← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ငါနောက်တစ်ကြိမ် ပြန်လည်‌မွေးဖွားလာပြန်ပြီပဲ!

စိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသော ရုံးခန်းထဲတွင် ချောမောသော ကောင်လေးတစ်ယောက်က သက်ပြင်းချပြီး‌ ပြောလိုက်သည်။

အဲ့ဒီ လူငယ်လေးနာမည်က လင်ပေ့ဖန် ဖြစ်ပြီး သူ့အသက်ကတော့ ၂၀ ဖြစ်သည်။

သူသည် မြို့ပြဝတ္ထု အမျိုးမျိုးမှာ တွေ့ရသည့်အတိုင်း ဇာတ်လိုက်ရဲ့ပါးရိုက်ခြင်းခံရမည့် ဗီလိန် ငယ်လေး ဖြစ်လာခဲ့သည်။

သူသည် ပိုက်ဆံအတွက် မိဘများကို မှီခို ပြီး ဘာအရည်အချင်းမှ မရှိသဖြင့် သူသွားရာနေရာတိုင်းမှာ ပြဿနာကို ဖြစ်စေခဲ့သည်။

သူသည် ပထမဆုံး အမျိုးသမီး ဇာတ်လိုက် ဆောင်းယုချင်း ကို မျိုချမတတ် ချစ်သောကြောင့် သူသာ အကောင်းဆုံး လက်တွဲဖော် ဖြစ်ကြောင်း ပထမဆုံးဇာတ် လိုက် နဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့ စွမ်းရည်ကိုပြသခဲ့သည်။

ပထမတော့ သူ့မှာ ကျိုးကြောင်းဆင်ခြင်နိုင်သော ဆင်ခြင်တုံတရား ရှိပြီး ဒါပေမဲ့ အကြိမ်ကြိမ် ရှုံး နှိမ့် မှုကို ခံစားရပြီးနောက် သူသည် စိတ်ဓာတ်ကျလာခဲ့သည်။။ ထို့နောက်သူသည် နတ်ဘုရားများနှင့်လူသားများ မကြိုက်သော အရာများစွာကိုပြုလုပ်ခဲ့သောကြောင့် သူ့မိသားစုကို ပြိုကွဲမှုဆီသို့ ဦးတည်စေခဲ့သည်။

အဆုံးထိတိုင်‌အောင် အသက်ရှင်ခဲ့သော်လည်းပဲ သူဟာ ရှုးသွပ်ပြီး စိတ်ကျန်းမာရေးဆေးရုံ မှာ တံခါးပိတ်သော့ခတ်ခြင်းကို ခံခဲ့ရသည်။

ဘယ်လိုတောင် ဖန်တရာထပ်နေတဲ့ ဇာတ်ကွက်လဲ!

ဒါပေမဲ့ ဇာတ်ကွက်ရဲ့ ဦးတည်ရာကို သိနေတာတောင် တူညီတဲ့ လမ်း‌ကြောင်းတိုင်းပဲ သွားဦးမလို့လား??

ဘယ်ဟုတ်မလဲ!!

ကံကောင်းချင်တော့ စူပါဆုတောင်းခြင်းစနစ်လို့ခေါ်တဲ့ စနစ်တစ်ခုကို ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ သူပိုင်ဆိုင်ခဲ့သည်။

အဲ့ဒီစနစ်ဟာ လူတွေရဲ့ ဆုတောင်းအားလုံးကိုပြည့်စေသည် ။

နားထောင်ရတာတော့ ကောင်းပြီးစွမ်းအားကြီးပေမဲ့ စနစ်မှာ ချို့ယွင်းချက် သုံးချက် ရှိသည်။

ပထမဆုံး အချက် က တစ်နေ့မှာ ဆုတောင်းတစ်ခုပဲ ပြည့်နိုင်သည်။

ဒုတိယအချက်က ကိုယ့်အတွက်သာလျှင်ဆုတောင်းနိုင်ပြီးတော့ ဆုတောင်းကလည်း ကိုယ့်အတွက်သာပြည့်နိုင်သည်။တစ်ခြားလူများအတွက် မဟုတ်ပါ။

