← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ပြီးနောက် သူတို့နှစ်ယောက်သည် ပျော်ရွှင်ဖွယ်ကောင်းသော ညစာကို အတူတကွ အချိန်ဖြုန်းရင်းစားသောက်ခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ယောက်သည် မြစ်ကမ်းဘေးတစ်လျှောက်တွင်လည်း ညရှုခင်းများကို ပျော်ရွှင်စွာ ကြည့်ရှုရင်း သူတို့စားခဲ့သော အစာများ အစာကြေမြန်စေဖို့အတွက် လမ်းလျှောက်ခဲ့ကြသည်။

လင်ပေ့ဖန်ပြောသော ဟာသများကြောင့် ဆောင်းယုချင်းဆီမှ နူးညံပြီး ဆည်းလည်းသံလို ရယ်သံလေးများထွက်လာခဲ့သည်။

ထို့ပြင် လင်ပေ့ဖန်သည် သူမအကြောင်း ကောင်းစွာနားလည်ပုံကို သူမ ရှာဖွေတွေ့ရှိခဲ့ရသည်။ သူသည် ပိုစိတ်၀င်စားဖွယ်ကောင်းတဲ့ ခေါင်းစဉ်များကို အမြဲတမ်းပြောပြီး သူမကို ပျော်ရွှင်အောင် ပြုလုပ်ပေးသည်။ သူတို့၏ စကားများသည် ဘာမှအားစိုက်စရာမလိုဘဲနဲ့ သဘာ၀ကျစွာ လည်ပတ်စီးဆင်းသွားခဲ့သည်။

ထို့နောက် အချိန်ကို ကြည့်လိုက်သောအခါတွင် ည ၉နာရီတောင် ထိုးနေပြီဖြစ်သည်။

" နောက်တောင်ကျနေပြီပဲ။ ကျွန်မပြန်ရတော့မယ်" ဟု ဆောင်းယုချင်းက တွန့်ဆုတ်စွာဖြင့်ပြောခဲ့သည်။

" ဒါဆို ငါမင်းကို ပြန်လိုက်ပို့ပေးမယ် " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ရှင် ၊ကျွန်မကို ပြန်ပို့ပေးပြီးရင် ရှင်ဘယ်ကို သွားမလို့လဲ ? ။ ပြီးတော့ရှင့်ရဲ့ အစီစဉ်က ဘယ်လိုလဲ?။ဒါမှမဟုတ် အိမ်ကိုပဲ တန်းပြန်ပြီး အနားယူမလို့လား?" ဟု ဆောင်းယုချင်းက မေးမြန်းခဲ့သည်။

" တစ်ခြားလူတွေအတွက်ကတော့ ငါက ပလေးဘွိုင်းလေ ။ဒီအချိန်က အနားယူဖို့အတွက် အရမ်းစောလွန်း‌ နေသေးတယ်။‌ ပြီးတော့ ပျော်ရွှင်စရာ‌ကောင်းတဲ့ ည‌ လေးက အခုမှ စတင်မှာလေ။ငါ့သူငယ်ချင်းတွေက ရှင်ရှင်းဒီ သွားဖို့အတွက် ငါ့ကို ဖိတ်ခေါ်ထားတာ ရှိတယ်"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရှင်ရှင်းဒီသည် ဖျော်‌ဖြေရေးနေရာ တစ်ခုဖြစ်ပြီး စားမလား ၊ သောက်မလား၊ ဒါမှမဟုတ် ကစားမလား စသည့်အရာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နေရာတစ်ခုလည်းဖြစ်သည်။ထို့ပြင်ရှင်ရှင်းဒီသည် ညဈေးအဖြစ် ကျော်ကြားတဲ့ နေရာလည်းဖြစ်သည်။

လင်ပေ့ဖန်အတွက်ကတော့ လင်မိသားစုရဲ့ သခင်လေးဖြစ်တာကြောင့် ဒီလိုနေရာမျိုးကို သွားပြီးပျော်ပါးတာက ပုံမှန်ပဲဖြစ်သည်။

