အခန်း (၄)
Vol. 1 Ch. 4
ထို့နောက်သူတို့နှစ်ယောက်သည် အိမ်ပြန်ချိန်ရောက်သောအခါမှ အချင်းချင်း လမ်းခွဲနှုတ်ဆက်ခဲ့ကြသည်။
နောက်တစ်နေ့ မနက် ၁၀နာရီတွင် ဆောင်းယုချင်းနှင့် သူမအဖွဲ့ သည် လင် ကော်ပိုရေးရှင်းဆီသို့ ရောက်ရှိခဲ့သည်။
ကုမ္ပဏီ၀င်ပေါက်တွင် သက်လတ်ပိုင်းဘီယာဗိုက်နှင့်လူသည် ဆောင်းယုချင်းကို တွေ့ပြီး သူ့၏မျက်လုံးများလက်သွားခဲ့သည်။
သူသည် ချက်ချင်းဆောင်းယုချင်းဆီသို့ သွား၍ အပြုံးနှင့်ချဉ်းကပ်ခဲ့ပြီး
" ဟယ်လို ,မင်းက ဆောင်းဆေးရုံရဲ့ ဥက္ကဌ မစ်ဆောင်းယုချင်းဟုတ်တယ်မလား?? မင်းကိုကြည့်ရတာ ကောလဟာလတွေမှာ ကြားရသလို အရမ်းလှတာပဲ!။ ငါ့နာမည်ကတော့ ယန်ဝူဖြစ်ပြီး လင်ကော်ပိုရေးရှင်းရဲ့အရောင်းဌာနက ဒါရိုက်တာဖြစ်တယ်။မင်းကိုတွေ့ရတာ ၀မ်းသာပါတယ်! " ဟု နှုတ်ဆက်လိုက်သည်။
" ဟယ်လို ,ဒရိုက်တာယန် "ဟု ဆောင်းယုချင်းကပြောပြီးေနာက် ဖော်ရွေစွာနဲ့ နှစ်ယောက်လုံး လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
ထို့ေနာက်ဒါရိုက်တာယန်သည် ဆောင်းယုချင်းနှင့် သူမ၏အဖွဲ့ ကို ကုမ္ပဏီရဲ့ အစည်းအဝေးခန်းမဆီသို့ ဖိတ်ခေါ်ခဲ့သည်။
ကော်ဖီဖြည့်ပေးပြီးနောက် သူတို့အလုပ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
" ဥက္ကဌဆောင်း မနေ့ညက သခင်လေးလင် က မှာစရာရှိတာအားလုံးကို မှာထားပြီးပါပြီ။"
" ငါတို့ မင်းရဲ့တောင်းဆိုချက်အတိုင်း ဆေးပစ္စည်းများကို အကြွေးနဲ့၀ယ်ယူလို့ရအောင် လုပ်ဆောင်ပေးမယ် ပြီးတော့ ဒီနေ့ရဲ့ ဘဏ်အတိုးနှုန်း ထားအတိုင်း အတိုး ကို ငါတို့တွက်ချက်မည်ဖြစ်သည်။ "
ဆောင်းယုချင်းသည် သဘောတူစာချုပ်ကို ဖတ်ပြီးနောက် ခေါင်းညိတ်၍ စာချုပ်ပါ စည်းမျဉ်းများအတိုင်းလိုက်နာခဲ့သည်။
" ဥက္ကဌဆောင်း စာချုပ်ပါစည်းမျဥ်းကိုမင်းကျေနပ်တယ်မဟုတ်လား ။ဒါ့အပြင် မင်းလိုအပ်တဲ့ ဆေးပစ္စည်းတစ်သုတ် ကလည်း ဒီနေရာမှာရောက်နေပြီ။ "
"မနက်ဖြန် မှာ မင်းရဲ့ဆေးရုံကို အမြန်ချောပို့နဲ့ ပို့ခိုင်းလိုက်မယ် ပြီးတော့ ဆေးစက်ပစ္စည်းတွေကို တပ်ဆင်ပြီးတာနဲ့ သန်ဘက်ခါမှာ မင်းတို့ သုံးလို့ရပြီဖြစ်သည်။" ဟု ဒါရိုက်တာ ယန်က ပြောခဲ့သည်။
