အခန်း (၁၃)
Vol. 1 Ch. 13
လင်ပေ့ဖန်သည် အသစ်ခန့်အပ်ထားသော အတွင်းရေးမှူးအလှလေးဖြင့် ကုမ္ပဏီဆီသို့ ကားမောင်းပြီး အတူလိုက်ပါလာခဲ့သည်။
ထို့ပြင် သူတို့နှစ်ယောက် သွားနေသောနေရာကို မကြာမီ ရောက်ရှိခဲ့သည်။ထို့နောက် အတွင်းရေးမှူးအလှလေးဖြစ်သော လျိုယုမေ့က ကားပေါ်ကနေ ဆင်း၍ လင်ပေ့ဖန်ကို ဂရုမစိုက်ဘဲပြောလိုက်သည်။
" ဒုဥက္ကဌလင် , ကျွန်မအရင်သွားပြီးတော့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းကို အရင်ဆက်သွယ်လိုက်မယ်။ကိုယ်ရံတော်ကိစ္စကိုတော့ ရှင့်ဘာသာ ရှင်ပဲ၊ရွေးချယ်လိုက်တော့။"
သူမသည် တင့်တယ်ပြီးယိမ်းနွဲ့သော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။
လင်ပေ့ဖန်သည် ရယ်မောလိုက်ပြီး " သူမမှာ အခုချိန်ထိ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတုန်းပဲ "ဟု ပြောလိုက်သည်။
ကားကို ပါကင်ထိုးပြီးနောက် လင်ပေ့ဖန်သည် လုံခြုံရေးအဖွဲ့အစည်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။
လုံခြုံရေးအဖွဲ့အစည်း၏ မန်နေဂျာက တံခါး၀င်ပေါက်၌ အသင့် စောင့်နေခဲ့သည်။
လင်ပေ့ဖန်ကို မြင်လိုက်ရလျှင် သူသည် သူ့ဆီသို့လာပြီး အနည်းငယ် ဦးညွှတ်၍ နွေးထွေးစွာနဲ့ " သခင်လေးလင်, မင်းဒီကို ရောက်လာပြီပဲ" ဟု နှုတ်ဆက်လိုက်သည်။
" ငါ့ကို သခင်လေးလင်လို့ ထပ်မခေါ်နဲ့တော့။ငါကကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံရေးဌာနမှာ ဒုဥက္ကဋ္ဌအနေနဲ့ အခုအလုပ်လုပ်နေတယ်။ဒါကြောင့် မင်းငါ့ကို ဒုဥက္ကဋ္ဌလင်လို့ပဲ အခုကနေစပြီး ခေါ်တော့။ "ဟုလင်ပေ့ဖန်က လေးလေးနက်နက်ပြောလိုက်သည်။
" ကောင်းပါပြီ, ဒုဥက္ကဋ္ဌလင် "
မန်နေဂျာသည် မြှောက်ပင့်ရာ၌ အလွန်တော်၍ ခြေလှမ်းဒါဇင်အတွင်းမှာတင် သူ့ကိုဆယ်ကြိမ်လောက် မြှောက်ပင့်နေပြီးပြီ ဖြစ်သည်။
လင်ပေ့ဖန်က ဒါကြီးပဲ ကြားနေရတော့လည်း အနည်းငယ်ပျင်းလာသလို ခံစားခဲ့ရသည်။
**ငါကမြှောက်ပင့်ပြီးပြောတာကို နားထောင်ရတာ ကြိုက်တယ်။ဒါပေမယ့် အဲ့လောက်အများကြီးပြောတာက မင်းကို ပင်ပန်းစေလိမ့်မယ်။**
သူတို့နှစ်ယောက်သည် လမ်း လျှောက်၍လုံခြုံရေးအဖွဲ့အစည်းရဲ့ အဆောက်အဦးထဲသို့ စကားပြောပြီးရယ်မောရင်းနဲ့ ၀င်သွားခဲ့သည်။
အဆောက်အဦးထဲတွင် အရပ်ရှည်သော ကိုယ်ရံ တော် အများအပြားရှိသည်။တချို့က လေ့ကျင့်ခန်းလုပ်နေကြသည်။တချို့က မော်နီတာများကို ကြည့်ရှုစစ်ဆေးနေသည်။တချို့က လုံခြုံရေးကိစ္စများကို စီစဉ်ပေးနေသည်။သူတို့အားလုံးသည် ကိုယ်ပိုင်တာ၀န်များဖြင့် အလုပ်များနေကြသည်။
လုံခြုံရေးအဖွဲ့အစည်း၏မန်နေဂျာသည် လက်ခုပ်တီးလိုက်ပြီး " အားလုံး လူစုကြ " ဟု ပြောလိုက်သည်။
မော်နီတာများကို ကြည့်ရှုနေရသော လူနှစ်ယောက်မှအပ ကျန်လူများအားလုံးသည် အလျင်အမြန်ရောက်လာခဲ့ပြီး ညီညာစွာဖြင့် သုံးတန်းစီ တန်းစီခဲ့ကြသည်။
