← Chapters

ဗိုင်းရပ်စ်

Vol. 18 Ch. 258

ဗိုင်းရပ်စ်

Vol. 18 Ch. 258

တာလို့က ခေါင်းညိတ်လိုက်သည်။

“အင်း”

“ကမ္ဘာပျက်ကပ်နေ့နောက်ပိုင်းမှာ ဖက်ဒရေးရှင်း ပြိုလဲသွားတဲ့အခါ စတားဖလိ့ အကြွင်းအကျန်တချို့က ပြန်လည် ဖွဲ့စည်းပြီး ဖီးနစ်ကို ဝင်ရောက်ခဲ့တယ်လို့ ငါ ကြားတယ်။ အဲဒီထဲမှာ Westwind တပ်မဟာလည်း ပါဝင်တယ်”

တာလို့ ခေါင်းကို ကုတ်လိုက်သည်။

“အဲ့တုန်းက ငါ မသိဘူး။ အဲဒီမတိုင်ခင်ကတည်းက ငါ အငြိမ်းစားယူခဲ့တာ—ကားပြင်ဆိုင် ဖွင့်ခဲ့တယ်”

သူတို့၏ အဖွဲ့သည် ဗဟိုဝင်းသို့ ရောက်ရှိလာသည်။ လေဆိပ် terminal နှင့် ဆင်တူသော ကြီးမားသည့် ခန်းမကြီးဖြစ်ပြီး လမ်းညွှန်ဆိုင်းဘုတ်များလည်း ပါဝင်သည်။

“ငါ ဒီနေရာကို ထိန်းထားမယ်”

တာလို့က သူ၏ ဂတ်တလင်သေနတ်ကို ပခုံးပေါ်တင်ပြီး ပန်းခင်းတစ်ခုပေါ်သို့ တက်ရောက်လိုက်သည်။

“အနားမှာ အရေးပေါ် လှေကားနှစ်ခု ရှိတယ်။ လုချန်နဲ့ ငါက ဒီဧရိယာကို ရှင်းလင်းပြီး ကင်းလှည့်မယ်။ နင်နဲ့ ဆက်သွယ်နေမယ်” ရှုချင်းက ပြန်ဖြေသည်။

“ကောင်းပြီ”

တာလို့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်၊၊ ဤသည်မှာ ဆုတ်ခွာရမည့် လမ်းကြောင်းဖြစ်ကြောင်း သူ သိထားသဖြင့် အပြည့်အဝ နိုးကြားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကီကီနှင့် တင်းကျန်းရီတို့သည် သုတေသနဇုန်များဆီသို့ ဦးတည်သွားခဲ့ကြသည်။

“နင်က ကျန်းကျိုးမြို့က ထွက်လာကတည်းက ပိုပြီးတော့ သန်မာလာခဲ့တာပဲ”

တင်းကျန်းရီက သူမ၏ အရှိန်ကို မြှင့်တင်ရင်း မှတ်ချက်ပြုသည်။

“တကယ်လား”

ကီကီက လက်ပိုက်ပြီး နောက်ပြန် ပျံဝဲနေသည်။

“ကျွန်မကတော့ ဘာမှ မထူးခြားဘူးလို့ ခံစားရတယ်။ စိတ်ဝိညာဉ်လှိုင်းတန်ဖိုးတွေက ဆင့်ကဲပြောင်းလဲမှုကို သေချာတိုင်းတာနိုင်ပုံ မပေါ်ဘူး”

တင်းကျန်းရီက သူမ၏ မျက်မှန်ကို ပြင်လိုက်သည်။

“အဲဒါက စိတ်ဝိညာဉ်လှိုင်းတန်ဖိုးတွေက စစ်မှန်တဲ့ စွမ်းအားအဆင့်တွေကို မဟုတ်ဘဲ အသက်စွမ်းအား လှုပ်ရှားမှုကို တိုင်းတာလို့ပဲ...”

သူတို့ ဆွေးနွေးနေစဉ်တွင် အလွှာ၏ မစူးစမ်းရသေးသော အနက်ရှိုင်းဆုံးနေရာများသို့ အပြေးသွားနေသည်၊၊

နားထောင်ရင်း ကီကီက နောက်ပြန် ပျံဝဲနေသည်။ “စိတ်ဝိညာဉ်လှိုင်းတန်ဖိုးတွေက ယုံကြည်စိတ်ချရတဲ့ တိုင်းတာမှု မဟုတ်ဘူးလို့ ရှင်က ထင်တာလား”

