အခန်း (၁၁)
Vol. 1 Ch. 11
ဆောင်းယုချင်း အိမ်ပြန်ရောက်သောအချိန်တွင် ည၁၁နာရီ ထိုးနေခဲ့ပြီဖြစ်သည်။
ဒါက သူမအတွက်တော့ ပုံမှန်ဘဲဖြစ်နေသည်။
ထို့ပြင် သူမ အာရုံစိုက်တာက အလုပ်ဖြစ်ပြီး အလုပ်ပြီးလျှင်လည်း အိမ်ကို တန်းပြန်တတ်သည်။ သူမအတွက်တော့ ည၁၀နာရီ အပြင်ထွက်တာက အတော် လေးကို ရှားပါးသည်။
သူမအိမ်ပြန်ရောက်ပြီးသည့်နောက်တွင်လည်း အလုပ်နဲ့ပတ်သတ်တဲ့ပြဿနာတချို့ကို ကြည့်ရှုစစ်ဆေးရသေးသည်။
သူမသည် ရည်မှန်းချက်ကြီးသော အမျိုးသမီးဖြစ်သောကြောင့် ဖျော်ဖြေရေးနဲ့ ပျော်ပွဲရွှင်ပွဲများအတွက် သူမစိတ်၀င်စားဖို့ အချိန်မပေးနိုင်ပေ။
ဒါပေမဲ့လည်း ဒီနှစ်ည၌ သူမသည် လင်ပေ့ဖန်နှင့်အတူ အပြင်ထွက်ရာတွင် အံ့အားသင့်စွာလိုက်ပါလာခဲ့သည်။
ထို့ပြင် သူမသည် မပင်ပန်းသည့်အပြင် ပျော်ရွှင်တယ်လို့တောင် ခံစားခဲ့ရသည်။သူတို့နှစ်ယောက်၏ ခံစားချက်များလည်း အလွန်လျင်မြန်စွာနဲ့တိုးတက်လာခဲ့သည်။
ယခုအချိန်၌ သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေလို့ဘဲ သတ်မှတ်နိုင်သေးသည်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားတွင် ချစ်သူရည်းစားအဖြစ် အဆင့်တက်ဖို့အတွက် အနည်းငယ်လိုအပ်ချက်ရှိနေသေးသည်။ ထို့ပြင် သူတို့နှစ်ယောက်၏ဆက်ဆံရေး၌ ချစ်သူများတွင်ရှိသော ရိုမန်တစ်ဆန်ဆန်ခံစားချက်များ မရှိသေးပေ။
* ငါ့သူ့ကို ချစ်မိသွားတာ ဖြစ်နိုင်မလား??*ဟု တွေး၍ ဆောင်းယုချင်းသည် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။ သူမသည် တစ်ခြားလူ၏ တစ်စုံတစ်ခု ဖြစ်လာတော့မလို ခံစားချက်ကိုခံစားနေရသည်။
အိမ်ပြန်ရောက်ပြီးနောက် သူမသည် သူမဖုန်းကို ယူလိုက်ပြီး ဝီချက်ကနေပို့ထားတဲ့ စာအနည်းငယ်ကိုသူမ မဖတ်ရသေးတာ တွေ့ရှိလိုက်ရသည်။
လျိုယုမေ့ :: အစ်မချင်းချင်း ၊ငါပြန်လာပြီးတော့ နင့်
ကို လာတွေ့ဖို့ အစီအစဉ်ရှိတယ်။ နင်ပျော်
သွားလား?
လျိုယုမေ့။ :: ထူးဆန်းတယ်။ဘာလို့ခုချိန်ထိတောင်
နင်ငါ့ကို စာမပြန်သေးတာလဲ?။
လျိုယုမေ့ :: နင် အလုပ်အရမ်းများနေတာလား?
လျိုယုမေ့ :: ဆေးရုံအလုပ်ကဘယ်လောက် အလုပ်များကြီးရှိနိုင်မှာမို့လို့လဲ?။
လျိုယုမေ့ :: နင်လိုင်းပေါ်မှာရှိနေလား??
