← Chapters

ရှင်…ဘယ်လိုသိတာလဲ

Vol. 18 Ch. 256

ရှင်…ဘယ်လိုသိတာလဲ

Vol. 18 Ch. 256

ခဏအကြာတွင် အဝတ်များမရှိတော့ပဲ…သူမ၏ ကြွေဖြူရောင်ခန္ဓာကိုယ်သည် အပြည့်အဝ ပေါ်လွင်လာသည်။

လင်းရှန်၏ နဖူးကြောများ ချက်ချင်း ကျုံ့သွားသည်။ ဤ ထူးဆန်းသောအပြုအမူသည် ပြင်းထန်သော မလုံခြုံမှုခံစားချက်ကို ဖြစ်ပေါ်စေသည်။ သူ၏စိတ်ထဲတွင် မိုးရေမြို့ကို ပြန်လည် မြင်ယောင်လာပြီး မတွန့်ဆုတ်ဘဲ သူ၏ အနက်ရောင်လှံကို မြှောက်လိုက်သည်၊၊

လင်းရှန်၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေသည်။

“မင်း ဘယ်သူလဲ”

“ကျွန်မလေ…ရှင်ဘာလုပ်နေတာလဲ”

ကီကီသည် သူမအား ချိန်ရွယ်ထားသော လက်နက်ကြောင့် ထူးဆန်းနေသည့်ဟန်ဖြင့် လင်းရှန်ကို ကြည့်လိုက်သည်။ သို့သော် သူမ ရပ်တန့်မသွားပေ။ ယင်းအစား သူမသည် ရေထဲသို့ ခြေချလိုက်ပြီး သူ့ဆီသို့ ကူးခတ်လာလေသည်။

လင်းရှန်၏ မသိစိတ်မှ အချက်ပေးသံများ မြည်ဟည်းလာသည်။ ဤ ‘ကီကီ’ သည် ပုံမှန်မဟုတ်ကြောင်း သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အော်ဟစ်နေသည်— သို့သော် သူမက စကားပြောသောကြောင့် သူ တွန့်ဆုတ်သွားသည်။

“ရပ်လိုက်” သူ အမိန့်ပေးလိုက်သည်။

သို့သော် ကီကီ မရပ်တန့်ပေ။ သူမသည် ဆက်လက် ကူးခတ်နေပြီး၊ သူမ၏ ဖြူစင်သောခန္ဓာကိုယ်သည် အနက်ရောင်ရေများထဲတွင် လှပသော ပုံစံဖြင့် ကူးခတ်လာသည်၊၊ ဤ မြေအောက်သုတေသနဌာန၏ ရေလွှမ်းနေသော မှိန်ဖျော့ဖျော့အလင်းရောင်သာရှိသော ဝပ်ရှော့ရုံတွင် ထိုမြင်ကွင်းသည် လုံးဝ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။

လင်းရှန်သည် သူ၏ အနက်ရောင်လှံရှည်ကို တင်းတင်းဆုပ်ကိုင်ရင်း အံကြိတ်ထားလိုက်သည်၊၊

ဒါ လှည့်စားမှုလား…

ဒါမှမဟုတ် ကီကီ ရူးသွပ်သွားတာလား..

သူ၏ မသိစိတ်က သတိပေး အော်ဟစ်နေသည်— ဤအရာအားလုံး မှားယွင်းနေသည်၊၊

“မပစ်နဲ့လေ…တကယ် ကျွန်မပါ…”

ကီကီက အော်ပြောလိုက်သည်။

လင်းရှန်၏ နှလုံးသား ဒုန်းခနဲ ခုန်သွားသည်နှင့်အမျှ သူမ နီးကပ်လာပြီး သူ၏ နဖူးတွင် ချွေးများ စို့လာသည်။

