← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

[ငါဆုတစ်ခု တောင်းမယ်စနစ် ,။ငါ့ရဲ့အာရုံကြောတွေဖွံ့ဖြိုးလာပြီးတော့ ငါ့ရဲ့ စိတ်၀ိဉာဏ်ခံစားမှုဟာလည်း တိုးတက်လာပါစေ။]

( ဒင် ! ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်ပါသည်။)

ထို့နောက် ချက်ချင်းပဲ လင်ပေ့ဖန်သည် အရင်ကနဲ့ မတူတော့သလို ခံစားခဲ့ရသည်။

လေပြေလေညင်းလေးများတိုက်ချိန်တွင် တောင်မှ သူ့၏အရေပြားကို ဖြတ်၍ ပွတ်တိုက်ပြီး ထိတွေ့သောခံစားချက်ကို သူ ခံစားနေရသည်။

ဆေးရုံလူနာထားခန်းထဲတွင် ကျိုဇီမင်သည် ရှည်လျားပြီး ထူသော ငွေအပ်တစ်ချောင်းကို သူ့၏ ‌ဆေးဘောက်စ်ထဲမှ ထုတ်လိုက်ပြီး ငွေအပ်ကို မီးဖြင့်အပူ‌ပေး၍ ပိုးသတ်ခဲ့သည်။

" ဂျုနီယာ ညီလေး , ခဏလောက်သည်းခံထားဦး။ ဒါက မကြာခင်ပြီးသွားလိမ့်မယ်။"ဟု ကျိုဇီမင်က ပြောခဲ့သည်။

ဇာတ်လိုက်ရှောင်ချန်း၏မျက်နှာက အကြောင်းတစ်ခုခုကြောင့် ဖြူ‌ဖျော့နေခဲ့သည်။

" စီနီယာအစ်ကို ဒီအပ်က အရမ်းမကြီးလွန်းနေဘူးလား?။ငါတို့ ဒီထက်သေးတဲ့အပ်ကို သုံးပြီး ကုရင်ပို ကောင်းမယ်ထင်တယ်။"ဟု ‌ရှောင်ချန်းက ကျိုဇီမင်ကို ပြောလိုက်သည်။

" ဂျုနီယာညီလေး၊ ငါ့မှာ တစ်ခြားနည်းလမ်းမရှိဘူး" ဟု ကျိုဇီမင်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

" မင်းရဲ့အရေပြားက အရမ်းထူလွန်းတယ်။အရင်တစ်ခေါက် အသုံးပြုတဲ့ ငွေအပ်အားလုံးက မင်းအရေပြားကို ထိုးလိုက်တာနဲ့တင် အကုန်းလုံး ကျိုးသွားတယ်။ပြီးတော့ အပ်က အရမ်းသေးရင်လည်း မင်းအရေပြားကို မဖောက်နိုင်လောက်ဘူး။ဒါကြောင့် ငါတို့ ဒီအပ်ကြီးကို သုံးပြီး ကြိုးစားကြည့်ရမယ့် နည်းလမ်းတစ်ခုပဲရှိတယ်။ "

ရှောင်ချန်းသည် ခဏတာ တွေးတောလိုက်ပြီး သူ့၏စီနီယာအစ်ကိုပြောသော စကားက ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

" စီနီယာ အစ်ကို , ညင်ညင်သာသာလေးလုပ်ပါ "

" မစိုးရိမ်ပါနဲ့ , ဂျုနီယာ ညီလေး , ငါ ဘယ်လောက်အားများများသုံးရမလဲဆိုတာကို သိပါတယ်။"

မီးအပူ‌ပေး၍ ပိုးသတ်ထားသော ငွေအပ်ကြီးကို လက်ထဲတွင်ကိုင်၍ ကျိုဇီမင်သည် ရှောင်ချန်းဆီသို့ ချဉ်းကပ်လာပြီး လက်တစ်ဖက်ဖြင့် ရှောင်ချန်း၏ ရင်ဘတ်ကို ညင်သာစွာဖိခဲ့သည်။

