← Chapters

အခန်း (၁၅)

Vol. 1 Ch. 15

အခန်း (၁၅)

Vol. 1 Ch. 15

ထို့နောက် သူတို့သုံးယောက်လုံး ဆေးရုံကို ရောက်ရှိခဲ့ကြသည်။

လျိုယုမေ့သည် ဆောင်းဆေးရုံ မဟုတ်ဘူးဆိုတာကိုမြင်လိုက်ရသောအခါမှ စိတ်သက်သာရစွာ သက်ပြင်းချခဲ့သည်။

သို့သော်လည်း သူမသည် သိချင်စိတ်ပေါ်လာခဲ့ပြီး

" ဒုဥက္ကဋ္ဌလင် ရှင်ဘာကြောင့် ဒီဆေးရုံကို လာတာလဲ? " ဟု မေးမြန်းခဲ့သည်။

ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်သည်လည်းပဲ ပဟေဠိဖြစ်နေခဲ့သည်။

ဒါပေမဲ့လည်း သူသည် သက်တော်‌စောင့်ဖြစ်သောကြောင့် သူ့၏အဆင့်ကို သူသိပြီး တိတ်ဆိတ်စွာနဲ့ လိုက်ပါလာခဲ့သည်။

" ငါဒီကိုလာတာက သူငယ်ချင်းတစ်‌ယောက်ကိုလာကြည့်တာဘဲ။" ဟု လင်ပေ့ဖန်ကပြောခဲ့သည်။

ထို့နောက်လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး

" သူ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မတော်တဆ ဒဏ်ရာရခဲ့ပြီးတော့ ဒီဆေးရုံမှာတင်ထားရတယ်။ " ဟု ပြောလိုက်သည်။

" ဒါဆို ဒီလိုပေါ့ " ဟု ပြောပြီးနောက် လျိုယုမေ့သည် ဘာမှ ထပ်မပြောတော့ပေ။

ဒီလိုနဲ့ သူတို့သုံးယောက်လုံး ဆေးရုံဝင်ပေါက်သို့ ရောက်ရှိခဲ့ကြသည်။

" ဒီမှာ ခဏစောင့်ဦး၊ အထဲမဝင်ခင် ငါ ပန်းစီးသွားဝယ်လိုက်ဦးမယ်။ " ဟု ‌လင်ပေ့ဖန်က ပြောလိုက်သည် ။

ထို့နောက် လင်ပေ့ဖန်သည် သူတို့အားလုံးအတွက် ပန်းသုံးစီးကို ဝယ်ယူခဲ့ပြီးနောက် လူနာခန်းထဲသို့ သူတို့လက်ထဲတွင် ပန်းစီးကိုယ်ဆီကိုင်ရင်း ၀င်လာခဲ့ကြသည်။

ထိုအချိန်မှာ၌ စူးရှသောမျက်လုံးရှိတဲ့ ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်သည် လူနာခန်းထဲတွင်ရင်းနှီးသော မျက်နှာကိုမြင်လိုက်ရပြီးနောက် သူ့ရင်ထဲ၌ ထိတ်လန့်သွားခဲ့သည်။

**ဘာကြောင့် နတ်‌‌ဆေးဆရာ၀န် ရှောင်ချန်းက ဒီနေရာမှာရှိနေရတာလဲ? *

**ဒီဒဏ်ရာတွေကို သူ ဘယ်လိုရခဲ့တာလဲ?**

**နတ်ဆိုးဘုရင် လင်ပေ့ဖန်က သူ့ကို ဒီလိုဒဏ်ရာရအောင် လုပ်ခဲ့တာဖြစ်နိုင်မလား?**

**ဒါပေမဲ့ သူ့ဒဏ်ရာပုံစံကို ကြည့်ရတာ ဒီလို ဟုတ်ပုံလည်း မပေါ်ဘူး။**

**တကယ်လို့ သူလုပ်ခဲ့တာဆိုရင်လည်း ဘာလို့ သူက နတ်ဆေးဆရာဝန် ရှောင်ချန်း ကို လာတွေ့ရမှာလဲ? **

သူ့၏ အတွေးများထဲတွင်တော့ သံသယများဖြင့် ပြည့်နှက်နေခဲ့သည် ။

အဲ့ဒီအချိန်မှာပဲ လင်ပေ့ဖန်သည် ပထမဇာတ်လိုက် ရှောင်ချန်း၏ ရှေ့သို့ ရောက်ရှိခဲ့ပြီး သူ့လက်ထဲက ပန်းစီးကို တည်ကြည်လေးနက်စွာဖြင့် ပေးခဲ့သည်။

