အခန်း (၃)
Vol. 1 Ch. 3
**ငါဆုတစ်ခုတောင်းမယ်စနစ် ,ငါ့ကို ၅၀ ကီလိုဂရမ်ထက်နည်းနည်းပိုလေးပြီး ၆၀ကီလိုဂရမ်လောက်ရှိတဲ့ အလှလေးရဲ့ ဖိမိခြင်းကို ခံရပါစေ **ဟု လင်ပေ့ဖန်က တောင်းဆုပြုလိုက်သည်။
[Ding !ဆုတောင်းခြင်း အောင်မြင်သည်။]
အဲ့ဒီအချိန်မှာပဲ ဆောင်းယုချင်းကအနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
" ခွင့်ပြုပါဦး ,ကျွန်မ သန့်စင်ခန်း ခဏလောက်သွားဦးမယ် "
" ရပါတယ် သွားပါ ဗျ"
ဆောင်းယုချင်းမတ်တပ်ရပ်လိုက်သည် ဒါပေမဲ့ သူမခြေနှစ်လှမ်းလောက်လျှောက်ပြီးသောအခါတွင် သူမစီးနေသော ဒေါက်မြင့်ဖိနပ်သည် မမျှော်လင့်စွာနဲ့ ကျိုးသွားသည့်အတွက်ကြောင့် သူမရဲ့ခန္ဓာကိုယ်သည် လင်ပေ့ဖန်စီသို့ လဲကျသွားခဲ့သည်။
" သတိထား !!"
လင်ပေ့ဖန် လျင်လျင်မြန်မြန် တုန့်ပြန် လိုက်လျင်တောင်မှ အရမ်းနောက်ကျနေပြီဖြစ်သည် ။
သူတို့နှစ်ယောက်လုံး ကြမ်းပြင်စီသို့ လဲကျသွားသည်။
ဘုတ်........
သူ့ရဲ့လက်မောင်းထဲက နွေးထွေးမှုကို ခံစားနေရပြီး လှပသောမျက်နှာတစ်ခုကို အနီးကပ်ကြည့်နေရင်း လင်ပေ့ဖန်က အံ့အားသင့်၍ပြောလိုက်သည်။
" မင်းရဲ့ ခန္ဓာကိုယ်အလေးချိန်က ၆၀ ကီလိုဂရမ် လား?" (ငါ့လိုပဲ Fa ဖြစ်မဲ့ mc)
ဆောင်းယုချင်း ရှက်သွားပြီး
"ဒီနေ့ ကျွန်မနေ့လည်စာ စားခဲ့တာနည်းနည်းများသွားလို့ပါ! " ဟုပြောလိုက်သည်။
လင်ပေ့ဖန်က သူမကို နှစ်သိမ့်ခဲ့သည်။ "မင်းကအရပ် ၁.၇၂မီတာ မြင့်တယ် ပြီးတော့ ၆၀ကီလိုဂရမ်ဆိုတာ ၀တယ်လို့ သတ်မှတ်လို့ မရဘူးလေ "
ဆောင်းယုချင်းရှက်သလိုခံစားရပြီး " စကားပြောတာရပ်ဦး ၊ကျွန်မကိုထဖို့အတွက်မြန်မြန်ကူညီပေးပါ " ဟုပြောလိုက်သည်။
" ကောင်းပြီး , ခုကူညီေပးမယ် "
သူတို့နှစ်ယောက်နဲ့သိပ်မဝေးသောနေရာတွင် ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဇာတ်လိုက်ရှောင်ချမ်းသည် ရူးသွပ်တော့မလိုဖြစ်သွားသည်။
ဇာတ်လမ်းက ခုမှစတာလေ, သူတောင်ဘာလှုပ်ရှားမှုမှတောင် မလုပ်ရသေးဘူး ဒါပေမဲ့ သူ့လက်ထပ်မဲ့အမျိုးသမီးက တစ်ခြားလူရဲ့ အခွင့်အရေးယူတာကို ခံနေရပြီဖြစ်သည်။
သူ့ရဲ့ဦးခေါင်းထက်မှာ တောက်ပသောအလင်းရောင်လေးပေါ်လာသလို သူ့ကို ခံစားရစေသည်။
ဒါက အစိမ်းရောင်အလင်းလေးဖြစ်ေနသည်။
အစိမ်းရောင်ကိုကြည့်လေပိုပြီးတော့ စိုးရိမ်လေလေဖြစ်သည်။
ရလဒ်အနေနဲ့ သူလမ်းလျှောက်တာေတာင်မှမြန်ပြီးရင်မြန်လာခဲ့သည်။
ဒါကြောင့် လူတစ်ယောက်ရဲ့ ခြေထောက်ကို တိုက်မိခဲ့ပြီး သူချော်လဲကျ သွားခဲ့သည်။
သူတိုက်မိသည့်လူကလည်း ကီလိုဂရမ်၁၂၀လောက် ရှိသော အလွန်၀သော မိန်းကလေးဖြစ်ပြီး သူမ၏လေးလံသောခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းလျှောက်နေရသောသူဖြစ်နေသည်။ သူတို့နှစ်ယောက်တိုက်မိလိုက်သောအခါတွင် ခပ်၀၀မိန်းကေလးသည် ဟန်ချက်ပျက်၍ ဇာတ်လိုက်ရှောင်ချမ်းစီသို့ လဲကျသွားခဲ့သည်။
Ouch!!!