ကီကီသည် စက်ရုပ်ဆီသို့ ရောက်တော့မည့် အချိန်တွင်—

ဒိုင်း…

ကျယ်လောင်သေနတ်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

တစ်ခဏအတွင်း သူ့ရှေ့ရှိ ကီကီ ပျောက်ကွယ်သွားသည်— ထို့နောက် လင်းရှန်၏ အမြင်အာရုံသည် ရုတ်တရက် လက်တွေ့အခြေအနေသို့ ပြန်ရောက်လာသည်။ အနက်ရောင်မြူများ ကင်းစင်သွားပြီး စက်ရုံဘေးရှိ ရေထဲတွင် သွေးများနှင့် အသားစများ ပေါက်ကွဲပြန့်ကျဲသွားသည်ကို မြင်လိုက်ရသည်။

လင်းရှန်၏ အကြည့်က အောက်ဘက်သို့ ချက်ချင်း ရောက်သွားသည်။

ကီကီ မရှိတော့ပေ။

အစားထိုးအနေဖြင့် ရေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်လူခေါင်းတစ်ခု ပေါ်နေပြီး….၎င်း၏ အောက်ပိုင်းတစ်ခြမ်းသည် ကျည်ဆန်ဒဏ်ရာများဖြင့် ပြည့်နေသည်….ထိုအောက်တွင် ဆုတ်ဖြဲခံထားရသော လက်တံများသာ ကျန်ရှိလေသည်။

“လင်းရှန်”

ရင်းနှီးသော အသံတစ်သံသည် ဝေးကွာသောနေရာမှ ထွက်ပေါ်လာသည်။

လင်းရှန် ခေါင်းကို မော့ကြည့်လိုက်ရာ အုပ်စုတစ်စုသည် သူတို့ ဝင်လာသော စင်္ကြံလမ်းအတိုင်း အလျင်အမြန် ပြေးလာနေသည်ကို မြင်လိုက်ရသည်— ကီကီ၊ တာလို့၊ လုချန်နှင့် မြောင်လုတို့အပါဝင် အဖွဲ့ဝင်တစ်ဒါဇင်ခန့်တို့သည် သူ့ဆီသို့ ပြေးလာနေကြသည်။

ထိုအဖွဲ့၏ အလယ်ဗဟိုတွင် ရပ်နေသူက—

ချန်ဆီရွှမ် ဖြစ်သည်။

သူမသည် A33K အကြီးစားတင့်ဖျက် စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ထားပြီး သေနတ်ပြောင်းမှ မီးခိုးထွက်နေသည်။

သူမသည် သေနတ်ကို ချလိုက်ကာ ကီကီနှင့်အတူ ပြေးလာစဉ် သူမ၏ ရင်ဘတ်က အနည်းငယ် နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။

“လင်းရှန် ရှင် အဆင်ပြေရဲ့လား”

ချန်ဆီရွှမ်က မေးလိုက်သည်။

ကီကီသည် ရေပေါ်တွင် ပေါ်နေပြီး ထူးဆန်းသောအလောင်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးနောက် လင်းရှန်ကို ပြန်ကြည့်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ..အဲဒီဟာကြီးက အရမ်းနီးနေတာ— ဘာလို့ မပစ်တာလဲ”

သူမ ဒေါသတကြီး ပြောလိုက်သည်။

လင်းရှန်သည် မှိန်းမောနေဆဲဖြစ်နေသည်၊၊ သူ၏ အကြည့်များသည် ရေထဲမှ ထူးဆန်းသောလူသားသဏ္ဍာန်သတ္တဝါကို ရွံရှာစွာ ဆက်ကြည့်နေသည်၊၊

သူ၏ အသံသည် မယုံနိုင်ဟန်ဖြင့် ထွက်ပေါ်လာသည်၊၊

“ဒါက ဘာကြီးလဲတော့ မသိဘူး...ဒါပေမယ့် အဲ့ဒါက မင်းနဲ့ တစ်ပုံစံတည်းပဲ…ပြီးတော့”