နေရာမှန်ကို ရှာဖွေတွေ့ရှိပြီးနောက် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ငွေအပ်ကြီးဖြင့် ရှောင်ချန်း ရင်ဘတ်ထဲကို အားပြင်းပြင်းနဲ့ ထိုး‌လိုက်သည်။

ဒီတစ်ကြိမ် အပ်ဖြင့်ထိုးခြင်းက အလွန်ချောမွေ့စွာ နဲ့ ထိုးဖောက်နိုင်လိုက်သည်။

ထို့ပြင် အံ့အားသင့်စရာကောင်းလောက်အောင်ကို ချောမွေ့နေခဲ့သည်။ငွေအပ်ကြီးသည် ရင်ဘတ်တွင်းသို့ ဓားဖြင့် ထောပတ်ကို လှီးလိုက်သကဲ့သို့ ဖောက်၀င်သွားခဲ့သည်။

ထို့နောက် ငွေအပ်သည် ခုနှစ်စင်တီမီတာ ဒါမှမဟုတ် ရှစ်စင်တီမီတာလောက် ရင်ဘတ်ထဲသို့ထိုးဖောက်၀င်သွားခဲ့ပြီး ရင်ဘတ်ကို ဖောက်လုနီးပါးထိ ရောက်ရှိခဲ့သည်။

အဲ့ဒီအချိန်မှပဲ ရှောင်ချန်း၏ အာရုံကြောများသည် နှစ်ဆဖွံ့ဖြိုးလာပြီး အသည်းခိုက်မတတ် ပြင်းထန်သော ခံစားမှုသည် သူ့ဦး‌နှောက်ဆီသို့ တိုက်ရိုက်တိုး၀င်လာခဲ့သည်။

အသည်းခိုက်အောင် နာကျင်မှုကြောင့် ဇာတ်လိုက်ရှောင်ချန်း၏ မျက်လုံးများပြူးကျယ်သွားခဲ့ပြီး ကျယ်လောင်သော အော်ဟစ်သံကြီး သည် သူ့ဆီမှ ထွက်ပေါ်လာခဲ့သည်။

အား.......

ထိုကျယ်လောင်သော အော်ဟစ်သံကြီးနှင့် ကြေကွဲဖွယ်ကောင်းသော အသံသည် ဆေးရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ကျိုဇီမင်သည် ထိတ်လန့်သွားခဲ့ပြီး " ဂျုနီယာညီလေး ,မင်းဘာမှားနေလို့လဲ? ငါ့ကို မခြောက်ပါနဲ့ဟ! " ဟု ပြောလိုက်သည်။

ထို့ပြင် သူ့ဆရာ၀န်လုပ်သက် တစ်လျှောက်လုံးတွင် ဒီလို အ‌ခြေအနေမျိုးကို ဒီမတိုင်ခင် သူတစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ထို့နောက် သူဆက်လက်ကုသတော့မည့်အချိန်တွင် ကျယ်လောင်သော တံခါးဖွင့်သံကြီးနှင့် အတူ ဆရာ၀န်နှင့်သူနာပြုများက လင်ပေ့‌ဖန်နောက်တွင် လိုက်ပါလာပြီး အပြေးအလွှား ၀င်လာခဲ့ကြသည်။

ဆရာဝန်သည် အော်လိုက်ပြီး " မင်းဘယ်သူလဲ? မင်းလူနာကိုဘာလုပ်နေတာလဲ?" ဟု ပြောလိုက်သည်။

ကျိုဇီမင်သည် ပိုပြီးတော့တောင် ထိတ်လန့်သွားခဲ့ပြီး " ငါက လူတစ်ယောက်ကို ကယ်တင်နေ‌တာလေ " ဟု ပြောလိုက်သည်။

" လူတစ်ယောက်ကို ကယ်နေတာဟုတ်လား? "