" အစ်ကိုရှောင်ချန်း ၊ငါ့ရဲ့ဝမ်းနည်းပူဆွေးမှုကိုလက်ခံပေးပါ။ "

ပထမဇာတ်လိုက် ရှောင်ချန်း ။ ။ ……

" တောင်းပန်ပါတယ် , ငါနောက်တစ်ခါ စကားမှားပြောမိပြန်ပြီ။ ငါပြောချင်တာက မင်းအရင်ကထက်နေလို့ ပိုကောင်းလာလား? ဒီမှာကြည့်လိုက်ဦး ငါမင်းအတွက် ပန်းစီးကို ထပ်၀ယ်လာခဲ့တယ်။ ဆရာဝန်ပြောတာတော့ ပန်း‌လေးတွေကို ကြည့်တာက မင်းရဲ့စိတ်ခံစားချက်ကို အနည်းငယ်တိုးတက်စေနိုင်တယ်တဲ့။ " ဟု လင်ပေ့ဖန်သည် စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

ပထမဇာတ်လိုက်ရှောင်ချန်း၏ မျက်နှာတွင်တော့ ဘာအမူအရာမှ မပေါ်လာခဲ့ပေ။

ထို့ပြင် သူ့အိပ်ယာ ဘေးပတ်ပတ်လည်တွင်လည်း ဂန္ဓမ္မာပန်း, သစ်ခွပန်း နှင့် ဇော်မွားပန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ပြီး‌ေတာ့ ပန်းများအားလုံးကလည်း ခြွင်းချက်အနေဖြင့် အဖြူရောင်ပဲ ဖြစ်နေခဲ့သည်။

သူနေမကောင်း မဖြစ်ပဲ‌နဲ့တောင်မှ အိပ်ယာဘေးပတ်ပတ်လည်တွင် ထားထားသော အဖြူရောင်ပန်း‌များက သူ့ကို စိတ်ဓာတ်ကျအောင်ပြုလုပ်နေခဲ့သည်။

" သူဘာဖြစ်နေလို့လဲ?သူ့ကိုကြည့်ရတာ မပျော်ရွှင်တဲ့ပုံပေါက်နေတယ်။ " ဟု လျိုယုမေ့က မေးလိုက်သည်။

လင်ပေ့ဖန်သည် သက်ပြင်းချခဲ့ပြီး " မိန်းမလှလေး, မင်းမသိသေးဘူးထင်တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူလေးစားရတဲ့ စီနီယာအစ်ကိုကြောင့် သူ သေလုနီးပါးထိဖြစ်ခဲ့ရတယ်။ ကံကောင်းချင်တော့ ငါတို့အချိန်မှန်ရောက်ရှိလာခဲ့လို့ဘဲ။ မဟုတ်ရင်တော့ အကျိုးဆက်က မတွေးရဲစရာပဲ။ ဒါကြောင့် အခုချိန်မှာ သူ မပျော်ရွှင်ဘဲနဲ့ ၀မ်းနည်းနေရတာပဲ။ " ဟု လင်ပေ့ဖန်က ပြောခဲ့သည်။

လျိုယုမေ့သည် သူမ၏လက်နှစ်ဖက်ဖြင့် သူမ၏ပါးစပ်ကို ကာလိုက်ပြီး " ဒါက တကယ့်ကို သနားစရာကောင်းတာပဲ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် ပို‌ပြီးတော့တောင် ပဟေဠိဖြစ်လာခဲ့သည်။

**သူတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကအရမ်းကောင်းတာကို ဘယ်လိုဖြစ်ပြီး‌ေတာ့ သူ့စီနီယာအစ်ကို က သူ့ကို သတ်ဖို့ ကြိုးစားရတာလဲ?**

ဒါပေမဲ့ သူ့ကို ပိုပြီးတော့တောင် ပဟေဠိဖြစ်စေတာကတော့ ** လင်‌ပေ့ဖန် နှင့် ရှောင်ချန်းက ဘာလို့ဒီလောက်တောင်ရင်းနှီးနေရတာလဲ?** ဟူသော အချက်ဖြစ်သည်။

တစ်ယောက်ကလည်း ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပြီး အခြားတစ်ယောက်ကလည်း သူ့ဆီကို ဂရုတစိုက် နဲ့ နေ့တိုင်းသတင်းလာမေးသည်။

**မင်းတို့နှစ်ယောက်က မိန်းမတစ်ယောက်ကြောင့် အချင်းချင်း ရန်ဖြစ်‌ေနရမှာ မဟုတ်ဘူးလားဟ ?**

**ဖြစ်ကောင်းဖြစ်နိုင်တာက ငါပြန်လည်မွေးဖွားလာခဲ့လို့ လိပ်ပြာအကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့တာလား?**