လူအားလုံးက ကျယ်လောင်သော ကွဲအပ်သံကို ကြားလိုက်ရသည်။
ထိုကွဲအပ်သံသည် စားသောက်ဆိုင်တစ်ခုလုံးကို ပဲ့တင်ထပ်စေသည်။
ဒီအသံက အရိုးကျိုးတဲ့ အသံနဲ့တူညီလုနီပါးဖြစ်သည်။
လူတိုင်းလူတိုင်း ထိတ်လန့်သွားခဲ့သည်။
ခပ်၀၀မိန်းကေလးသည် သူမရဲ့ဦးခေါင်းကို ခါလိုပြီးမိန်းမော၍ " ဟူး..ကြည့်ရတာ ဘာမှမဖြစ်ခဲ့ဘူးနဲ့တူတယ် " ဟုပြောလိုက်သည်။
သူမသည် နာကျင်သောအသံတစ်ခု ကို သူမအောက်မှ ကြားလိုက်ရသည်။
" မင်းတော့အဆင်ပြေတယ် , ဒါပေမဲ့ ငါတော့..အဆင်မပြေဘူး "
ခပ်၀၀မိန်းကေလးသည် ရှောင်ချမ်းကိုလျင်လျင်မြန်မြန် ငုံ့ကြည့်လိုက်ပြီး စိုးရိမ်စွာမေးလိုက်သည်။
" တောင်းပန်ပါတယ် ရှင်အဆင်ပြေရဲ့လား??
" အိုး ...မိုင် .. မလှုပ်ပါနဲ့ဟ ဒီမှာ သေတော့မယ် "
ရှောင်ချမ်း မျက်နှာသည် ခရမ်းရောင်မှ အစိမ်းရောင်စီသို့ပြောင်းလဲသွားသည်။
" ငါ့နံရိုးတွေ ကျိုးသွားပြီ "
" အို့, အိုကေ ငါမလှုပ်တော့ဘူး "
ခပ်၀၏မိန်းကလေးသည် ကိုးရိုးကားရားနဲ့ မတ်တပ် ရပ်မလို့ ကြိုးစားခဲ့သည်။
ဒါပေမဲ့သူမခန္ဓာကိုယ်ရဲ့ ဟန်ချက်ဟာ ခုချိန်ထိတိုင်အောင် မညီမျှသေးဘဲ အောက်သို့ပြန်လည် ထိုင်ချသလိုဖြစ်စေပြီးဇာတ်လိုက်ရှောင်ချမ်း ကို တောင်တစ်လုံးနှင့်ဖိမိသလို ခံစားရစေသည်။
ခရက်...