" ငါမင်းတို့ကို မိတ်ဆက်ပေးစရာ လူတစ်ယောက်ရှိတယ်။ ငါ့ရဲ့ဘေးနားမှာ ရပ်နေတဲ့ ချောမောပြီး အလားအလာရှိတဲ့လူငယ်လေးကတော့ ငါတို့ကုမ္ပဏီပိုင်ရှင်ရဲ့သားဖြစ်တယ်။ သူက ကုမ္ပဏီရဲ့ အမွေဆက်ခံသူလို့ လူအများသိတဲ့ သခင်လေးလင်ဘဲ။ " ဟု မန်နေဂျာက ပြောလိုက်သည်။
" အခုတော့ သူက ငါတို့ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းမှာ ဒုဥက္ကဋ္ဌအဖြစ် တာ၀န်ယူပြီး အလုပ်လုပ်နေတယ်။ငါတို့ကုမ္ပဏီရဲ့ စည်းမျဉ်းတွေအရတော့ သူက သူ့ရဲ့ကိုယ်ပိုင် ကိုယ်ရံတော်တစ်ယောက်ကို လုံခြုံရေးဌာနကနေ ရွေးချယ်ယူနိုင်တယ်။ဒါက မင်းတို့အတွက်အရမ်းတန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တာကြောင့် အားလုံးက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကောင်းကောင်းအသုံးချရမယ်။ငါပြောတာ မင်းတို့နားလည်ကြလား? "
" ဟုတ်ကဲ့ , နားလည်ပါတယ် " ဟု လုံခြုံရေး၀န်ထမ်းအားလုံးသည် ညီညီညာညာဖြင့် ပြန်ပြောခဲ့ကြသည်။
" အခုတော့ ဒုဥက္ကဋ္ဌလင်က မင်းတို့ကို စကားနည်းနည်းပြောလိမ့်မယ်။ဒါကြောင့် သူ့ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင် "ဟု မန်နေဂျာက လုံခြုံရေး၀န်ထမ်းများကို ပြောလိုက်သည်။
" *Clap, clap* လက်ခုပ်တီးသံများ ညီညာစွာဖြင့်ထွက်ပေါ်လာခဲ့သည်။"
လင်ပေ့ဖန်သည် လက်ခုပ်သံများရပ်သွားစေရန် လက်ဟန်ပြ၍ ပြုံးပြီး ပြောလိုက်သည်။
"ငါ့မှာပြောစရာစကားတော့များများစားစား မရှိဘူး။ငါပြောချင်တာ တစ်ခုပဲရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ ငါ့နောက်ကိုလိုက်ပြီးသစ္စာရှိပါ။ မင်းတို့ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်စေရလိမ့်မယ်။"
" ကောင်းလိုက်တဲ့စကား,စကားကရိုးရှင်းပေမဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး စိတ်လှုပ်ရှားေအာင်နှိုးစွာ ပေးနိုင်တယ်။" ဟု ပြောရင်းလုံခြုံရေးဌာနရဲ့မန်နေဂျာသည် အရင်လက်ခုပ်စတီးခဲ့သည်။
လင်ပေ့ဖန် ။ ။ …
" ဒုဥက္ကဋ္ဌလင်, မင်း ဘယ်လိုရွေးချယ်မယ်လို့အစီအစဉ်ရှိလဲ? " ဟု မန်နေဂျာက မေးမြန်းခဲ့သည်။
" ဒီမှာရှိတဲ့ လူအားလုံးက စစ်သားဟောင်းတွေကြီးပဲ။ ပြီးတော့ သူ့တို့အားလုံးရဲ့ခွန်အားကလည်း အံ့မခန်းပဲ။ သူတို့ရဲ့ လုံခြုံရေးလုပ်တဲ့ စွမ်းရည်ကလည်း ယုံကြည်စိတ်ချရတယ်။ပိုပြီးတော့ပြောရရင် သူတို့အားလုံးက ဘယ်ကားကိုမဆို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တယ်။ "
လင်ပေ့ဖန်သည် အနည်းငယ် ပြုံးလိုက်ပြီး
" အကုန်လုံးကို ကြည့်ရတာတော့ တော်မယ်ပုံပဲ။ဒါပေမဲ့ ကိုယ့်အရည်အချင်းကို ပြသမယ့်သူ တစ်ယောက်လောက်ရှိမလား? ငါက တက်ကြွတဲ့လူမျိုးကို ပို ကြိုက်တယ်။ " ဟု ပြောလိုက်သည်။
"ငါ!"