တင်းကျန်းရီ ခေါင်းညိတ်လိုက်သည်။

“လုံးဝ မဟုတ်တာတော့ မဟုတ်ဘူး။ ဘယ်သူမဆို အမှောင်ညထဲမှာ အချိန်ကြာကြာနေလေလေ၊ သူတို့ရဲ့ စွမ်းရည်များနဲ့ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုက ဝင်ရိုးစွန်းည လွှမ်းမိုးမှု နည်းပါးတဲ့ နေရာတွေက အသက်ရှင်ကျန်ရစ်သူတွေထက် ပိုသန်မာပုံရတယ်။ သို့သော် အသက်ရှင်နှုန်းက သိသိသာသာ နိမ့်ကျတယ်”

ကီကီ ရယ်မောလိုက်သည်။

“အင်း၊ သေချာတာပေါ့။ အမှောင်ထဲမှာ မွန်းစတားတွေနဲ့ အမြဲတိုက်ခိုက်နေရမယ်ဆိုရင်…လူနည်းနည်းပဲ အသက်ရှင်မှာပေါ့”

တင်းကျန်းရီ ခေါင်းခါလိုက်သည်။

“ဒါက တိုက်ခိုက်ရေးသက်သက် မဟုတ်ဘူး။ အမှောင်ညစ်ညမ်းမှုလည်း ရှိတယ်—လင်းရှန် အရင်က ပြောခဲ့တာကို မှတ်မိလား။ ငါ ဖီးနစ်ရဲ့ သုတေသနတွေကို လေ့လာပြီး တခြား အသက်ရှင်ကျန်ရစ်သူ အဖွဲ့တွေက ဒေတာတွေကို ယှဉ်စစ်ကြည့်ခဲ့တယ်။ စိတ်ဝင်စားစရာ တစ်ခုကို တွေ့လိုက်ရတယ်—အာရုဏ်ဦးထဲကို ဝင်ရောက်ခြင်းက အမှောင်ညစ်ညမ်းမှုကို သိသိသာသာ ဖိနှိပ်ပေးတယ်”

ကီကီ မျက်ခုံးပင့်လိုက်သည်။

“ခဏလေး၊ ဒါဆို အမှောင်ည စွမ်းအင်ကို စုပ်ယူတဲ့သူတွေက တစ်မျိုးမျိုးသော ဟန်ချက်ညီစေတဲ့ အဆင့်တစ်ခု လိုအပ်တယ်လို့ ရှင် ပြောချင်တာလား”

တင်းကျန်းရီ ခေါင်းညိတ်လိုက်သည်။ “လူသားတွေအတွက်တော့ ဟုတ်တယ်။ ဇီဝဆင့်ကဲပြောင်းလဲဖို့ နေရောင်ခြည် လိုအပ်တယ်။ နင်က အလင်းမှီစုဖွဲ့မှုလိုမျိုး စဉ်းစားနိုင်တယ်။ အပင်တွေက နေ့ဘက်မှာ အလင်းစွမ်းအင်ကို စုပ်ယူတယ်၊ ဒါပေမဲ့ နေရောင်ရတာများရင် ညှိုးခြောက်သွားတယ်။ ညဘက်မှာ သူတို့က သိုလှောင်ထားတဲ့ စွမ်းအင်ကို ထုတ်လွှတ်ပြီး အသက်ရှူခြင်းကို လုပ်ဆောင်တယ်။ ဖီးနစ်က ဒါကို သိနိုင်ပေမဲ့ စမ်းသပ်မှုအတည်ပြုချက် မရှိသေးလို့ သူတို့ရဲ့ တွေ့ရှိချက်တွေကို ထုတ်ပြန်ခြင်း မရှိသေးဘူး”

ကီကီ လျှာတစ်လစ်ထုတ်လိုက်သည်။

“အဲဒါက အတည်လား။ ကမ္ဘာကြီးက ပြီးဆုံးသွားပြီ၊ သူတို့က ‘သိပ္ပံနည်းကျ အတည်ပြုချက်’ ကိုပဲ စိုးရိမ်နေတုန်းလား။ သူတို့ တစ်ခုခုကို သိပြီဆိုရင် လူတွေကို သတိပေးသင့်တာ မဟုတ်ဘူးလား”

