အခန်း (၅)
Vol. 1 Ch. 5
သူမဖုန်းကိုလက်ထဲကချပြီးနောက် ဆောင်းယုချင်းသည် မသိစိတ်ကနေ ပျော်ရွှင်သလို ခံစားခဲ့ရသည်။
ဒီကမ္ဘာမြေကြီးမှာ သူမအပေါ်၌ စစ်မှန်သော အလေးထားမှုကို လင်ပေ့ဖန်တစ်ယောက်ဆီမှာသာ ရရှိနိုင်တယ်ဆိုတာ သူမကို နားလည်စေခဲ့သည်။
သသည် လူကြီးလူကောင်းတစ်ယောက်လို တစ်ဖက်လူကို ဘာမှမထိခိုက်၀န်မလေးေစဘဲ ပျော်ရွှင်ေအာင် ဟာသလုပ်နိုင်သည်။
ပြီးတော့ သူ့နဲ့ စကားပြောရတာကလည်း အထူးသဖြင့်သူမကိုစိတ်ချမ်းသာသလို ခံစားရစေသည်။
ထို့ပြင် ချစ်သူရည်းစားနှစ်ယောက်ကြားက တစ်ဦးနှင့်တစ်ဦးကျီစယ်သလို ပျော်ရွှင်မှုကို ခံစားရစေသည်။
အကြောင်းပြချက်တစ်ချို့ကြောင့် သူမသည် ယနေ့ည ညစာစားပွဲကို စောင့်မျှော်နေမိခဲ့သည်။
အခြားတစ်ဖက်မှာတော့ လင်ပေ့ဖန်သည် ဖုန်းကိုချပြီးနောက် သူ့နှုတ်ခမ်းများက ကွေးညွတ်ရင်း အပြုံးအနည်းငယ် ပေါ်လာသည်။
**ငါ့ဇနီးက နောက်တစ်ကြိမ်ထပ်ပြီး ငါ့ကိုဆွဲဆောင်နေပြန်ပြီ **
**ငါတို့နှစ်ေယာက် အရင်ဘ၀မှာတစ်ကြိမ်လက်ထပ်ခဲ့ပြီးတာအရမ်းကြာေနပြီဆိုပေမဲ့ ငါတို့ နောက်တစ်ကြိမ် လေးလေးနက်နက် ပြန်ချစ်မိဖို့ကိစ္စကို ပြန်ပြီးဖြတ်သန်းနေရတုန်းပဲ။**
သူတို့ရဲ့အရင်ဘ၀က ဇာတ်လမ်းအတိုင်းဆင်တူနေသည်။
အချိန်တိုင်းမှာ ဆောင်းယုချင်းကသာလျှင် စတင်ပြီးလက်ဦးမှုယူခဲ့တာဖြစ်သည်။
ဒီအချိန်မှာတော့ သူမကိုအဖတ်မလုပ်နိုင်ေသးဘဲ ဇာတ်လိုက်နဲ့မပြိုင်ခင် သူ့ကိုယ်ပိုင်ခွန်အားများတိုးတက်အောင်လုပ်နေရင်းဖြင့် အလုပ်များနေသည်။
သူမနှလုံးသားကို ကျောက်တုံးနှင့်ပြုလုပ်ထားရင်တောင်မှ သူမနဲ့အတူတကွ အချိန်များများဖြုန်းခြင်းဖြင့် သူမနှလုံးသားကိုလှုပ်ရှားလာအောင်ပြုလုပ်နိုင်သည်။ ထို့ပြင်သူတို့နှစ်ယောက် ပေါင်းပြီး ဇာတ်လိုက်ကိုဆန့်ကျင်ရာတွင်လည်း အတူတကွအလုပ်လုပ်နိုင်မည်ဖြစ်သည်။
ဒါပေမဲ့လည်း ဒီအချိန်ကတော့ နည်းနည်းကွဲပြားသည်။
ဒီအချိန်မှာတော့ တစ်ယောက်ချင်းဆီဘဲ ငါတို့ သွားရလိမ့်မည်။
လင်ပေ့ဖန်သည် အိပ်ယာမှထ၍ ရေချိုးလိုက်ပြီး နောက်ဖြစ်လာမည့် အရေးကြီးကိစ္စများကို ကြိုတင်ပြင်ဆင်ခဲ့သည်။
ဗီလိန်တွေအတွက် အလေးအနက်ထားရမဲ့ကိစ္စကဘာလဲ??