ဆောင်းယုချင်းသည် အလွန် အံ့အားသင့်သွားခဲ့ပြီး
" အရမ်းမြန်လွန်းတယ် ? " ဟု ပြောလိုက်သည်။
" ပုံမှန်ဆိုရင် ဆေးစက်ပစ္စည်းအကြီးကြီးတွေကို သူတို့ဆီမှာ၀ယ်ယူတဲ့အခါမှာ ပစ္စည်းပို့ဆောင်ဖို့အတွက် အချိန်အများကြီးကြာတတ်တယ်မဟုတ်လား? "
" ဒါ့အပြင် ဆေးပစ္စည်းများကို တပ်ဆင်ရ ပြီး အမှားကိုလည်းစစ်ဆေးဖို့အတွက် တစ်ပတ်လောက်အချိန်ယူရမယ်မလား? "
**ဒါပေမဲ့ တစ်ခြားလူက အချိန်နှစ်ရက်ထဲနဲ့စီစဉ် ခဲ့ပြီး အချိန်အများကြီးကို သက်သာစေခဲ့သည်။**
" ဒါက ဘာလို့လဲဆိုတော့ သခင်လေးလင်က အထူးကြီးကြပ်ပြီးသင်ကြားပေးလို့ပါ။ သူပြောတာကတော့ ဒီနည်းလမ်းတစ်ခုထဲနဲ့ပဲ မင်းဆေးစက်ပစ္စည်းတွေကိုအသုံးပြု၍ အလျင်အမြန်ငွေရှာနိုင်ပြီး တော့ မင်းရဲ့ငွေကြေးအခက်အခဲကို ပြေလည်စေနိုင်မယ်လေ"
ဆောင်းယုချင်းသည် ဒီစကားကိုကြားရပြီးနောက် သူမရဲ့နှလုံးသားလေးနွေးထွေးသွားသလို ခံစားလိုက်ရသည်။
" အဲ့ဒီအပြင်ကို သခင်လေးလင်က မင်းဆေးစက်ပစ္စည်းအဟောင်းတွေကို ဘယ်လိုသုံးရမလဲမသိရင် မင်းကြိုက်တဲ့ဆေးနှုန်းအတိုင်းငါတို့ဆီမှာပြန်ပြီးရောင်းနိုင်တယ် လို့ သခင်လေးလင်ကပြောခဲ့တယ်။ "
" တကယ်လား ?"ဟု ပြောပြီးနောက်
ဆောင်းယုချင်း၏မျက်လုံးများသည် အရောင်လက်သွားခဲ့သည်။
" ဒီဆေးစက်ပစ္စည်းအဟောင်းတွေအားလုံးက ဆေးကုသရာမှာ အသုံးမ၀င်တော့ တဲ့ အမှိုက်တွေဆိုတာ ရှင်သိလား? ။ပြီးတော့ ကျွန်မအဲ့ဒီစက်ပစ္စည်းတွေကို အရည်အချင်းပြည့်မီတဲ့ကုမ္ပဏီအများကြီးမှာ ရောင်းခဲ့ပြီးပြီ။ ဒါပေမဲ့ အရည်အချင်းပြည့်မီတဲ့ ကုမ္ပဏီဟာအလွန်နည်းပြီးတော့ သူတို့ဟာဒီအခြေအနေကို အခွင့်ကောင်းယူရ
ပြီးဈေးနှိမ်ချင်ကြတယ်။ ဒါ့ကြောင့် ခုချိန်ထိတိုင်အောင် ဈေးနှုန်းကို ဆွေးနွေးနေတုန်းပဲ။" ဟု ဆောင်းယုချင်းက ပြောခဲ့သည်။
ဒီစက်ပစ္စည်းကြီးတွေကိုထားရတာ နေရာတော်တော်ယူပြီး ရန်ပုံငွေလည်းကုန်တာကြောင့် သူမကို အဲ့ဒီအတွက် ခေါင်းကိုက်ေစသည်။