တင်းကျန်းရီ ညင်သာစွာ ပြုံးလိုက်သည်။

“နင် မှားနေပြီ။ သိပ္ပံပညာက တိကျတယ်။ ဖီးနစ်ဟာ အသက်ရှင်ကျန်ရစ်သူတွေကြားမှာ နောက်ဆုံး စစ်မှန်တဲ့ အခွင့်အာဏာကို ကိုယ်စားပြုတယ်။ သူတို့က မှားယွင်းတဲ့ အချက်အလက်တွေ ထုတ်ပြန်ရင် လူတွေက တွေ့ရှိချက်တွေကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တယ်။ သူတို့ရဲ့ အတွေးအခေါ်က ‘အာရုဏ်ဦးကို လိုက်နာခြင်း’ ပဲ ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ လက်ရှိ ရည်ရွယ်ချက်ကို ထောက်ခံတဲ့ တစ်ခုခုကို မီးမောင်းထိုးပြဖို့ မလိုအပ်ပါဘူး။ ဒါ့အပြင် အပြည့်အဝအတည်ပြုချက် မရှိဘဲ၊ မှားယွင်းတဲ့ထုတ်ပြန်ချက်တစ်ခုက ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေနိုင်တယ်”

“ဪ”

ကီကီ မျက်လုံးများ ကျဉ်းသွားသည်။

“ဒါဆို သူတို့ ဒါကို လူသိရှင်ကြား ကြေညာလိုက်ရင် မကောင်းတဲလူတချို့က ပိုပြီး မြန်မြန် ဆင့်ကဲပြောင်းလဲဖို့ တမင်တကာ အမှောင်ထဲမှာ နေဖို့ ကြိုးစားကြလိမ့်မယ်—အဲဒါက သူတို့အားလုံးကို သေစေရုံပဲမဟုတ်လား”

“အတိအကျပဲ”

တင်းကျန်းရီ၏ အသံ နိမ့်ကျသွားသည်။

“အမှောင်အမှတ်အသားအတွက်လည်း အတူတူပဲ—ဒါက အမှောင်ညစ်ညမ်းမှုထက်တောင် ပိုပြီး အန္တရာယ်များတယ်။ အသက်ရှင်ကျန်ရစ်သူတွေက အန္တရာယ်ရဲ့အတိုင်းအတာအပြည့်အစုံကို သိရင်၊ တချို့က ကိုယ့်ဘာသာကိုယ် စမ်းသပ်ဖို့ ကြိုးစားပြီး သေဆုံးမှုတွေ ပိုများလာနိုင်တယ်”

ကီကီက မဲ့လိုက်သည်။

“ဒါပေမဲ့... အမှောင်အမှတ်အသား ရှိနေတယ်ဆိုတာ ကျွန်မတို့ သက်သေပြပြီးပြီလေ။ ကျွန်မတို့ ဒီနေ့ အစောပိုင်းက အမှတ်သားခံရတဲ့ ငါးစာကို ကိုင်တွယ်ခဲ့ရတာပဲ မဟုတ်လား”

“ဒီလောက် မရိုးရှင်းဘူး”

“သိပ္ပံရှုထောင့်ကနေကြည့်ရင်၊ ငါတို့ရဲ့ တွေ့ရှိချက်တွေဟာ အထောက်အထားထက် အယူအဆအပေါ်မှာ ပိုပြီး အခြေခံနေတုန်းပဲ။ ဂန္ဓမာနက်ငရဲပန်းနဲ့တောင် ငါတို့မှာ အသေးစိတ် ဒေတာ မရှိဘူး။ အမှောင်အမှတ်သားတွေက ဘယ်လိုစွမ်းအင်မျိုးလဲ…ဘယ်လိုစောင့်ကြည့်ရမယ် ဒါမှမဟုတ် သူတို့ရဲ့ တိကျတဲ့အလုပ်လုပ်ပုံက ဘာတွေလဲဆိုတာကိုတောင် ငါတို့ အပြည့်အဝ နားမလည်သေးဘူး။ အခုချိန်မှာ ငါတို့ရဲ့ နားလည်မှုက စမ်းသပ်မှုထက် အတွေ့အကြုံက ပိုများနေတယ်”

“ဒါ့အပြင် ဖီးနစ်ရဲ့ ဖွဲ့စည်းပုံက သူတို့ကို ဖောင်ဒေးရှင်းလိုမျိုး သက်ရှိတွေအပေါ်မှာ စမ်းသပ်ဖို့ ခွင့်မပြုဘူး”

ကီကီ မျက်လုံး လှန်လိုက်သည်။

“ကျွန်မ နားမလည်ဘူး။ သူတို့ ကျွန်မတို့ကို မယုံရင်တောင်...ကျွန်မတို့က နောက်ဆုံးမှာ ဖီးနစ်ကို ရှာတွေ့ဖို့ လိုတယ် မဟုတ်လား”