ဟုတ်တာပေါ့ ,ဇာတ်လိုက်တွေနဲ့ ဆက်ဆံရာမှာပေါ့။
သူ့ဘ၀က အလွန်ရိုးစင်းပြီး ပျင်းစရာကောင်းတယ်။
ဆေးရုံကိုရောက်သောအခါတွင် အဖြူရောင် ဇော်မွှားပန်းတစ်စီးကို ဆေးရုံ၀င်ပေါက်၌ ၀ယ်ခဲ့သည့်။ပြီးနောက် စိုးရိမ်သောမျက်နှာအမူအရာဖြင့် ဆေးရုံလူနာထားခန်းဆီသို့ လမ်းလျှောက်ခဲ့ပြီး အဖြူရောင်ဇော်မွှေးပန်းကို မာမီပုံစံဖြစ်နေသော ဇာတ်လိုက်ရှေ့တည့်တည့်တွင် ထားလိုက်သည်။
" ကျေးဇူးပြုပြီး၊ ငါမင်းအတွက်၀မ်းနည်းပူဆွေးမှုကို လက်ခံပေးပါ " ဟု ပြောလိုက်သည်။
ဇာတ်လိုက်ရှောင်ချန်း : : .......
"အာ ...., ခဏ ဒါကငါအမှားပါ "
လင်ပေ့ဖန်သည် သူ့၏မျက်နှာကို လေးနက်သောအမူအရာဖြင့် ပြုလုပ်လိုက်ပြီး " ငါဆိုလိုချင်တာကတော့ ကျေးဇူးပြုပြီး၊ မင်းစိတ်ကိုအေးအေးထားပါ။ ဒါနဲ့မင်းကိုကြည့်ရတာ စိတ်ဓာတ်ကျတဲ့ပုံလည်း မပေါက်ပါဘူး " ဟု ပြောလိုက်သည်။
ဇာတ်လိုက် ရှောင်ချန်း :: …
***ငါ့ပုံစံကိုကြည့်ရတာ စိတ်ဓာတ်ကျပြီးနဲ့ မပျော်ရွှင်တဲ့ပုံမပေါက်ဖူးပေါ့လေ? ***
*** ငါနိုးချိန်မှာတောင်မှ မမြင်ချင်ဆုံးဖစ်တဲ့ ရန်သူရဲ့ ပုံကို အရင်မြင်ေနရတယ်။ ဘယ်လောက်တောင် ကံမကောင်းလိုက်တာလဲ။ ***
လင်ပေ့ဖန်က ဆက်လက်ပြီး " ဒေါက်တာပြောတာကတော့ မင်းနံရိုးလေးတွေပဲကျိုးတာပါတဲ့။ ဘာမှဒဏ်ရာ ကြီးကြီးမားမားဖြစ်ထားတာမရှိပါဘူး။မင်းက ငယ်ရွယ်ပြီးသန်မာတော့ မြန်မြန်ပြန်ကောင်းလာနိုင်တယ်တဲ့။မင်းနှစ်လလောက်အတောအတွင်းမှာ အိပ်ယာကနေထပြီး လမ်းလျှောက်နိုင်လိမ့်မယ်။ဒါကမင်းရဲ့ နေ့စဉ်ဘ၀ကို ဘာမှ မသက်ရောက်နိုင်စေဘူးတဲ့။ "ဟု ပြောလိုက်သည်။( နံရိုးလေးပဲကျိုးတာပါ😅😅)
ဇာတ်လိုက် ရှောင်ချန်းမျက်နှာသည် အနည်းငယ်အစိမ်းရောင် ပြောင်းသွားခဲ့သည်။
