← Chapters

အပြည့်အဝပစ်အား

Vol. 18 Ch. 262

အပြည့်အဝပစ်အား

Vol. 18 Ch. 262

ဒက် ဒက် ဒက် ဒက်

ဂတ်တလင်သေနတ်သည် တစ်ဖန် ပြန်လည် အသက်ဝင်လာသည်။

ဓာတ်လှေကားခန်းသည် သွေးစွန်းသော စစ်မြေပြင် ဖြစ်သွားပြီး ကျည်ဆန်တစ်ချက် ပစ်လိုက်တိုင်း သွေးနီရောင်မြူမှုန်များ ပျံ့နှံ့လာသည်။

တာလို့သည် အဆက်မပြတ် ပစ်ခတ်နေရင်း နောက်သို့ ဆုတ်ခွာနေသည်၊၊ ရှုချင်းနှင့် လုချန်တို့သည် သူ့ကို ထောက်ပံ့ပေးရန် ဝင်လာကြသည်။

“ဒီလမ်းက ပိတ်နေပြီ...လင်းရှန်ဆီ ပြန်ဆုတ်ကြမယ်”

ရှုချင်းသည် သူမ၏ နားကြပ်ကို နှိပ်ရင်း မျက်နှာအမူအရာ တင်းမာနေသည်။

“ကီကီ...ဒါရိုက်တာတင်း”

ဆူညံသံများ ထွက်ပေါ်လာသည်— ထို့နောက် နောက်ဆုံးတွင် လေတိုးသံတစ်ခုဖြင့် ကီကီ၏ အသံကို ကြားလိုက်ရသည်။

“မွန်းစတားတွေပဲ အားလုံး သတိထားကြ”

ယခုအချိန်၌ ရေသည် ခါးအဆင့်အထိ မြင့်တက်လာသည်။

ကီကီသည် တင်းကျန်းရီကို မတင်ကာ လေထဲမှ ပျံသန်းသွားသည်။ မူလက သူမသည် ဗဟိုခန်းမကို ဖြတ်၍ လမ်းဖြတ်ရန် ရည်ရွယ်ခဲ့သည်— သို့သော် သူမ မပြုလုပ်နိုင်မီ အနက်ရောင်သတ္တဝါအုပ်စုကြီးသည် ဘေးဘက် စင်္ကြံလမ်းမှ ဖောက်ထွက်လာသည်။

သူမသည် လက်များကို ရှေ့သို့ တွန်းထုတ်လိုက်သည်— ဘန်း

တုန်ခါလှိုင်းတစ်ခုသည် နံရံများနှင့် မီးသီးများကို ဖျက်ဆီးပစ်ကာ ရေမွန်းစတားများကို ဘေးသို့ လွင့်စင်စေသည်။

တုံ့ဆိုင်းမနေပဲ သူမသည် လမ်းကြောင်းပြောင်းကာ ဝပ်ရှော့အလုပ်ရုံဆီသို့ ဦးတည်သွားသည်။

ဝုန်း ဝုန်း

မြေအောက်သုတေသနစခန်းသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ရေလွှမ်းမိုးမှုက ပိုမို ပြင်းထန်လာသည်။

သူမ၏ နားကြပ်မှ ဆူညံသံများကို ကြားလိုက်ရသော ချန်ဆီရွှမ်၏ မျက်နှာအမူအရာ တင်းကျပ်သွားသည်။

“မြောင်လု သူတို့ကို အကာအကွယ်ပေး”

“ဟုတ်ကဲ့”

ရှဲ

မြောင်လု မလှုပ်ရှားနိုင်ခင် သူမ၏ ရှေ့မှ ရေများသည် လှိုင်းထလာသည်— ထို့နောက် ပင်လယ်ကြယ်သဏ္ဌာန် မွန်းစတားတစ်ကောင် ပေါ်လာသည်။