" ငါ!"
လုံခြုံရေး၀န်ထမ်းနှစ်ယောက်သည် မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်သည်။
လင်ပေ့ဖန်သည် ဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်ကတော့ သူတို့နှစ်ယောက်ထဲကတစ်ယောက်ကြောင့် ဖြစ်သည်။ ပြီးတော့သူသည် အလွန်တော်ပြီး သစ္စာရှိသော ကိုယ်ရံတော်တစ်ယောက်လည်းဖြစ်သည်။
ဒါပေမယ့် ကျန်တဲ့လူကတော့…
** သူက ဒီမှာ ဘာလာလုပ်နေတာလဲ? **
** မင်းက ဒုတိယဇာတ်လိုက်ဖြစ်တာကြောင့် လီချုံးဂရုရဲ့ လုံခြုံရေးအစောင့်ဖြစ်သင့်တာမဟုတ်ဘူးလား? **
** လှပတဲ့ စီအီအို အချောလေးနဲ့တွေ့ပြီးတော့ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်ဖြစ်လာမှာလေ။အဲ့ဒါမှဘဲ စီအီအိုနှင့်ကိုယ်ရံတော်ကြားက ဇာတ်လမ်းလေးဖြစ်လာသင့်တာမဟုတ်ဘူးလား?**
**ဘာကြောင့် ဒီကောင်က ဒီမှာ ရှိနေရတာလဲ?**
လင်ပေ့ဖန်သည် သူ့၏မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာမှမပေါ်စေဘဲနဲ့ တစ်ဖက်လူကို ကြည့်လိုက်သည်။
ထို့အတူ တစ်ဖက်လူကလည်း တူညီစွာနဲ့ လင်ပေ့ဖန်ကို မျက်နှာသေဖြင့် စိတ်လှုပ်ရှားစွာကြည့်နေခဲ့သည်။
ထိုလူရဲ့ နာမည်ကတော့ ရဲ့ရှင်းချန် ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ အသက် ၂၈နှစ် ပြည့်မှာဖြစ်သည်။ အခုလက်ရှိမှာတော့ လင်ကုမ္ပဏီရဲ့ လုံခြုံရေးဌာနမှာ သာမန်လုံခြုံရေး၀န်ထမ်းအနေနဲ့ အလုပ်လုပ်နေခဲ့သည်။
ဒါပေမယ့် သူ့ရဲ့လျို့ဝှက်ချက်ကတော့ သူသည် မြေအောက်လောကတွင် ကြေးစားဘုရင်ဖြစ်ပြီး အလွန်တော်သော စူပါစစ်သားတစ်ယောက်လည်းဖြစ်သည်။
သူသည် မစ်ရှင်တစ်ရာလောက်ကို ပြီးမြောက် အောင်မြင်ခဲ့ပြီး သူသည် မရေမတွက်နိုင်သော လူများ၏ အသက်ကိုလည်း ကယ်တင်ခဲ့သည်။ဒါပေမဲ့ သူ့သည် ရက်စက်ကြမ်းကြုတ်ပြီးလူသတ်ရင်းဖြင့်အသက်ရှင်ရတဲ့ဘဝကို ငြီးငွေ့လာခဲ့သည်။ထို့ကြောင့်သူသည် မြို့ပြကို ပြန်လာခဲ့ပြီး လုံခြုံရေးဌာနရဲ့ သာမန်လုံခြုံရေး၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့တာဖြစ်သည်။သူသည် ကမ္ဘာကြီးရဲ့ အရှုပ်အထွေးများထဲတွင် ရုန်းကန်လှုပ်ရှားရင်း သူ့ကိုယ်သူ ဇာတ်မြှုပ်နေထိုင်နေခဲ့သည်။
တကယ်တော့ သူ့တွင် တတိယ အထောက်အထားတစ်ခုလည်း ရှိသေးသည်။သူသည် ပြန်လည်မွေးဖွားလာသူတွေထဲက တစ်ယောက်အပါအ၀င်ဖြစ်သည်။