** နှစ်လကြာပြီမှလား??**
** မင်းပြောတာ ငါက နှစ်လလုံးလုံး ဒီအိပ်ယာထဲမှာပဲ လှဲနေရမယ်ပေါ့။ ဟုတ်လား ?? **
** နှစ်လကြာပြီးတဲ့နောက်မှာ မင်းနဲ့ ဆောင်းယုချင်းတောင်မှ ကလေးတစ်ယောက်လောက် ရနေလောက်ပြီ **
** ဘာလို့လဲသူမသိ။ ဒါပေမဲ့လည်း ဒီတစ်ခါ ပြန်လည်မွေးဖွားတာက အရမ်းသနားစရာကောင်းေနတယ်လို့ သူခံစားနေရတယ်။ **
**အရင်ဘ၀တွင် သူသည် တစ်ခြားလူလုပ်တာကြောင့် အရှက်ရမှုတစ်ခုကိုတောင်မှ မခံစားခဲ့ရဘဲ တစ်ခြားလူသာလျှင် သူ့လုပ်ရပ်ကြောင့် ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ **
** ဒါပေမဲ့ ဒီဘ၀အစမှာတင် သူသည်အိပ်ယာပေါ်မှာ မလှုပ်ရှားဘဲ နှစ်လလောက်လှဲနေရမည့် ကိန်းဆိုက်နေသည်။ **
** ဇာတ်ညွှန်းမှာ ငါလေးက ဇာတ်လိုက်နေရာ ရရှိခဲ့တာလေ။ ဒါကို ဘာကြောင့် ငါလေးက အရမ်းသနားစရာကောင်းတယ်လို့ ခံစားနေရတာလဲ ?? **
ဇာတ်လိုက်ရှောင်ချန်းသည် သူ့၏သွားများကို ကြိတ်လိုက်ပြီး သူ့ရင်ဘက်မှ နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရင်းဖြင့် " ကျေးဇူးတင်ပါတယ်။ငါမင်းရဲ့ ဂရုစိုက်မှုကိုလည်း တကယ်အသိအမှတ်ပြုပါတယ် " ဟု ပြောလိုက်သည်။
" ရပါတယ်ဗျာ ။ ကျွန်တော်တို့အားလုံးက လဲ့ဖုန်းလိုကူညီချင်တဲ့စိတ်ရှိတာကြောင့် ဆေးရုံမှာ နေထိုင်တဲ့ လူအားလုံးကို အမြဲတမ်း ကူညီဖို့ဆန္ဒရှိပါတယ် " ဟု လင်ပေ့ဖန်က သွားပေါ်အောင်ပြုံးရင်းပြောလိုက်သည်။(လဲ့ဖုန်းက မော်စီတုန်းခေတ်က တရုတ် ယဉ်ကျေးမှုတွင်ကျော်ကြားသောလူဖြစ်သည်။)
** မင်းငါ့ကို ဖယ်ထုတ်ဖို့အတွက် နည်လမ်းမရှိဘဲ ဖြစ်နေတဲ့ ပုံကငါ့ကို ပျော်ရွှင်စေတယ်။**
** ဒါကြောင့် ငါဒီမှာပဲ မင်းရဲ့ဖျော်ဖြေမှုကို ပျော်ရွှင်စွာနဲ့ ကြည့်နေမယ်။**
လင်ပေ့ဖန် သည် မတ်တပ်ရပ်လိုက်ပြီး " ခုတောင် တော်တော်နောက်ကျနေပြီ။ ငါမင်းအနားယူတာကို မနှောင့်ယှက်တော့ဘူး ။ငါ့ကောင်မလေးနဲ့ ချိန်းထားတဲ့နေရာကို သွားဖို့ ရှိသေးတယ်။ " ဟု ပြောလိုက်သည်။
ဇာတ်လိုက် ရှောင်ချန်းသည် ကြားရသောစကားကြောင့် ထိတ်လန့်သွားခဲ့သည်။
" ကောင်မလေး ? "
