ပြန်လည်ဆုတ်ခွာခြင်း ၂
Vol. 18 Ch. 264
အဖွဲ့သည် အံ့မခန်းစည်းလုံးမှုဖြင့် လှုပ်ရှားနေသည်….ဖုတ်ကောင်လှိုင်းများကို ဖိနှိမ်ရင်း မြို့ငယ်လေး၏ တောင်ဘက်လမ်းသို့ တိုးဝင်ကြသည်။ မွန်းစတားများသည် ဆိုင်ခန်းများမှ တွားထွက်လာသည်၊၊ မှန်တံခါးများကို ဖျက်ဆီးရင်း ပေါ်ထွက်လာကြသည်။
ဖျစ် ဖျစ် ဂျွတ်
လမ်းမ၏ အလယ်တွင် ပေါင်းစပ်ထားသော စမ်းသပ်မှုမှ ထူးဆန်းသော သတ္တဝါတစ်ကောင်သည် ဖုတ်ကောင်များကြားမှ ရွေ့လျားလာသည်။ စက်သေနတ် ပစ်ခတ်မှုတစ်ခုက ၎င်းကို ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်သည်၊၊ သို့သော် ထူးဆန်းသော အနက်ရောင်အလောင်းပိုးကောင်များသည် လှိုင်းလုံးများကဲ့သို့ ပန်းထွက်လာပြီး အဖွဲ့ဆီသို့ အုံလိုက် ကျင်းလိုက် ရောက်လာကြသည်။ ကျည်ဆံများသည် မြေပြင်ကို ရိုက်ခတ်နေရာ မီးပွားများ ထွက်ပေါ်လာသည်၊၊ သို့သော် ပိုးကောင်များက နေရာတိုင်းမှ တိုးဝင်လာကြသည်။
“ကီကီ”
လင်းရှန် အော်လိုက်သည်။
“ကောင်းပြီ”
ကီကီ ရှေ့သို့ ပျံသန်းသွားသည်။ သူမ၏ မျက်လုံးများ တောက်ပလာသည်၊၊ မြေပြင်ဆီသို့ လက်ကို ဆန့်ထုတ်လိုက်သည်။ ကော်ဇောကို လှန်လိုက်သကဲ့သို့ လှုပ်ရှားမှုဖြင့် သူမသည် လမ်းမ၏ မျက်နှာပြင်တစ်ခုလုံးကို မြှောက်တင်လိုက်သည်၊ ပိုးကောင် လှိုင်းလုံးနှင့် ဖုတ်ကောင်များကို လေထဲသို့ လှဲချလိုက်သည်။ လမ်းခင်းကျောက်ပြားများသည် အလွှာလိုက် ပေါက်ကွဲသွားကာ ဖုန်မှုန့်နှင့် အပျက်အစီးများ ပျံဝဲသွားသည်၊၊
ဘန်းးး
ကြီးမားသော စနိုက်ပါရိုင်ဖယ်မှ ပစ်ခတ်သံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။
ချန်ဆီရွှမ်သည် စတိုးဆိုင်တစ်ခု၏ အပေါ်မှ အမှောင်ထုကို စိုက်ကြည့်ပြီး လင်းရှန်ကို လှမ်းခေါ်လိုက်သည်။
“လင်းရှန် ၁၁ နာရီမှာ— မြူခိုးပင့်ကူ”
သူမ စကားမဆုံးမီ ကြီးမားသော ပင့်ကူခြေထောက်တစ်ချောင်းသည် ကီကီဆီသို့ ထိုးချလာသည်။
ချွမ်
သံမဏိဓားကြီးတစ်လက်သည် ဝှေ့ယမ်းလာပြီး တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားလိုက်သည်။ တာလို့သည် ထိုဓားကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မွန်းစတား၏ ခြေထောက်ကို ပိတ်ဆို့ရန် ပြေးဝင်လာသည်။ မီးပွားများ လွင့်စင်သွားသည်....မြူခိုးပင့်ကူ၏ ကြမ်းတမ်းသော၊ သံမဏိနှင့်တူသော အမွေးများက သူ၏ ဓားကို ခြစ်မိသည်။ သူ၏ လက်ကောက်ဝတ်ကို ပင့်ကာ တာလို့သည် ဓားကို အပေါ်သို့ မြှောက်တင်လိုက်သည်—