ဥပမာ - မိဘများ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းတာကို ခွင့်မပြု‌ပေ။

မိမိ ကျန်းမာပါစေ ချမ်းသာပါစေ စော်ကြည်ပါစေ လို့ ဆုတောင်းတာကို ခွင့်ပြုသည်။

တတိယအချက် က ကိုယ့်ဆုတောင်း က မြို့ပြ ဝတ္ထု တွေရဲ့ အခြေခံ စည်းမျဉ်းကို ကျော်လွန်လို့မရဘဲ ၂၄နာရီအတွင်းသာ ဆုတောင်းနိုင်သည်။

ဆုတောင်းတာက‌ ကောင်းကင်နှင့်မြေပြင်မှာ မသေသရွေ့ ဆုတောင်းလို့ရသည်။

လုပ်ပါဟ စနစ်ရာ ဒါကမြို့ပြပုံစံလေ ကျင့်ကြံခြင်းကမ္ဘာမှမဟုတ်တာ။ ဘာလို့ ဆုတောင်းတွေကမပြည့်နိုင်တာလဲ။

ချို့ယွင်းချက် အချို့ရှိစေကာမူ စနစ်အစွမ်းက ကြမ်းနေတုန်းပဲဖြစ်သည်။

ထို့ကြောင့် ရှပ်ထွေးနေသောကမ္ဘာမှာ စနစ်၏စွမ်းရည်များကိုအသုံးပြုပြီး သူ့ရဲ့ပါးနပ်သောလှုပ်ရှားမှုများကြောင့် ဇာတ်လိုက်များကို ပျက်ဆီးစေ၍

ပြိုင်ဘက်မရှိသော စူပါဗီလိန် ဖြစ်လာခဲ့သည်။

ကောင်းကင်ဆီသို့သွားသည့် ဇာတ်လမ်း ဇာတ်ကွက် များကိုပြန်လည်ကြည့်ပြီးနောက် လင်ပေ့ဖန်ကိုကျိန်ဆဲစေခဲ့သည်။

သူ့အမြဲတမ်းဆုတစ်ခုတောင်းတိုင်း သူ့ရန်သူများကို နှစ်ဆရရှိစေသည်။

တစ်နည်းအားဖြင့် စနစ်ဆီကနေ သူဆုတစ်ခုအမြဲရတိုင်း ဇာတ်လိုက်ကို နှစ်ဆရရှိစေသည်။

မင်းကဆုကောင်းကောင်းတစ်ခုတောင်းရင် မင်းရန်သူများကို ဆုပိုကောင်းကောင်းရရှိ‌‌ေစလိမ့်မည်။

မင်းနည်းနည်းပဲရရင်တောင် မင်းရန်သူကမင်းထက်ပိုရလိမ့်မည်။

နောက်ဆုံးမှာတော့ မင်းရဲ့ကံကြမ္မာက ‌ခြေနင်းကျောက်တုံးဖြစ်တယ်ဆိုတာကို မင်းဆီပြန်လာပြီးပြသလိမ့်မည် ဖြစ်သည်။

လင်ပေ့ဖန် ရယ်ပြီး** မင်းတို့ထင်တာက ဒါက ငါ့အတွက် ခက်ခဲစေလိမ့်မယ်ပေါ့?**

အဲ့ဒီအချိန်မှာပဲ တံခါးကပွင့်လာပြီး မျက်မှန်နှင့် ချောမောလှပသောကောင်မလေးတစ်ယောက်ရဲ့ ရုပ်သွင်ဟာ ကျက်သရေရှိစွာ ပေါ်ထွက်လာသည်။

" သခင်လေးလင်, ဒီည ၈နာရီ ပင်လယ်စားသောက်ဆိုင်မှာ ဆောင်းအဖွဲအစည်းရဲ့ မစ်ဆောင်းက ညစာအတူတူစားဖို့ဖိတ်ခေါ်ထားပါတယ်။ မင်းရဲ့ထင်မြင်ချက်ကဘယ်လိုလဲ?? "

