← Chapters

အစ်ကိုမီးတောက်

Vol. 18 Ch. 265

အစ်ကိုမီးတောက်

Vol. 18 Ch. 265

“ယား”

တာလို့သည် သွေးများ စိုရွှဲလျက်...မွန်းစတားအုပ်စုထဲသို့ ပြေးဝင်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ အဝတ်အစားများ ပြဲနေသည်။ သူ၏ ဆင့်ကဲပြောင်းလဲမှုမှ သွေးစွမ်းရည်သည် သူ၏ ဒဏ်ရာများကို အဆက်မပြတ် ပြန်လည် ကုစားပေးနေသော်လည်း...ဖုတ်ကောင်များ၏ အရေအတွက်သည် အလွန်များပြားနေသည်။

ထို့အပြင် အုပ်စုအတွင်း၌ အားကောင်းသော ထိတ်လန့်ဖွယ်လူသားများလည်း ရောနှောပါဝင်နေသည်။ တာ့လိုသည် ရုန်းကန်လာရသည်...အဆက်မပြတ် အကိုက်ခံရပြီး လက်သည်းများဖြင့် ကုတ်ခြစ်ခံနေရသည်၊၊ သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဒဏ်ရာအသစ်များ ပွင့်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် လုချန်၏ M566 စက်သေနတ်သည် ကျည်ကုန်သွားလေပြီ။ သူ၏ ဘယ်ဘက်လက်ကို ပတ်တီးစည်းထားသည်...ညာဘက်လက်တွင် လင်းရှန် ကိုယ်တိုင် ပြုလုပ်ပေးထားသော GK03 လျှပ်စစ်ဓားကို ကိုင်ထားသည်။ လျှပ်စစ်မီးပွားများ လင်းလက်နေသော ဓားကို ကိုင်ကာ သူသည် အုပ်စုကို ဖြတ်၍ ပြေးလွှားနေသည်— ခုတ်ချက်တိုင်းသည် ဖုတ်ကောင်များစွာ၏ ခေါင်းကို တစ်ခဏချင်း ဖြတ်ပစ်လိုက်သည်။

စက်ရုပ်၏ အပြင်ဘက် မြင်ကွင်းစနစ်အတွင်းမှ၊ လင်းရှန်သည် ဤမြင်ကွင်းကို ကြည့်နေသည်၊ သူ၏ မျက်နှာသည် တင်းမာနေသည်။ တာလို့နှင့် လုချန်တို့ ကြာကြာခံနိုင်တော့မည်မဟုတ်ကြောင်း သူသိလေသည်။

“ဒီ ဖုတ်ကောင်တွေနဲ့ ထိတ်လန့်ဖွယ်လူသားတွေက... ငါတို့ ယူပေမြို့နဲ့ မြေအောက်မြို့မှာ ရင်ဆိုင်ခဲ့ရတဲ့ သူတွေထက် ပိုသန်မာနေတယ်လို့ ဘာလို့ ခံစားရတာလဲ”

အမှောင်ထုထဲတွင် ဖုတ်ကောင်အုပ်ကြီးသည် အနက်ရောင်ကင်းခြေများက ထိန်းချုပ်ထားသော အလောင်းကောင်များဖြင့်သာ ဖွဲ့စည်းထားခြင်း မဟုတ်ပေ— သာမန်ပုပ်ပွနေသော ဖုတ်ကောင်များပင် ပို၍ မြန်ဆန်ပြီး ပိုမို သန်မာလာခဲ့ကြသည်။ ၎င်းတို့ထဲတွင် ဆူးချွန်များပါသော ထိတ်လန့်ဖွယ်လူသားတစ်ကောင်ပင် ပါဝင်နေသည်....၎င်းသည် တာလို့၏ သံမဏိဓားကြီးကို လက်ဗလာဖြင့် ခုခံနေသည်၊၊ ဓားသည် ၎င်း၏ ကိုယ်ကို ထိသောအခါ သတ္တုဆူးချွန်များမှ မီးပွားများ ထွက်လာသည်။

တာလို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်ဖန် ပြန်၍ ဝှေ့ယမ်းလိုက်သည်၊၊သူ၏ ဓားသည် အသားလွှာများကို ခုတ်ဖြတ်သွားရာ သွေးများ လေထဲသို့ ပက်ကျဲသွားသည်။