အဲဒီအချိန်မှာပဲ ရှောင်ချန်းသည် ရင်းနှီးသောအသံကိုကြားလိုက်ရပြီး သူ့၏ဦးခေါင်းကိုအနည်းငယ် လှည့်၍ ကြည့်လိုက်သည်။

ထို့နောက်သူသည် အလွန်ရင်းနှီးသော ပုံသဏ္ဍာန်နှစ်ခုကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်သည် လျိုယု‌မေ့ဖြစ်ပြီး အနာဂတ်တွင် လင်ပေ့ဖန်၏ညာလက်ရုံးအမျိုးသမီးဖြစ်လာမည့် သူဖြစ်သည်။

*!သေစမ်း!*

*ဘာကြောင့် လျိုယုမေ့က လင်‌ပေ့ဖန် ဘေးနားမှာရှိနေရတာလဲ? *

*လင်ပေ့ဖန်နှင့် ဆောင်းယုချင်းတို့ရဲ့ ဆက်ဆံရေးက နောက်နှစ်လလောက်ကြာမှပဲ၊ ဒီထက်ပိုပြီး တိုးတက်လာမှာမဟုတ်ဘူးလား? ။အဲ့ဒါမှာပဲ သူမ၏အချစ်ဆုံးသူငယ်ချင်းက သူမအတွက်စိုးရိမ်တာကြောင့် လင်ပေ့ဖန်ဘေးနားကို ချဉ်းကပ်ပြီး သူ့ရဲ့ အတွင်းရေးမှူးဖြစ်လာရမှာမလား?*

*ဘယ်လိုဖြစ်ပြီး အချိန်က အတိတ်ကထက် ပို စောနေရတာလဲ?*

*ဖြစ်နိုင်တာက ဟိုဖောက်ပြန်တဲ့ ယောက်ျားနဲ့မိန်းမ က ငါမရှိတုန်းဒီထက် ပို ပြီးရင်းနှီးသွားလို့လား?*

ရှောင်ချန်းသည် အဲ့အကြောင်းတွေးလေလေ အနည်းငယ် မနာလိုဖြစ်လာသလို ခံစားခဲ့ရသည်။

ဒုတိယလူက သူ့ကို လျိုယုမေ့ထက်တောင်မှ ပိုပြီးတော့ အံ့ဩစေခဲ့သည်။

! ရဲ့ရှင်းချန်!

ဒီလူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်သန်မာပြီး သူ့၏ခွန်အားကြောင့် ဩဇာအရှိန်အဝါကြီးလွန်းသည်။

**ဘယ်လိုဖြစ်ပြီးသူက လင်ပေ့ဖန် ဘေးနားမှာ ရှိနေရတာလဲ?။သူတို့နှစ်ယောက်ကို ကြည့်ရတာ ရင်နှီးပုံရတယ်။တစ်ခုခုများမှားနေတာလား?**

ထို့ကြောင့် သူသည် သူတို့နှစ်‌ယောက်ကို မသိဟန်ဆောင်ပြီး " သူတို့တွေက ဘယ်သူတွေလဲ? " ဟု မေးမြန်းခဲ့သည်။

လင်ပေ့ဖန်သည် သူတို့နှစ်ယောက်ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးခဲ့သည်။

" အစ်ကိုရှောင် , ငါမင်းကို သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ပထမဦးဆုံး ငါ့ဘယ်ဘက်မှာရပ်နေတဲ့ အလှလေးရဲ့ နာမည်ကို‌ေတာ့လျိုယုမေ့လို့ ခေါ်တယ်။သူမက အခုလက်ရှိ ငါ့ရဲ့အတွင်းရေးမှူးဖြစ်ပြီးတော့ ငါ့အလုပ်ကိစ္စအားလုံးကို တာဝန်ယူထားတယ်။သူမက အသက်ရှုမှားလောက်အောင် လှပနေတဲ့အပြင် သူမ အလုပ်မှာလည်း အရမ်းထူးချွန်တဲ့သူတစ်ယောက်ဖြစ်တယ်။သူမက ငါ့ရဲ့အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်တယ်။ "

" အင်း! " ဟု ရှောင်ချန်းသည် လေးလံစွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။

**ဒီအမျိုးသမီးက တကယ့်ကို လှပရုံပဲမဟတ်ုဘူး၊ အရမ်းလည်း ထူးချွန်ထက်မြက်လွန်းတယ်။**

သူမ၏ အကူအညီကြောင့်သာ လင်ပေ့ဖန်သည် အချိန်တိုလေးအတွင်းမှာပဲ ကိုယ်ပိုင်စီးပွားရေးနိုင်ငံကို ထူထောင်နိုင်ခဲ့ပြီး သူ့ကို သေသည့်ထိအောင်လည်း ကစားသွားခဲ့သည် ။