၎င်း၏ ပါးစပ်သည် အလွှာလိုက်စီတန်းနေသော သင်တုန်းဓါးကဲ့သို့ ထက်ရှသော သွားတန်းများကြားမှ မှင်နက်ရောင် အရည်များကို ချန်ဆီရွှမ်ဆီသို့ တိုက်ရိုက် ပန်းထုတ်လိုက်သည်။

သို့သော် ထိုအချိန်၌—

ချန်ဆီရွှမ်၏ နှလုံးသားသည် တဒိတ်ဒိတ် ခုန်နေသည်၊ သို့သော် သူမ၏ စိတ်သည် ထိတ်လန့်မသွားဘဲ ငြိမ်သက်နေသည်။

အရာအားလုံး နှေးကွေးသွားသလို ဖြစ်နေသည်။

သူမသည် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အဆိပ်ရှိသော အနက်ရောင်အရည်များကို ကပ်၍ ရှောင်တိမ်းလိုက်သည်။

သူမ၏ A33Kကို မြှောက်ကာ တိကျစွာ ပစ်မှတ်ထားလိုက်သည်။

ဘန်းးး

ကျည်တစ်တောင့်သည် ထိုသတ္တဝါ၏ ပါးစပ်ကို ဖြတ်သွားပြီး၊ အပြင်ဘက်သို့ ပေဝက်ခန့် ကျယ်သော အပေါက်ကို ချန်ထားခဲ့သည်။

စစ်မြေပြင်သည် ရှုပ်ထွေးနေသည်။

ထိုအရာအားလုံး၏ ဗဟို— လင်းရှန်သည် သူ၏ စကင်န်ဖတ်ခြင်းကို နောက်ဆုံးတွင် အပြီးသတ်လိုက်သည်။

【ယန္တရားစကင်န်ဖတ်မှု ပြီးစီးသည်- T8-Z Vulcan စစ်တပ်အဆင့် ထိုးဖောက်မီကာ (ပုံကြမ်း ရရှိသည်)】

စစ်ယန္တရားသည် အသက်ဝင်လာသည်။

ထိုအခိုက် ရေထဲမှ ခရုသဏ္ဌာန် မွန်းစတားတစ်ကောင် ထွက်ပေါ်လာသည်၊၊

ထူးဆန်းသော ခရုသည် ပျော့ပျောင်းနေပုံရသော်လည်း၊ ၎င်းသည် ရုတ်တရက် လင်းရှန်၏ ယန္တရားလက်မောင်းကို ရစ်ပတ်လိုက်ပြီး အားဖြင့် တင်းကြပ်လိုက်ရာ သူ၏ စက်ပိုင်းဆိုင်ရာ အဆစ်များသည် ကြမ်းတမ်းသော သတ္တုမြည်သံ ထွက်လာသည်၊၊

“သေစမ်း”

တွန့်ဆုတ်မနေဘဲ၊ လင်းရှန်သည် သူ၏ လက်ကို မြှောက်ကာ လျှပ်စစ်စီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပူလောင်သော လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ရစ်ခွေနေသော ထိုသတ္တဝါကို ချက်ချင်း ထိုးဖောက်လိုက်သည်။

ရှဲ...

သူ၏ လက်ထဲမှ ထူးဆန်းသော ခရုသည် ရူးသွပ်စွာ ရုန်းကန်လာသည်၊၊ သို့သော် လင်းရှန်သည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ပေ။ ယန္တရားနှလုံးသားသည် မီးနတ်ဘုရားစက်ရုပ်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ၎င်း၏ ကြီးမားသော တိုက်ခိုက်ရေးလက်မောင်းကို မြှောက်လိုက်သည်— ဘန်း...ဝှီး...အဓိက အမြောက်အောက်ရှိ ပြန်ကန်အားထိန်းကိရိယာသည် အသက်ဝင်လာသည်။ လင်းရှန်သည် ထိုမွန်းစတားကို သူ၏ အနက်ရောင်လှံဖြင့် ထိုးသွင်းကာ မီးများပန်းထွက်နေရာဆီသို့ မြှောက်ကိုင်လိုက်သည်။