ဘန်းးး

တာလို့ ရန်သူနှင့် ရုန်းကန်နေစဉ် ကျယ်လောင်သော သေနတ်သံတစ်ခု ထွက်ပေါ်လာသည်။

ဆူးများပါသော ထိတ်လန့်ဖွယ်လူသား၏ ခေါင်းသည် သူ၏ ရှေ့တွင် ပေါက်ကွဲသွားသည်၊၊ ၎င်း၏ သင်ဓုန်းဓားကဲ့သို့ ထက်သောသွားများ စီတန်းနေသော မေးရိုးသည် သွေးစွန်းသော အသားအပိုင်းအစများအဖြစ် ကြေမွသွားသည်၊၊ အချို့သည် တာလို့၏ မျက်နှာကို လွင့်စင်လာသည်၊၊ သူသည် သွေးများကို သုတ်လိုက်ပြီး ကျည်ဆံလမ်းကြောင်းကို အလိုလျောက် ကြည့်လိုက်မိသည်— ချန်ဆီရွှမ်သည် ရှုပ်ထွေးမှုများကြားတွင် မတ်တပ်ရပ်နေပြီး၊ သူမ၏ ရိုင်ဖယ်ကို ပြီးပြည့်စုံသော ပစ်ခတ်မှု အနေအထားဖြင့် အေးဆေးစွာ ကိုင်ထားသည်ကိုသာ မြင်လိုက်ရသည်။

တာလို့သည် ချက်ချင်းပင် သူမကို ကျေးဇူးတင်သော အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချန်ဆီရွှမ်ကလည်း သူ့ကို အနည်းငယ် ခေါင်းညိတ်ပြပြီး သူမ၏ နောက်ပစ်မှတ်ကို လျင်မြန်စွာချိန်လိုက်သည်။

သူမ ခလုတ်ကို ဆွဲတိုင်း သူမ၏ နှုတ်ခမ်းများသည် အနည်းငယ် လှုပ်ရှားနေပြီး၊ နံပါတ်တစ်ခုကို တီးတိုးရွတ်ဆိုနေသည်-

“တစ်ဆယ့်ခုနစ်”

ဘန်း

“တစ်ဆယ့်ရှစ်”

သူမ၏ ပစ်မှတ်များသည် အလျင်မြန်ဆုံးနှင့် အသန်မာဆုံး ထိတ်လန့်ဖွယ်လူသားများနှင့် ထူးဆန်းသောသတ္တဝါများ ဖြစ်သည်။ တိကျသောပစ်ခတ်မှု တစ်ခုစီဖြင့် သူမသည် အခြားသော ကြောက်မက်ဖွယ်မွန်းစတားတစ်ကောင်ကို ငရဲသို့ တိုက်ရိုက် ပို့လိုက်သည်။

မည်သည့်အချိန်က စတင်ပြောင်းလဲခဲ့မှန်း မသိရသည့် ယခင်က ကျိအန်းမြို့ နိုင်ငံခြားဘာသာစကားဆရာမသည် စစ်မှန်သောစနိုက်ပါတစ်ယောက်၏ အေးစက်သောအော်ရာကို ထုတ်လွှတ်နေသည်။

ဖုတ်ကောင်အုပ်ကြီးသည် ပို၍ပင် ပြင်းထန်လာသည်၊ ဖိအားသည် တိုးမြှင့်လာသည်—

အုန်းး

မီးနတ်ဘုရား၏ အဓိက အမြောက်သည် ၎င်း၏ နောက်ဆုံး ကျည်ဆံကို ထုတ်လွှတ်လိုက်ပြီး၊ အနက်ရောင် ကင်းခြေများ အုပ်စုကြီးကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းတို့၏ အမွေးများ ဖုံးနေသော ကိုယ်ထည်များသည် ချက်ချင်း မီးတောက်လာပြီး၊ စစ်မြေပြင်တစ်လျှောက် မီးလှိုင်းများ သယ်ဆောင်လာသည်။

