← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

*နောက်တစ်ကြိမ် ဒီလိုပဲထပ်ဖြစ်ပြန်ပြီ!*

*ဘာ‌လို့ ဒီလိုပဲ ထပ်ဖြစ်ပြန်ရတာလဲ!*

*ငါ့ရဲ့ အတိတ်ဘ၀မှာလည်း စီနီယာအစ်ကိုက ဒီလိုပုံစံနဲ့ဘဲ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ ပြီးတော့လည်း သူရဲ့ အသက်‌မွေး၀မ်းကျောင်းအလုပ်ဖြစ်တဲ့ ဆရာ၀န်အလုပ်ကနေလည်း ထုတ်ခံရပြီး အိမ်ခြေယာမဲ့ ဘ၀အဖြစ်နဲ့ ဆက်လက်ရှင်သန်ခဲ့ရတယ်။*

*ဒါပေမဲ့ ငါအခုပြန်လည်မွေးဖွားလာခဲ့ပြီ။ သို့ပေမဲ့ ငါ့စီနီယာအစ်ကိုက အရင်ဘ၀ကထက် ပိုပြီး‌တော့‌တောင် သနားဖို့ကောင်းနေသေးတယ်။ဒါ့အပြင်အနည်းဆုံးနှစ်ရက်လောက်တော့ သူ အချုပ်ကျနေလိမ့်မယ်။*

*ငါပြန်လည်မွေးဖွားလာခဲ့တာ နှစ်ရက်ပဲရှိသေးတယ်။ငါတောင် ဘာတစ်ခုမှတောင်မလုပ်ရသေးဘူး။*

* ငါ့စီနီယာအစ်ကိုက အခုချိန်မှာ ငါ့ကြောင့်ဘဲ အချုပ်ထဲမှာ နေနေရတယ်။ ပြီးတော့ ငါလည်း ဆေးရုံမှာဘဲ အဆုံးသတ်ရမယ့် ကိန်းဆိုက်နေပြီ။*

ဒီခံစားချက်က ဘာနဲ့တူသလဲဆိုရင်တော့ လူ့အဖွဲ့အစည်းတစ်ခုလုံးက သူ့ကိုပဲ အငြိုးထားနေတဲ့ ခံစားချက်နဲ့ တူနေခဲ့သည်။

* ဖြစ်နိုင်တာက ကောင်းကင်ဘုံကတောင် သူတို့နဲ့ ပူးပေါင်းပြီးတော့ သူ့ကို ဆန့်ကျင်နေတာလား?*

*ပြီးတော့ဒီနတ်ဆိုးကိုလည်း ကူညီနေတာလား?*

သူ့ခန္ဓာကိုယ်တခုလုံးက ခွန်အားမဲ့နေသလို ခံစားနေရသည်။

*ဒီလိုဘဲ၊ ငါ နောက်တစ်ကြိမ်ထပ်ပြီး ရှုံးနှိမ့်ရတော့မှာလား?*

*မဟုတ်ဘူး ဒီလို မဖြစ်ရဘူး*

*ငါဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး*

သူသည် သူ့စိတ်ထဲတွင် ‌ဟိန်းဟောက်လိုက်ပြီး " နတ်ဘုရားတွေက ငါ့ရဲ့ အတိတ်ကအမှား‌တွေကိုပြန်လည်ပြင်ဆင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးပြီးတော့ ဒီနတ်ဆိုးကို နှိမ်နင်းခိုင်းတယ်။ ရှိုးပွဲက အခုမှစတင်မှာ။လင်ပေ့ဖန် မင်းထမင်း၀၀စားပြီး ငါ့ကိုစောင့်နေလိုက်။" ဟု ပြောလိုက်သည်။

"လင်ပေ့ဖန် ,မင်းငါ့ကို ပေးခဲ့တဲ့ ဒဏ်ရာတွေအားလုံး ကို မင်းထက်ဆယ်ဆ အဆတစ်ရာပိုပြီးတော့ ငါပြန်ပေးမယ်။ "

အခြားတစ်ဖက်တွင်တော့ လင်ပေ့ဖန်သည် လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

သူသည် ဇာတ်လိုက်‌ ရှောင်ချန်း၏ ညာလက်တစ်ဖက်ဖြစ်တဲ့သူကို ရှင်းထုတ်ထားခဲ့ပြီးသော်လည်းပဲ အခုချိန်၌ သူ့ရဲ့လုံခြုံ‌ရေးကို မလျော့ချထား‌ရဲသေးပေ။