ဒါပေမဲ့ ဒီစကားကို ဆောင်းယုချင်း ကြားလိုက်ရလျှင်ဖြင့် သူမသည် မ ရှင်းပြနိုင်လောက်အောင် သက်တောင့်သက်သာ မရှိသလို ခံစားခဲ့ရသည်။

သူမသည် သူ့ကို အဲ့ဒီနေရာ မသွားဖို့အတွက် အကြံပေးချင်ခဲ့သည်။ဒါပေမဲ့လည်း သူမမှာ ပြောဖို့ အတွက် အကြောင်းပြချက်မရှိဘူးဆိုတာကို သူမနားလည်သ‌ဘော‌ပေါက်ခဲ့သည်။

ဒါတောင်မှ သူမ လင်ပေ့ဖန်ကို ပြောလိုက်ခဲ့‌‌သေးသည်။

" အဲ့ဒီနေရာတွေက အရမ်းပရမ်းပတာဖြစ်တယ်။ ဖြစ်နိုင်ရင် ရှင်ကြီးရယ်၊ အဲ့ဒီနေရာကို မသွားပါနဲ့လား။ "

" အကယ်၍ အဲ့ဒီနေရာကို မသွားရဘူးဆိုရင် , ငါက ဘယ်‌နေရာကို သွားရမှာလဲ? " ဟု လင်ပေ့ဖန်က အကူညီမဲ့စွာဖြင့် ပြောလိုက်သည်။

" ညတာက အရမ်းရှည်လွန်းတယ် ၊ ဘယ်နေရာကို သွားပြီး ငါ့ရဲ့အချိန်တွေကို သွားဖြုန်းရမှာလဲ? ။ ပြီးတော့ တစ်ယောက်ထဲ နေရတာက ငါ့ကိုနည်းနည်းကြောက်စေတယ်။အထူးသဖြင့် ငါ့ရဲ့ဘေးနားမှာတစ်ယောက်မှမရှိဘဲနဲ့ နေရတာက ပိုပြီးတော့ သက်တောင့်သက်သာမရှိသလို ခံစားရတယ်။"

ဆောင်းယုချင်းသည် ခဏတွေးတောလိုက်ပြီး " ဒါဆို ရင် ကျွန်မရုပ်ရှင်သွားကြည့်ချင်လို့ အတူတူလိုက်ခဲ့ပေးမလား? ။ ပြီးတော့ ရုပ်ရှင်ကြည့်ပြီးသွားရင် တော်တော်တောင်နောက်ကျနေပြီ‌လေ။ ရှင်နားတဲ့အချိန်လည်းရောက်သွားတာပေါ့ "ဟု ပြောလိုက်သည်။

လင်ပေ့ဖန်၏ မျက်လုံးများလက်သွားခဲ့သည်။

" ဒါက အကြံကောင်းပဲ "

ထို့နောက် သူတို့နှစ်ယောက်သည် အနီးဆုံး ရုပ်ရှင်ရုံဆီသို့ အတူတူရုပ်ရှင်သွားကြည့်ခဲ့သည်။

ထို့ပြင် သူတို့ရောက်သည့်အချိန်၌ ရုပ်ရှင်ရုံတွင် လက်ရှိပေါ်ပြူလာဖြစ်နေသော လာဗင်ဒါအကြောင်း ရိုက်ကူးထားတဲ့ အချစ်ရုပ်ရှင် ပြသတဲ့အချိန်လည်း ဖြစ်နေသည်။

ထို့အချိန်၌ အရောင်း၀န်ထမ်းမိန်းက‌‌လေးသည် လာဗင်ဒါပန်းများကို ဈေးမတန်မဆတင်၍ ရောင်း‌ချခဲ့သည်။