ထိုအချိန်—

မူမမှန်သော....သဘာဝမကျသော အော်သံတစ်ခု ညမှောင်ထဲတွင် ပဲ့တင်ထပ်လာသည်။

စက်ရုပ်အတွင်း၌ ရေဒါ သတိပေးစနစ်သည် အချက်ပေးသံများဖြင့် ဆူညံလာသည်၊၊

အပြင်ဘက်မြင်ကွင်းစနစ်သည် အလိုအလျောက် ချဲ့လိုက်သည်။

မီးလျှံများကြားမှ ကြီးမားသော ခြေလက်များစွာပါသော ထူးဆန်းသော သတ္တဝါတစ်ကောင်— မီတာများစွာရှည်သည်— အုပ်စုထဲမှ ပြေးထွက်လာပြီး တာလို့ဆီသို့ တိုက်ရိုက် အရှိန်အဟုန်ဖြင့် ဝင်လာသည်၊၊

ထိုသတ္တဝါသည် ဇောက်ထိုးလူသားတစ်ဦးနှင့်တူသည်၊၊ ၎င်း၏ ခြေလက်များသည် ပုံပျက်ပန်းပျက် တွန့်လိမ်နေသည်၊၊ ၎င်း၏ သွေးနီရောင်လက်တံများသည် ထူးဆန်းပြီး လူမဆန်သောပုံစံဖြင့် လှုပ်ရှားနေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် တာ့လို၏ နောက်ကျောသို့ ရောက်ရှိနေပြီ ဖြစ်သည်၊၊

ယခုအချိန်၌ တာလို့သည် သွေးများ လုံးဝ စိုရွှဲနေသည်....သူ၏ မျက်လုံးများသည် တောက်ပနေကာ သူ၏ စွမ်းအားမှာ ကုန်ခါနီးလေပြီ။

“တာလို့....မင်းနောက်မှာ...”

လင်းရှန်သည် ချက်ချင်း တံခါးဖွင့်ခလုတ်ကို ရိုက်ချလိုက်ပြီး ကူညီရန် အသင့်ပြင်လိုက်သည်။

သို့သော်— နောက်ကျသွားခဲ့ပြီ။

ထူးဆန်းသော သတ္တဝါ၏ ရှည်လျား၍ ဆူးများပါသောလက်တံများထဲမှ တစ်ခုသည် လှံကဲ့သို့ ရှေ့သို့ ထိုးထွက်လာပြီး တာလို့၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်—

“နိမ့်ကျတဲ့ တိရစ္ဆာန်....မင်းက ငါ့ အခန်းဖော်ကို အလစ်တိုက်ရဲတယ်လား”

ဝုန်းးးးး

ရုတ်တရက်—

ကြီးမားသော သွေးနီရောင် မီးလုံးတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး မီတာတစ်ရာပတ်လည်ကို လောင်ကျွမ်းသွားသည်၊၊

မီးလုံးသည် ထူးဆန်းသော သတ္တဝါကို မြေပြင်သို့ ဖိကပ်လိုက်သည်၊၊

အရိပ်တစ်ခုသည် အပေါ်မှ ဆင်းသက်လာသည်...သူ၏ လက်များကို တိုက်ပွဲဝင်ပုံစံဖြင့် မြှောက်ထားသည်....ပြင်းထန်သော အပူချိန်မြင့်မီးလျှံများသည် အားကောင်းစွာ ထွက်ပေါ်လာသည်။

ထူးဆန်းသော သတ္တဝါသည် နာကျင်စွာ လူးလှိမ့်ပြီး အော်ဟစ်နေသည်။

ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များသည် ချက်ချင်း မီးလောင်ကျွမ်းသွားပြီး....၎င်းတို့၏ ကိုယ်ခန္ဓာများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ပေါက်ကွဲမှုမှ ရိုက်ခတ်လှိုင်းသည် တာလို့ကို နောက်သို့ လွင့်စင်သွားစေသည်....သူ၏ သံမဏိဓားကြီးသည် မီးတောက်များကို ကာကွယ်ပေးထားသည်။

လုရှင်းချန်....

