← Chapters

အခန်း (၁၄)

Vol. 1 Ch. 14

အခန်း (၁၄)

Vol. 1 Ch. 14

*ဒါဆိုရင် သူက သူ့ရဲ့ကိုယ်ပိုင်သက်တော်စောင့်‌‌ ရွေးချယ်ဖို့အတွက် ဒီကို လာခဲ့တာဖြစ်မယ်။*

လင်ပေ့ဖန်က သက်‌‌တော်စောင့်လာဌားတာကို သူမြင် လိုက်ရသောအခါတွင် သူသည် အပြင်ကို အပြေးအလွှားသွားပြီး ပါ၀င်ဖို့အတွက် မစောင့်နိုင်‌တော့ပေ။

သူသည် ဒီကြုံတောင့်ကြုံခဲ အခွင့်အရေးကို ဖမ်းဆုပ်ထားရမည်ဖြစ်သည်။

လင်ပေ့ဖန်ဘေးနားတွင်နေပြီး တိုက်ခိုက်ဖို့အတွက်အခွင့်အရေးရသောအခါမှာ သူ့ကို တစ်ချက်ထဲဖြင့်ဇာတ်သိမ်းပစ်မည်ဖြစ်သည်။

" လူနှစ်ယောက်တောင် ရှေ့ထွက်လာမယ်လို့ ငါမထင်ထားခဲ့ဘူး။ဒါက ငါ့ကို တကယ်ဘဲ ပျော်ရွှင်‌စေတယ်" ဟု လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည် ။

" မင်းတို့နှစ်ယောက်ရဲ့နာမည်က ဘယ်လိုခေါ်လဲ? "

" အစီရင်ခံပါတယ် ဆရာ ။ ကျွန်တော့်နာမည်ကတော့ ကျိုဟူဖြစ်ပါတယ်။ " ဟု မျက်နှာမည်းနှင့်လုံခြုံ‌ရေး၀န်ထမ်းက လေးလေးနက်နက်‌ပြန်‌ပြောခဲ့သည်။

" ကျိုဟုက ဒီမှာအလုပ်လုပ်နေတာ အရမ်းကြာနေပြီ၊ ငါးနှစ်ခြောက်နှစ်လောက်‌ေတာ့ ရှိနေလိမ့်မယ်။သူက လုံခြုံရေး ကဏ္ဍအားလုံးနဲ့လည်း အလွန်ရင်းနှီးတယ်။ သူက အလုပ်လုပ်ရာမှာလည်း အလွန်တော်တယ်။ပြီးတော့ သူ့ရဲ့ သစ္စာရှိမှုကိုလည်း သံသယဖြစ်စရာမရှိပါဘူး။" ဟု ပြောပြီး လုံခြုံရေး၀န်ထမ်းခေါင်းဆောင်က မိတ်ဆက်ပေးခဲ့သည်။

" အစီရင်ခံပါတယ် ဆရာ , ကျွန်တော့်နာမည်ကတော့ ရဲ့ရှင်းချန် ဖြစ်ပါတယ်။ " ဟု ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်သည် လေးနက်စွာဖြင့် ပြောခဲ့သည်။

" ရဲ့ရှင်းချန်ကတော့ ဒီမှာ အသစ်ခန့်ထားခဲ့တဲ့ လုံခြုံရေး၀န်ထမ်းဘဲ။သူ့ရဲ့အသက်ကငယ်‌ပေမယ့်လည်း သူက အလွန်စွမ်းဆောင်နိုင်ပါတယ်။ဒီမှာရှိတဲ့လုံခြုံရေးဝန်ထမ်းအားလုံးကတောင် သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ " ဟု လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က နောက်တစ်ကြိမ် ထပ်မံ မိတ်ဆက်ပေးခဲ့သည်။

" အို့! အလွန်စွမ်းဆောင်နိုင်တယ် ဟုတ်လား? " ဟု ပြော၍ လင်ပေ့ဖန်က အတော်လေး စိတ်ဝင်စားသွားခဲ့သည်။

" သူက အတိုက်အခိုက်မှာ အရမ်းတော်ပါတယ်။သာမန်လူတွေဆို သူ့အနားတောင် ကပ်လို့မရဘူး။" ဟု ‌ လုံခြုံရေးဝန်ထမ်းခေါင်းဆောင်က လင်ပေ့ဖန်ကို ပြောလိုက်သည်။

ထို့‌နောက် လုံခြုံရေး၀န်ထမ်းခေါင်းဆောင်သည် လင်ပေ့ဖန်ဘေးနားသို့ ကပ်လာပြီး တိုးတိုးလေးပြောခဲ့သည်။