ဘာကြောင့်လဲဆိုတော့ တစ်ခြားလူသည် ကောင်းကင်ဘုံ၏ချစ်မြတ်နိုးခြင်းခံရတဲ သားတစ်ယောက်ဖြစ်တာကြောင့် သူသည် လွယ်လွယ်နဲ့ ရှုံးနှိမ့် လိမ့်မည် မဟုတ်ပါ။

တစ်ခြားလူကို ခဏလောက် လွှတ်ထားပေးလိုက်ရင်ဖြင့် သူသည် အရင်ကထက်ပိုသန်မာလာပြီးတော့ သူ့ဆီ ချက်ချင်းပြန်လာလိမ့်မည် ဖြစ်သည်။

ရှောင်ချန်းကို ရှင်းထုတ်ဖို့အတွက် သူကိုယ်တိုင်လုပ်ရမှာလား.......

သူ‌အရမ်း‌ တွေးမိနေပြီ။

အကယ်၍ သူကဇာတ်လိုက်တစ်ယောက်ကိုတောင်မှ မကိုင်တွယ်နိုင်ရင် အခြားဇာတ်လိုက်တွေကိုဘယ်လိုလုပ်ပြီးကိုင်တွယ်နိုင်‌ တော့မှာလဲ။

ထို့ပြင် ဒီကမ္ဘာပေါ်၌ ဇာတ်လိုက်တွေအပြင် ဗီလိန်တွေလည်း အများကြီးရှိသည်။

ဒီလူတွေအားလုံးမှာလည်း စူပါစွမ်းရည်တစ်ခုဆီရှိကြပြီး သူတို့ကို ကောင်းကင်ဘုံကလည်း ကာကွယ်ပေးထားသည်။အကယ်၍ သဲလွန်စတစ်ခုခု ကျန်ခဲ့ရင်ဖြင့် သူတို့သည် အခွင့်အရေးယူပြီး ရက်စက်စွာ ပြန်လည်တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ထို့ပြင် သူတို့က အကြိမ်ကြိမ် ရှုံးနှိမ့်လို့ရသည်။ ဒါပေမဲ့လည်း သူ့ကတော့ တစ်ကြိမ်ရှုံးနှိမ့်ရင်ဖြင့် သူ့ဘ၀ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဘယ်ကိစ္စမဆို ကိုင်တွယ်ရင် သူသည် ဘာသဲလွန်စကိုမှ ချန်ထားခဲ့၍ မရပေ။

အကယ်၍ မင်းလုပ်လို့မရတဲ့ ကိစ္စ‌တွေဆိုရင် တစ်ခြားလူကို မင်းအစားအဲ့ကိစ္စကို လုပ်ခိုင်းသင့်သည်။

ဘယ်အမှုကိစ္စကိုမဆို မင်းနဲ့မသက်ဆိုင်ဘဲနဲ့ ရှင်းလင်းနေရမယ်။

ဒီနည်းလမ်းက သူ့ကို ပြိုင်ဘက်ကင်းဘွဲ့တော့မရရှိစေနိုင်ပါ။ဒါပေမဲ့လည်း နောက်ဆုံးအချိန်ထိ မရှုံးနှိမ့်နိုင်ဘဲနဲ့ သူ့ကို ရပ်တည်နိုင်စေသည်။

ထို့အပြင် ဒီလိုပြုလုပ်တာက နိမ့်ကျတယ်လို့ထင်ရင် ဗီလိန်အဖြစ်နဲ့ သူ့ကိုယ်သူ မသတ်မှတ်နိုင်‌ေသးပေ။

သူ့၏အတိတ်ဘ၀တွင်လည်း သူသည် ဒီနည်းလမ်းဖြင့် ဇာတ်လိုက်များပေါ်သုံး၍ သူတို့ဘ၀ကို ရှင်လျက်နဲ့သေနေသလိုခံစားစေခဲ့သည်။ထိုပြင်တစ်ကမ္ဘာလုံးကတောင် သူ့ကိုနတ်ဆိုးဘုရင်ဟု ခေါ်ဆိုခဲ့ကြရသည်။

*ပြန်လည်မွေးဖွားလာသူတွေမှာရှိတဲ့ အားသာချက်နဲ့ ပြီးတော့ သူ့မှာရှိတဲ့စွမ်းရည်တွေနဲ့တောင်မှဘဲ သူတို့ကို သူက မတိုက်နိုင်သေးဘူးလား?*

*ဖြည်းဖြည်းလေးပဲ ။ကစားကြတာပေါ့ ။,လောစရာ မလိုပါဘူးလေ။*

လင်ပေ့ဖန်သည် ပျော်ရွှင်သောအမှုအရာဖြင့် ဆောင်းဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