မူရင်းဇာတ်လမ်းထဲ၌ သူသည် လီချုံးဂရု၌ အလုပ်လုပ်နေစဉ်တွင် စီအီအို အလှလေး ချူရိုရွယ်နဲ့တွေ့ပြီး သူတို့ကြားတွင် ဆွဲမက်ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့သည်။
ဒါပေမယ့်လည်း လင်ပေ့ဖန်နဲ့ တွေ့ဆုံပြီးနောက် သူသည် လင်ပေ့ဖန်ကို ရှုံးနှိမ့်လုနီးပါးဖြစ်ခဲ့ရသည်။
*အပေါ်ယံတွင်တော့ လင်ပေ့ဖန်သည် မာနကြီးပြီးအပျော်အပါးမက်တဲ့ ဒုတိယမျိုးဆက် သူဌေးသား ပလေးဘွိုင်းဖြစ်သည်။ဒါပေမဲ့လည်း သူ့ရဲ့ပုံစံအစစ်အမှန်ကတော့ သူသည် အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာတဲ့ လူဖြစ်သည်။
ထို့ပြင် သူသည် စိတ်ကူးပုံဖော်လို့ မရလောက်အောင် အလွန် သန်မာလွန်းသည်။
သူသည်ကဏ္ဍအားလုံးတွင်လည်း ထူးချွန်သည်။
သူဂုဏ်ယူခဲ့ရတဲ့ ခွန်အားတွေက လင်ပေ့ဖန်ရှေ့တွင်တော့ ဘာမှမဟုတ်တော့ပေ။ *
*သူ့၏ စွမ်းရည်အမျိုးမျိုးကြောင့် သူသည် နှစ်အနည်းငယ်အတွင်းမှာပဲ ပိုက်ဆံထရီလီယံပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာကြီး၏ထိပ်ဆုံးတွင်လည်း ရပ်တည်နိုင်ခဲ့သည်။*
*သို့သော်လည်းပဲ သူ့၏အတိတ်ဘဝတွင် မခံမရပ်နိုင်အဖြစ်ဆုံး အရာကတော့ လင်ပေ့ဖန်က သူ့မိန်းကလေး ချူရိုရွယ်ကို သူ့အဝေးသို့ ခေါ်ဆောင်သွားတာကြောင့်ဖြစ်သည်။ *
*သူ့နောက်ကွယ်ကနေ လင်ပေ့ဖန်သည် သူ့ပိုင်ဆိုင်သမျှအရာအားလုံးကို ဖျက်ဆီးခဲ့ပြီး သူ့ကိုလည်း မသန်မစွမ်းဖြစ်စေ၍ သူ့၏သိုင်းပညာကို ဖျက်ဆီးခဲ့သည်။ထို့ပြင် သူ့နိုင်ငံကနေလည်း ခွေးပြေး၀က်ပြေး ထွက်ပြေးခဲ့ရသည်။*
*ထို့နောက်သူသည် လူအများစု၏ ရန်သူဖြစ်လာခဲ့ပြီး သူတို့၏ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။*
*ထို့ကြောင့် သူပြန်လည်မွေးဖွားလာပြီးနောက် သူ့အတိတ်တွင်ခံစားခဲ့ရသမျှအရာအားလုံးကို အတိုးဖြင့် အဆတစ်ရာပြန်လည်ပေးဆပ်စေမည်ဖြစ်သည်။*
*ဒါပေမဲ့ လင်ပေ့ဖန်က အရမ်းသန်မာလွန်းပြီး ပြည့်စုံလွန်းသည်။သူဘယ်လိုလုပ်ပြီးတော့ သူ့ကို ရှုံးနှိမ့်စေနိုင်မှာလဲ? *
*ထို့နောက်သူအကြံတစ်ခုရခဲ့သည်။ထိုအကြံကတော့ သူသည် လင်ပေ့ဖန်ဘေးနားတွင်နေ၍ သူ့၏ယုံကြည်မှုကို ရရှိအောင်လုပ်ပြီး အားနည်းချက်များကို ရှာတွေ့မှသာလျှင် သူ့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်မှာဖြစ်သည်။ ဒီနည်းလမ်းကပဲ သူ့နှလုံးသားထဲက အမုန်းတရားတွေကို ဖြေဖျောက်နိုင်မှာဖြစ်သည်။*