ဇာတ်လိုက်ရှောင်ချမ်း...... ):
ခပ်၀၏မိန်းခလေးသည် သူမမျက်နှာကို လက်နှစ်ဖက်ဖြင့်ကာပြီး " ငါတောင်းပန်ပါတယ် ! ငါမရည်ရွယ်ပဲနဲ့ဖြစ်သွားတာပါ "ဟု ပြောလိုက်သည်။
!!!" စကားပြော ရပ်ပြီးဆေးရုံကားကိုမြန်မြန် ခေါ် "
သူတို့နဲ့ မနီးမဝေးမှာ ရှိသော လင်ပေ့ဖန်သည် ဒီအဖြစ်အပျက်ကို မြင်ပြီး ထိတ်လန့်သွားခဲ့သည်။
ဇာတ်လိုက်ရှောင်ချမ်းသည် ၁၂၀ကီလိုဂရမ်ရှိသော ဖတ်တီးမရဲ့ ဖိမိမှုကြောင့် သူ့၏နံရိုးများ ကျိုးကျေသွားခဲ့သည်။
**ဒါက အမှန်တကယ်ကို ၀မ်းနည်းစရာပဲ **
သူတို့ပထမအကြိမ်တွေ့ဆုံရာမှာ ဒီလို၀မ်းနည်းစရာနဲ့ ကြုံတွေ့ရမယ်လို့ သူမထင်ထားေပ။
ထို့ေနာက်လူတိုင်းကသူ့ကို ကယ်ဆယ်ဖို့ လာကြသည်။
အဲ့ဒီထဲတွင် လင်ပေ့ဖန်သည် အတက်ကြွဆုံးသူဖြစ်သည်။
သူသည် ဇာတ်လိုက် ရှောင်ချမ်းရှေ့သို့သွား၍ အစိမ်းရောင်ဖြစ်နေသော မျက်နှာကို ကြည့်ပြီး စိုးရိမ်စွာမေးလိုက်သည်။
" ဘရို မင်း နေလို့ကောင်းလား ?ဘယ်နားအဆင်မပြေတာရှိလဲ? "
ဇာတ်လိုက်ရှောင်ချမ်း၏ မျက်လုံးများသည် ဒေါသအကြည့်များနှင့်ပြည့်နေသည်။
သူ့ရန်သူကို နီးနီးကပ်ကပ်တွေ့နေရသော်လည်း အကူအညီမဲ့စွာကြည့်၍ သူ့၏သွားများကိုကြိတ်ကာ ပြောလိုက်သည်။
" ငါ အဆင်ပြေတယ် "
လင်ပေ့ဖန်က သူ့ကို အပြစ်တင်၍ေပြာလိုက်သည်။
"ဘရို သန်မာချင်ယောင်မဆောင်ချင်စမ်းပါနဲ့။မင်းနံရိုးသုံးချောင်းကျိုးသွားတယ်။ဘယ်လိုဖြစ်ပြီးတော့ မင်း အဆင်ပြေနိုင်မှာလဲ?? "
"မင်းရဲ့ အရိုးတွေပြန်ကောင်းလာအောင် ကုသဖို့အတွက် ရက်၁၀၀လောက် လိုအပ်တယ်။မင်းအနည်းဆုံး နှစ်လလောက် လှဲပြီးအနားယူမှပဲ မင်း ပိုကောင်းလာနိုင်မှာ! မစိုးရိမ်ပါနဲ့ , ငါလူနာတင်ကားကို ဖုန်းဆက်ခေါ်ထားလိုက်ပြီဘရို "
" ငါမင်းရဲ့ တစ်မိသားစုလုံးကို ကျေးဇူးတင်ပါတယ်"
" ကိစ္စမရှိပါဘူး။ဒါက ငါလုပ်သင့်တာပဲလေ"
သိပ်မကြာခင်မှာပဲ လူနာတင်ကားရောက်ရှိလာခဲ့ပြီး လူနာ ရှောင်ချမ်းကို လူနာတင်သည့် တွန်းလှည်းနဲ့ လူနာတင်ကားထဲသို့ သယ်ဆောင်သွားခဲ့သည်။
လင်ပေ့ဖန်က " ငါတောင်းပန်ပါတယ် ယုချင်း ,ငါတို့ညစာအတူတူစားမည့်အစီအစဉ်ကို ဖြတ်ရမယ် ထင်တယ် "ဟု တောင်းပန်စကားများကို ပြောလိုက်သည်။
ဆောင်းယုချင်းသည် သူမ၏ခေါင်းကို ခါလိုက်ပြီး စိုးရိမ်စွာနဲ့ပြောလိုက်သည်။
" ရပါတယ်။ လူ့အသက်ကိုကယ်တင်တာက ပိုပြီးအရေးကြီးတယ်မလား!တကယ်တော့ ရှင်ကလူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်မရှာတွေ့သွားတာပေါ့။ရှင်မှာ လူတိုင်းစီမှာမရှိတဲ့ အရည်အသွေး ရှိသည်။ ပြီးတော့ရှင်က ရဲ့ရင့်ပြီး ကူညီချင်စိတ်ရှိတဲ့လူဖြစ်သည်။ "
လင်ပေ့ဖန်က အကူအညီမဲ့စွာပြောလိုက်ပြီး "ဒါကတော့ ငါလည်းဘာမှမတတ်နိုင်ဘူး။ တစ်ခြားလူတွေရဲ့ ကိစ္စဆိုရင် ကိုယ့်နဲ့မဆိုင်လည်း၀င်ပြီးစွက်ဖက်လိုက်ရမှ ကျေနပ်တဲ့ အကျင့်ရှိနေသည်။ "
" ဒါကမကောင်းတာမဟုတ်ပါဘူး ကောင်းတဲ့အကျင့်ပါပဲ! "
" ငါတို့ဒီည ညစာ တူတူ မစားနိုင်မှတော့ မင်းကို နောက်တစ်နေ့မှ ပဲ ထပ်ဖိတ်ကျွေးတော့မယ်။"
" အိုကေလေ ဒါဆို အဲ့လိုပဲသတ်မှတ်လိုက်မယ် "
တတိယလူဖြစ်တဲ့ ရှောင်ချမ်းသည် ဒီမြင်ကွင်းကို သူ၏လောင်ကျွမ်းမတတ်ဖြစ်နေသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
အချစ်ငှက်လေးတွေ!!!