" မနေ့က မင်းကိုလာပို့ရာမှာ ဆေးရုံကို ငါ့နဲ့ အတူတူလိုက်လာခဲ့တဲ့ မိန်းကလေးလေ။သူမက အရမ်းလှတယ်, နူးညံတယ်။ ပြီးတော့ ကြင်နာတတ်တဲ့စိတ်ထားရှိသော မိန်းကလေးတစ်ယောက်လည်းဖြစ်တယ်။ ဒီလိုကောင်းတဲ့ ကောင်မလေးကို အဆုံးရှုံးမခံသင့်ဘူးလို့ ငါထင်တယ်။ နေဦး ကျန်သေးတယ် ဒီညသူမနဲ့ ငါ အတူတူ ညစာစားဖို့ရှိသေးတယ်။ " ဟု ပြော၍ လင်ပေ့ဖန်က ရှောင်ချန်းကို စခဲ့သည်။
ဇာတ်လိုက်ရှောင်ချန်းမျက်နှာသည် အစိမ်းရောင်ထပ်ပြောင်းသွားခဲ့သည်။
** ဘယ်လို ငရဲလဲ ? **
** ဘယ်လို ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင့်တက်တာ ဒီလောက်မြန်နေရတာလဲ? **
** မနေ့ကပဲသူတို့ ညစာအတူတူစားခဲ့ပြီးပြီလေ။ ဒါတောင် နောက်တစ်ခါ ဒီနေ့ထပ်စားဦးမယ်ပေါ့။ **
သူ့ရဲ့ အရင်ဘ၀မှာတောင် ရပ်အနည်းငယ်လောက် ေတွ့ရုံနဲ့ ညစာအတူတူ မစားခဲ့ရဖူးပေ။
**နောက်ထပ်ရက်နည်းနည်း ထပ်ေပးတွေ့လိုက်ရင် သူတို့ပိုပြီးတော့မှ မရင်းနှီးသွားနိုင်ဘူးလား?**
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံေရးကို ဒီထပ်ပိုပြီး တိုးတက်အောင် မလွှတ်ထားသင့်ဘူးလို့ သူခံစားေနရသည်။
မဟုတ်ရင်တော့ သူ့ဦးခေါင်းမှာ ဦးထုပ်စိမ်း ကိုနောက်တစ်ကြိမ် ထပ်ဆောင်းရမည်ဖြစ်ပြီး စောင်းခိုင်းသည့် လူကလည်းတူညီသော လူဖြစ်ေနသည်။
ပြန်လည်မွေးဖွားလာသူတစ်ယောက်အနေနဲ့ ဒီလို မျက်နှာပျက်မည့် အဖြစ်မျိုးကို အဖြစ်မခံနိုင်ပေ။
" ခဏလောက် စောင့်ပါဦး !"ဟု သူခပ်မြန်မြန်အော်ပြောလိုက်သည်။
" မင်းငါ့ကို တစ်ခုခုပြောစရာ ရှိလို့လား? " ဟု လင်ပေ့ဖန်က ပြုံးပြီးမေးလိုက်သည် ။
ဇာတ်လိုက်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတုတစ်ခုပေါ်လာပြီး " မင်းငါ့ရဲ့ စီနီယာအစ်ကိုကို ဆက်သွယ်ဖို့အတွက် ငါ့အစားကူညီပေးနိုင်မလား ? " ဟု ပြောလိုက်သည်။
" စီနီယာ အစ်ကို ? "
" သူက ငါ့နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ အစ်ကိုကောင်းတစ်ယောက်ပဲ "ဟု ရှောင်ချန်းက ပြောခဲ့သည်။
လင်ပေ့ဖန်၏ မျက်ခုံးများအနည်းငယ် ပင့်တက်သွားခဲ့သည်။