“ပြာမှုန့်က မင်းရဲ့ နောက်ဆုံး ကံကြမ္မာ ဖြစ်စေရမယ်”

ဒုံးပျံအကူပစ်လွှတ်ကိရိတစ်ခုလို လုရှင်းချန်သည် မီးမုန်တိုင်း၏ အပေါ်တွင် ဝဲနေသည်....သူ၏ မီးလျှံများသည် မထိန်းချုပ်နိုင်ဘဲ တောက်လောင်နေသည်။

သူ၏ အောက်တွင် ထူးဆန်းသော သတ္တဝါသည် မီးသွေးခဲအဖြစ်သို့ လောင်ကျွမ်းသွားပြီ။

သူ၏ လက်များကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်ပြီး လုရှင်းချန်သည် မီးတောက်များကို လှိုင်းလုံးတစ်ခုပမာ ထုတ်လွှတ်လိုက်သည်၊၊ ထို့နောက် သူ၏ ရှုးဖိနပ်များသည် သူ၏ အောက်ရှိ မီးလောင်ထားသော အလောင်းကို နင်းခြေလိုက်ရင်း လှပစွာ ဆင်းသက်လာသည်—

ခရက်—

မီးလောင်ထားသော သတ္တဝါသည် မီးခိုးငွေ့ ထွက်နေသော ပြာမှုန်များအဖြစ် ပြိုကွဲသွားသည်။

စက်ရုပ်အတွင်း၌ လင်းရှန်သည် သက်ပြင်းချလိုက်သည်။

“သူ့ကို ချန်ဆီရွှမ် ခေါ်လိုက်တာ ဖြစ်ရမယ်”

သူ တွေးလိုက်သည်။

“ဝါး..အစ်ကိုမီးတောက်ပဲ”

“မီးနတ်ဘုရား ရောက်လာပြီ”

အနန္တ ရထားအဖွဲ့ဝင်များကြားမှ စိတ်လှုပ်ရှာသွားသော မိန်းကလေးပရိတ်သတ်အနည်းငယ်က အားပေးလိုက်ကြသည်။

လင်းရှန်သည် မီးနတ်ဘုရားစက်ရုပ်ထဲမှ ထွက်လာသည်၊၊ ပြာမှုန်များကြားမှ သူရဲကောင်းပုံစံဖြင့် ရပ်နေသော လုရှင်းချန်ကို တစ်ချက် ကြည့်လိုက်သည်။

သူ မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်မိသည်၊၊

“သေစမ်း... ဒီကောင်က ဘာလို့ အမြဲတမ်း ဒီလိုထူးခြားတဲ့ အင်ထရိုတွေ လုပ်နေရတာလဲ။ ဒါပေမယ့် ဒီတစ်ခါတော့ တကယ်ကို မိုက်နေတယ်”

၎င်းတို့၏ ဆုတ်ခွာမှုကို လုံခြုံစေပြီးနောက်…ကီကီနှင့် ကျန်သူများသည် လမ်းကြမ်းယာဉ်များဖြင့် ရောက်လာကြသည်၊၊ လင်းရှန်နှင့် အစ်ကိုမီးတောက်(Fire Bro-လုရှင်းချန်)က နောက်တန်းကို ကာဗာပေးကြသည်။

“ကီကီ စက်ရုပ်ကို ရထားထဲ ထည့်လိုက်”

“နားလည်ပါပြီ”

ရထား၏ ကြီးမားသော တံခါးများ ပိတ်သွားသည်၊၊ အနန္တရထား၏ အပြင်ဘက် သံချပ်ကာသည် လျှပ်စစ်ဓားသွားကာကွယ်ရေးစနစ်ကို ဖြန့်ကျက်လိုက်သည်၊၊ နောက်ထပ်သတ္တဝါများ ၎င်းတို့၏ ကာကွယ်ရေးကို ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း မရှိစေရန် သေချာစေလေသည်။

အတွင်း၌ မောပန်းနွမ်းနယ်နေသော အသက်ရှင်ကျန်ရစ်သူဒါဇင်များစွာသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

လင်းရှန်သည် သူတို့၏ စက်စ္စည်းများ— မီးနတ်ဘုရားစက်ရုပ်၊ ဆေးဘက်ဆိုင်ရာအသက်ကယ်ကုသစက်၊ ထောက်ပံ့ရေးပစ္စည်းများနှင့် လျှို့ဝှက်ဆန်းကြယ်သော ထိန်းသိမ်းကိရိယာကို တစ်ချက် ကြည့်လိုက်သည်။

သူ၏ မျက်လုံးများတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။

“နောက်ဆုံးတော့... ငါတို့ ပြန်ရောက်ပြီ။ ငါတို့ရဲ့ ခွန်အားကို အဆင့်မြှင့်ဖို့ အချိန်ရောက်ပြီ”

All Chapters