**ငါဒီအခြေအနေကနေ ပြန်ကောင်းလာရင် မင်းငါလိုပဲပြန်ခံစားစေရမယ် **
**အဲ့လို မင်းပြန်မခံစားရရင် ငါ့ကို ငါအရင် သတ်သေလိုက်မယ်**
အဲ့ဒီအချိန်တွင် လူနာတင်ကားသည် ချိုင့်ကွက်ကို မောင်းမိပြီး တုန်ခါသွားသည့်အတွက်ကြောင့် ရှောင်ချမ်းကို အတွေးမှ လန့်နိုးလာစေသည်။
ရှောင်ချမ်း၏ မျက်နှာသည် ဘီလူးသံပုရာသီးစားမိသလို ရုပ်မျိုး ဖြစ်ေနသည်။
၁၅မိနစ်လောက်မောင်းပြီးသောအခါတွင် ဆေးရုံကို လူတိုင်းရောက်ရှိခဲ့သည်။
လင်ပေ့ဖန် သည် ဆေးရုံတင်ခွင့် ရရန်နှင့် ဆေးဖိုးဝါးခများကို ကူညီပြီးပေးချေရင်း အလုပ်များနေသည်။
ဒီမြင်ကွင်းကို အမျိုးသမီးဇာတ်လိုက် ဆောင်ယုချင်း မြင်သွားပြီး ** သူက တာ၀န်သိတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ **ဟုတွေးလိုက်သည်။
ဓာတ်မှန်ရိုက်ကြည့်ပြီးေနာက်ဆရာ၀န်၏စမ်းသပ်မှုကို ခံရသည်။ဇာတ်လိုက်ရှောင်ချမ်းသည် နံရိုးသုံးချောင်းသာကျိုးခဲ့ပြီး ဒဏ်ရာကလည်း သိပ်မပြင်းထန်၍ စိုးရိမ်စရာမရှိပေ။
ရှေးခေတ်ကုသမှုအတိုင်းပဲ ရင်ဘတ်ကို ကြိုးနှင့်စီးပြီး နံရိုးများမလှုပ်ရှားနိုင် အောင် အိပ်ယာထဲမှာ မလှုပ်ရှားပဲနေရမည်ဖြစ်သည်။
သူသည်ဆေးကုသမှုခံယူ၍ အရိုးများပြန်ကောင်းမွန်လာအောင် ဆေးသောက်ရန်လိုအပ်ပြီး နှစ်လကြာသောအခါတွင် သူ့၏အရိုးများပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
နည်းလမ်းအားလုံး စမ်းသပ်ပြီးသောအခါတွင် ဆရာ၀န်သည် " မင်းဘယ်လိုခံစားရလဲ" ဟု စိုးရိမ်စွာေမးခဲ့သည်။
ဇာတ်လိုက် ရှောင်ချမ်း၏မျက်နှာသည် ဖျော့တော့၍ချွေးသီးချွေးပေါက်များထွက်လာသည်။
" ခုချိန်ထိနာနေတုန်းပဲ မင်းငါ့ကို မေ့ဆေးလေး ထိုးပေးနိုင်မလား?"