သို့ရာတွင် သူ့ရောက်ရှိချိန်၌ ဆောင်းယုချင်းသည် ကျိုဇီမင်၏ အမှုကိစ္စများကို ကိုင်တွယ်နေရင်းဖြင့် အလုပ်များနေခဲ့သည်။

သူမသည် လင်ပေ့ဖန်ကို မြင်ပြီးနောက် " ကျွန်မကြားမိတာကတော့ ရှင်က ဒီအမှုဖြစ်ချိန်မှာရှိတဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဆို။ အခြေအနေကဘယ်လိုဖြစ်ရတာလဲ? " ဟု မေးမြန်းခဲ့သည်။

" ငါဆေးရုံကိုသွားပြီး ရှောင်ချန်းဆီသွားလည်တဲ့အချိန်မှာ ဖြစ်ခဲ့တာဘဲ။ငါရောက်ရှိခဲ့ချိန်မှာ လူနာဆောင်အခန်းထဲကနေ ကျယ်လောင်တဲ့အော်ဟစ်သံတစ်ခုကို တံခါးနားရောက်တော့ ငါကြားလိုက်ရတယ်။‌လူနာဆောင် အဆောက်အဦးတစ်ခုလုံး‌မှာရှိတဲ့လူတိုင်းက ကြားလိုက်ရတယ်။ ပြီးတော့ အဲ့ဒီအသံက တကယ့်ကို သနားစရာကောင်းတယ်။"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ဒါကြောင့် ငါလည်းဆေးရုံမှာရှိတဲ့ဆရာ၀န်,သူနာပြုတွေနဲ့ အတူတူ အပြေးအလွှားသွားပြီး လူနာဆောင်ကို သွားကြည့်ခဲ့တယ်။အဲ့ဒီအချိန်မှာ ကျိုဇီမင်က ရှည်လျားပြီးအလွန်ကြီးတဲ့ငွေအပ်ကြီးကို ကိုင်၍ ရှောင်ချန်းရဲ့ ရင်ဘတ်ကိုထိုးဖောက်လိုက်တာကို မြင်လိုက်ရတယ်။ပြီးတော့ ငွေအပ်ကြီးက ၇စင်တီမီတာ ဒါမှမဟုတ် ၈စင်တီမီတာလောက်နီးပါးနက်၀င်သွားတယ်။ဒ့အပြင် အပ်ကနှလုံးကိုတောင်မှထိမိတော့မယ် ။ " ဟု ပြောလိုက်သည်။

" အဲ့ဒါနဲ့ ငါတို့လည်း ကျိုဇီမင်ကို လူသတ်ရန်ကြံစည်မှုဖြင့် ထိန်းသိမ်းဖို့ကို စီစဉ်ခဲ့ကြရတယ် ။ ဆယ်မိနစ်လောက်မကြာခင်မှာပဲ ရဲတွေရောက်လာခဲ့ပြီး သူ့ကို ဖမ်းဆီးသွားခဲ့ကြတယ်။ဒါက အကြမ်းဖျင်းအခြေအနေပဲရှိသေးတယ်။ "ဟု

လင်ပေ့ဖန်သည် ချဲ့ကားပြီးတော့လည်းမပြော နှိမ့်ချ၍လည်း မပြောဘဲနဲ့ ရိုးသားစွာ ၀န်ခံခဲ့သည်။

ဆောင်းယုချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး

" ဘယ်လိုဖြစ်ပြီး ဒေါက်တာ ကျို က ရုတ်တရက် လူတစ်ယောက်ကို သတ်ချင်ရတာလဲ? ကျွန်မကြားတာကတော့ ရှောင်ချန်းက သူ့ဂျုနီယာညီလေးဖြစ်ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးကလည်း အရမ်းကောင်းတယ်ဆို။ ဒေါက်တာကျိုက ရှောင်ချန်းကို သတ်စရာ ဘာအကြောင်းမှမရှိဘူးလေ။" ဟု ပြောခဲ့သည်။

" အဖမ်းခံရချိန်မှာလည်း ဒေါက်တာကျိုက လူကယ်ဖို့လုပ်နေတာပါ ၊လူသတ်‌ဖို့မဟုတ်ပါဘူးလို့ ဖြေခဲ့တယ်။ဒါ‌ပေမဲ့ ဘယ်သူကမှ လူကယ်ရာမှာ အရမ်းရှည်တဲ့အပ်ကြီးကို သုံးပြီးတော့ မကယ်ဘူး‌ေလ။ ရင်ဘတ်ကို ထိုးဖောက်ထားတဲ့ အပ်ကလည်း အရမ်းနက်ပြီးတော့ နှလုံးကိုတောင်ထိမိတော့မယ်‌လေ။"

ဟု လင်ပေ့ဖန်က ပြောခဲ့သည်။

ဆောင်းယုချင်းက သက်ပြင်းချလိုက်သည်။

သူမသည် ဒေါက်တာကျိုက ဒီလိုနည်းနဲ့ ကုသလိမ့်မယ်လို့ မယုံကြည်နိုင်သေးပေ။

ဒါပေမဲ့ သူမ မယုံကြည်နိုင်သေးတော့ရော၊ဘာလုပ်လို့ရမှာလဲ ?