" သူ့ကို ဒီမှာ အလုပ်ခန့်ထားပေမဲ့ သူ့ရဲ့ နောက်ခံကိုတော့ ဒီတစ်လျှောက်လုံး မစစ်‌ဆေးရသေးဘူး။ပြီးတော့ သူ့ရဲ့နောက်ခံကိုလည်း ခုချိန်ထိ ကျွန်တော်တို့ ဘာတစ်ခုမှမသိရသေးဘူး။ "

" လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို ဘယ်တော့မှ သံသယမဖြစ်စေနဲ့။သူက ငါတို့ကုမ္ပဏီကို အလုပ်လာလုပ်ကတည်းက ငါတို့ကုမ္ပဏီကို ယုံကြည်တယ်ဆိုတာ ပြနေတာပဲ။ ငါတို့ဘက်ကလည်း သူ့ရဲ့ ရိုးသားမှုကို လက်ခံပေးရ‌မှာပေါ့။ " ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ဘေးနားသို့ လာခဲ့၍ သူ့ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး သူ့ကိုအားပေးခဲ့သည်။

" မင်းက မယုံနိုင်စရာပဲ။အခုကနေစပြီးတော့ မင်း ၊ ငါ့နောက်ကို လိုက်ရလိမ့်မယ်။ပြီးတော့မစိုးရိမ်ပါနဲ့။ ငါအသားစားရင်လည်း မင်းအတွက် စွပ်ပြုတ်တော့ အနည်းဆုံးပေးမှာပါ " ဟု ပြောလိုက်သည်။

" ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဆရာ။ " ဟု ရဲ့ရှင်းချန်သည် အလွန်စိတ်လှုပ်ရှားသော အမှုအရာဖြင့် ပြောခဲ့သည်။

ထို့ပြင် သူသည် လင်ပေ့ဖန်ဘေးနား ချဥ်းကပ်ရတာ ဒီလောက်ထိ လွယ်ကူလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

သူလက်စားချေဖို့အတွက် ခြေလှမ်းနီးစပ်လာခဲ့ပြီဖြစ်သည်။

**လင်ပေ့ဖန် မင်း နေနှင့်ဦးပေါ့။ အ‌နှေးနဲ့အမြန် ငါမင်းကို နောင်တရအောင်‌လုပ်ပစ်မယ် ။**

လင်ပေ့ဖန်သည် နွေးထွေးသောအပြုံးဖြင့် ပြုံးလိုက်ပြီး " အခုကစပြီး ငါတို့က တစ်မိသားစုထဲဖြစ်သွားပြီ။ဒါကြောင့် ဆရာလို့ မခေါ်နဲ့တော့။ ဒုဥက္ကဋ္ဌလင်လို့ပဲ ခေါ်တော့။" ဟု ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ၊ဒုဥက္ကဋ္ဌလင်။ " ဟု ရဲ့ရှင်းချန်က ကျယ်လောင်စွာဖြင့် ပြန်ပြောခဲ့သည်။

ထို့နောက်လင်ပေ့ဖန်သည် ကျိုဟူဆီသို့ လှည့်ကြည့်ခဲ့ပြီး " မင်းလည်းတော်ပါတယ်။ငါမင်းကို တကယ်လေးစားတယ်။မင်း ငါ့အတွက် ခ‌ဏလောက်တော့ စောင့်ပေးဦး ။ငါ‌ နောက်ထပ် ရာထူးထပ်တိုးရင် ကိုယ်ရံတော်နောက်တစ်ယောက်ထပ်ခေါ်လို့ ရလိမ့်မယ်။အဲ့ဒီအချိန်ကျရင် မင်းကို ငါခေါ်လိုက်မယ်။ " ဟု ပြောခဲ့သည်။

" ကျေးဇူးတင်ပါတယ် ဆရာ။ " ဟု ကျိုဟူ သည် စိတ်လှုပ်ရှားစွာဖြင့် ပြော၍ နဂိုတန်းစီသည့် နေရာသို့ နောက်ပြန်ဆုတ်သွားခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ရုံးခန်းထဲသို့ လမ်းပြ၍ ခေါ်ဆောင်သွားခဲ့သည်။

ရဲ့ရှင်းချန်သည် ဘာမှ‌ စောဒက မတတ်ဘဲ နာခံစွာဖြင့်လိုက်ပါလာခဲ့သည်။

ဒါပေမယ့် အဲ့ဒီအချိန် ရုံးခန်းထဲတွင် အလွန်လှပသော အမျိုးသမီးတစ်ယောက်ကို သူမြင်လိုက်ရပြီးနောက် ခဏတာကြက်သေသေသွားခဲ့သည်။