ရွှပ်
ပင့်ကူခြေထောက်သည် လုံးဝပြတ်တောက်သွားသည်။
ဘန်း
မီးတောက်ကျည်ဆံတစ်တောင့် ပေါက်ကွဲသွားပြီး ကောင်းကင်ကို အဖြူရောင် အပူရှိန်မြင့် အလင်းဖြင့် လွှမ်းမိုးလိုက်သည်။
စတိုးဆိုင်ပေါ်တွင် ဖုံးကွယ်နေသော ဧရာမအစိမ်းရောင် ပင့်ကူတစ်ကောင်သည် မြင်ကွင်းထဲသို့ ရောက်လာသည်၊၊ ၎င်း၏ ခြေထောက် ၆ ချောင်းသည် အဖွဲ့အပေါ်သို့ ကျရောက်လာသည်၊၊
ရွှစ် ရွှစ်
လင်းရှန်၏ ဘယ်ဘက်လက်မှ အဓိကအမြောက်သည် လေထဲရှိ မြူခိုးပင့်ကူကို တိုက်ရိုက် ပစ်မှတ်ထားကာ မြှောက်ထားပြီးသား ဖြစ်သည်။
ဘန်းး
ပင့်ကူ၏ မေးရိုးများနှင့် ရှေ့ခြေထောက်နှစ်ချောင်းသည် ချက်ချင်း ပေါက်ကွဲသွားသည်။ များပြားလှသော အစိမ်းရောင် အရည်များသည် ဒဏ်ရာများမှ ပန်းထွက်လာသည်...၎င်း၏ ပြတ်တောက်သွားသော ခြေထောက်များသည် ယိမ်းထိုးကာ အဆောက်အအုံ၏ အစွန်းကို တိုက်မိပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။
“ကျေးဇူးပဲ လူသန်ကြီး”
ကီကီက အော်ပြောလိုက်ပြီး နောက်တန်းမှ ဖုတ်ကောင်အလုံးအရင်းကို ထိန်းထားနိုင်ရန် လျင်မြန်စွာ ထွက်ခွာသွားသည်။
အရိုးစုမွန်းစတားများနှင့် မြူခိုးပင့်ကူများကို သတ်ဖြတ်လိုက်သည်နှင့်အမျှ မမြင်ရသော အနက်ရောင်မြူခိုးများသည် အဖွဲ့ဆီသို့ စုစည်းလာသည်။ အနန္တရထား အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်...၎င်းတို့၏ မျက်နှာများသည် နီမြန်းလာပြီး စိတ်ထဲတွင် ဖိနှိပ်မှု၊ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသော အရာတစ်ခု စိမ့်ဝင်လာသည်။
တင်းကျန်းရီ ချက်ချင်း သတိထားမိသွားသည်။ သူမသည် နားကြပ် ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ လူတိုင်းကို ပြောလိုက်သည်-
“စိတ်ကို ငြိမ်အောင်ထား...ကြောက်စိတ်နဲ့ သတ်ဖြတ်လိုစိတ်က မင်းတို့ရဲ့ အသိဉာဏ်ကို မလွှမ်းမိုးစေနဲ့။ ကြောက်စိတ်ဆိုတာ ပင်ကိုဗီဇတစ်ခုပဲ....သတ္တိဆိုတာလည်း ပင်ကိုဗီဇတစ်ခုပဲ”
လင်းရှန်၏ မျက်ခုံးများ သူမ၏ စကားကြောင့် တွန့်သွားသည်၊ ဘာဖြစ်နေကြောင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူ အော်လိုက်သည်-
“ငါတို့ ထွက်လို့ရခါနီးပြီ.....ခံနိုင်ရည်ရှိအောင် ကြိုးစားကြ”