တင်းကျန်းရီ ခေါင်းညိတ်လိုက်သည်။

“ဟမ့်” ကီကီ၏ မျက်နှာ မည်းမှောင်သွားသည်—

ထို့နောက် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည်။

“ခဏလေး... ရှင် ပြောနေတာက ဒီ ဖောင်ဒေးရှင်းက အစောပိုင်းက ဘူတာရုံမှာ အမှတ်အသားခံထားရတဲ့ ငါးစာကို ချခဲ့တဲ့ အဖွဲ့အစည်းနဲ့ အတူတူပဲလို့ ပြောနေတာလား”

တင်းကျန်းရီ ခေါင်းခါလိုက်သည်။

“လုံးဝ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ သုတေသန ဦးတည်ချက်အရ…သူတို့ဟာ ဖီးနစ် ဒါမှမဟုတ် ဖက်ဒရေးရှင်းထက် အမှောင်အမှတ်အသားတွေကို ပိုပြီး ထိရောက်စွာ လေ့လာနိုင်တဲ့ နည်းလမ်းတွေ ရှိနိုင်တယ်”

ထို့နောက် သူမသည် ကီကီကို ကြည့်လိုက်သည်။ “နင်နဲ့ လင်းရှန်က သူတို့နဲ့ အပြန်အလှန် ဆက်ဆံခဲ့ဖူးတယ် မဟုတ်လား။ SIID အကြောင်း ပိုပြောပြပေးနိုင်မလား။ သူတို့က ဘယ်လို အဖွဲ့အစည်းမျိုးလဲ”

ကီကီ၏ မျက်နှာအမူယာရှုံ့မဲ့သွားသည်၊၊ “သူတို့က ရူးသွပ်နေတဲ့ လူတစ်စုပဲ”

လက်ပိုက်ကာ သူမသည် အစောပိုင်းက SIID စခန်းအတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

“...သူတို့က သက်ရှိ လူသားတွေပေါ်မှာ စမ်းသပ်ရုံသာမကဘူး၊ ဂိမ်းတစ်ခုလိုလည်း သဘောထားတယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ကိုယ်ကိုယ် ‘ကြားနေ’ လို့ ခေါ်ဖို့ သတ္တိရှိသေးတယ်—ဘယ်လိုအတွေးခေါ်တွေလဲ”

တင်းကျန်းရီ၏ မျက်နှာအမူယာ ထူးဆန်းသွားသဘ်၊၊

“...ဒါက အုပ်စုလိုက် ခုခံအားစနစ် ပုံစံကို လိုက်နာနေပုံရတယ်”

ကီကီ မျက်တောင်ခတ်လိုက်သည်။

“ဘယ်လိုမျိုးလဲ”

တင်းကျန်းရီက ရှင်းပြသည်။

“တွင်းနက်တွေနဲ့ အမှောင်ကျူးကျော်မှုကို ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းစေတဲ့ ဗိုင်းရပ်စ်တစ်ခုလို စဉ်းစားကြည့်လိုက်စမ်း…အုပ်စုလိုက် ခုခံအား သီအိုရီအရ…အပြင်းထန်ဆုံးသူတွေသာ အသက်ရှင်ကျန်ရစ်တယ်။ ကမ္ဘာပျက်ကပ်နေ့က ကမ္ဘာတစ်ဝန်းက လူပေါင်း ဘီလီယံနဲ့ချီ သေဆုံးခဲ့ရတယ်။ ငါတို့ အသက်ရှင်ကျန်ရစ်သူတွေဟာ စွမ်းရည်တွေရခဲ့တာ ဒါမှမဟုတ်ရင် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့တာပဲ။ သူတို့ရဲ့အမြင်မှာ၊ ငါတို့က သဘာဝရွေးချယ်မှုလုပ်ငန်းစဉ်မှာ ကံကောင်းတဲ့ လူနည်းစုပဲ”

ကီကီ ရယ်မောလိုက်သည်။

“ဟုတ်လား။ ဒါဆို အမှောင်ကို ဘယ်သူက ပြန်တိုက်ခိုက်မှာလဲ”

ဖျတ်

တင်းကျန်းရီ လမ်းလျှောက်တာကို ရပ်လိုက်သည်။ သူမသည် ကီကီဘက်သို့ လှည့်လိုက်ပြီး သူမ၏ မျက်နှာထားသည် ပုံမှန်မဟုတ်ဘဲ တည်ကြည်နေသည်။

“အဲဒါက တကယ့်ပြဿနာပဲ”

“လူသားတွေဟာ ဗိုင်းရပ်စ်ကို အမှန်တကယ် အနိုင်ယူခဲ့ဖူးတာမျိုး မရှိသေးဘူး”

All Chapters