" ကောင်းပြီး ငါမင်းအတွက် တစ်ယောက်ယောက်ကို လာပြီးစီစဥ်ပေးခိုင်းလိုက်မယ်"
လင်ပေ့ဖန်သည် အချိန် ကိုကြည့်လိုက်သောအခါတွင် သန်းခေါင်ယံကျော်နေပြီဆိုတာကို သူသိလိုက်သည်။
ဆိုလိုတာက သူစနစ်စီကနေ နောက်တစ်ကြိမ်ထပ်မံပြီးဆုတောင်းနိုင်သည်။
လင်ပေ့ဖန်သည် ရှောင်ချမ်းကို ကြည့်လိုက်သောအခါ အိပ်ယာပေါ်တွင်လှဲနေပြီးသူ့၏မျက်နှာသည် ဖျော့တော့ပြီး နာကျင်မှုကိုခံစားေနရသည်။လင်ပေ့ဖန်သည် စိတ်ထဲကနေ ဆုတောငလိုက်သည်။
(မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါစေလို့ဆုတောင်းမယ် စနစ်**)
(ဒင် !ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါပြီ)
လင်ပေ့ဖန် သည်ချက်ချင်း သူ့၏ခန္ဓာကိုယ်ကို သံမဏိနှင့်လုပ်ထားသလိုခံစားလိုက်ရပြီး ဓားနှင့်ကျည်ဆံတောင်မှ သူ့၏ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ဘူးဆိုတာသိလိုက်သည်။
တစ်ခြားတစ်ဖက်မှာတော့ ဆရာ၀န်သည် မေ့ဆေးကိုယူ၍ ပြန်လာခဲ့သည်။
" ရော့ဒီမှာ မေ့ဆေးမြန်မြန်ထိုးလိုက်မယ်"
ဘယ်လိုပဲ ပုံစံအမျိုးမျိုးနဲ့ကြိုးစားပါစေ ဆရာ၀န်သည် အပ်ကို ရှောင်ချမ်းအရေပြားထဲ့သို့မထိုးဖောက်နိုင်ပဲဖြစ်နေသည်။
ရှောင်ချမ်းသည် မချိမဆန့်နာကျင်မှုကိုခံစားရပြီး သေတော့မလိုဖြစ်ခဲ့သည်။
" ဆရာပြီးပြီးလား?ငါနာကျင်မှုကြောင့် သေတော့မယ်! "
ဆရာ၀န်သည် ခါးခါးသီးသီးပြုံး၍
" မပြီးသေးဘူး မင်းရဲ့အရေပြားကအရမ်းထူလို့ ငါအပ်နဲ့ထိုးလို့မရဘူးဖြစ်နေတယ်။ငါကုသလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလောက်ထိုးရခက်တဲ့ အရေပြားကို ပထမအကြိမ်တွေ့ဖူးတာပဲ။ " ဟု ပြောလိုက်သည်။
"ဒါဆိုငါတို့အခုဘာလုပ်မလဲ? ပါးစပ်ထဲကို ထိုးရမှာလား? "
" မေ့ဆေးက အာရုံကြောပေါ်မှာပဲ အကျိုးသက်ရောက်သောဆေးဖြစ်တယ်။အစာအိမ်မှာရှိတဲ့ အက်စစ်က ဆေးရဲ့အစွမ်းကို ပျော်၀င်စေလိမ့်မယ် ။ဒါကြောင့်အစာအိမ်ကသာ တစ်ခုထဲသော နည်းလမ်းဖြစ်တယ်။ "(ဒီနားဘာသာပြန်ရတာနည်းနည်းယောင်နေတယ်)
" ဆရာ ငါ့မှာ ရိုးရာဆေးရှိသည်။ဒီဆေးကို ပန်းကန်တစ်လုံးနဲ့ ကျိုပေးလို့ရမလား?"
" မရဘူး ငါ ရိုးရာဆေးအကြောင်းဘာမှမသိဘူး။ဒီဆေးရုံမှာရိုးရာဆေး ကို အသုံးမပြုခိုင်းဘူး။တစ်ခုခု ကုသမှုမှားသွားရင် ဘယ်သူက တာ၀န်ယူမှာလဲ? "
"ဒါဆိုလည်း ငါ့ကို ကယ်ဖို့ တစ်ခုခုလုပ်ပေးလေ"
"ခဏလေးစောင့်ပေးဦး။ငါတစ်ခုခု သွားရှာကြည့်လိုက်ဦးမယ်။"
.ဆရာ၀န် သည် တစ်နာရီကျော်ကျော်လောက် အချိန်ဖြုန်းပြီး အဖြေရှာသော်လည်းပဲ ဘာနည်းလမ်းမှရှာမတွေ့ဘဲ ပြန်လာခဲ့သည်။
သူပြန်လာသောအခါတွင် ဇာတ်လိုက်ရှောင်ချမ်းသည်နာကျင်မှုကြောင့် သတိလစ်နေခဲ့ပြီဖြစ်သည်။
သတိလစ်နေသော ရှောင်ချမ်းကို ကြည့်နေရင်း ဆောင်ယုချင်းသည် ကရုဏာဖြစ်စွာပြောလိုက်သည်။
" သူတော်တော် သနားဖို့ကောင်းတာပဲနော် "
လင်ပေ့ဖန်သည် စိတ်ရင်းဖြင့် သဘောတူလိုက်ပြီး " ဟုတ်တယ် အမှန်တကယ် သနားဖို့ကောင်းတယ် " ဟု ပြောလိုက်သည်။