ပြောနေရင်း သူ့၏ အသံသည် ထူးဆန်းသွားသည်၊၊

“မင်းအဝတ်တွေချွတ်ပြီး ငါ့ဆီကူးလာတယ်…ငါမေးတော့ အဲ့အရာက စကားပြန်ပြောတယ်လေ…”

“ဘာပြောတယ်…”

ကီကီ၏ မျက်လုံးများပြူးကျယ်သွားကာ ဒေါသထွက်လာသည်၊၊

“ရှင်ရူးနေလား…ဘယ်သူက ဒီလိုနေရာမှာ ကိုယ်တုံးလုံးချွတ်ပြီး ရေကူးမှာလဲ…”

သူမ ချက်ချင်း အငွေ့ပြန်ကာ ပျောက်ကွယ်သွားချင်လေသည်၊၊

ချန်ဆီရွှမ်သည် ဝပ်ရှော့ရုံ၏ အစွန်းသို့ ရောက်ရှိလာပြီး ရေကို ဖြတ်ကျော်ကာ လင်းရှန်ကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ကျွန်မ ချိန်နေတုန်းက…အဲဒီဟာ အသွင်ပြောင်းထားတာမျိုး မမြင်လိုက်ရဘူး”

သူမက မှတ်ချက်ချသည်။

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

“အတိအကျပဲ။ ဒါကြောင့် ငါ ထင်တာက— ဒီဟာက စိတ်အာရုံချောက်ခြားမှုကို အခြေခံတဲ့ စွမ်းရည်တစ်မျိုးမျိုးပဲ”

“စွမ်းရည်”

“အင်း”

လင်းရှန်သည် သူ၏ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။

“ရှုချင်း၊ ဒါရိုက်တာတင်း— ဒီကို လာခဲ့ကြ။ ငါတို့ အဖွဲ့ ရောက်လာပြီ”

“…လာနေပြီ။”

လင်းရှန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ရေထဲရှိ တစ်စစီဖြစ်နေသော အလောင်းကို ကြည့်လိုက်သည်။

“ဒါရိုက်တာတင်း အရင်က ပြောဖူးတယ်— စွမ်းအားရှင်တစ်ဦးက ထိတ်လန့်ဖွယ်လူသားတစ်ဦးအဖြစ် သန္ဓေပြောင်းသွားရင် သူတို့ရဲ့ စွမ်းရည်တွေ ကျန်ရှိနေနိုင်တယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ သူမ ရောက်လာတဲ့အခါ မေးကြည့်ရမယ်”

သူ၏ မျက်နှာထား တည်ကြည်သွားပြီး အဖွဲ့ကို ပြောလိုက်သည်။

“အားလုံး၊ အထူးသတိထားပါ။ ဒီဖောင်ဒေးရှင်း သုတေသနဌာနမှာ ထိတ်လန့်ဖွယ်လူသားတွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေတင်မက— တခြားစမ်းသပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေလည်း ပုန်းအောင်းနေနိုင်တယ်။ သတိကြီးကြီးထားကြပါ”

“ခဏလေး”

ကီကီသည် ရုတ်တရက် လင်းရှန်၏ ဘေးတွင် ဆင်းသက်လာပြီး ဓားသွားကဲ့သို့ ထက်ရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဒါကို သေချာရှင်းပြစမ်း”

သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ရှင် တကယ် ကျွန်မ အဝတ်အစားတွေ ချွတ်တာ မြင်ခဲ့တာလား”

အဟွတ် အဟွတ်—

လင်းရှန်သည် ထိုပြဿနာအိုး၏ စွပ်စွဲသောစကားများကို ရှောင်လွှဲလိုက်ပြီး စကားလမ်းကြောင်း ပြောင်းရန် ချန်ဆီရွှမ်ဘက်သို့ ချက်ချင်း လှည့်လိုက်သည်။

“ဆရာမချန် မင်းက ဒီကို ဘာလုပ်ဖို့ ရောက်လာတာလဲ”