လျိုယုမေ့က သူမ၏ အရမ်းရင်းနှီးသော သူငယ်ချင်းတစ်ယောက် ဖြစ်သည်။ သူမတို့နှစ်ယောက်သည် သူငယ်တန်းကနေ တက္ကသိုလ်အထိကို အတူတူတက်ခဲ့ကြပြီးတော့ တစ်ယောက်နှင့်တစ်ယောက်လည်း သိလာခဲ့တာ ဆယ်စုနှစ်တစ်ခုရှိနေပြီဖြစ်သည်။ သူမတို့နှစ်ယောက်၏ ဆက်ဆံရေးသည် အလွန်ကောင်းပြီးတော့ အချစ်ဆုံးသူငယ်ချင်းအဖြစ် မကြာခဏခေါ်တတ်ကြသည်။
ထို့ပြင် သူမတို့နှစ်ယောက်သည် ဘာအကြောင်းကိုမဆို တစ်ယောက်နဲ့တစ်ယောက်ပြောကြပြီး နေ့တိုင်းမကြာခဏ လိုင်းပေါ်ကနေလည်း စကားပြောဖြစ်ကြသည်။
ဆောင်းယုချင်းသည် ချက်ချင်းပဲ စာ ပြန်လိုက်သည်။
ဆောင်းယုချင်း :: ငါလိုင်းပေါ်မှာ ရှိတယ်။
တစ်ခြားဘက်က သူမမေးတာကို ချက်ချင်းပြန်ဖြေခဲ့တာ တွေ့လိုက်ရသည်။
လျိုယုမေ့ ။ ။ နင်နောက်တစ်ကြိမ်၊ လိုင်းပေါ်ကနေဆင်းသွားပြီလို့ ငါတွေးလုနီးပါဘဲ။နင်ဒီနှစ်ရက်လုံး ဘာတွေလုပ်နေတာလဲ? ။ဘာလို့ နင်စာပြန်တာ အရမ်းကြာရတာလဲ?
ဆောင်းယုချင်း ။ ။ ငါပြီးခဲ့တဲ့ နှစ်ညလုံး သူငယ်ချင်းတစ်ယောက်နဲ့ အပြင်ထွက်ပြီးညစာအတူတူစားနေလို့ပါ။
လျိုယုမေ့။ ။ သူငယ်ချင်းနဲ့ အပြင်သွားနေတာလား? ငါ့အပြင်ကို နင့်မှာ အခြားသူငယ်ချင်း ဘယ်မှာရှိလို့လဲ?
လျိုယုမေ့ ။ ။ ငါ့ကို မှန်မှန်ပြောစမ်း၊ နင့်ရည်းစားနဲ့ အပြင်ထွက် ပြီး အချိန်ဖြုန်းနေတာမလား? ။ ဆောင်းယုချင်း ၊နင်က အကျင့်မကောင်းတဲ့သူပဲ။ နင့်နှလုံးသားထဲမှာ ငါရောရှိသေးရဲ့လား ?
လျိုယုမေ့သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သောကြောင့် ထင်ထားသည့်အတိုင်းသဲလွန်စလေးတစ်ခုရရင်ဖြင့် အခြေအနေကို ခန့်မှန်းနိုင်ခဲ့သည်။
ဆောင်းယုချင်း ။ ။ နင် ဘာအဓိပ္ပါယ်မရှိတွေပြောနေတာလဲ?။ နင် ဒီလိုဘဲ ထပ်ပြီးပြောနေရင် ၊ငါနင့်နဲ့ စကားထပ်မပြောတော့ဘူး။
လျိုယုမေ့။ ။ ကောင်းပြီလေ။နင်ငါ့ကို အဲ့ဒီလူကဘယ်သူလဲဆိုတာ ပြောပြနေသ၍ ငါထပ်ပြီး ၀မ်းမနည်းတော့ဘူးလို့ ကတိပေးတယ်။
ဆောင်းယုချင်း။ ။ ......