ထို့ပြင် အမှုဖြစ်တဲ့နေရာမှာလည်းမျက်မြင်သက်သေတွေအများကြီးရှိသည်။ အကယ်၍မယုံကြည်ရင် သူတို့ကိုလည်းမေးကြည့်နိုင်‌သေးသည်။ ပြီးတော့အခင်းဖြစ်တဲ့နေရာကလည်း ခုချိန်ထိမရှင်းလင်းရသေး‌ပေ။

ထို့အပြင် ဆေးရုံတွင် လူသတ်ရန်ကြံစည်မှုသည် ဆရာ၀န်တစ်ယောက်အနေဖြင့် သူ့၏အကျင့်စရိုက်က အရမ်းကို ရက်စက်လွန်းလှသည်။

ရဲများကလည်း ဒီအမှုကို အသေအချာ ကိုင်တွယ်စစ်ဆေးလိမ့်မည်ဖြစ်သည်။

လင်ပေ့ဖန်သည် " မင်းဒီကိစ္စကိုဘယ်လို ကိုင်တွယ် မယ်လို့၊ အစီစဉ်ရှိလဲ? " ဟု မေးမြန်းခဲ့သည်။

" ကျွန်မတို့က ဘယ်လိုကိုင်တွယ်ရမှာလဲ ? "

ဆောင်းယုချင်းသည် အကူအညီမဲ့စွာဖြင့်" နောင်တရတာ တစ်ခုက ကျွန်မတို့ဒီအမှုကို ရှင်းပြီးတာ ဒါမှမဟုတ် မရှင်းနိုင်ရင်‌တောင် ကျွန်မတို့ဆေးရုံရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်။ဘယ်သူကမှ အဲ့လိုဆရာ၀န်နဲ့လာပြီးတော့ ကုသမှုကိုခံယူရဲတော့မှာလဲ?။ဒါ‌ေကြာင့် ကျွန်မတို့ သူ့ကို ဆေးရုံကနေအလုပ်ထုတ်ပစ်မယ်လို့ စီစဉ်ထားတယ်။ သူအမှုစစ်နေချိန်တွင်းမှာတော့မထုတ်သေးဘူး ။နောက်ဆုံးမှာ သူအမှုကနေလွတ်မြောက်လာရင်တောင် ကျွန်မတို့ သူ့ကို အလုပ်ထုတ်ဖို့အတွက် နည်းလမ်းရှာရမှာပေါ့။" ဟု ပြောခဲ့သည်။

" ကောင်းပြီး !ဒီအကြောင်းကို တွေးနေတာကို ရပ်လိုက်တော့။ခုချိန်က ညစာစားရမဲ့ အချိန်ရောက်ပြီ။လာအတူတူ သွားစားကြရအောင်။ငါ အရသာအရမ်းရှိပြီး စားလို့ကောင်းတဲ့ အသစ်ဆက်ဆက်စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ထားတယ်။အတူတူ သွားပြီး စားကြည့်ရအောင်" ဟု လင်ပေ့ဖန်သည် စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။

" ရှင်က အမြဲတမ်းစားမဲ့အကြောင်းပဲ တွေးနေတာဘဲ။ရှင်သိတာ အားလုံးက အစားအစာပဲလား? "ဟု ဆောင်းယုချင်သည် စိတ်ရှုပ်စွာဖြင့် ပြောခဲ့သည်။

" ဒါဆို မင်းသွားမှာလားမသွားဖူးလား? "ဟု လင်ပေ့ဖန်က ပြန်မေးလိုက်သည်။

" ဒါပေါ့ ၊ကျွန်မလည်းသွားမှာပေါ့။ကျွန်မ ဝိတ်ချရာမှာ အားရှိရအောင်ကောင်းကောင်းစားဖို့ လိုအပ်တယ်လေ" ဟု ဆောင်းယုချင်းက ပြောလိုက်သည်။

" ဒါ အမှန်ပဲ! သွားကြစို့ "

All Chapters