" လူကြီးမင်း, ရှင့်ရဲ့ ကောင်မလေးက အရမ်းလှတာဘဲ။ ဘာလို့ သူမအတွက် လာဗင်ဒါပန်းစည်းကို မ၀ယ်ပေးတာလဲ? ။လာဗင်ဒါပန်းရဲ့ ဖုံးကွယ်ထား‌တဲ့ အဓိပ္ပါယ်က အချစ်များကိုစောင့်နေခြင်းတဲ့လေ။ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကတော့ ရှင့်ရဲ့အချစ်က ရှင့်ဆီလာနေပြီ‌ပေါ့။"

လင်ပေ့ဖန်သည် သူ့၏ခေါင်းကို ခါလိုက်၍ ပြုံးပြီး

" မင်းထင်တာမှားနေပြီ။ သူမက ငါ့ကောင်မလေးမဟုတ်ဘူး။" ဟု ပြောလိုက်သည်။

" လိမ်ပြောနေတာကို ရပ်လိုက်ပါရှင်။ အကယ်၍ ရှင်တို့နှစ်ယောက်က ရည်းစားမဟုတ်ရင် ဘာလို့ အချစ်ရုပ်ရှင်ဇာတ်လမ်းကို အတူတူ လာကြည့်တာလဲ? ။ရှင် တို့နှစ်ယောက်က ချိန်းတွေ့နေတာ ရှင်းနေတာပဲလေ။ အကယ်၍ ခုချိန်မှာ ရည်းစားမဟုတ်သေးရင်တောင်မှ အနာဂတ်မှာ ဖြစ်လာနိုင်သေးတာပဲလေ။ဒါကြောင့် ဒီပန်းစည်းကို သူမအတွက် မြန်မြန်၀ယ်ပေးလိုက်တာက ရှင့်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာလိမ့်မယ်။"ဟု ဝန်ထမ်းမိန်းကလေးက လင်ပေ့ဖန်ကို ပြောလိုက်သည်။

လင်ပေ့ဖန်သည် ငြင်းလို့မရတာကြောင့် လာဗင်ဒါပန်းများထည့်ထားတဲ့ အိုးကို၀ယ်ခဲ့ပြီး ဆောင်းယုချင်းကို ပေးလိုက်သည်။

" ပန်းရောင်းတဲ့‌ မိန်းကလေးက အတင်းရောင်းနေတော့လည်း ငါ့မှာ ရွေးစရာမရှိလို့၀ယ်ခဲ့ရတယ်။ ပြီးတော့ ငါမင်းအတွက် ဒီလာဗင်ဒါပန်းအိုးကို ၀ယ်လာခဲ့တာဘဲ။ မင်းအလုပ်လုပ်တဲ့စားပွဲ‌မှာ ထားပြီး‌ အလုပ်လုပ်ရင်းနဲ့ လည်း မင်းကြည့်နိုင်တယ်လေ။ ဒါက မင်းရဲ့ စိတ်အခြေအနေကိုလည်း တိုးတက်စေနိုင်တယ် ။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

"အိုကေ "ဟု ဆောင်းယုချင်းက နီရဲနေသော မျက်နှာဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

သူမကိုယ်ကို သူမတိုးတိတ်စွာဖြင့်**ဒါက ချိန်းတွေ့တာမဟုတ်ဘူး ။လူငယ်တစ်ယောက်ကို လမ်းမှားမရောက်အောင် ကယ်ဆယ်ပေးနေတာပါ ** ဟု ပြောလိုက်သည်။

ဒါပေမဲ့လည်း သူမ၏လက်ထဲက လာဗင်ဒါပန်းအိုးကို တော့ တင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို ရုတ်တရက်လှည့်လိုက်ပြီး ၀င်ပေါက်ဆီသို့ လှမ်းကြည့်ခဲ့သည်။

" ဘာမှား‌ နေလို့လဲ?" ဟု ဆောင်းယုချင်းသည် စိတ်ရှုပ်စွာဖြင့် မေးမြန်းခဲ့သည်။

" ဘာမှမဟုတ်ပါဘူး။ငါ့အထင်တော့ ငါသိတဲ့လူထဲက တစ်ယောက်ယောက်ကို ခုနက မြင်လိုက်သလားလို့။ " ဟု လင်ပေ့ဖန်သည် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

