အခန်း (၆)
Vol. 1 Ch. 6
**ဘယ်သူလုပ်တာလဲ?**
ဒီမေးခွန်းက ဇာတ်လိုက် ရှောင်ချန်းအတွက် တကယ့်ကို ခေါင်းကိုက်စေသောမေးခွန်းဖြစ်သည်။
သူပြန်လည်မွေးဖွားလာပြီးနောက်တွင် သူ့ရဲ့အရင်ဘဝက ၀မ်းနည်းစရာကောင်းတဲ့ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်လို့ သူတွေးထင်ခဲ့သည်။
** သူအောင်မြင်ပြီး တိုးတက်ကြီးပွားတော့မဲ့ အချိန်မတိုင်ခင်မှာဘဲ ၊ သူကျရှုံးသွားမယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ ? သူ့ရဲ့ ရည်မှန်းချက် တွေ နဲ့ တောက်ပတဲ့အနာဂတ်ဟာ ပေါင်နှစ်ရာကျော် ဖတ်တီးမကြီးရဲ့ တက်ဖိမှုကြောင့် မမျှော်လင့်စွာနဲ့ပြိုကွဲသွားခဲ့ရသည်။ **
** ကျေးဇူးပြုပြီး၊ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောပြနိုင်မလား??"
**.ဖတ်တီးမကြီးရဲ့ ပုံစံကို ကြည့်ရတာလည်း မတော်တဆ ဖြစ်တယ်ဆိုတာ သေချာပါတယ် **
သဘောထားကြီးတဲ့ ဇာတ်လိုက်တစ်ယောက်အနေနဲ့ ရှောင်ချန်းသည် ဖြတ်လျှောက်များကို ဒီကိစ္စကြောင့် အပြစ်တင်နေမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် အပြစ်အားလုံးကို လူတစ်ယောက်အပေါ်တွင်သာထားလိုက်သည်။
"အဲ့လူက လင်ပေ့ဖန်ဘဲ။ ဒါတွေအားလုံးဖြစ်ရတာ သူ့ကြောင့်ပဲ ။ " ဟု ရှောင်ချန်းသည် သူ့၏သွားများကို ကြိတ်ရင်းပြောလိုက်သည်။
ကျိုဇီမင်က ထိတ်လန့်သွားခဲ့ပြီး " လင်ပေဖန့်? ၊ငါ့ကိုလာ ခေါ်ခဲ့တဲ့တစ်ယောက်လား ?။သူက မင်းကို ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ခဲ့တာလဲ ? ။ဆရာ၀န်ပြောတာကတော့ သူကမင်းကို ဆေးရုံခေါ်လာပြီးတော့ မင်းရဲ့ ဆေးဖိုးဝါးခအားလုံးကိုတောင်မှဘဲ ပေးချေခဲ့သေးတယ်ဆို။ သူ့လို လူမျိုးတွေက လူ့အသိုင်းအဝိုင်းမှာ တော်တော်ရှားတယ်။ " ဟု ပြောလိုက်သည်။
ရှောင်ချန်းသည် ကျိုဇီမင်ကို စူးစူးဝါးဝါးကြည့် လိုက်ပြီး စိတ်တိုစွာပြောခဲ့သည်။
" စီနီယာအစ်ကို မင်းကိုယ့်ကိုယ်ကို ရောင်းပြီးတော့ သူ့ဘက်ကနေ ရှေ့နေလိုက်ပြီးပြောပေးနေတာလား "