ဆောင်းအဖွဲ့အစည်းရဲ့မစ်ဆောင်းက တကယ်တော့ ပထမဆုံးအမျိုးသမီးဇာတ်လိုက် ဆောင်းယုချင်းဖြစ်သည်။

သူမဟာ ပါရမီရှိပြီး ချောမောလှပသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မိုဟိုင်မြို့မှာကျော်ကြားသော အလှကလေး နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည်။

သူမမိသားစုသည် ဆေးရုံတစ်ခုဖွင့်လှစ်ထားပြီး ဆေးရုံ၌ ခေတ်မီသော ဆေးဘက်ဆိုင်ရာ ဘက်စုံသုံး ကိရိယာ အစုံအလင်ရှိသည်။

ထို့ပြင် သူမမိသားစုသည် ယခုအချိန်၌ ဆေးပစ္စည်း အသစ်များ၀ယ်ယူရန် ရန်ပုံငွေလိုအပ်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ လင်ပေ့ဖန်တို့ မိသားစုဟာ ဒီစီးပွားရေးမှာ ပါ၀င်နေခဲ့သည်။

ထို့ကြောင့် သူတို့သည် လင်ပေ့ဖန်ကို ညစာစားဖို့အတွက် ဖိတ်ခေါ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာပစ္စည်းများကို အကြွေး၀ယ်ယူရန် လင်ပေ့ဖန်၏ အဆက်အသွယ်ဖြင့် ရရှိလိမ့်မည်လို့ မျှော်လင့်နေခဲ့သည်။

ပြီးတော့ဒီညမှာ ပထမဆုံးအကြိမ်အဖြစ် လင်ပေ့ဖန်ဟာ မူရင်းဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်လိုက်ဆောင်းယုချင်းနဲ့ တွေ့ပြီး သူမဟာသူ့ကို အံ့ဩစေခဲ့သည်။

သူသည် မသင့်လျော်သောဆန္ဒများထုတ်ဖော် ပြီး သူမကို ငါ့ချစ်သူ ဖြစ်ပေးနိုင်မလားလို့မေးမည် ဒါမှမဟုတ် တစ်ခုခု ဖြစ်ပေါ်လာမည်ကို ခွင့်မပြုနိုင်ပေ။

အဲ့လိုသာပြောရင် ပထမဆုံးအမျိုးသားဇာတ်လိုက်က ထွက်ပေါ်လာခဲ့ပြီး သူ့မျက်နှာကိုဖြတ်ရိုက်လိမ့်မည်ဖြစ်သည်။

ထိုအချိန်ကစ၍ နှစ်ဘက်အချင်းချင်း တိုက်ခိုက် ပြီး ဇာတ်လမ်းကို စမိ စေလိမ့်မည်ဖြစ်သည်။

ဒါပေါ့ လင်ပေ့ဖန် ဟာ ကမ္ဘာကူးပြောင်းလာသူဖြစ်ပြီး သဘာ၀ကျကျ ဇာတ်ကွက်ပုံစံအတိုင်းဘယ်လိုက်မလဲ။ အဲ့ဒီအစား ဇာတ်လိုက်ကိုသေသည့် အထိကစားပြီး သေစေလိမ့်မည်ဖြစ်သည်။

ပျော်စရာဂိမ်းကို ဒုတိယအကြိမ် ကစားရတာထိုက်တန်သလား!!

လင်ပေ့ဖန်ဟာ စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိမ့်ခဲ့ပြီး "ကောင်းတာပေါ့ သူမရဲ့ ချိန်းဆိုမှုကို သွားလိုက်မယ်!