လျိုယုမေ့။ ။ငါကနင့်အတွက် စိုးရိမ်နေတာပါ။ နင်က ဒီအသက်အရွယ်ထိတောင် မချိန်းတွေ့ဖူးဘူးဆိုတော့ နင့်မှာ အတွေ့အကြုံနည်းနည်းပဲရှိလိမ့်မယ်။အကယ်၍ လူလိမ်တစ်ယောက်က နင့်ကို လှည့်စားလိုက်ရင် ဒါက နင့်အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ်။
ဆောင်းယုချင်း။ ။ နင်ပြောနေတဲ့ပုံစံက နင်ကဘဲ ချိန်းတွေ့တဲ့ နေရာမှာအတွေ့အကြုံအများကြီးရှိနေသလို ဖြစ်နေတယ်။
လျိုယုမေ့။ ။.....
လျိုယုမေ့။ ။ ငါတစ်ခါမှမချိန်းတွေ့ဖူးပေမဲ့ အချစ်ဝတ္ထုတစ်ရာလောက်ကိုတော့ ငါဖတ်ခဲ့ပြီးပြီလေ။ ဒါကြောင့်ငါအားလုံးကိုသိတယ်။ငါကစာဖတ်ထားလို့ နင့်ထက်အတွေ့အကြုံပိုရှိတယ်။ပြီးတော့ ငါ့မျက်လုံးက လူလိမ် ဟုတ်လားမဟုတ်လားဆိုတာကို ဖော်ထုတ်နိုင်တယ်လေ။ ဒါကြောင့်ပဲ ငါက နင့်အတွက် သူ့တို့ရဲ့ ပုံစံအစစ်အမှန်ကို ဆုံးဖြတ်ပေးနိုင်တယ်။
လျိုယုမေ့ ။ ။ လုပ်စမ်းပါဟာ ချစ်သူငယ်ချင်းရာ။ သူဘယ်သူလဲဆိုတာ ငါ့ကို ပြောပြပါ။ နင်ကငါ့ကို အစိုးရိမ်လွန်ပြီး ရူးသွားအောင် လုပ်နေတာပဲ။
ဆောင်းယုချင်း ။ ။ ကောင်းပြီ၊ငါနင့်ကို ပြောပြမယ်။သူ့နာမည်က လင်ပေ့ဖန်၊ အသက်ကတော့၂၀ပဲရှိသေးတယ်။ ဒါ့အပြင် ငါတို့သိတာလည်း နှစ်ရက်ပဲရှိသေးတယ်။ပြီးတော့ ငါတို့က သူငယ်ချင်းပဲရှိသေးတယ်။ မချိန်းတွေ့ရသေးဘူး။
လျိုယုမေ့ ။ ။လင်ပေ့ဖန်? ။ လင်ဂရုရဲ့ သုံးစားမရတဲ့ ပလေးဘွိုင်းလား?။ မဟုတ်မှလွဲရော နင်သူ့ကိုစိတ်၀င်စားနေတယ်လို့ ငါကိုမပြောနဲ့နော်။ပြီးတော့ သူက ပါတီမှာသောက်စားပြီး ဘယ်လိုသူ့အချိန်တွေကို ဖြုန်းရမလဲဆိုတာဘဲ သိတဲ့လူမလား? ။ငါပြောတာ မှန်တယ်မလား?။
ဆောင်းယုချင်း။ ။ ဟုတ်တယ်သူပဲ။ဒါပေမဲ့ သူက တကယ် သုံးစားမရတာမဟုတ်ပါဘူး။
လျိုယုမေ့ ။ ။ ဆောင်းယုချင်း နင်ရူးသွားတာလား?။ ဘာလို့ သူ့လို သုံးစားမရတဲ့ ပလေးဘွိုင်းနဲ့ ချိန်းတွေ့ရတာလဲ?။ သူက မိန်းမလိုက်စားတဲ့ အကြီးစားလူလိမ်တစ်ေယာက်လေ ။ ပြီးတော့ သူ့မှာ ရည်းစားတွေလည်းအများကြီးရှိတယ်။သူ့မှာရှိတဲ့ရည်းစားတွေကို ပေါင်းလိုက်ရင်တောင် ကမ္ဘာပတ်လို့ရသေးတယ်။