" အရင်ဘ၀မှာတုန်းက မင်းက အရမ်းကြိုးကိုင် ခြယ်လှယ်ခဲ့လို့ နောက်ဆုံးမှာ မင်းအလုပ်ပြုတ်ခဲ့ရတယ်။ပြီးတော့ ဆောင်းဆေးရုံကနေတောင်မှ ထွက်ခဲ့ရပြီး စားစရာသောက်စရာမရှိဘဲ အသက်ရှင်ရတဲ့ ဘ၀ကို ရောက်ခဲ့ရတယ်။ ဒါပြောတာက စီနီယာအစ်ကို မင်းကို ငါ အပြစ်တင်နေတာမဟုတ်ဘူးနော် "ဟု ပြောလိုက်သည်။
** ဘာကြောင့် လဲဆိုတော့ ငါကပြန်လည်မွေးဖွားလာလို့ပဲ ဒါပေမဲ့ စီနီယာအစ်ကို မင်းတော့မဟုတ်ဘူး။သူ့ဘယ်လောက်တောင် ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များလဲဆိုတာ ကို မင်းမသိဘူး။ **
ဒီကောင်ရဲ့ အကြံအစည် တွေက အလွန် ကြီးတယ်။
သူ့မှာ စွမ်းရည် အများကြီးရှိပြီး စွမ်းအားကြီးသော်လည်း သူသည် နုံအသောသူဌေးသား လို ဟန်ဆောင်ကာ နေဖို့အတွက် ရွေးချယ်ခဲ့သည်။လူတိုင်းက သတိမထားဘဲ အစောင့်အကြပ်ကို လျော့ချလိုက်တဲ့အခါမှ သူ သည် မိုးကြိုးပစ်သလို ဗြုန်းဆိုင်းဖိနှိပ်တိုက်ခိုက်တတ်သည်။
ပိုပြီးတော့ကြောက်စရာကောင်းတာက သူ့နည်းလမ်းများသည် အလွန်ဆန်းပြားသည်။
သူသည် ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ဘယ်တော့မှ မကစားဘဲ ဗျူဟာ မြောက်သော အစီအစဉ်ဖြင့်သာ ကစားသည်။
သူက မင်းနဲ့ ဆက်ဆံရာမှာ သူ့ရဲ့ကိုယ်ကျင့်တရားကိုအမြဲတမ်းအောက်ကျခံပြီးဆက်ဆံလိမ့်မယ်။အဲ့ဒါကို မင်းကမသိဘဲ လွှတ်ထားမိရင်တော့ မင်းအသေအချာကို ရှုံးနှိမ့်သွားလိမ့်မယ်။
ရှောင်ချန်းဘေးမှာရှိတဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဟာ အဲ့ဒီအချိန်မှာပဲ သူ့ကြောင့် အားလုံး ပြိုကွဲ ဖျက်ဆီးခြင်းကို အသေအချာခံရမည်ဖြစ်သည်။
သူတို့ရဲ့ အသက်မွေး၀မ်းကြောင်းအလုပ်တွေသာလျှင် ဆုံးရှုံးေစမှာ မဟုတ်ဘဲနဲ့ သူတို့ရဲ့ အမျိုးသမီးတွေကလည်း တစ်ခြားလူနောက် ပါသွားလိမ့်မည်ဖြစ်သည်။
" ငါ့ကိုပဲ အခုကြည့်လိုက်ဦး ငါ့နှလုံးသားလေးတွေ တောင် ခုချိန်ထိ ယားယံနေတုန်းပဲ။ "
" စီနီယာအစ်ကို မင်းသူ့ရဲ့ အပြင်ပန်းပုံကို ကြည့်ပြီး သူလှည့်စားတာကို မခံပါနဲ့။ မင်းသွားပြီးသူ့အကြောင်းကို မေးကြည့်လိုက် သူက လင်မိသားစုရဲ့ အသုံးဖြုန်းကြီးပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားဆိုတာ မင်းတွေ့ရလိမ့်မယ်။ သူ့လိုလူကဘယ်လိုလုပ် ပြီး လူကောင်းဖြစ်နိုင်မှာလဲ ? "