ငါ့ကိုကူညီပြီး သူမကို အကြောင်းပြန်ပေးပါ " ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေးလင်"

ညနေ၈နာရီလောက်မှာ လင်ပေ့ဖန်ဟာ ပင်လယ်စားသောက်ဆိုင်ကို ရောက်ရှိခဲ့ပြီး ဒဏ္ဍာရီလာ ပထမဆုံးအမျိုးသမီးဇာတ်လိုက်နဲ့ တွေ့ဆုံခဲ့သည်။

တကယ်တော့ လင်ပေ့ဖန်ဟာ သူမကို ပထမဆုံးအကြိမ်မြင်ဖူးတာ မဟုတ်ပေမဲ့ သူမကို နောက်တစ်ကြိမ် မြင်ရုံနဲ့ သူ့ကို မူးမေ့သတိလစ်စေသည်။

သူမမတ်တပ်ရပ်နေရင် ၁.၇၂မီတာ မြင့်သောအရပ်,ကျက်သရေရှိသောပုံသဏ္ဌာန်,ပြီးတော့ ချောမွတ်သောအသားအရည်၊ စွဲမက်ဖွယ် မျက်နှာအသွင်အပြင် နှင့် ပခုံးများပေါ်တွင် ဖြာကျနေသောပိတုန်းရောင် ဆံနွယ်ရှည်နှင့်တင့်တယ်စွာလှပနေသည်။

သူမသည် ရိုးရှင်းသော အဖြူရောင်၀တ်စုံကို ထားပြီး ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ရင် ကျော့ရှင်းလှပသော ခံစားချက်‌ကိုပေးစွမ်းသည်။

အဲ့ဒီအချိန်မှာပဲ ဆောင်းယုချင်းလည်း အလားတူ တူညီသော ခံစားချက်ကို ခံစားနေရသည်။

လင်ပေ့ဖန်ရဲ့ ရုပ်ရည်သည် အမျိုးသမီးများ‌တောင် မနာလိုဖြစ်ပြီး သေစေနိုင်သည်။ ဘာမှမလိမ်းခြယ်ထားပဲနဲ့တောင် သန့်ရှင်းပြီး နှစ်လိုဖွယ်‌ ကောင်းသော စော်ကြည်ဘဲ အသွင်ရှိနေသည်။

သူ့ရဲ့ အကြည့်များဟာ နူးညံ့သိမ်မွေ့ပြီး သူတစ်ပါးကို စိတ်အနှောက်အယှက်မဖြစ်စေဘဲ ကောလဟာလထွက်နေသော အပျော်အပါးလိုက်စားသော သခင်လေးပုံသဏ္ဌာန်နဲ့ကွဲပြားနေခဲ့သည်။

**ဒါက ကောလဟာလပဲလား? ဒါမှမဟုတ် တစ်ခြားလူ‌ တွေကပဲ တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား?**

သူမ ဘာမှများများစားစား ထပ်မတွေးတော့ ဘဲ သူ့ကိုစကားစမြည်းပြောဖို့ သူမဘက်ကပဲ စတင်ခဲ့သည်။

ဒါပေမဲ့ သူမစပြီး စကားပြောတော့မယ့် အချိန်တွင် လင်ပေ့ဖန်က စကားအရင် ပြောပြီး တောင်းပန်ခဲ့သည်။

"မစ်ဆောင်း, နောက်ကျသွားတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ် "

ဆောင်းယုချင်းက အနည်းငယ်ပြုံးပြီးပြောလိုက်သည်။

" ကျွန်မလည်း ခုပဲ ရောက်တာပါ။ ဘာစားစရာမှတောင် မမှာရသေးဘူး "

"ရှင်ဘာစားမှာလဲမသိဘူး ?"

"မင်းဆန္ဒအတိုင်းပါပဲ"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ရှင်ကျွန်မနဲ့ စကားပြောတာအရမ်းယဉ်ကျေးလွန်းနေပါပြီ! ဘာကြောင့်အရင်မမှာသေးတာလဲ? "ဟု ဆောင်းယုချင်းက ပြန်ပြောလိုက်သည်။

ငြင်းလို့မရတော့လဲ လင်ပေ့ဖန်ဟာ မီနူးကို ယူ၍ဝိတ်တာကိုပြောလိုက်သည်။

"ဟယ်လို!"