ဆောင်းယုချင်း။ ။ သူက လူတွေပြောသလောက်လည်း အရမ်းမဆိုးပါဘူး။မှန်တယ်၊သူ့ကနည်းနည်းတော့သုံးစားမရဘူး။ ဒါပေမဲ့ သူကတာ၀န်ယူမှုအပြည့်ရှိပြီး ကူညီတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။ငါသူ့နဲ့ အတူတူရှိတိုင်း ငါ့ကိုပျော်ရွှင်ေစတယ်။ ငါထင်တာကတော့ သူကငါစောင့်နေတဲ့ အိမ်မက်ထဲက ချောမောတဲ့မင်းသားလေးဖြစ်တယ်ဆိုတာ သေချာတယ်။
လျိုယုမေ့။ ။ ဆောင်းယုချင်း ၊နင်က တကယ်ဘဲ အချစ်ရဲ့ ပြုစားခြင်းအောက်ကို ရောက်သွားပြီ။
လျိုယုမေ့။ ။ သူပြထားတဲ့ အပေါ်ယံအမူအရာက နင့်ကို လှည့်စားဖို့အတွက် နည်းပရိယာယ်ပဲ။သူကမိန်းမတိုင်းကို ဒီနည်းလမ်းနဲ့ဘဲ ထောင်ချောက်ဆင်ပြီး ကစားနေတာ။ နင်သူနဲ့ တစ်ခါလောက်အိပ်မိတာနဲ့ သူ့ရဲ့အစစ်အမှန် ဘီလူးခေါင်းကို ထုတ်ဖော်ပြသလိမ့်မယ်။
လျိုယုမေ့ ။ ။ မိန်းမတိုင်းက သူတို့ကိုယ်သူတို့ ကာကွယ်သင့်တယ်။
လျိုယုမေ့။ ။ ငါအကြံပေးချင်တာက နင်သူ့နဲ့ဘာမှမဖြစ်ခင် အဆက်အသွယ်ဖြတ်လိုက်။ ဒါမှမဟုတ်ရင် နင် ပြဿနာတွေ ကြားထဲမှာ နစ်မြုပ်သွားလိမ့်မယ်။
ဆောင်းယုချင်းသည် ဘယ်လိုပဲ သူမအချစ်ဆုံးသူငယ်ချင်းပြောနေပါစေ ၊အမှုမထားဘဲနဲ့ သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်ကိုသာ အမြဲတမ်း ယုံကြည်ခဲ့သည်။
ဆောင်းယုချင်း ။ ။ ကောင်းပြီ။ ငါနင့်နဲ့ ပြိုင်ပြီးမငြင်းတော့ဘူး။ငါ့ရဲ့အချစ်ရေးကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်တော့မယ်။ အရမ်းတောင် နောက်ကျနေပြီ။ ကောင်းသောညပါ။
……
ကမ္ဘာ့အနောက်မြောက်ဘက် မီးပြတိုက်နိုင်ငံ၏ စိမ်ခံတိုက်ခန်းထဲတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်သည် အိပ်ယာထဲ၌ ငြိမ်သက်စွာလှဲအိပ်နေ၍ ဒေါသတကြီး နဲ့ မခံမရပ်နိုင်ဖြစ်စွာ ပြောခဲ့သည်။
" ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ အမှန်တကယ်ဘဲ အချစ်ရဲ့ပြုစားခြင်းအောက်ကို ရောက်နေပြီ။သူမကို ငါမဖြောင်းဖြနိုင်တော့ဘူး။ဒီလူလိမ်က ဘာတွေများကောင်းနေလို့လဲ?။နိုက်ကလပ်တက်တယ်။ ပြီးတော့ ပါတီကြီးပဲ သွားပြီး အချိန်ဖြုန်းေနတဲ့လူက လူကောင်းပေါ့ဟုတ်လား။သေစမ်း,ဒီလူက ငါတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ထိခိုက်စေတယ်။ငါအခုပဲပြန်ပြီး သူ့ရဲ့ ပင်ကိုစရိုက်အစစ်အမှန်ကို ရှာဖွေရလိမ့်မယ်။"
