ကိုအစ်မများကလည်း သူ့ကို ချစ်ခင်မှုများဖြင့် လွှမ်းခြုံပေးခဲ့ကြသည်။ သူသာ လမ်းစဉ်စောင့်ရှောက်သူတစ်ဦးမဟုတ်ခဲ့လျှင်ပင် သူသည် အစစ်အမှန်သိုင်းဂိုဏ်း မည်သည့်ဒုက္ခနှင့်မဆို ရင်ဆိုင်ရသည်ကို ဘယ်သောအခါမျှ ကြည့်နေမည်မဟုတ်ပေ။

ဤသည်မှာ ပဋိပက္ခဖြစ်သော ကိစ္စမဟုတ်ဘဲ ယခုအခါတွင်မူ သူ့အား ပို၍တရားဝင်သော အထောက်အထားတစ်ခု ပေးအပ်လိုက်ခြင်းမျှသာ ဖြစ်သည်။

တာအိုဆရာ လုံရှန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကောင်းတယ်။ သိပ်ကောင်းတယ်။"

ကိုးလေး၊ ဒီလက်စွဲစာအုပ်ကို မင်းနဲ့အတူထားပါ။ အနာဂတ်မှာ လမ်းစဉ်စောင့်ရှောက်သူအတွက် သင့်တော်တဲ့ ဆက်ခံသူလောင်းတစ်ဦးကို မင်း ရှာတွေ့တဲ့အခါမှ သူ့ကို လက်ဆင့်ကမ်းပေးလိုက်။ တခြားသူတွေကိုတော့ အသိပေးစရာ မလိုဘူး။"

"ဟုတ်ကဲ့ပါ ဆရာ၊ တပည့်မှတ်သားထားပါ့မယ်။"

ဆရာတပည့်နှစ်ဦး အပြုံးချင်းဖလှယ်လိုက်ကြသည်။

All Chapters