ဆရာ၀န်သည် ဒေါသဖြစ်နေသော အမူအရာဖြင့် ရှေ့သို့တက်လာခဲ့ပြီး " လူတစ်ယောက်ရဲ့ရင်ဘတ်ကို ထိုးဖို့အတွက် မင်းက ဒီလောက်ထူပြီး အရမ်းရှည်တဲ့ အပ်ကို အသုံးပြုပြီးတော့ကယ်တင်တာလား? ။အဲ့ဒီလူက နာကျင်စွာအော်ဟစ်‌‌ နေတာတောင်မှ လူတစ်ယောက်ကို ကယ်တင်‌နေတယ်ပေါ့ ဟုတ်လား?။ မင်းက ငါတို့ကို အရူးတွေလို့ ထင်နေတာလား?။ မင်းက လူတစ်ယောက်ကို သတ်နေတာ ရှင်းနေတာပဲ။ " ဟု ပြောလိုက်သည်။

ကျိုဇီမင်သည် သူ့ဝိဉာဏ် လွှင့်ထွက်သွားတော့မလို့ ထိတ်လန့်သွားခဲ့ပြီး " ဒါက နားလည်မှုလွဲနေတာပါ။ငါ ဘယ်သူ့ကိုမှ မသတ်ပါဘူး။ပြီးတော့ သူက ငါ့ဂျုနီယာညီလေးပါ။ဘာလို့ သူ့ကို ငါကသတ်ရမှာလဲ!ငါသူ့ကို ကယ်တင်ဖို့တကယ်ကြိုး‌စားနေတာပါ။ "ဟု ရှင်းပြခဲ့သည်။

ဆရာ၀န်သည် ကြိမ်းမောင်းလိုက်ပြီး " ဒီနည်းလမ်းနဲ့ လူကယ်လို့ရတာလား? ။ပေါက်ကရတွေ ပြော‌ေနတာရပ်လိုက်တော့။ရဲတွေကိုပဲ အဲ့လို သွားရှင်းပြလိုက်။သူနာပြုလီ၊ ရဲကို အမြန်သွားခေါ်လိုက်။ပြီးတော့ လူသတ်သမားကိုလည်း ထိန်းသိမ်းစောင့်ကြည့်ဖို့အတွက် လူတွေကိုလည်းခေါ်လာခဲ့ပါဦး။ဒါဆိုရင် သူ မလွတ်မြောက်နိုင်တော့ဘူး " ဟု ပြောလိုက်သည်။

" ဟုတ်ကဲ့ , ဒေါက်တာလျို" ဟု ပြောပြီး အသက်ငယ်သော သူနာပြုမလေးက ပြေးထွက်သွားခဲ့သည်။

"ရဲကိုတော့ မသွား‌ခေါ်ပါနဲ့! ငါ တကယ့်ကို လူမသတ်ပါဘူး။" ဟု ကျိုဇီမင်သည် ပြောလိုက်သည်။

လင်ပေ့ဖန်သည် ရဲရင့်စွာနဲ့ လူသတ်သမားအဖြစ် သံသယရှိသော ကျိုဇီမင်ရှေ့တွင် ရပ်ခဲ့ပြီး သူ့၏မျက်နှာသည် သတိထားသော အမူအရာဖြင့် ပြည့်နေခဲ့သည်။

" ဒေါက်တာကျို , မင်းကိုဘာမှ မလှုပ်ရှားဖို့အတွက် ငါသတိပေးလိုက်မယ်။ပြီးတော့ မလိုအပ်ဘဲ ၊ဘာမှမရုန်းကန်ပါနဲ့။ တစ်နည်းအားဖြင့် မင်းလှုပ်ရှားရင် ငါ့မှာ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ရှိတယ်။" ဟု ပြောလိုက်သည်။

သူ့ပတ်ပတ်လည်က ယောက်ျားလေး ဆရာ၀န်များ၏ သတိထား‌နေသော အမူအရာကို မြင်ပြီးနောက် ကျိုဇီမင်သည် နောင်တရခြင်းများစွာဖြင့် စိတ်ဓာတ်အောက်ဆုံးထိသို့ ကျဆင်းသွားခဲ့သည်။

" ဒီလိုမဖြစ်ရဘူးလေ"

လူသတ်မှုနှင့်ပတ်သတ်နေသောကြောင့် ရဲများသည် အလျင်အမြန်ရောက်ရှိလာခဲ့ပြီး သံသယဖြစ်ဖွယ် ကျိုဇီမင်ကို ဖမ်းဆီးထိန်းသိမ်းသွားခဲ့သည်။