ကျိုဆီမင်က ပြန်မေးခဲ့သည် ။
" သူ က တစ်ကယ် အဲ့လိုဘဲလား? "
" ဟုတ်တယ် ဒါအမှန်ပဲ။ စီနီယာအစ်ကိုကို ဘာကြောင့် ငါက လိမ်ညာရမှာလဲ ?။ ဒီလူက ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ပြည့်နေတဲ့ စက်ဆုပ်ဖွယ်ကောင်းသော လူဖြစ်တယ်။ " ဟု ဇာတ်လိုက် ရှောင်ချန်းက ခါးသီးစွာပြောခဲ့သည်။
" ဒါပေမဲ့ ဒီအေကြာင်းေတွကို ပြောရတာ အရမ်းစောလွန်းနေသေးတယ်။မင်းအနာဂတ် မှာ ဒါတွေ ကို သဘာ၀ကျကျပဲ နားလည်လာမှာပါ။ မင်းကို ငါဘယ်တော့မှ မလိမ်ညာဘူးဆိုတာကို တော့ စီနီယာအစ်ကို ယုံကြည်ပေးပါ " ဟု ထပ်ပြောခဲ့သည်။
ကျိုဇီမင်က ခေါင်းညိတ်ခဲ့သည်။
" စီနီယာ အစ်ကို ဒီစိတ်မချမ်းသာစရာ ကိစ္စတွေကို ထားလိုက်တော့ ။ မင်းကို ငါဒီခေါ်လိုက်ရတဲ့ တကယ့် အကြောင်းပြချက်ကတော့ ဂိုဏ်းကို သတိရနေတာတစ်ခုထဲမဟုတ်ဘူး။ မင်း ငါ့ခန္ဓာကိုယ်ကဒဏ်ရာတွေကို ပုဂ္ဂိုလ်ရေးအရကုသပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိလို့ပဲ။ "
ဇာတ်လိုက် ရှောင်ချန်းက သက်ပြင်းချပြီး " မင်းမြင်တွေ့တဲ့ အတိုင်းပဲ အခု ငါ့နံရိုးသုံးချောင်း ကျိုးနေတယ်။လုံး၀ပြန်လည်ကောင်းမွန်လာဖို့က အနည်းဆုံး နှစ်လလောက်ကြာလိမ့်မယ်။ အဲ့လောက်အကြာကြီး တော့ ငါမစောင့်နိုင်ဘူး။ မင်း အံ့ဖွယ်ကွေ့ကူနတ်ဘုရားအပ်ကို ငါ့အပေါ်မှာအသုံးပြုပြီး မကြာခင် ပြန်လည်ကောင်းမွန်လာအောင် ကုသပေးနိုင်မယ် လို့ ငါမျှော်လင့်မိတယ်။ "
"ဟားဟား ! ဒီတစ်ခါတော့ ဂျူနီယာ ညီလေးရှာတဲ့ လူ မှန်သွားပြီ။ ဒီကိစ္စကို အကြီးတန်းအစ်ကို ကိုင်တွယ်နေသ၍တော့ တစ်ပတ်အတွင်း အားအင်ပြည့်၀ပြီး ပြန်ကောင်းလာမယ်လို့ ငါအာမခံတယ်။" ဟု ကျိုဇီမင် သည် ကျယ်လောင်စွာရယ်ပြီး ပြောလိုက်သည်။
ရှောင်ချန်းသည် အလွန်ပျော်ရွှင်သွားခဲ့ပြီး "စီနီယာအစ်ကို ဖြစ်နိုင်တာက မင်းကွေ့ကူနတ်ဘုရားအပ်နည်းပညာရဲ့ အပ်၇ချောင်း ကုသခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီပေါ့? "ဟု မေးမြန်းလိုက်သည်။
ကျိုဇီမင်က ပြုံးပြီးခေါင်းညိတ်ခဲ့သည်။