ဤစကားကို ကြားလိုက်ရသောကြောင့် များစွာသောသူများသည် သူတို့၏ စိတ်များကို သိသိသာသာ ထိန်းချုပ်လိုက်ပြီး စိတ်ထဲမှ တုန်လှုပ်မှုများကို ဖိနှိမ်လိုက်ကြသည်။
“ကျည်ဖြည့်နေပြီ”
“၃ နာရီမှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် တွေ့တယ်”
“အကာကွယ်လိုင်းကို အာရုံစိုက်ထား”
ဖျတ်
သန္ဓေပြောင်းမျော့ကောင်နှင့်တူသော သတ္တဝါတစ်ကောင်သည် ၃ နာရီဘက်မှ ခုန်ဝင်လာသည်— ကီကီ၏ စိတ်စွမ်းအားဖြင့် လေထဲတွင် ဖမ်းဆုပ်ခံလိုက်ရသည်။ ထိန်းချုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ပစ်ခတ်မှုများက ၎င်းကို ဆုတ်ဖြဲပစ်လိုက်သည်။
အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုသည် သိမ်မွေ့စွာ ပိုမိုခိုင်မာလာသည်၊၊ အဆုံးမဲ့ညအောက်တွင် ၎င်းတို့၏ စည်းလုံးညီညွတ်မှုက ပိုတိုးတတ်လာသည်၊၊
ဝုန်းး
မြို့ငယ်လေးမှ လွတ်မြောက်လာသည်နှင့် မီးနတ်ဘုရားစက်ရုပ်၏ အဓိကအမြောက်သည် ရှေ့မှ သစ်တောကို ဖြတ်၍ လမ်းတစ်ခုကို ဖောက်ခွဲလိုက်သည်။ လင်းရှန်သည် အဖွဲ့ကို ရှေ့သို့ ဦးဆောင်သွားသည်၊ ၎င်းတို့၏ ရှေ့မီးများသည် ဖုံးကွယ်ထားသော လမ်းကြောင်းတစ်ခုကို ဖော်ပြနေသည်— သူနှင့် ကီကီတို့ မော်တော်ဆိုင်ကယ်များဖြင့် အစောပိုင်းက ထိုးဖောက်ဝင်ရောက်ခဲ့သော လမ်းကြောင်းပင်ဖြစ်သည်။
ဖျစ် ဖျစ်
မီးတောက်ပြွန်များသည် လမ်းတစ်လျှောက်ရှိ သစ်ပင်များကို မီးရှို့လိုက်ကာ မြင်ကွင်းကို ချဲ့ထွင်လိုက်သည်။ ဖုတ်ကောင်များ ဆက်လက်ထွက်ပေါ်နေသော်လည်း...ကျည်ဆန်များက ကုန်ခါနီးပြီ။ Roarer ဂတ်တလင်သေနတ်များသည် ကျည်ကုန်သွားလေပြီ၊၊ တာလို့သည် သူ၏ သံမဏိဓားကြီးဖြင့် အနီးကပ်တိုက်ခိုက်ရန် ဖိအားပေးခံရသည်။
သူ၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ်ကောင်းနေကာ.....သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် သွေးနီရောင် တိုက်ခိုက်ရေးစွမ်းအင်များ ထွက်ပေါ်နေသည်။ ကြီးမားသော ဓားကြီးသည် ဖုတ်ကောင်များကို ထောပတ်ကို ဓားဖြင့် လှီးဖြတ်သကဲ့သို့ လှီးဖြတ်နေသည်။
အမျိုးသမီး အရိုးစုမွန်းစတားတစ်ကောင်သည် တာလို့၏ ပခုံးပေါ်သို့ ခုန်အုပ်လိုက်ပြီး ကိုက်ချလိုက်ရာ အသားစတစ်ပိုင်း ပြဲထွက်သွားသည်— သို့သော် သူသည် မျက်တောင်ပင် မခတ်ပေ။ ယင်းအစား သူမ၏ ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး မြေကြီးပေါ်သို့ ရိုက်ချလိုက်ရာ ချက်ချင်း ကြေမွသွားသည်။
