အခန်း (၇)
Vol. 1 Ch. 7
ထို့နောက် ငါးမိနစ်ကြာပြီးသည့် နောက်တွင် ကျိုဇီမင် သည် သူ့ထိုင်ခုံတွင် ပြန်လာထိုင်ခဲ့သည်။
သူ့၏အပ်ဖြင့် အာရုံကြောကို ထိုးမိခြင်းကြောင့်လား ဒါမှမဟုတ် အခြား အကြောင်းတစ်ခုခုကြောင့် လားမသိ သူ့၏ ခြေထောက်များသည် မထိန်းချုပ်နိုင်လောက်အောင် တုန်ခါနေခဲ့သည်။
" ဂျုနီယာညီလေး ,ငါ ဒီကို လောလောနဲ့လာခဲ့လို့ ပြင်ဆင်ချိန်တောင်ကောင်းကောင်းမရခဲ့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ ၊ငါ့အိမ်မှာ ငါအကြိုက်ဆုံးငွေအပ်တစ်စုံရှိတယ်။ အဲ့ဒီငွေအပ်တွေက အလွန်မာကြောတာကြောင့် မင်းကို သေချာပေါက် ကယ်တင်နိုင်လိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို " ဟု ပြောပြီး ဇာတ်လိုက်ရှောင်ချန်းက အလွန်ပျော်ရွှင်သွားခဲ့သည်။ "
" ငါတို့က ညီအစ်ကိုတွေပဲလေ။ အဲ့လောက်ယဉ်ကျေး နေဖို့မလိုပါဘူး။မင်းပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ထား။ မနက်ဖြန်လာပြီး မင်းကို ငါလာကြည့်မယ်။ " ဟု ပြော၍ ကျိုဇီမင်သည်မတ်တပ်ရပ်လိုက်ပြီး ရှောင်ချန်းရဲ့ ပုခုံးကို အနည်းငယ်ပုတ်လိုက်သည်။
" ဘာကြောင့် ဒီည မကုဘဲနဲ့၊ မနက်ဖြန်မှကုမှာလဲ? " ဟု ရှောင်ချန်းက မေးလိုက်သည်။
ရှောင်ချန်းသည် ခုချက်ချင်း ပြန်ကောင်းလာချင်ပြီး နောက်တစ်နေ့ ထပ်မစောင့်နိုင်တော့ပါ။
" ဘာကြောင့်လဲဆိုတော့ အရင်ဆုံး ငါ့ခြေထောက်ကို စစ်ဆေးဖို့ လိုအပ်လို့ဘဲ။ ဒါမှ ဘာမှားနေလဲဆိုတာကို ငါသိမှာ " ဟု ပြောလိုက်သည်။
ရှောင်ချန်းသည် သူ့၏ပါးစပ်ကိုဖွင့်လိုက်ပြီး
" ဂရုစိုက်ပါ စီနီယာအစ်ကို " ဟု ပြောလိုက်သည်။
" ဒါဆို ငါသွားတော့မယ်။ မနက်ဖြန်မှ တွေ့မယ်။ "ဟု ပြောပြီး ကျိုဇီမင်သည် ထော့နဲ့ထော့နဲ့ဖြင့်ဆေးရုံ တံခါးကို ဖွင့်နေချိန်တွင် လင်ပေ့ဖန်က ၀င်လာခဲ့သည်။
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး
" ဒေါက်တာ ကျို မင်းပြန်တော့မလို့လား? " ဟု မေးလိုက်သည်။
ကျိုဇီမင်သည် ပြုံးလိုက်ပြီး " မစ်စတာ လင် , ငါအခုပဲ ပြန်တော့မလို့ ။ မနက်ဖြန်မှဘဲ ငါ့ဂျုနီယာညီလေးကို ပြန်လာကြည့်တော့မယ်။ "ဟု ပြောလိုက်သည်။
" မင်းပြန်နိုင်ပါတယ် ၊ဒါပေမဲ့ မပြန်ခင် မင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ငါ့မှာရှိတယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဘာကိစ္စမို့လို့လဲ မစ်စတာလင် ။ ကျေးဇူးပြုပြီးပြောပြပေးပါ။ "
" ဒီကိစ္စက ဒီလိုပါပဲ။ ဆေးရုံမှာ မင်းရဲ့ ဂျုနီယာညီလေးအတွက် ကုန်ကျတဲ့ဆေးဖိုးဝါးခကို ငါသူ့အစား ပေးချေခဲ့ထားတယ်။ အခု မင်းဒီမှာရှိနေတုန်းလေး ကုန်ကျတဲ့ဆေးဖိုးဝါးခကို သူ့အစား ငါ့ကို ပြန်ပေးပေးနိုင်မလား ? ။ အားလုံးပေါင်းကုန်ကျငွေက ယွမ် ငါးသိန်းလေးထဲပါ။ ကျေးဇူးတင်ပါတယ် " ဟု လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။
ကျိုဇီမင် : .....