ဘန်းးး

ပူလောင်သော အနီရောင်မီးလျှံများက အပူချိန်မြင့် မီးသတ်ပိုက်မှ ထွက်ပေါ်လာပြီး ထူးဆန်းသော ခရုကို ထိုနေရာ၌ပင် မီးသွေးခဲဖြစ်အောင် ကင်ပစ်လိုက်သည်။

လင်းရှန်သည် ၎င်းကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး စက်ရုပ်ပေါ်သို့ တက်ကာ၊ ထိုင်ခုံမှ အလောင်းကို ဆွဲထုတ်လိုက်သည်။ ထိုအချိန်၌ပင် သူ၏ မျက်လုံးထဲသို့ တစ်စုံတစ်ရာ ဝင်ရောက်လာသည်— သူ၏ ယန္တရားစိတ်ဝိညာဉ်ကို စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်စေသော စက်ရုပ်ထိန်းချုပ်ခန်း ထိုင်ခုံတစ်လုံး...။

ကိုယ်ထည်တစ်ခုလုံးကို စစ်ဘက်သုံး အစိမ်းရောင် သုတ်ထားသည်၊၊ ဟိုလိုဂရမ် စနစ်မြင်ကွင်း၊ Ai ပစ်ခတ်မှု ထိန်းချုပ်စနစ်များ တပ်ဆင်ထားသည်— ထိုမြင်ကွင်းက လင်းရှန်ကို တစ်စက္ကန့်မျှ ရပ်တန့်သွားစေသည်။

သို့သော် သူသည် အချိန်မဖြုန်းတော့ပဲ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ထိုင်ခုံထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်ပြီး သူ၏ ယန္တရားနှလုံးသားကို ထိန်းချုပ်စနစ်သို့ ချိတ်ဆက်လိုက်သည်။ စက်ရုပ်တစ်ခုလုံးသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသလို ခံစားရသည်၊၊ သူ့အတွက် အထူးချုပ်ထားသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ပင်။

မီးနတ်ဘုရား၏ ထိုင်ခုံသည် ကျယ်ဝန်းသည်၊၊ ထို့ကြောင့် စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသော ၁.၈ မီတာရှည်သော လင်းရှန်ပင် ကျဥ်းကျပ်သည်ဟု မခံစားရပေ။

ကျီ—

သူသည် တံခါးပိတ်ခလုတ်ကို နှိပ်လိုက်သည်...အကာသည် တဖြည်းဖြည်း ပိတ်သွားပြီး သူ့ကို အတွင်း၌ လုံခြုံစွာ ပိတ်လိုက်သည်။ နက်ရှိုင်းသော စက်ပိုင်းဆိုင်ရာ Aiအသံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်—

[စနစ် စတင်နေသည်...]

[ပိုင်းလော့နှင့် ချိတ်ဆက်နေသည်...]

[ချိတ်ဆက်မှု အောင်မြင်သည်။ ပိုင်းလော့အသစ်ကို အတည်ပြုသည်။]

ဟိုလိုဂရမ်စနစ်မြင်ကွင်းသည် လင်းရှန်၏ ရှေ့တွင် ပေါ်လာကာ အပြင်ဘက်ကမ္ဘာ၏ အလွန်ကြည်လင်သော မြင်ကွင်းကို ပေးလေသည်— မျက်စိမှအမြင်ထက် များစွာ ပိုမို အသေးစိတ်ပြီး ပို၍ကျယ်ပြန့်သည်။ Aiပစ်ခတ်မှု ထိန်းချုပ်စနစ်၊ ရေဒါနှင့် စက်ရုပ်၏ အခြေအနေဆိုင်ရာ ကိန်းဂဏန်းများ အားလုံးသည် သူ၏ ရှေ့တွင် သပ်သပ်ရပ်ရပ် ပြသထားသည်။