" မာနမကြီးဘဲ ပြောရရင် ငါတို့ရဲ့ ကွေ့ကူနတ်ဘုရားအပ်နည်းပညာမှာ အပ်၉ချောင်း ကုသခြင်းအဆင့်ထိရှိတယ် "
" ပထမအပ်က နာကျင်ခြင်းကို သက်သာဖို့။ဒုတိယအပ်က အအေးဓာတ်ကို ဖယ်ရှားဖို့။တတိယအပ်က ဖျားနာမှုသက်သာ ဖို့။ စတုတ္ထအပ်က သွေးတိတ်ဖို့။ပဉ္စမအပ်ကဒဏ်ရာရနေသော အသားများကို အနာကျက်မြန်စေဖို့။ ဆဌမအပ်က ကိုယ်တွင်းအင်္ဂါတွေအတွက်။ခုနှစ်ခုမြောက်အပ်က အရိုးများအတွက်။ ရှစ်ခုမြောက် အပ် က စိတ်ဝိဉာဏ် ဒဏ်ရာများအတွက် ပြီးတော့ န၀မမြောက်အပ်က သေသူကိုတောင် ပြန်ရှင်သန်လာစေတယ်။ "
" ဒီစီနီယာအစ်ကို ရဲ့ ပါရမီက မင်းလောက် သိပ်မကောင်းပေမဲ့ နေ့နေ့ညည လေ့ကျင့်တဲ့အတွက် ကြောင့် မကြာသေးခင်ကမှ ၇ခုမြောက်အရိုးကုအပ် အဆင့်ကို ရောက်ရှိခဲ့တယ်။ပုံမှန်ဆို အရိုးကျိုးရင် ရက်၁၀၀လောက် ကုသရမှ သက်သာလိမ့်မယ် ။ဒါပေမဲ့ ဒီငွေအပ်နဲ့ ဆို ရင် တစ်ပတ်လောက်ကုသရုံနဲ့ အကုန်ပြန်ကောင်းသွားလိမ့်မယ်။ "
ရှောင်ချန်း အံ့အားသင့်သွားခဲ့ပြီး
" ဟားဟား..., စီနီယာအစ်ကို မင်းက အမှန်တကယ်ကို မယုံနိုင်စရာဘဲ။ ကျေးဇူးပြုပြီး ငါ့ဒဏ်ရာတွေကို ကူညီပြီး ကုသပေးပါ။ " ဟု ပြောလိုက်သည်။
**သူ့စိတ်ထဲမှာတော့ လျှို့ဝှက်စွာ တွေး၍ လင်ပေ့ဖန် မင်းနေနှင့် ဦးပေါ့။ ငါပြန်ကောင်းလာပြီးမှ မင်းနဲ့ ဒီစာရင်းကို ရှင်းမယ်။ **
" ဂျုနီယာညီလေး ခဏလေးပဲစောင့် မင်းရဲ့ ဒဏ်ရာတွေကို ခုပဲ ငါဖယ်ရှားပေးမယ်။ " ဟု ပြောပြီး ကျိုဇီမင်သည် သူ့ရဲ့ ငွေအပ်များကို သူ့အိတ်ထဲမှ ဆွဲထုတ်ခဲ့သည်။
ပြီးနောက် အပ်များကိုမီးဖြင့် အပူပေးပြီး လေးနက်စွာပြောခဲ့သည်။
" ဂျုနီယာညီလေး ဒါကနည်းနည်း နာကျင်ေစလိမ့်မယ်။ သည်းခံပေးပါ။ "
ရှောင်ချန်းသည် ခေါင်းညိတ်လိုက်ပြီး သူ့၏အကြည့်များသည် ပြတ်သားမှုများဖြင့် ပြည့်နေသည်။
" စလို့ရပြီ စီနီယာအစ်ကို ,မနေ့ညက ဒီထက်နာကျင် တာကိုတောင် ငါခံစားခဲ့ရတယ်။ ဒီလောက် နာကျင်မှုလေးက ဘာမှမဖြစ်နိုင်ပါဘူး။ "
" ကောင်းပြီ ,ဒါဆိုရင် ငါစပြီ။ အာရုံစူးစိုက်ထားပါ "ဟုပြောပြီးတာနဲ့ သူသည် အပူပေးထားသော ငွေအပ်ကို ယူလိုက်ပြီး ရှောင်ချန်း၏ ရင်ဘတ်ဆီသို့ ငွေအပ်ကို ထိုးသွင်းခဲ့သည်။