*ဒါက သူမပေါ့!*

*လျိုယုမေ့၊သူမသည် လင်ပေ့ဖန်ရဲ့ အယုံကြည်ရဆုံး လူယုံတစ်ယောက်ဖြစ်သည်။*

*အတိတ်ဘ၀တွင် သူမသည် လှပချောမောပြီး ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ထွက်ပေါ်လာခဲ့သည်။ ဒါပေမဲ့သူမ၏ ဉာဏ်နီ ဉာဏ်၀ါများကြောင့် သူသည်လင်ပေ့ဖန်ကို ရှုံးနိမ့်ပြီး သူ့ နိုင်ငံကနေလည်း ပြန်ဆုတ်ပြေးခဲ့ရသည့် အဖြစ်ကို ရောက်ခဲ့သည်။*

*သူမကြောင့်သာမဟုတ်ရင် သူသည်လင်ပေ့ဖန်ကို ဒီလောက်မြန်မြန်ရှုံးနိမ့်မှာမဟုတ်ပေ။*

*ဒီဘဝမှာ ငါဘယ်တော့မှ မင်းရဲ့ကြော့ကွင်းထဲကို ၀င်မှာမဟုတ်ဘူး။*

*နေပါဦး!*

*အချိန်မှာ သူမက သူမသူငယ်ချင်းရဲ့ ကိစ္စကြောင့် ဒီကို လာပြီးအလုပ်လုပ်ပုံရတယ်။ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ ရင်းနှီးစရာ ဘာအကြောင်းမှမရှိဘူး။ သူမက အခုချိန်မှာ လင်ပေ့ဖန်ကို ရန်ငြိုးထားနေတာတောင် ဖြစ်နိုင်သေးတယ်။*

*အကယ်၍ သူမကို သူ့ဘက်ပါအောင်ဆွဲခေါ်ပြီး သူ့လူဖြစ်အောင်လုပ်နိုင်ရင် လင်ပေ့ဖန်ကိုတောင်မှ လျင်လျင်မြန်မြန်ပဲ လက်စားပြန်ချေနိုင်လိမ့်မယ်*

*ဒါ့အပြင် သူမက အရမ်းလှပြီး လန်းလွန်းတယ်။ပြီး‌ တော့သူမက သူ့၏အတိတ်ဘဝကချစ်သူ ချူရိုရွယ်နဲ့တောင်ယှဉ်နိုင်သေးတယ်။*

*အကယ်၍ သူမက သူ့အပိုင်ဖြစ်လာရင် အရမ်းပျော်စရာကောင်းမှာပဲ။🤤*

ရဲ့ရှင်းချန်သည် အဲ့အကြောင်း ပိုတွေးလေလေ သူ့ကို ပိုပြီးတော့ နှလုံးခုန်မြန်လာလေလေဖြစ်သည်။

ထိုအချိန်မှာပဲ အတွင်းရေးမှူးအလှလေး ဖြစ်သောလျိုယုမေ့သည် သူမစုစည်းထားတဲ့အစီအရင်ခံစာ တစ်စုံကိုယူလာခဲ့ပြီး " ဒါက လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ အခြေခံအချက်အလက်တွေဘဲ။ကျွန်မအားလုံးကို စုစည်းထားတယ်။အဓိကအရေးကြီးတဲ့ အချက်အလက်တွေကိုတော့ မျဉ်းနီ နဲ့ တားထားတယ်။ တစ်ချက်လောက်ကြည့်ကြည့်လိုက်ဦး။" ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် အစီရင်ခံစာကို ယူလိုက်ပြီး " အိုကေ၊ ငါ့အတွက် ကော်ဖီတစ်ခွက်လောက်ဖျော်ပေးပါဦး " ဟု ပြောလိုက်သည်။

လျိုယုမေ့သည် သူမ၏မျက်လုံးများကို လှိမ့်လိုက်ပြီး " ကျွန်မအလုပ်က ရှင့်ရဲ့ အတွင်းရေးမှူးပဲ။ဒီလိုအလုပ်တွေက ကျွန်မတာဝန်မဟုတ်ဘူး။တစ်ယောက်ယောက်ကိုသွားရှာပြီး လုပ်ခိုင်းလိုက်ပါ။" ဟု ပြန်ပြောခဲ့သည်။

လင်ပေ့ဖန် ။ ။ ……

အဲ့ဒီအချိန်မှာပဲ လျိုယုမေ့သည် သူတို့နှစ်ယောက်ဘေးနားတွင် လုံခြုံရေး၀န်ထမ်း၀တ်စုံဝတ်ထားသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ပြီး " ဒါက ရှင်ရွေးချယ်ထားတဲ့ ကိုယ်ရံတော်လား?" ဟု အံ့အားသင့်စွာ‌ဖြင့် မေးမြန်းခဲ့သည်။