** ဘယ်လိုပဲဖြစ်ဖြစ် ဆောင်းအဖွဲ့အစည်းအနေနဲ့ ဒီစက်ပစ္စည်းတွေကို မိမိကြိုက်ရာဈေးနှင့် ရောင်းချနိုင်ရင် သူမအတွက်ငွေကြေး ပြဿနာကို အနည်းငယ်ပြေလည်စေနိုင်သည်။ **
" ဥက္ကဋ္ဌဆောင်း ,ငါတို့မှာ လိမ်ညာစရာအကြောင်းပြချက်မရှိဘူး။ "ဟုဒါရိုက်တာယန်က အားတင်းပြီးပြုံး၍ ပြောလိုက်သည်။
" မင်းသဘောတူတာနဲ့ အခုပဲတစ်ယောက်ယောက်ကိုသွားပြီး အဲ့ဒီစက်ပစ္စည်းတွေကို ယူလာခိုင်းလိုက်မယ်။ "
" ကျေးဇူးတင်ပါတယ် ဒရိုက်တာယန် ။မင်းရဲ့ကုမ္ပဏီက ထောက်ပံ့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ "
ဆောင်းယုချင်းသည် ချောချောမွေ့မွေ့နဲ့ ဒီတွေ့ဆုံပွဲကို ပြီးသွားမယ်လို့မထင်ထားခဲ့ပေ။
အရာရာတိုင်းဟာ လက်ဖက်ရည်တစ်ခွက်သောက်စရာ အချိန်မှာပဲပြီးဆုံးသွားသည်။သူမကို စိတ်အနှောက်အယှက် ပေးေနတဲ့ စက်ပစ္စည်းအဟောင်းေတွကိုလည်း ဈေးကောင်းကောင်းဖြင့်ရောင်းချနိုင်ခဲ့သည်။
ဒါတွေအားလုံးအတွက် လူတစ်ယောက်ကိုသာကျေးဇူးတင်ရမည် ဖြစ်သည်။
" ဒါနဲ့ စကားမဆက် ရှင်တို့သခင်လေးက ဘယ်မှာလဲ ? သူ့ကို ဘာကြောင့် ကျွန်မ မတွေ့မိတာလဲ ? "ဟု ဆောင်းယုချင်းက မေးမြန်းလိုက်သည်။
"ငါတို့သခင်လေးလား? " ဒါရိုက်တာယန်သည် သက်ပြင်းချ၍ " ဖြစ်နိုင်တာက သူမနိုးသေးဘူးထင်တယ် " ဟု ပြောခဲ့သည်။
" သူက ကုမ္ပဏီရဲ့ သခင်ေလးဖြစ်ပေမဲ့ ၁၂နာရီမထိုးခင် အချိန်အတွင်း တစ်ခါမှမလာဖူးဘူး ။ ဒါ့ကြောင့်ပဲ ဥက္ကဌနဲ့ သူ့ဇနီးတို့က အဲ့ဒီအရာအတွက်စိုးရိမ်နေရတာ။"
" ဒါဆို သူအိပ်နေတုန်းပဲပေါ့ "ဟု ပြောပြီး ဆောင်းယုချင်းသည် သူမပါးစပ်ကိုအုပ်ပြီး ရီခဲ့သည်။
" မစိုးရိမ်ပါနဲ့ , သူက တကယ်တော့ အလွန်တော်တဲ့သူပါ။ ဖြစ်နိုင်တာက ခုချိန်ေလာက်ဆို သူပျော်နေလောက်ပြီ။ "
" ငါလည်း အဲ့သလို မျှော်လင့်မိပါတယ် " ဟု ဒါရိုက်တာယန်ကပြောရင်း သက်ပြင်းချခဲ့သည်။
ကုမ္ပဏီရဲ့လူဟောင်းတစ်ယောက်အနေနဲ့ သူ့ရဲ့ဦးေဆာင်မှုကြောင့် ကုမ္ပဏီေအာင်မြင်မှုကျဆင်းသွားမှာကို မမြင်တွေ့ချင်ပေ။
ဒါပေမဲ့ ကြည့်ရတာေတာ့ တော်တော်ကိုခက်ခဲမဲ့ ပုံဖြစ်သည်။
အရာအားလုံးလုပ်ဆောင်ပြီးသောအခါတွင် ဆောင်းယုချင်း သည် ကုမ္ပဏီအပြင်ကို လမ်းလျှောက်ထွက်ခဲ့ပြီး သူမစိတ်များလန်းဆန်းသွားသလို ခံစားခဲ့ရသည်။