ထို့ပြင် အမှုရဲ့မျက်မြင်သက်သေအနေနဲ့ ‌လင်ပေ့ဖန်သည် ရဲများနှင့်ပူးပေါင်း‌ ဆောင်ရွက်၍ မေးသမျှ‌ မေးခွန်းများကို ဖြေဆိုပေးခဲ့သည်။

" မစ်စတာလင် , ဒီနေ့အတွက် မင်းရဲ့ ဖြောင့်ချက်ကြောင့် ငါတို့ ကောင်းမွန်စွာနဲ့ပြီးသွားခဲ့တယ်။အကယ်၍ အနာဂတ်မှာ ဒီအမှုနဲ့ပတ်သတ်ပြီး မင်းဆီမှာ အကူအညီတောင်းရင်၊ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို မျှော်လင့်ပါတယ်။"

လင်ပေ့ဖန်သည် နွေးထွေးစွာဖြင့် ပြန်ပြောခဲ့ပြီး

" ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာက ငါတို့ နိုင်ငံသားတိုင်းမှာရှိသင့်တဲ့ တာ၀န်တစ်ရပ်ဘဲလေ။ အကယ်၍ မင်းတို့က ငါ့အကူအညီတစ်ခုခုလိုအပ်ရင် ငါ့ကို အချိန်မရွေးခေါ်နိုင်ပါတယ်။ ပြီးတော့ ငါတက်ကြွစွာနဲ့ လိုက်ပါဆောင်ရွက်ပေးပါ့မယ်။" ဟု ပြောလိုက်သည်။

" ကျေးဇူးအများကြီးတင်ပါတယ်၊မစ်စတာလင်။ မင်းလို့နိုင်ငံသားတိုင်းကိုလည်း ငါတို့က သ‌‌ဘောကျပါတယ်။"

"ဟားဟား, ရဲ‌တွေနဲ့ နိုင်ငံသူနိုင်ငံသားတွေက မိသားစုတွေလို အတူတကွအလုပ်လုပ်နိုင်ပါတယ်။"

အမှုအကြောင်းကို ဖြောင့်ချက်ပေး၍မှတ်တမ်းတင်ပြီးနောက် လင်ပေ့ဖန်သည် ဆေးရုံအခန်းသို့ ပြန်လာခဲ့ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" ဒေါက်တာ ,ငါ့ရဲ့ သူငယ်ချင်းအခြေအနေဘယ်လို့လဲ? "

ဆရာ၀န်သည် လေးလေးနက်နက်ပြန်ပြောခဲ့သည်။

" ဒီတစ်ကြိမ်မှာ ငွေအပ်က သူ့ရင်ဘတ်ထဲကို ၈စင်တီမီတာလောက် ထိုးဖောက်ပြီးရောက်ရှိခဲ့တယ်။သူ့ရဲ့ နှလုံးကိုတောင် ထိုးဖောက်လုနီးပါးဘဲ။ကံကောင်း‌ချင်တော့ , နောက်ဆုံးမှာအပ်က နှလုံးနဲ့မထိခဲ့တာကြောင့်ဘာမှမစိုးရိမ်ရဘူး။သူသွေးအနည်းငယ်ထွက်‌တာ လောက်ပဲရှိတယ်။သူ့ဒဏ်ရာကိုတော့ မကြည့်ရှုရသေးဘူး။ဒါကြောင့် ဆေးရုံမှာနေပြီး သူ့ဒဏ်ရာအခြေအနေကို ကြည့်ရှု့စစ်ဆေးရလိမ့်မယ်။ "

လင်ပေ့ဖန်သည် စိတ်ပျက်စွာဖြင့် တိတ်တခိုးသက်ပြင်းချခဲ့သည်။

ထို့နောက်သူသည် စိတ်ပါလက်ပါနဲ့ ပြန်ပြောလိုက်သည်။

" ဒေါက်တာ ,မင်းပြောတာမှန်တယ်။ သူ့ကို ဆေးရုံမှာနေပြီး ကြည့်ရှု့စစ်ဆေးဖို့ လိုအပ်နေတုန်းဘဲ။ ပိုက်ဆံဘယ်လောက် ကုန်ကုန်ကိစ္စမရှိပါဘူး။ ငါ့သူငယ်ချင်းကို ငါ ကုသပေးပါ့မယ်။ကျေးဇူးပြုပြီး မင်းကို တောင်းဆိုပါတယ် သူ့ကို ကုသပေးပါ"