"ဘာမှ အာရုံထားစရာမလိုပါဘူး။ ငါအထင်မှားတာပဲ ဖြစ်လိမ့်မယ်။ ရုပ်ရှင်ကစတော့မယ်။ ငါတို့သွားကြရအောင် "

လင်ပေ့ဖန်နှင့်ဆောင်းယုချင်းတို့ ရုပ်ရှင်ရုံထဲသို့ ၀င်ပြီးနောက် ရုပ်ရှင်ရုံ၏၀င်ပေါက်တွင် လုံခြုံရေး၀တ်စုံနှင့်ချောမောသော ‌ယောက်ျားတစ်ယောက် ထွက်ပေါ်လာခဲ့သည်။( ဒုတိယဇာတ်လိုက်တော့ပေါ်လာပြီ)

သူသည် သူ့၏ရင်ဘက်ကိုလက်ဖြင့်ဖိခဲ့ပြီး အပေါစားဆေးလိပ်ကို တစ်ချက်လောက်ဖွာလိုက်သည်။

" ငါသူ့ရဲ့ ဖမ်းမိခြင်းကို ခံရလုနီးပါးဘဲ။တကယ်‌တော့ ဒီလင်ပေ့ဖန်က ဒဏ္ဍာရီလာပလေးဘွိုင်းဖြစ်ပြီးတော့ ငါ့ကို တစ်ကြိမ်ရှုံးနှိမ့်စေခဲ့တဲ့လူတစ်ယောက်ဘဲ။ "

"နေစမ်းပါဦးဟ ။ ဘာကြောင့်ငါက သူ့ကိုမြင်တာနဲ့ ကြောက်နေရတာလဲ?"

" ငါက ပြန်လည်မွေးဖွားလာခဲ့တာလေ ။ သူငါ့ကို မှတ်မိနိုင်စရာ အကြောင်းမရှိပါဘူး။ဒါဆိုရင် ဘာလို့ ငါကသူ့ကိုကြောက်နေရမှာလဲ? "

ချောမောသော ယောက်ျား၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခုထွက်ပေါ်လာပြီး" ငါပြန်လည်မွေးဖွားလာပြီးတာတောင် ငါ့စိတ်ထဲမှာ သူ့ရဲ့ အရိပ်က ကျန်နေတုန်းပဲလို့ ငါမမျှော်လင့်ထားဘူး။" ဟု ပြောခဲ့သည်။

"ဒါပေမဲ့ ဒီတစ်ကြိမ်က တူညီလိမ့်မှာမဟုတ်ဘူး "

" နတ်ဘုရားတွေက ငါ့ကိုပြန်လည်မွေးဖွားဖို့ အတွက် အခွင့်အရေး ပေးခဲ့တယ်။ ဒါ့ကြောင့် ငါ့ရဲ့ ရှက်စရာအရင်ဘ၀က အတိတ်ကို အသေအချာပြန်ပြင်ရလိမ့်မယ်။ "

" မင်းငါ့ဆီကနေ အရင်ဘ၀က ယူထားတဲ့ အရာအားလုံးကို နည်းနည်းချင်းစီ ငါပြန်ယူရလိမ့်မယ်။ "

" ဒီထက်ပိုပြီးတော့ပြောရရင်တော့။ မင်းငါစီက ယူခဲ့တာထက်ကို ငါပိုယူမယ်။"

"မင်းရဲ့စည်းစိမ် ၊ မင်းရဲ့မိန်းမတွေ နဲ့ပြီးတော့မင်းပိုင်ဆိုင်သမျှအရာအားလုံးကို ငါယူရလိမ့်မယ်။"

" ငါမင်းရဲ့အလောင်းကို အထွတ်အထိပ်ရောက်ဖို့အတွက် ခြေနင်းအဖြစ်သုံးပြီးတော့ ဆရာတစ်ဆူ ဖြစ်လာလိမ့်မယ်။ "