ချန်ဆီရွှမ်သည် သူ၏ စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြန်ဖြေသည်။

“လုရှင်းချန်က ရထားကို စောင့်ဖို့ ကျန်ခဲ့တယ်။ ရှားရှားလည်း ကျန်ခဲ့တယ်။ ဒီနေရာမှာ ပစ္စည်းတွေ အများကြီးရှိတယ်လို့ ကီကီက ကျွန်မကို ပြောပြတော့၊ ကျွန်မ လိုက်လာသင့်တယ်လို့ ထင်တယ်။ ကျွန်မတို့မှာ ဘာတွေလိုအပ်နေလဲဆိုတာ ကျွန်မ သေချာသိတယ်၊၊ ဒါကြောင့် ဘာတွေ ယူရမလဲဆိုတာ ဦးစားပေးဖို့ ကူညီနိုင်တယ်။ အကုန်လုံးကို ရထားပေါ် ပစ်တင်လို့ မရဘူးလေ”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

သူမ တကယ်လာရသည့် အကြောင်းရင်းကို သူ နားလည်သည်— သူမသည် ပို၍ တက်ကြွစွာ ကူညီချင်ခြင်း ဖြစ်သည်။

သို့သော် သူသည် သူမကို ဖော်ထုတ်ခြင်း မပြုခဲ့ပေ။ အဲဒီအစား သူ ရိုးရှင်းစွာ သဘောတူလိုက်သည်။

“အဲဒါ ကျိုးကြောင်းဆီလျော်တယ်။ ကောင်းမွန်တဲ့ အတွေးပဲ”

“ဟေး…လင်း—"

“ဒါနဲ့ ကလေးမ— ဒါကို ကြည့်လိုက်ပါဦး”

လင်းရှန်သည် သူမကို ဖြတ်ပြောလိုက်ပြီး သူ၏ အောက်ဘက်ရှိ စက်ရုပ်ကို လက်ညိုးထိုးပြလိုက်သည်။

ကီကီ၏ အာရုံစူးစိုက်မှု ချက်ချင်း ပြောင်းသွားသည်။ သူမ၏ မျက်လုံးများက သကြားလုံးဆိုင်ကို တွေ့သော ကလေးတစ်ဦးကဲ့သို့ အရောင်တောက်လာသည်။

“ဝိုး…T8-Z မီးနတ်ဘုရားတိုက်ခိုက်ရေး မီကာလား”

…

မိနစ်အနည်းငယ်ကြာပြီးနောက် ရှုချင်းနှင့် ဒါရိုက်တာတင်းတို့သည် ဘေးဘက် စင်္ကြံလမ်းမှ ရောက်ရှိလာကြ၏။

အဖွဲ့သည် ရေစပ်ပတ်လည်တွင် စုဝေးပြီး ချန်ဆီရွှမ် မကြာသေးမီက ဖျက်ဆီးလိုက်သော ကြောက်မက်ဖွယ်ကောင်းသောသတ္တဝါကို စစ်ဆေးနေကြသည်။

“ဒီအရာမှာ လုံးဝ လူနဲ့တူတဲ့ ခန္ဓာကိုယ် ရှိတယ်— ဒါဟာ ထိတ်လန့်ဖွယ်လူသားအဆင့် ဖြစ်နိုင်တယ်” ဒါရိုက်တာတင်းက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“ဒါပေမဲ့ ဒီဖောင်ဒေးရှင်း ဓာတ်ခွဲခန်းထဲက ဇီဝဆိုင်ရာ စမ်းသပ်မှုအားလုံးကို မြင်ပြီးတဲ့နောက်…ကျွန်မ သေချာ မပြောနိုင်ဘူး”

“ဒါက တကယ်ကို ထိတ်လန့်စရာပဲ”

ရှုချင်းသည် မျက်နှာပျက်ယွင်းနေကာ ရေရွတ်လိုက်သည်။

“လူတွေကို စိတ်အာရုံချောက်ခြားအောင် လုပ်နိုင်တယ်— ဒါ စိတ်စွမ်းရည်တစ်ခု ဖြစ်မယ်”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