သူ၏ ဒဏ်ရာသည် လျင်မြန်စွာ ပြန်ကောင်းလာပြီး သူ၏ မျက်လုံးများသည် အနီရောင်တောက်ပလာသည်၊၊ သူ၏ ခွန်အားသည် ပို၍ပင် ထိုးတတ်လာသည်။
အုန်းးး
မီးကျည်တစ်တောင့်သည် စမ်းသပ်စခန်း၏ အပြင်ဘက်ကောင်းကင်တွင် ပေါက်ကွဲသွားပြီး မြင့်မားသော ရောင်ပြန်ပြားများနှင့် သတ္တုထောက်တိုင်များကို ဖော်ပြနေသည်။
ခရက်ရှ်
ကီကီသည် တုန်ခါလှိုင်းကို ထုတ်လွှတ်လိုက်ပြီး ပြားများကို ဖျက်ဆီးပစ်လိုက်သည်။ ကွင်းဆက်တုံ့ပြန်မှုတစ်ခု လိုက်လာသည်— ဖွဲ့စည်းပုံ၏ အပိုင်းများစွာ ပြိုကျသွားပြီး အရိုးစုမွန်းစတားများနှင့် ဖုတ်ကောင်များကို မြှုပ်ပစ်လိုက်သည်။
“လင်းရှန်၊ ကားတွေက သုတေသနစခန်း ဝင်ပေါက်မှာ ရှိနေတုန်းပဲ”
ချန်ဆီရွှမ်က လှမ်းပြောလိုက်သည်။
“ငါ သိတယ်...ကီကီ၊ ရှုချင်း၊ မြောင်လု— သွားပြီး ကားတွေကို စက်နှိုးလိုက်...ငါ ကာဗာပေးထားမယ်”
လင်းရှန်က အမိန့်ပေးလိုက်သည်။
ယခုအချိန်၌ လင်းရှန် အပါအဝင် အဖွဲ့သားအများအပြားသည် သူတို့၏ ကိုယ်ပေါ်တွင် အမှောင်အမှတ်အသားများ ကျန်ရှိနေသေးသောကြောင့် ချင်းရွှေမြို့ စမ်းသပ်စခန်းမှ ကျန်ရှိနေသော ဖုတ်ကောင်အုပ်ကို ဆွဲဆောင်ကာ အဆက်မပြတ် လိုက်လာစေသည်။ တစ်ချိန်တည်းမှာပင် တာလို့နှင့် ဒဏ်ရာရထားသော လုချန်တို့သာ နောက်တွင် ကျန်ရစ်သည်။
သုတေသနဌာန နှင့် အနန္တ ရထားတို့သည် ကီလိုမီတာ
အတော်များများ ကွာဝေးနေသေးသည်။ ဤအမှောင်ည၏ လွှမ်းမိုးမှုအောက်တွင်...သူသည် ဤလူများကို ခြေလျင် ခရီးသွားခွင့် ပေး၍မရပေ— အထူးသဖြင့် ၎င်းတို့၏ ကျည်ဆန်များ ကုန်ခါနီးပြီဖြစ်သောကြောင့် ဖြစ်သည်။ အမှောင်ထုထဲတွင် မျက်စိစုံမှိတ် ပြေးခြင်းသည် သေမင်း၏ ပါးစပ်ထဲသို့ လျှောက်သွားခြင်းနှင့် မခြားနားပေ။
ထို့ကြောင့် သူသည် အဖွဲ့ကို အဓိကဝင်ပေါက်ဆီသို့ ဆုတ်ခွာရန် ဦးဆောင်ရမည်၊၊ ကီကီနှင့် အခြားသူများကို ကားများကို မောင်းနှင်လာရန် အချိန်ပေးရမည်။
ဝုန်း
ဖုတ်ကောင်အုပ်အတွင်း၌ အမြောက်ကျည်ဆံတစ်တောင့် ပေါက်ကွဲသွားပြီး မီးတောက်များက ကောင်းကင်ကို လွှမ်းခြုံစေသည်။
စက်ရုပ်၏ နောက်တွင် ရှိနေသော အနန္တရထားအဖွဲ့ဝင်များသည် ကျည်ဆန်များ ကုန်လုနီးပါးဖြစ်နေကြပြီ။ အချို့သည် ၎င်းတို့၏ အရန်ပစ္စတိုများကို ဆွဲထုတ်ကြသည်...အချို့က ရန်သူများကို ရင်ဆိုင်ရန် ဓားမြှောင်များနှင့်
ဖောက်ခွဲရေးပစ္စည်းများကို ဆွဲကိုင်လိုက်ကြသည်။