လင်ပေ့ဖန်သည် ဂုဏ်ယူစွာနဲ့ " ဘယ်လိုနေလဲ? ‌ချောတယ်မလား? " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို မြှင့်၍ ခါးကိုမတ်မတ်ထားလိုက်ပြီး သူ့၏ အချောမောဆုံး ပုံစံပေါ်အောင်ပြုလုပ်၍ ပြသခဲ့သည်။

လျိုယုမေ့သည် ခေါင်းညိတ်ခဲ့ပြီး " မဆိုးပါဘူး။ရှင်ရွေးထားတဲ့လူက ရှင့်လိုမျိုး လူလိမ်ပုံစံနဲ့တူတယ်။ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်။ ။……

" ကျွန်မသွားပြီး ရှင်ရဲ့ချိန်းဆိုထားတဲ့ကိစ္စတွေကို စီစဉ်လိုက်ဦးမယ်။အကယ်၍ အရေးကြီးကိစ္စမဟုတ်ရင် ကျွန်မကို မနှောင့်ယှက်ပါနဲ့။ " ဟု ပြော၍ လျိုယုမေ့သည် ရုံးခန်းအပြင်ဘက်သို့ယိမ်းနွဲ့သော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။

လင်ပေ့ဖန်သည် ပြုံး၍ ရဲ့ရှင်းချန်၏ ပုခုံးကို ခပ်ဖွဖွထိုးခဲ့ပြီး " ဘရို ၊သူမပြောတာကို စိတ်ထဲမထားပါနဲ့။ငါခန့်ထားတဲ့ အတွင်းရေးမှူးအသစ်က ဒီလိုပဲ။ ငါ့လို သူဌေးကတောင် သူမမျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး " ဟု ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့ ဒုတိယဥက္ကဠလင်။ငါဒါကို စိတ်ထဲမထားပါဘူး။" ဟု ရဲ့ရှင်းချန်က အသံကျယ်ကျယ်ဖြင့် ပြန်ပြောခဲ့သည်။

တကယ့်တော့ ဒီအဖြစ်အပျက်ကို မြင်ရတာက သူ့ကို ပိုပြီးတော့ ပျော်ရွှင်စေသည်။

ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်ကြားမှာ ဘာအခြေအနေမှ မတိုးတက်သေးသောကြောင့် သူ့၏အစီအစဉ်ကို ပိုမိုလွယ်ကူစွာနဲ့ အောင်မြင်စေလိမ့်မည် ဟု ဆိုလိုခြင်းဖြစ်သည်။

" ကောင်းပြီလေ, မင်းလုပ်ချင်တာ လုပ်နေနိုင်တယ်။ ငါဒီမှာ တစ်ခုခုလိုမှပဲ မင်းကို ခေါ်လိုက်မယ်။ " ဟု လင်ပေ့ဖန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဒုဥက္ကဋ္ဌလင်"

ထို့နောက် လင်ပေ့ဖန်သည် အစီရင်ခံစာများကို လျင်မြန်စွာ ကြည့်ခဲ့ပြီး သူ့၏အတိတ်ဘဝနှင့် သိသိသာသာ ကွာခြားမှုမရှိသည်ကို တွေ့ရှိခဲ့ရသည်။

ဒီနည်းလမ်းဖြင့် နေ့လည်နှစ်နာရီထိုးပြီးနောက် လင်ပေ့ဖန်သည် သူပစ္စည်းများကို‌ ကောက်သိမ်း၍ရုံးခန်း ထဲက‌နေ ထွက်လာခဲ့သည်။

သူ့ထွက်လာတာကို အတွင်းရေးမှူးအလှလေးဖြစ်သော လျိုယုမေ့က မြင်သွားခဲ့ပြီး " ဒုဥက္ကဌလင် ရှင်ဘယ်ကိုသွားမလို့လဲ ? " ဟု မေးမြန်းခဲ့သည်။

" ဆေးရုံကို သွားမလို့ "

ဆေးရုံဆိုတဲ့ စကားကို ကြားလိုက်၍လျိုယုမေ့သည် သူမ အချစ်ဆုံးသူငယ်ချင်း‌ ဆောင်းယုချင်းဆီသို့သွားမှာလို့ ထင်ခဲ့ပြီး " ကျွန်မကိုလည်းစောင့်ပါဦး, ကျွန်မလည်း အဲ့ဒီကိုလိုက်မလို့ " ဟု ပြောလိုက်သည်။

ဒုတိယဇာတ်လိုက်ဖြစ်တဲ့ ရဲ့ရှင်းချန်အတွက်ကတော့ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ သူသည် သူ့ သူဌေးသွားရာကို သဘာဝကျစွာ လိုက်ပါလာခဲ့သည်။

All Chapters