သူ့ဘ၀မှာ အမုန်းဆုံးသူကတော့ လင်ပေ့ဖန်ဖြစ်သည်။ဒုတိယအမုန်းဆုံးလူကတော့ လျိုယုမေ့ဖြစ်သည်။

" ငါမိတ်ဆက်ပေးမဲ့ ဒုတိယလူကလည်း တော်တော်ထူးခြားတယ်။"

ထို့နောက်လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ရှေ့သို့အနည်းငယ်တွန်းလိုက်၍ ဝင့်ကြွားစွာဖြင့် ပြောခဲ့သည်။

" ဒါက အခုမှ ငါအသစ်ခံထားခဲ့တဲ့ သက်တော်စောင့်ဘဲ။သူ့နာမည်ကတော့ ရဲရှင်းချန်ဖြစ်တယ်။ ပြီးတော့ သူက အလွန်တော်တဲ့ တိုက်ခိုက်ရေးသမားဖြစ်တယ်။ငါကြားမိတာကတော့ သူက လူတစ်ဒါဇင် လောက်ကို ဘာပြဿနာမှ မရှိဘဲ တစ်ယောက်ထဲ အေးအေးဆေးဆေးကိုင်တွယ်နိုင်တယ်။ "

ဇာတ်လိုက်ရှောင်ချန်း၏ ရင်ထဲတွင်တော့ ဒေါသမုန်တိုင်းတွေ ပြင်းထန်နေခဲ့သည်။

**ရဲရှင်းချန်!**

ဒီလူသည် မြေအောက်လောကတွင် စစ်ပွဲနတ်ဘုရားအဖြစ် ကျော်ကြား‌ေသာ လူဖြစ်သည်။

**သူလည်း လင်ပေ့ဖန်ရဲ့ လက်ပါးစေတစ်ယောက် ဖြစ်လာတာလား? **

**ရဲရှင်းချန် မင်းရဲ့အတိတ်ဘ၀က ဘယ်လိုသေခဲ့ရတာလဲဆိုတာကို မင်းမေ့သွားပြီလား?**

** မင်းရဲ့အမျိုးသမီးကိုလည်း မင်းဘေးနားကနေ ဘယ်လိုခေါ်ထုတ်သွားတာလဲဆိုတာ မင်းမေ့နေပြီလား?**

** မင်းကို မသန်မစွမ်းဖြစ်အောင် လုပ်ပြီး မင်းရဲ့ခွန်အားကို ဘယ်လို ဆုံးရှုံးစေခဲ့တာလဲဆိုတာကိုရောမင်းမေ့သွားပြီးလား?**

** ခုတော့ မင်းက ဒီဘဝမှာ သူ့ရဲ့ လက်ပါးစေတစ်ယောက်ဖြစ်လာခဲ့တယ်ပေါ့လေ?ပြီးတော့သူ့ကိုတောင်မှ ကာကွယ်ပေးနေရတာလား?**

** ငါပြန်လည်မွေးဖွားလာပေ့မယ် မင်းတော့ မဟုတ်ဘူးဆိုတာကို ငါမေ့လုနီးပါးပဲ**

ရှောင်ချန်း၏ စိတ်သည် ပိုပြီးတော့လေးလံလာ‌သလို ခံစားနေရသည်။

ရဲ့ရှင်းချန်ကပါ လင်ပေ့ဖန်ဘက်ကနေ ကူညီပေး‌နေတာကြောင့် လင်ပေ့ဖန်ကို ဆက်ဆံရတာက ပိုပြီးတော့တောင်မှ အရင်ဘဝကထက် ခက်နေနိုင်သေးသည်။

**ကောင်းကင်ကြီး ဘာကြောင့် ငါ့ကို ဒီလိုဆက်ဆံရတာလဲ?*

**ငါပြန်လည်မွေးဖွားလာတာတောင်မကြာသေးဘူး ခု‌တော့ ဆေးရုံမှာလှဲနေရပြီ။ ငါ့စီနီယာအစ်ကိုက လည်း အချုပ်ခန်းထဲမှာပဲ ရှိနေ‌ေသးတယ်။ငါ့ရဲ့မဟာမိတ်ဖြစ်နိုင်တဲ့လူ‌ေတွအားလုံးကလည်း ရန်သူဘက်မှာရှိနေတယ်။**

**ငါ့ရဲ့ပြန်လည်မွေးဖွားလာမှုက လိပ်ပြာအကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့တာလား?**

**ဘာကြောင့် အရာရာတိုင်းက ကြေကွဲစရာအဖြစ်နဲ့ စတင်ရတာလဲ?**

All Chapters