အပြန်တွင် သူမ မနေနိုင်ေတာ့ဘဲ သူမဖုန်းကိုယူပြီး ဝီချက်ကနေစာပို့လိုက်သည်။
[ ဆောင်းယုချင်း :: ဒီနေ့ကျွန်မရှင်တို့ ကုမ္ပဏီကိုလာခဲ့တယ်။ ပြီးတော့ အရာရာတိုင်းကို စီစဉ်ပေးခဲ့တဲ့အတွက်လည်း ရှင့်ကို ကျေးဇူးတင်ပါတယ် ။ ]
[လင်ပေ့ဖန်။ : : ရပါတယ် ]
[ဆောင်းယုချင်း ::အို့?ရှင်စာပြန်တာအရမ်းမြန်တယ်။ ရှင် အခုချိန်အိပ်နေတာ မဟုတ်ဘူးလား? ]
[လင်ပေ့ဖန် :: ငါ စိတ်ညစ်နေလို့ အိပ်လို့မရဘူး ]
[ ဆောင်းယုချင်း :: ဘာအကြောင်းကရှင့်ကို စိတ်ညစ်စေတာလဲ ? ]
[ လင်ပေ့ဖန်။ :: ပိုက်ဆံလေ! ငါ့မှာမကြာေသးခင်က ပိုက်ဆံသိပ်မရှိလို့ နေလို့သိပ်မကောင်းဘူး ]
[ ဆောင်းယုချင်း။ :: ရှင်က ချမ်းသာတဲ့သူဌေးသားလေ ဒါတောင် ပိုက်ဆံပျက်တယ်ပေါ့? ]
[ လင်ပေ့ဖန်။ :: ငါလည်းဘယ်လိုလုပ်ပြီး ပိုက်ဆံမပျက်ဘဲနေမှာလဲ ? ငါ့မိဘတွေက ငါ့ရဲ့ဘဏ်ကဒ်ထဲက ပိုက်ဆံတွေကို လျော့လိုက်တယ်။ ဒါ့ကြောင့် ပါတီလည်းမသွားရဘူး။ ပြီးတော့ ခုလက်ရှိငါ့အေကာင့်ထဲမှာလဲ ပိုက်ဆံ တစ်သန်းအောက်ပဲရှိတော့တယ်။ အစာစားရင်တောင် ပိုက်ဆံပြဿနာက ဖြစ်လာတယ်။ ]
[ ဆောင်းယုချင်း : :ကောင်းတယ် ,ဒါကထိုက်တန်တယ်မဟုတ်လား ?]
[ လင်ပေ့ဖန် :: .........]
[ ဆောင်း ယုချင်း :: ရှင့်မှာပိုက်ဆံမရှိဘူးဆိုကတည်းက ရှင့်ကို ကျွန်မအသား၀ယ်ကျွေးမယ်။ ဒါပေမဲ့ ရှင်းရှင်းပြောထားမယ် ကျွန်မအသားအတွက်ပဲ ပိုက်ဆံပေးမှာ။ပြီးတော့ ကျွန်မတို့ စုတ်စုတ်ပြတ်ပြတ်နေရာတွေမှာ သွားမစားဘူး ]
[ လင်ပေ့ဖန်။ :: မင်းပြောတဲ့ စုတ်စုတ်ပြတ်ပြတ် နေရာတွေဆိုတာ ကဘာလဲ ? ငါသူငယ်တန်းကနေ ဘွဲ့ရခဲ့တာဘဲ လေပါင်း ၁၈၀တောင်ကြာပြီ။ ဒါတောင်မင်းပြောတာ ငါနားမလည်ဘူး ]
[ဆောင်းယုချင်း။ :: ......]
[ ဆောင်းယုချင်း :: ဟန်ဆောင်နေတာကို ရပ်လိုက်။ ရှင်သဘောတူလား၊မတူဘူးလားဆိုတာပဲ ကျွန်မကိုပြော ]
[ လင်ပေ့ဖန်။ :: ဒါပေါ့ငါ သဘောတူတယ်။ ]
[ လင်ပေ့ဖန်။ :: မစ်စ် ခုချိန်က စပြီး ငါကမင်းအပိုင်ပဲ။ ကျေးဇူးပြုပြီးငါ့ကို ကြင်ကြင်နာနာဆက်ဆံပေးပါ ]
[ ဆောင်းယုချင်း။ :: .......]