ပြိုင်ဘက်ကင်းသော လုံခြုံမှုသည် သူ၏ နှလုံးသားကို ကျေနပ်စွာ ပြည့်လျှံစေသည်။

လင်းရှန်သည် ထိုင်ခုံကို စစ်ဆေးလိုက်သည်— သူ၏ နောက်ကျောတွင် ထောက်ပံ့ရေးပစ္စည်းများနှင့် အစားအစာများအတွက် သိုလှောင်ခန်းငယ်တစ်ခု ရှိသည်။ သူ၏ ဘယ်ဘက်တွင် ဆေးပစ္စည်းတစ်စုံ ရှိပြီး၊ ညာဘက်တွင် မစ်ရှင်စခန်းတစ်ခု ရှိသည်။

ယန္တရားနှလုံးသားကို အသုံးပြုကာ ပေါင်းစည်းထိန်းချုပ်စနစ်နှင့် ချိတ်ဆက်လိုက်သည်၊၊ နက်ရှိုင်းသော တဟူးဟူးမြည်သံနှင့်အတူ စက်ရုပ်တစ်ခုလုံးသည် ချက်ချင်း တုံ့ပြန်လာပြီး ရေကို ဖြတ်၍ စတင် လှုပ်ရှားလာသည်။

ဒုန်း ဒုန်း

ကြီးမားသော စက်ရုပ်သည် ရေလွှမ်းမိုးနေသော စင်္ကြံလမ်းကို ဖြတ်လျှောက်ပြီး ရှေ့ရှိ လမ်းဆီသို့ လှည့်လိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ကီကီနှင့် ရှုချင်းတို့၏ အဖွဲ့များသည် ပြန်လည်စုဖွဲ့ပြီး ရေမွန်းစတားအုပ်စုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြကာ ဝပ်ရှော့အလုပ်ရုံထဲ ဆုတ်ဝင်လာကြသည်။

“ဆရာမချန် မြောင်လု ဓာတ်လှေကားပေါ် တက်ပြီး သူတို့ကို အဝေးကနေ ကာဗာပေးလိုက်”

“ကောင်းပြီ”

ချန်ဆီရွှမ်သည် ချက်ချင်း လှုပ်ရှားပြီး မြောင်လုနှင့် အခြားသူများကို ဦးဆောင်ကာ ရေများကို ဖြတ်၍ ကြီးမားသော ကုန်တင်ဓာတ်လှေကားပေါ်သို့ တက်လိုက်ကြသည်။

ဝှမ်း ဝှမ်း

လင်းရှန်သည် မီးနတ်ဘုရား စက်ရုပ်ကို မောင်းနှင်ကာ ရေမွန်းစတားများဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ဘယ်ဘက်လက်မှ အဓိက အမြောက်နှင့် ညာဘက်လက်မှ မီးနတ်ဘုရား ဂတ်တလင် စနစ်များကို အပြည့်အဝ ဖွင့်လိုက်ပြီး နေရာတွင် တပ်ဆင်လိုက်သည်။

“မင်းတို့ သွားနှင့်— ငါ သူတို့ကို တားထားမယ်”

လင်းရှန် စက်ရုပ်ကို အသက်သွင်းသည်ကို မြင်လိုက်ရသောကြောင့် ကီကီ၏ မျက်လုံးများ လင်းလက်သွားသည်။ သူမသည် လက်နှစ်ဖက်စလုံးကို မြှောက်ကာ စိတ်စွမ်းအင်ကို ထုတ်လွှတ်ပြီး လူတိုင်းကို ရေထဲမှ မြှောက်တင်လိုက်သည်...နက်ရှိုင်းသော ရေလွှမ်းမိုးမှုကို ဖြတ်၍ ဓာတ်လှေကား ပလပ်ဖောင်းဆီသို့ ရွှေ့လိုက်သည်။

“တော်တယ် ကလေးမ”

All Chapters