" မင်းလိုသူစိမ်းက သူ့ကို ဒီလောက်စိတ်‌ေရာကိုယ်ပါဂရုစိုက်တာတောင်မှ သူ့အစ်ကို‌က ဘာလို့ သူ့ကို နာကျင်စေရတာလဲဆိုတာ ဘာကြောင့် ငါနားမလည်နိုင်တာလဲ!? " ဟု ဒေါက်တာသည် သက်ပြင်းချ၍ ပြောလိုက်သည်။

" ငါတစ်ခြားလူတွေအကြောင်းတော့ နားမလည်ဘူး။ ဒါက လူတွေရဲ့သဘာ၀က ဘယ်လောက် ရှုပ်ထွေးလဲဆိုတာ ပြသနေတာဘဲ။" ဟု လင်ပေ့ဖန်သည် ခေါင်းခါ၍ ၀မ်းနည်းစွာဖြင့်ပြောလိုက်သည်။

" လူတွေရဲ့သဘာ၀က တကယ်ရှုပ်ထွေးနိုင်‌ရင်တောင် တစ်ခါတစ်လေမှဘဲ အမှောင်ဘက်ခြမ်းကိုရောက်တာပါ။ ဘာဘဲဖြစ်ဖြစ် ဒီအကြောင်းကို ထပ်မပြောတော့ဘူး။ဒါက ငါ့ကို ၀မ်းနည်းစေတယ်။"

ထို့နောက်ဆရာ၀န်သည် လင်ပေ့ဖန်ကို မှာစရာရှိတာများကို မှာပြီးနောက် ထွက်သွားခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ခေါင်းကိုနှိမ့်လိုက်ပြီး ဇာတ်လိုက် ရှောင်ချန်းကို စူးစူးဝါး၀ါးစိုက်ကြည့်၍ တည်ကြည်လေးနက်စွာဖြင့် ကတိပေးလိုက်သည်။

" အစ်ကို ယုံကြည်စိတ်ချစွာ အနားယူပါ။ ငါ ဒီကိစ္စအတွက် မင်းခံစားခဲ့ရတာကို သေချာပေါက် သက်သေလိုက်ပေးပါ့မယ်။ ငါလူသတ်သမားကို ဘယ်နည်းနဲ့မှ လွတ်မြောက်ခွင့်မပေးနိုင်ဘူး "

ရှောင်ချန်းသည် သူ့၏လက်ကို မြောက်ဖို့အတွက် ကြိုးစားခဲ့ပြီး "ငါ့ရဲ့ စီနီယာအစ်ကိုကို အမှုဖွင့်ထားတာကနေ လွှတ်ပေးလိုက်ပါလား။" ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် မျက်မှောင်ကြုတ်ပြီး "အစ်ကို၊ဒါကအရမ်းနောက်ကျသွားပြီ။ပြီးတော့ မင်းက ဒီလိုဖြစ်‌နေတာတောင်မှ မင်းရဲ့စီနီယာအစ်ကို အကြောင်းကို စိုးရိမ်နေသေးတယ်ပေါ့?။ မင်းက သူ့ကို အစ်ကိုလို့ဆက်ဆံပေမဲ့ သူက မင်းကို သတ်ချင်နေတာလေ။ ဒီကိစ္စကို မေ့လိုက်တော့။ အစ်ကို ၊မင်းငါ့ကို ဘာမှ ထပ်ပြောမနေနဲ့တော့ ။ကောင်းကောင်းအနားယူပါ။မနက်ဖြန်မှဘဲ မင်းကို တစ်ခေါက်လာပြန်ကြည့်တော့မယ်။" ဟု ပြောလိုက်သည်။

တံခါးပိတ်သွားပြီးနောက် ရှောင်ချန်းသည် သူ့မျက်လုံးများကို စိတ်ပျက်စွာနဲ့ မှိတ်ခဲ့သည်။

All Chapters