**ဂျုနီယာညီလေးမင်းပြောတာမှန်တယ်။ သူက တကယ့်ကို စိတ်တိုစရာကောင်းတဲ့ကောင်ဘဲ။ **
နောက်ဆုံးမှာတော့ ကျိုဇီမင် သည် ယွမ်ငါးသိန်းကို တွန့်ဆုတ်စွာဖြင့် ပေးခဲ့သည် ။
ငွေကို လက်ခံပြီးသည့်နောက် တွင် လင်ပေ့ဖန်သည် ပျော်ရွှင်စွာနဲ့ သူ့ကားကို မောင်းကာ ဆောင်းဆေးရုံ သို့ သွားခဲ့သည်။
ဆောင်းယုချင်းသည် လင်ပေ့ဖန်ကို မြင်တွေ့လိုက်ရသောကြောင့် အံ့အားသင့် သွားခဲ့ပြီး "ရှင်ဘာကြောင့် ဒီကို လာတာလဲ ? "ဟု မေးလိုက်သည်။
" မင်းပဲ အသား၀ယ်ကျွေးမယ်ဆိုပြီး ငါ့ကို ဖိတ်ထားပြီးတော့။ ပြောပြီးသား စကားကိုပြန်မပြင်နဲ့။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဒါပေမဲ့ ရှင်လာတာအရမ်းပဲ စောလွန်းနေတယ်လေ။ ကျွန်မအလုပ်ဆင်းချိန်တောင်မှ မရောက်သေးဘူး။ " ဟု ဆောင်းယုချင်းသည် အချိန်ကို ကြည့်ရင်း ပြောလိုက်သည်။
" မင်းအလုပ်သာမင်းဆက်လုပ်ပါ။ ငါ ဒီဆိုဖာမှာ ထိုင် ပြီးစောင့်နေလိုက်မယ်။ငါအလျင်မလိုပါဘူး။ အေးဆေးပေါ့။ " ဟု လင်ပေ့ဖန်သည် ပြုံး၍ ထိုင်ချလိုက်ပြီး သူ့ဖုန်းဖြင့်ကစားနေလိုက်သည်။
ဆောင်းယုချင်းသည် ဂျာကင်အင်္ကျီကို ပြောင်း၀တ်လိုက်ပြီး သူမရဲ့ ပိုက်ဆံအိတ်ကို ကိုင်၍ "သွားကြရအောင် " ဟု ပြောလိုက်သည်။
လင်ပေ့ဖန် အံ့အားသင့်သွားခဲ့ပြီး
" မင်းအလုပ် လုပ်စရာ ဘာမှ မကျန် တော့ဘူးလား? "ဟု မေးလိုက်သည်။
" ဒီနေ့ ကျွန်မအလုပ်မလုပ်တော့ဘူး။ ရှင်တောင် ကျွန်မရဲ့အခက်အခဲ ပြဿနာ ကို ကျွန်မအတွက် ဂရုစိုက်ပြီးလုပ်ပေးခဲ့တာပဲလေ။ဒါကို ကျွန်မက ဘာကြောင့် ဒီနေရာမှာ ထိုင်နေရမှာလဲ ? ။တစ်ကြိမ်လောက် အလုပ်မလုပ်ဘဲပျင်းလိုက်တာကလည်း အဆင်ပြေပါတယ်။ " ဟု ဆောင်းယုချင်းက စ နောက်ပြီးပြောခဲ့သည်။
" ဒါဆိုငါတို့ အတူတူ သွားကြရအောင် " ဟု လင်ပေ့ဖန်က သူ့ဖုန်းကို သိမ်းလိုက်ပြီး ပြောလိုက်သည်။
" ဒီနေ့ ငါတို့ဘယ်နေရာမှာ စားမှာလဲ ? "ဟု ဆောင်းယုချင်းက ပြုံးပြီး မေးလိုက်သည်။
" ငါနောက်ကနေ လိုက်ခဲ့ ။ မင်းကို အရမ်းအရသာ ရှိပြီး ဈေးသက်သာတဲ့ နေရာကို ခေါ်သွားပေးမယ်။ " ဟု လင်ပေ့ဖန် ကပြောလိုက်သည်။
" အိုကေ "
နာရီ၀က်လောက်ကြာပြီးနောက်တွင် သူတို့နှစ်ယောက်သည် ပျက်စီးနေသောလမ်းဟောင်းတစ်ခုပေါ်တွင် ရှိသော ဟောင်းနွမ်းစုတ်ပြတ်နေသောစားသောက်ဆိုင်ကို ရောက်ရှိခဲ့သည်။
ဆောင်းယုချင်းသည် သူမပတ်ပတ်လည် ရှိ ဟောင်းနွမ်းနေသော အဆောက်အဦးများကို ကြည့်လိုက်၍ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး " ကျွန်မ ရှင့်လိုချမ်းသာတဲ့ သူဌေးသားက ဒီလိုနေရာမျိုးကို လာလိမ့်ယ်လို့ မထင်ထားဘူး။ " ဟု ပြောလိုက်သည်။