" ကျေးဇူးပြုပြီး အနေတော်လောက်ရှိသော အရိုးထွင်ပြီးသားအသားတစ်ပွဲ ပြီးတော့ ဘလက်တီးကော်ဖီပူပူနှစ်ခွက်လောက်ယူလာပေးပါ။ကျေးဇူးတင်ပါတယ်"

တစ်ဖက်ခုံတွင် ထိုင်နေသော ဆောင်းယုချင်းသည်အံ့ဩသွားပြီး

"မစ်စတာလင် မှာထားတာအားလုံး က ကျွန်မအကြိုက်တွေချည်းပဲ ရှင်ဘယ်လိုလုပ်သိတာလဲ?? "ဟု မေးလိုက်သည်။

လင်ပေ့ဖန်က *ဟုတ်တာပေါ့ ငါသိတယ် *ဟု စိတ်ထဲကပြောလိုက်သည်။

**မင်းကငါ့မိန်းမပဲလေ မင်းခန္ဓာကိုယ်မှာ မဲ့ဘယ်နှစ်လုံးရှိတယ်ဆိုတာကအစ သိတယ်**(တွေးတာတွေကို**ပဲခံရေးထားပါတယ်ဗျ)

ဒါပေမဲ့ ဇာတ်ကွက် ကခုမှစတာဖြစ်ပြီး သူတို့နှစ်ယောက် တစ်ခါမှလည်းမတွေ့ဖူးဘူး‌ေပ။ဒါ့ကြောင့် သူကသဘာ၀ကျစွာ ငါသိတယ်လို့ ဘယ်သွားပြောလို့ရမလဲ။

လင်ပေ့ဖန်က ပြုံးလိုက်ပြီး" ငါခန့်မှန်းလိုက်တာ မှန်းတာမှန်သွားမယ်လို့မထင်ထားဘူး" ဟုပြောလိုက်သည်။

ဆောင်းယုချင်းက တစ်ခစ်ခစ်ရယ်ပြီး "ရှင်ကအံ့ဩစရာပဲ။ဒါပေမဲ့ ရှင်မှန်းတာတစ်ခုမှားတယ် ။ကျွန်မကြိုက်တာက ‌အိုက်စ်ဘလက်တီးပဲ " ဟု ပြန်ပြောလိုက်သည်။

လင်ပေ့ဖန်က ပြုံးပြီးဆက်ပြောလိုက်သည် "မင်းရဲ့ အစာအိမ်က သိပ်မကောင်းဘူး ဒါ‌ကြောင့် ပူပူနွေးနွေးလေးသောက်တာပိုကောင်းတယ်"

ဆောင်းယုချင်း၏ မျက်လုံးများလက်သွားခဲ့ပြီး "ကျွန်မရဲ့အစာအိမ် သိပ်မကောင်းဘူဆိုတာ ရှင်ဘယ်လိုသိတာလဲ?"

"နောက်တစ်ကြိမ်ခန့်မှန်းပြန်တာပဲလား?" ဟု မေးမြန်းလိုက်သည်။

" ဒီတစ်ခါတော့မဟုတ်ဘူး။မင်းရဲ့ပုံစံသွင်ပြင်လက္ခဏာကို ကြည့်ပြီးပြောတာ"ဟု လင်ပေ့ဖန်က အေးအေးဆေးဆေးပြောလိုက်သည်။

"မင်းရဲ့မျက်လုံးထောင့်တွေက မဲနေပြီးတော့နှုတ်ခမ်းကလည်း အနည်းငယ်‌ခြောက်နေသည်။ဒီနေရာမှာ လေအေးပေးစက်က ၂၅ဒီဂရီလောက်ပေးထားပြီး ဒါပေမဲ့မင်း၀တ်ထားတဲ့အ၀တ်အစားတွေက မင်းခန္ဓာ

ကိုယ်ကအေးနေတယ်လို့ညွှန်ပြနေသည်။အခုလေးတင်ပဲ မင်းထပ်ခါထပ်ခါ မင်းရဲ့အစာအိမ်ကို ဖိဖိကြည့်နေတာက မင်းအစာအိမ်သိပ်မကောင်းတဲ့လက္ခဏာကို ပြသနေသည်။ "