ထိုအကြောင်းကို ပြောပြီးသည့်နောက်တွင် သူမသည် လျင်မြန်စွာဖြင့် သူမ၏ ခရီးဆောင်အိတ်ကိုယူလိုက်၍ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ခဲ့သည်။
ထိုအချိန်မှာပဲ သူမအနီး စားပွဲခုံပေါ်တွင် ဖုန်တက်နေသော အလုပ်ခေါ်ကဒ်ကို မြင်ပြီးနောက် သူမမျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။
ထို့နောက် အချိန်နှစ်ရက်သည် မသိလိုက်ဘဲနဲ့ ကုန်ဆုံးသွားခဲ့သည်။
ဒီနှစ်ရက်အတွင်း လင်ပေ့ဖန်သည် ဇာတ်လိုက်ရှောင်ချန်းဆီသို့ နှစ်ရက်လုံး သွားလည်ပတ်ခဲ့သည်။
ထို့ပြင် အိပ်ယာပေါ်တွင် မလှုပ်ရှားနိုင်၍ လှဲလျောင်းနေသော ရှောင်ချန်း၏မျက်နှာကို မြင်ရခြင်းက သူ့ကို ပျော်ရွှင်စေသည်။
ထို့နောက် သူသည် ဆောင်းဆေးရုံသို့ သွားပြီး ဆောင်းယုချင်းကို သွားခေါ်၍ သူတို့နှစ်ယောက် ညစာအတူတူ စားကြသည်။ညဘက်အတူတူ ဈေး၀ယ်ထွက်ကြသည်။ ဒါမှမဟုတ်လည်း ရုပ်ရှင်အတူတူကြည့်ကြသည်။
ထိုသို့အတူတူအချိန်ဖြုန်းခြင်းသည် သူတို့နှစ်ယောက်လုံးကို ပျော်ရွှင်စေပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း ပိုပြီးတော့ကောင်းလာခဲ့သည်။
ထို့ပြင် ဒီထက်ပိုပြီးအဆင့်တက်ရန်အတွက် သူတို့နှစ်ယောက်ကြားတွင် ပါးလွှာသော စက္ကူပါးလေးတစ်လွှာသာရှိပုံရသည်။
သိုပေမဲ့လည်း ဒီနေ့မှာတော့ သူတို့မိသားစု၏ ဘဏ္ဍာထိန်းသည် ရုတ်တရက် သူ့ဆီသို့ လူတစ်ယောက်ကို ခေါ်လာ၍ ရောက်ချလာခဲ့ပြီး
"သခင်လေး၊ သခင်ကြီးကပြောလိုက်တယ် ။မင်းအသက်က မငယ်တော့လို့ လင်ကုမ္ပဏီရဲ့ ကိစ္စတွေမှာ ပါ၀င်ရမယ့် အချိန်ရောက်ပြီတဲ့။သူကတော့ မင်းအတွက် သခင်ကြီး စီစဉ်ပေးလိုက်တဲ့ အတွင်းရေးမှူးအသစ်တစ်ယောက်ဘဲ။သူမက ဟားဗတ် တက္ကသိုလ်ကနေ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိထားတယ်။ပြီးတော့ Wall Street ရဲ့ ကျော်ကြားတဲ့ ရင်းနှီးမြုပ်နှံမှုဘဏ်တစ်ခုမှာ နှစ်နှစ်ကြာအောင် အလုပ်လုပ်ခဲ့တယ်။သူမက အရမ်းတော်ပြီး ထူးချွန်ထက်မြက်တယ်။သခင်လေး နားမလည်တဲ့ကိစ္စတစ်ခုခု ရှိရင် သူမကို မေးမြန်းနိုင်ပါတယ်။" ဟု ပြောလိုက်သည်။