" မင်းဘာကိုတွေးနေတာလဲ ? ဒီလိုနေရာကို ငါလာမစားနိုင်ဘူးလို့ ထင်နေတာလား? ဒီ စားသောက်ဆိုင်ကို ဖွင့်ခဲ့တာ နှစ်နှစ်ဆယ်လောက်ရှိပြီ။ ပြီးတော့ ဒီဆိုင်ရဲ့ အရသာက အမြဲတမ်း အရမ်းကောင်းပြီး အရသာရှိတယ်။ကံကောင်းစွာနဲ့ ငါတို့စောစောလာခဲ့လို့ပဲ ။ နည်းနည်းနောက်ကျမှသာ လာမယ်ဆိုရင် ထိုင်စားစရာခုံတောင် ရှိတော့မှာမဟုတ်ဘူး။ " ဟုလင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။
" ရှင့်ကိုကြည့်ရတာ အမိန့်အာဏာနဲ့ပြောနေသလိုဘဲ။ ရှင်ဒီနေရာကို မကြာခဏလာဖြစ်တယ်မဟုတ်လား?။ မှန်မှန်ပြော။ ရှင်ကောင်မလေးတွေကို မကြာခဏ ဒီခေါ်လာတယ်မလား ? " ဟု ဆောင်းယုချင်းသည် ခက်ထန်သောအမူအရာဖြင့် ပြောလိုက်သည်။
လင်ပေ့ဖန်သည် သူ့ခေါင်းကို ခါလိုက်ပြီး " မဟုတ်ဘူး။ မင်းက ပထမဆုံးတစ်ယောက်ပဲ။ "ဟုပြောလိုက်သည်။
ဒီစကားကို ကြားလိုက်ရသောအခါတွင် ဆောင်းယုချင်းသည် သူမနှလုံးသားထဲတွင် အားနည်းသောထိတွေ့မှုကို ခံစားလိုက်ရသည်။
" အကယ်၍ တစ်ခြားမိန်းကလေးသာဆိုရင် သူတို့ကို ဟိုတယ်ကို တန်းခေါ်သွားမှာပေါ့" ( အော်အေအေ မှတ်သားစရာပဲ )
ဆောင်းယုချင်း :: ......
ထို့နောက်သူမသည် သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်ခဲ့သည်။
" ဟားဟား... စတာပါဗျာ ! ဒါပေမဲ့ ဒီဆိုင်ကို ညစာစားဖို့ ခေါ်လာတဲ့ ပထမဆုံး အမျိုးသမီး ကမင်းဆိုတာကတော့ တကယ်ပါ။" ဟု လင်ပေ့ဖန်က လေးလေးနက်နက် ပြောလိုက်သည်။
** ဒီဘ၀မှာရော ပြီးတော့အရင်ဘ၀မှာပါ ပထမဆုံးပါ *"
ဆောင်းယုချင်းသည် တစ်ခြားလူရဲ့ အကြည့်အောက်မှာ မနေတတ်သလို ခံစားခဲ့ရသည်။
သူမရဲ့ နှလုံးသားထဲတွင်တော့ ချိုမြိန်သော အထိအတွေ့ကို ခံစားေနရပြီး သူမသည် ကြောက်ရွံ့စွာ နဲ့ပြန် ပြောလိုက်သည်။
" အပြောကောင်းတဲ့သူကြီး ကျွန်မရှင့်နဲ့ စကားထပ်မပြောချင်တော့ဘူး။ ကျွန်မအစားအသောက်အရင်မှာချင်တယ်။"
ထို့နောက်တွင်သူတို့နှစ်ယောက်သည် စားစရာနဲ့သောက်စရာများကို စတင်ပြီး မှာခဲ့ကြသည်။
ဒီပျံသန်းခြင်းစားသောက်ဆိုင်သည် သူပြောခဲ့သည့်အတိုင်း အသားများသည် လတ်ဆက်ပြီး ဈေးပေါသည်။သူတို့နှစ်ယောက်လုံး ပျော်ရွှင်စွာဖြင့်အသားများကို စားခဲ့ကြသည်။
ဒါပေမဲ့ ခဏအကြာတွင် ဆောင်းယုချင်းသည် သူမရဲ့ တူ ကို အောက်ချလိုက်ပြီး " ကျွန်မ ဗိုက်ပြည့်သွားပြီ။ ရှင်စားချင်သလောက် ဆက်စားပါ။" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး " မင်းဘာလို့ နည်းနည်းပဲ စားတာလဲ? ။ဒါတွေက မင်းအကြိုက်မဟုတ်လို့လား? " ဟု မေးမြန်းလိုက်သည်။