လင်ပေ့ဖန်က နည်းနည်းထပ်ပြောပြီး သူ့စကားကို အဆုံးသတ်လိုက်သည်။

"ဒါ့ကြောင့်အကုန်လုံးကို ကြည့်ပြီး ခြုံငုံသုံးသတ်လိုက်ရင် မင်းပုံမှန်စားတဲ့ အစားအသောက်ပုံစံနဲ့ နောက်ကျမှ အနားယူတာတွေက မင်းရဲ့အစာအိမ်ကို ထိခိုက်စေသည့် ရလဒ်တွေပဲ" ဟု ပြောလိုက်သည်။

ဆောင်းယုချင်းရဲ့ အကြည့်များက အံ့ဩပြီးရင် အံ့ဩလာခဲ့သည်။

"ရှင်ပြောတာအကုန်လုံး က အမှန်တွေချည်းပဲ။ ရှင်တရုတ်ရိုးရာဆေးပညာ လေ့လာထားတာလား?? " ဟု ပြောလိုက်သည်။

"ငါ တကူးတကကြီး သင်ယူခဲ့တာတော့မဟုတ်ဘူး။ ဆေးဗဟုသုတ နည်းနည်းပါးပါးပဲရှိတာပါ" ဟု လင်ပေ့ဖန်က မပလွှားပဲ ပြောလိုက်သည်။

သူတို့နှစ်ယောက် စားသောက်ရင်း စကားစမြည်းပြောကြသည်။

သူတို့စကားပိုပြီးတော့ပြောဖြစ်လေလေ ဆောင်းယုချင်းလည်း အံ့ဩပြီးရင်းအံ့ဩလာခဲ့သည်။

**တစ်ခြားလူတွေပြောတာကတော့ သူကဗဟုသုတဘာမှမရှိဘဲ ‌ဘယ်လိုအပျော်အပါးမှာမွေ့လျော်ရမလဲ ဆိုတာပဲသိသော သူဆို**

**ဘာကြောင့် သူကို ကြည့်ရတာ ကြားရတဲ့ကောလဟာလနဲ့ ကွဲပြားနေရတာလဲ?**

**သူက ဘယ်မေးခွန်းမဆိုဖြေနိုင်တယ် ပြီးတော့ သူက အရာရာကိုတတ်ကျွမ်းတယ် **

**သူက မည့်သည့်အရာကိုမဆို ကိုင်တွယ်နိုင်တယ်။ဆေးပညာသာမဟုတ်ဘဲ စီးပွားရေး၊ လူမှုဗေဒပညာ၊မိုးလေ၀သပညာ၊ ဖျော်‌ဖြေရေး နဲ့ အတွေးအခေါ်ပညာ, သူ့အကြောင်းကို သူ့နဲ့မသက်ဆိုင်သလိုဘဲလို့ ထင်ရတဲ့အထိကို စကား ပြောကောင်းသည်။**

**သူ့ကို ကြည့်ရတာ သူမထက်ကို ပိုထူးခြားပြီးတော့ ဘွဲ့နှစ်ခါရထားတဲ့ မာစတာကျောင်းသားလိုဖြစ်နေသည်။**

သူမရဲ့ မျက်နှာမှာ ပဟေဠိ ဖြစ်သောအမူအရာ‌ကို တွေ့ရသောအခါ လင်ပေ့ဖန်ကမအံ့ဩတော့ဘဲ အနည်းငယ်ပြုံးလိုက်သည်။

သူ့၏အတိတ်ဘ၀မှာ လင်ပေ့ဖန်ဟာ စူပါသင်ယူခြင်း စွမ်းရည်ရှိရန် ဆန္ဒရှိပြီး ဗဟုသုတအမျိုးမျိုး ကို အချိန်ပေး၍ သင်ယူခဲ့သည်။

သူ့ကို လမ်းလျှောက်၍ သွားနေသော စွယ်စုံကျမ်း ဟု တင်စားပြီး ပြောခြင်းသည် ‌ချဲ့ကားပြီးပြောသည်ဟု မဆိုနိုင်ပေ။

သူပြန်ပြီးတော့မွေးဖွားလာသော်လည်းပဲ သူ့အတိတ်ဘ၀က အမှတ်တရ များကို မှတ်မိနေစဲဖြစ်သည်။

All Chapters