ဒီဇာတ်လိုက်ရဲ့ စီနီယာအစ်ကိုကို သူ သိသည်။ သူ့နာမည်က ကျိုးဇီမင် ဖြစ်ပြီးတော့ အသက်သုံးဆယ်လောက်ရှိသည်။ သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ ဆေးပညာကြောင့် ဆောင်းဆေးရုံမှာ လူသိများကျော်ကြားတဲ့ ဆရာ၀န်တစ်ယောက်လည်းဖြစ်သည်။
သူသည် ဇာတ်လိုက်ဘ၀ကို မြှင့်တက်စေဖို့ အတွက် ကြီးမားသော အကူအညီဖြင့် ထောက်ပံ့ပေးခဲ့သည်။
သူသည် မူရင်းဇာတ်လမ်းမှာ ဇာတ်လိုက်ကို ဆောင်းဆေးရုံနှင့် မိတ်ဆက်ပေးခဲ့တဲသူဖြစ်ခဲ့သည်။
ထို့နောက်တွင် ဇာတ်လိုက်သည် သူ့၏ထူးချွန်ထက်မြက်သောဆေးပညာဖြင့် ဆေးပညာရပ်၀န်းတွင် ကျော်ကြားသောလူဖြစ်လာပြီး ဆောင်းဆေးရုံရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရင်း အမျိုးသမီးဇာတ်လိုက် ဆောင်းယုချင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
အဲ့ဒီအချိန်မှာပဲ ဇာတ်လိုက်ရှောင်ချန်းသည် သူ့ရဲ့ ကိုယ်ရေးအချက်အလက်အမှန်ကို ထုတ်ဖော်ခဲ့သည်။
သူသည် ၀ိဉာဏ်ချိုင့်ဝှမ်းရဲ့ ဆက်ခံသူ နတ်ဆေးဆရာဖြစ်၍ ဆောင်းယုချင်းနဲ့ လက်ထပ်မဲ့သူအဖြစ် ကံကြမ္မာရဲ့ရွေးချယ်ခြင်းကို ခံခဲ့ရသည်။
ထို့နောက် နှစ်ယောက်သားအတူတကွ ပေါင်းသင်းလက်ထပ်ခဲ့ကြသည်။
ဒါက တကယ့်ကို ဖန်တရာထပ်နေသော ဇာတ်ကွက် ဖြစ်သည်။
ဒါပေမဲ့ခုတော့ လင်ပေ့ဖန်၏ ၀င်ရောက်နှောင့်ယှက်မှုကြောင့် မဖြစ်နိုင်တော့ပေ။
ကျိုးဇီမင်၏ အလုပ်ကိုပြုတ်အောင်လုပ်မည် သာမကဘဲ ဇာတ်လိုက်ကိုလည်း ဆေးရုံကနေနှင်ထုတ်ခြင်းခံရအောင်ပြုလုပ်မည် ဖြစ်ပြီး ဆေးပညာရပ်၀န်းမှာ ရှိတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးစေမည်ဖြစ်သည်။
**အခုတော့ တစ်ခြားလူက ဘယ်လို အကွက်ေတွရွှေ့မလဲဆိုတာကို သူသိချင်နေမိသည်။**
" " အိုကေ ,ပြဿနာမရှိဘူး။ ငါကူညီပေးမယ် "
နာရီ၀က်လောက်ကြာပြီးနောက်
စာပေပညာရှင်နှင့်တူသော အသက်သုံးဆယ်ကျော်ကျော် သက်လက်ပိုင်းလူတစ်ယောက်သည် သူ့အရှေ့က မံမီပုံစံနှင့်လူကို ကြည့်ပြီး ၀မ်းနည်းသွားခဲ့သည်။
" ဂျုနီယာညီလေး မင်းဘယ်လိုဖြစ်ပြီး ဒီလိုပုံစံနဲ့ အဆုံးသတ်ရတာလဲ ? ဒီလိုဖြစ်အောင် မင်းကို ဘယ်သူလုပ်တာလဲ ?"ဟု မေးမြန်းလိုက်သည်။