" လင်ပေ့ဖန် မင်းငါ့ကို စောင့်နေလိုက်ဦး။ငါတို့မကြာခင် အချိန်မှာဘဲ ထပ်တွေ့ရလိမ့်မယ်။ "

နောက်ဆုံးမှာတော့ သူသည် ရုပ်ရှင်ရုံကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး တက်ကြွ‌သောအမှုအရာဖြင့် ထွက်ခွာလာခဲ့သည်။

ရုပ်ရှင်ကြည့်ပြီးချိန်တွင် ည ၁၁နာရီ ခွဲနေပြီဖြစ်သည်။ လင်ပေ့ဖန်သည် ဆောင်းယုချင်းကို သူမအိမ်ကို လိုက်ပို့ပြီးနောက် သူ့အိမ်ပြန်ပြီးအနားယူခဲ့သည်။

နောက်တစ်နေ့ နေ့လယ်လောက်ရောက်မှဘဲ သူအိပ်ယာ ထခဲ့သည်။

ထို့နောက် ဂရုစိုက်သောနှလုံးသားဖြင့် သူသည် မံမီပုံစံဖြစ်နေသော ဇာတ်လိုက်ရှောင်ချန်းရှိရာ ဆေးရုံဆီသို့ သွားလည်ခဲ့သည်။

လုပ်စရာအလုပ်လည်းသိပ်မရှိတာ‌ေကြာင့် အဓိကအားဖြင့် သူ့ကိုမကြိုက်ဘဲ မဖယ်ရှားနိုင်ဖြစ်‌နေတဲ့ ဇာတ်လိုက်ရှောင်ချန်းရဲ့ မျက်နှာကို ကြည့်ရတာက သူ့ကို ပျော်ရွှင်စေသည်။

ဘာကြောင့်လဲဆိုတော့ ဇာတ်လိုက်ရှောင်ချန်းသည် ကံကြမ္မာ၏ သားဖြစ်ပြီး အမြဲတမ်း ကောင်းကင်ရဲ့ ကာကွယ်ပေးမှုကြောင့် ဘေးဆိုးကနေလွတ်မြောက်ပြီး အခွင့်အရေးရသွားနိုင်သည်။

သူ့ရဲ့ရန်ဘက်ကို အကယ်၍ အနီးကပ်မစောင့်ကြည့်ဘဲလွှတ်ထားလိုက်ရင် သူ့ကို ပြန်လည် လက်တုန့်ပြန်လိမ့်မည်ဖြစ်သည်။

ငါက အခုယာယီ အနိုင်ရနေပေမဲ့ နိုးနိုးကြားကြား ဆက်လက် ရှိနေရမည်ဖြစ်သည်။

ရလဒ်အနေဖြင့် ဇာတ်လိုက်ရဲ့ စီနီယာအစ်ကို ရောက်ရှိနေခဲ့တာကို သူမြင်‌ တွေ့ ခဲ့ရသည်။

သူသည် ဇာတ်လိုက်ရဲ့ ဒဏ်ရာများကို သူယူလာသော ငွေအပ်တစ်စုံဖြင့် ကွေ့ကူနတ်ဘုရားအပ်နည်းပညာကို သုံးပြီး ကုသဖို့အတွက် ပြင်ဆင်နေသည်။

** ဒီနေ့အတွက် စနစ်စီကနေတောင် ဆုမတောင်းရသေးဘူး**

လင်ပေ့ဖန်သည် သူ့၏နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး နောက် သူ့၏လက်နှစ်ဖက်ဖြင့်လက်အုပ်ချီ၍ ဆုတောင်းလိုက်သည်။

** စွမ်းအားကြီးလွန်းသောစူပါစနစ် , ကျေးဇူးပြုပြီး‌တော့ ငါ့ဆုတောင်းကို ဂရုစိုက်ပြီးနားထောင်ပေးပါ။ဒီနေ့အတွက် ငါမင်းဆီမှာဆုတောင်းတယ်။**

All Chapters