ဆောင်ယုချင်းသည် " ကျွန်မဝိတ်ချနေလို့ပါ " ဟု ပြန်ရှင်းပြခဲ့သည်။
လင်ပေ့ဖန်သည် အနည်းငယ် တွေးတောပြီးနောက် အကြောင်းပြချက်ကို သိသွားခဲ့သည်။
** ဖြစ်နိုင်တာက မနေ့က ငါပြောလိုက်တဲ့ စကား ကြောင့် သူမနာကျင်မှုကို ခံစားလိုက်ရတာဖြစ်မယ် **
ထို့ကြောင့်သူသည် သူမကိုနှစ်သိမ့်လိုက်ပြီး "တကယ်တော့ အမျိုးသမီးတွေက အရမ်းပိန်တာ မကောင်းဘူးလို့ ငါထင်တယ်။ ဝါးခြမ်းပြားလိုခန္ဓာကိုယ်နဲ့ဆိုရင် လေတိုက်တာနဲ့ သူတို့အရင် လဲသွားလိမ့်မယ်။ "ဟု ပြောလိုက်သည်။
ဆောင်းယုချင်းက ပြန်တုံ့ပြန်ပြီးမေးလိုက်သည်။
" ဒါပေမဲ့ ဘယ်ယောက်ျားက ပိန်တဲ့အမျိုးသမီးကို မနှစ်သက်ဘဲနေလို့လဲ ? "
လင်ပေ့ဖန်သည် သူ့ခေါင်းကို ခါလိုက်ပြီး " ငါတော့ တစ်ခြားယောက်ျား လေးတွေအကြောင်းမသိဘူး။ ဒါပေမဲ့ ငါတော့ အချိုးအဆစ်ပြေပြစ်တာမျိုးကို နှစ်သက်တယ်။ ခုလက်ရှိ မင်းပုံစံလိုမျိုးက ငါအမှန်တကယ်ကြိုက်တဲ့ပုံစံဘဲ။ ဒါ့ကြောင့် မင်းရဲ့ ခန္ဓာကိုယ်ကို ဝိတ်ထပ်မချနဲ့တော့။ " ဟု ပြောလိုက်သည်။
ဆောင်းယုချင်းရဲ့ နှလုံးသားလေးသည် ရုတ်တရက်နှလုံး ခုန်မြန်လာခဲ့သည်။
** ဒါ က ငါ့ကို ဖွင့်ပြော နေတာလား? **
သူမသည် ဒေါသဖြစ်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"ရှင်က ကျွန်မရဲ့ အရေးကြီးတဲ့လူမှ မဟုတ်တာ ။ကျွန်မဘာသာ ဝိတ်ပဲချချ။ ဒါမဟုတ် ဝိတ်မချဘဲ နေနေ ရှင်နဲ့ ဘာဆိုင်လို့လဲ ? "
ထို့နောက်သူမသည် ဟင်းပွဲများကို သူမအနီးသို့ ယူလိုက်သည်။
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး " မင်းဘာလုပ်နေတာလဲ ?" ဟု မေးလိုက်သည်။
ဆောင်းယုချင်းသည် သူမရဲ့တူကို ဆုပ်ကိုင်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
" ကျွန်မစားမလို့လေ။ ကျွန်မဗိုက်ပြည့်မှပဲ ဝိတ်ချဖို့အတွက် အားရှိနိုင်မှာလေ။"
လင်ပေ့ဖန်သည် လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
" မင်းရဲ့ အကြံက အကြံကောင်းပဲ။ ငါဒီကြက်ခြေတောက်ကို မင်းအတွက် ငါပေးပါရစေ။ မင်းကိုယ်ကိုမင်းဂရုစိုက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိပါတယ် " ဟု ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ ကျွန်မ ၀ိတ်ချတာအောင်မြင်ခဲ့ရင် ရှင့်အတွက် ကျွန်မရဲ့ နည်းလမ်းကို မျှဝေပေးပါ့မယ်။"