ဒါပေမဲ့လည်း သူနှစ်ကြိမ်တိုင်တိုင် ကြိုးစားတောင်မှ ရှောင်ချန်း၏အရေပြားကို မထိုးဖောက်နိုင်ခဲ့ပေ။
" ဂျုနီယာညီလေး , ဖြစ်နိုင်တာ က မင်းအတွင်းအားပါလေ့ကျင့်ထားတာလား? "
ရှောင်ချန်းသည် သူ့၏ခေါင်းကို ခါလိုက်ပြီး " ငါ့အတွက် အတွင်းအားလေ့ကျင့်ဖို့ အချိန် ဘယ်မှာရှိရမလဲ ?။ ငါသာ အတွင်းအားလေ့ကျင့်ခဲ့တယ်ဆိုရင် ဒီလို ပုံစံ နဲ့ အဆုံးသတ်ခဲ့ရမှာမဟုတ်ဘူး။ ဘာမှားနေလဲဆိုတာကို ငါလဲမသိတော့ဘူး။ ဒါပေမဲ့ ငါ့အရေပြားက ပုံမှန်မဟုတ်ဘဲ မာကြောလာတယ်။ စီနီယာအစ်ကို အားနဲနဲထပ်စိုက်ပြီး ထိုးကြည့်ပါဦး။ " ဟု ပြောလိုက်သည်။
" အိုကေ "
ကျိုဇီမင်က နောက်တစ်ကြိမ်ကြိုးစားပြီး အားစိုက်ထိုးကြည့်သည်။
အရေပြားကို မထိုးဖောက်နိုင်ဘဲ ငွေအပ်သာလျှင် ကွေးသွားခဲ့ရသည်။
" အဆင်ပြေပါတယ် ။ ငါအပ်ကို ပြန်ပြောင်းလိုက်မယ်။ "
ထို့နောက် သူနောက်တစ်ကြိမ် အားစိုက်ပြီး ထိုးခဲ့ပြန်သည်။
ဒါပေမဲ့လည်း အရေပြားကို မထိုးဖောက်နိုင်ဘဲ ငွေအပ်သာလျှင် နောက်တစ်ကြိမ်ကွေးသွားခဲ့ရပြန်သည်။
" နဲနဲထူတယ် အပ်တစ်ချောင်းနဲ့ ငါကြိုးစားပြီး ထပ်ထိုးကြည့်မယ်။ "
ထို့နောက် အပ်တစ်ချောင်းပြီးတစ်ချောင်း ပြောင်းရင်းသူကြိုးစားခဲ့သည်။သို့ပေမဲ့ ငွေအပ်အားလုံးသာလျှင် ကျိုးသွားခဲ့ပြီး အရေပြားတွင်တော့ ခြစ်ရာတစ်ခုတောင်မကျန်ခဲ့ပေ။
" ဟေး ! ဒီအရာကို ငါမယုံကြည်နိုင်ဘူး "
ကျိုဇီမင် သည် နောက်ဆုံးငွေအပ်ကို ဆုပ်ကိုင်လိုက်၍ အိပ်ယာပေါ်တွင် ဆောင့်ကြောင့်ထိုင်ခဲ့ပြီး အပ်ကို ထိုးသွင်းဖို့အတွက် သူ့မှာ ရှိသမျှအားအကုန်လုံးဖြင့် ကြိုးစားခဲ့သည်။
ဒါပေမဲ့ သူခြေချော်၍ လှဲကျခဲ့ပြီးနောက် ငွေအပ်ပျောက်သွားခဲ့သည်။
ရှောင်ချန်းသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" ဘာဖြစ်တာလဲ စီနီယာအစ်ကို "
ကျိုဇီမင်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး
" ပြီးသွားပြီ " ဟု ပြောလိုက်သည်။
" ဒါပေမဲ့ ဘာကြောင့် ငါဘာမှ မခံစားရတာလဲ ? "
" အို့ မဟုတ်ပါဘူး ။ငါအရေပြားကို ထိုးမိတာပါ။ဒါကအရမ်းနာတာပဲ"
ဇာတ်လိုက် ရှောင်ချန်း......??