“ငါ ဘယ်လို ဖြစ်သွားမှန်းတောင် မသိဘူး။ နီးလာတဲ့အခါ တစ်ခုခုမှားနေတယ်လို့ ခံစားမိပေမဲ့၊ ငါ မြင်လိုက်ရတဲ့ ကီကီက အရမ်းကို လက်တွေ့ဆန်လွန်းတယ်။ ဒါကြောင့် ချက်ချင်းမပစ်ဘဲ တွန့်ဆုတ်သွားတာ…”

“အားလုံး ရှေ့ဆက်သွားတဲ့အခါ ပိုပြီး သတိထားဖို့ လိုတယ်”

“လက်တွေ့ဆန်သည်” ဟူသော စကားကို ကြားလိုက်ရသည့်အတွက် ကီကီသည် သူမ၏ ပါးများကို ဖောင်းလိုက်ပြီး မျက်လုံးများကျဉ်းကာ လင်းရှန်ကို စူးစိုက်ကြည့်လိုက်သည်။

လင်းရှန်သည် သူမ၏ တောက်လောင်သောအကြည့်များကို ခံစားမိနေသည်၊၊ သူမသည် ထိုအသေးစိတ်အချက်တစ်ခုပေါ်တွင် ရှင်းရှင်းလင်းလင်း စွဲမြဲနေဆဲ ဖြစ်သည်။

ပြန်တွေးကြည့်လျှင် အဝတ်ချွတ်သည့် အပိုင်းကို မပြောဘဲ ကီကီကို မြင်ခဲ့ကြောင်းသာ ပြောသင့်သည်။ ယခုတော့ သူမသည် ဤအကြောင်းကို လက်ခံတော့မည် မဟုတ်ပေ။

ဒါကြောင့် သူသည် ကီကီကို အနားလာရန် လက်ဟန်ပြလိုက်သည်။

ကီကီသည် ဒေါသထွက်နေဆဲဖြစ်ပြီး မယုံကြည်သော အမူအရာဖြင့် ရေပေါ်တွင် လာရောက်ရပ်လိုက်သည်။

“ရှင် ဘာလိုချင်တာလဲ”

လင်းရှန်သည် သူ၏ အသံကို လျှော့ချလိုက်သည်။

“အဲဒီ သတ္တဝါက မင်း အဝတ်ချွတ်တာကို အတုခိုးခဲ့တာပဲ”

သူ၏ လေသံက လေးနက်နေသည်၊၊

“ငါ သေချာကို ကြည့်ခဲ့တယ်— ပြီးတော့ ငါ လုံးဝ ယုံကြည်ခဲ့တယ်…”

ကီကီ၏ အမူယာ တောင့်တင်းသွားပြီး သူမ၏ မျက်နှာတစ်ခုလုံး ရဲရဲနီသွားသည်၊၊

“အဲဒါ မင်းရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်ဘူး”

ကီကီသည် မျက်တောင်ခတ်လိုက်ပြီးနောက် သူမ၏ မျက်နှာသည် နီလိုက် ဖြူလိုက်ဖြစ်နေသည်၊၊

ထို့နောက် သူမ အံကြိတ်ကာ မေးလိုက်သည်၊၊

“ရှင်— ရှင် ဘယ်လိုလုပ် သိတာလဲ”

လင်းရှန်၏ မျက်နှာအမူယာသည် တည်ငြိမ်နေသည်၊၊

“ဘာလို့လဲဆိုတော့…”

သူသည် ရေပေါ်တွင် ပေါ်နေသော အလောင်းကို လက်ညိုးထိုးပြပြီး အေးဆေးစွာ ပြောလိုက်သည်။

“အဲဒီမွန်းစတားမှာ….ရင်သားရှိနေလို့လေ”

All Chapters