နူကလီးယားစွမ်းအင်ကို ဝါးမျိုခြင်း
Vol. 18 Ch. 267
ကီကီ၏ မျက်လုံးများ လင်းလက်သွားသည်။
“အော် ဟုတ်သားပဲ…အဲ့ဒီလူက ဖောင်ဒေးရှင်းအတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ အများကြီး သိနိုင်တယ်”
“ကျွန်မတို့မှာ Gemini 11R နျူကလီးယား လျှပ်စစ်မီးရထားစက်ခေါင်းရှိတဲ့အတွက် စွမ်းအင်က ပြဿနာ မဟုတ်ဘူး။ ပြီးတော့ ကီကီက စိတ်စွမ်းအင် သုံးနိုင်တဲ့အတွက် သေနတ်တွေတောင် မလိုဘူး” တင်းကျန်းရီသည် သူမ၏ ခေါင်းကို မော့ကာ ကီကီကို တာဝန်ပေးချင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“နိဂုံးချုပ်ရရင် ကျွန်မ ရှေ့မှာ မြင်နေရတာက ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ အော်...ဒါနဲ့ တိတိကျကျ ပြောရရင်—နင် အရွယ်ရောက်ပြီးပြီလား”
“မကြားဘူး….ကျွန်မ ဘာမှ မကြားဘူး”
ကီကီသည် လုံးဝ အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။ သူမသည် သူမ၏ နားများကို ပိတ်လိုက်ပြီး အသက်လုထွက်ပြေးသကဲ့သို့ ရထားတွဲ ၃ မှ ထွက်ပြေးသွားသည်။
ရေချိုးပြီးနောက် သူမသည် ရထားတွဲ ၂ သို့ ပြန်လာပြီး သူမအတွက် အထူးပြုလုပ်ထားသော ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။ ရှားရှားသည် အိပ်ပျော်နေပြီဖြစ်သော်လည်း ကီကီသည် လူးလဲနေပြီး အိပ်မပျော်နိုင်ပေ။
ဆွစ်…
ကီကီသည် သူမ၏ ကုတင်ဘေးရှိ ပြတင်းပေါက်မှ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ အပြင်ဘက်တွင် ထူးဆန်းသော ဖုတ်ကောင်အနည်းငယ်သည် အမှောင်ထဲတွင် ထိတ်လန့်ဖွယ်ရာ ရပ်နေကြသည်။ အလင်းထွက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ခြောက်ခြားဖွယ်ရာ အော်သံများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ကြသည်၊၊ ၎င်းတို့၏ ပုပ်ပွနေသော လက်များသည် ပြတင်းပေါက်ပေါ်ရှိ သံဇကာကွက်များကို စိတ်မသက်မသာ ဖြစ်စေသော တဂျစ်ဂျစ်မြည်သံဖြင့် ကုတ်ခြစ်နေကြသည်။
ဘေးတိုက် လှဲလျက် ကီကီသည် ခေါင်းအုံးပေါ်တွင် ခေါင်းတင်ထားပြီး အတွေးများဖြင့် ပြည့်နေသော စိတ်ဖြင့် ဖုတ်ကောင်များကို စိုက်ကြည့်နေသည်။ သူမသည် လက်ကို ဆန့်ထုတ်ကာ မှန်ကို လက်ချောင်းထိပ်ဖြင့် ဖွဖွတို့ထိနေပြီး အတွေးထဲတွင် နစ်မြုပ်နေသည်။
“ဟိုကောင်... အရင်က အရမ်းသတိကြီးတာ မဟုတ်ဘူးလား”
ဒေါက် ဒေါက် ဒေါက်။
သူမသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် မှန်ကို လက်ချောင်းများဖြင့် ခေါက်နေသည်၊၊ အပြင်ဘက်တွင် အထူးသဖြင့် ရူးသွပ်စွာ လှုပ်ရှားနေသော ဖုတ်ကောင်တစ်ကောင်ကို ကြည့်နေသည်။ သူမ တိုးတိုးလေး ရေရွတ်သည်၊၊
“ဟုတ်တယ် နင်လည်း သူ့ကို ငတုံးလို့ ထင်တယ် မဟုတ်လား”
“အာ့ဂ်ဟ်ဟ်”
ထိုဖုတ်ကောင်က သူ့ကို ပြန်ဖြေသလို အော်လိုက်သည်၊၊
“အတိအကျပဲ…ညလယ်ကြီးကို ရောက်နေပြီ၊၊ သူက လူတွေကို စိတ်ပူအောင် လုပ်နေရတုန်းပဲ။ နင် ငါ့အတွက် သူ့ကို သွားကြည့်ပေးလို့ ရမလား….သူ မြန်မြန် ပြန်လာအောင် ကြောက်အောင်လည်း လုပ်ပေးလိုက်ဦး”
“ဂရာ့ဟ် အာ့ဂ်ဟ် ဝါးဘား လားဘား ဒပ် ဒပ်~”
ထိုဖုတ်ကောင်သည် ဆက်လက် အော်ဟစ်နေသည်။
“ဟူး”
ကီကီသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ကာ ထို့နောက် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “ထားလိုက်ပါတော့ နင် မသွားနဲ့။ သူ့ကို ဒုက္ခ မပေးနဲ့”
ထိုသို့ ပြောပြီးနောက် သူမသည် လက်ချောင်းများကို အမြန်လှုပ်ရှားလိုက်သည်..ဗြစ်… ထို ဖုတ်ကောင်၏ ခေါင်းသည် ချက်ချင်း ဘောလုံးတစ်လုံးအဖြစ် ဖိသိပ်သွားပြီး သွေးများ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။
ပထမ ဖုတ်ကောင်လဲကျသွားသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကောင်သည် ချက်ချင်း ယိုင်နဲ့စွာ ရှေ့သို့ တိုးလာသည်။
ဘရွမ်းးး
ည၏ အမှောင်ထုအောက်တွင် ဆိုင်ကယ်တစ်စီးသည် လူသူကင်းမဲ့သော အဝေးပြေးလမ်းတစ်လျှောက် အလျင်အမြန် မောင်းနှင်နေသည်။
လင်းရှန်သည် PX-05 စက်ရုပ်ကို သယ်ဆောင်ပြီး ချင်းရွှေမြို့၏ အရှေ့မြောက်ဘက်သို့ ဝင်ရောက်လာသည်။ ဖုတ်ကောင်အလုံးအရင်းကို ဆွဲဆောင်ခြင်းမှ ရှောင်ရှားရန် သူသည် သူ၏ ဆိုင်ကယ်ကို လမ်းမကြီးအပြင်ဘက်တွင် ရပ်ထားခဲ့ပြီးနောက် သူ၏ စွမ်းအားမြှင့်ဝတ်စုံကို အသက်သွင်းကာ အမှောင်ထု၏ အကာကွယ်အောက်၌ ခေါင်မိုးများပေါ်မှ အလျင်အမြန် ပြေးလွှားသွားသည်။
သူသည် မီတာများစွာ ခရီးသွားခဲ့ပြီးဖြစ်သော်လည်း ထူးဆန်းသော သတ္တဝါများ၏ တိုက်ခိုက်မှုကို မတွေ့ကြုံရသေးပေ။ ၎င်းသည် သူ အမှတ်အသား မပြုလုပ်ခံရခြင်း သို့မဟုတ် ဤဧရိယာတွင် ထူးဆန်းသောသတ္တဝါများ မရှိတော့ခြင်း ဖြစ်နိုင်သည်။ အကြောင်းရင်းမည်သို့ပင်ဖြစ်စေ ဤအရာသည် တင်းကျန်းရီ၏ သီအိုရီကို ပိုမို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
ဘန်း
အရိပ်တစ်ခုသည် အပေါ်မှ ခုန်ဆင်းလာပြီး ပျက်ကျနေသော Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ကုန်းပတ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ လင်းရှန်သည် ငြိမ်သက်စွာ စောင့်ကြည့်နေသည်၊၊ ဘာမှ မရှိကြောင်း အတည်ပြုလိုက်ပြီး—ဖုတ်ကောင်များ မဟုတ်၊ အမည်မသိသတ္တဝါများ မဟုတ်ပေ—သူသည် တိတ်ဆိတ်စွာ အတွင်းသို့ ဆက်သွားသည်။
ကုန်တင်ခန်းအတွင်းသို့ ရောက်သည်နှင့် လင်းရှန်သည် သူ၏ ဓာတ်မီးကို ချက်ချင်း ဖွင့်လိုက်သည်။ ဤသယ်ယူပို့ဆောင်ရေးသင်္ဘော၏ အားသာချက်တစ်ခုမှာ ပုံမှန် ဖုတ်ကောင်များ ဝင်ရောက်နိုင်ခြင်း မရှိခြင်းပင်ဖြစ်သည်။ သို့သော် ညဘက်တွင် အခြားမည်သည့်အရာများ ပုန်းအောင်းနေနိုင်သည်ကို သူ မသေချာသောကြောင့် သူသည် အလွန် သတိထားနေခဲ့သည်။
ပုပ်သိုးသောအနံ့သည် စင်္ကြံလမ်းများတစ်လျှောက် တိုက်ခတ်လာသည်၊၊ ပိတ်ထားသော နေရာတွင် ပို၍ ပြင်းထန်လာသည်။ လင်းရှန်သည် ထိုသို့သော အနံ့များကို ကြာမြင့်စွာ ကျင့်သားရနေပြီဖြစ်၍ မျက်တောင်ပင် မခတ်ပေ။
“ကောင်းပြီ…ပြဿနာတွေ အားလုံး ပြီးသွားပြီနဲ့တူတယ်”
“ကောင်းတာပေါ့၊ မဟုတ်ရင် မနေ့ညက ကျည်ဆန် ဘယ်လောက် ကုန်သွားလဲဆိုတာ ထည့်တွက်ရင်...”
သက်ပြင်းချကာ လင်းရှန်သည် ကုန်းပတ်ကို ဖြတ်၍ နောက်ဘက် စွမ်းအင်ခန်းဆီသို့ အလျင်အမြန် သွားသည်၊ ထိုနေရာတွင် နျူကလီးယားတာဘိုင်ပရိုဆက်ဆာ တည်ရှိသည်။
“မင်းက အဲ့ဒီမှာ ရှိတာပေါ့”
သူသည် PX-05 စက်ရုပ်ကို ထုတ်ယူပြီး ကီကီက ကြိုတင်သတ်မှတ်ပေးထားသော ကင်းလှည့်ပရိုဂရမ်ကို အသက်သွင်းလိုက်သည်။
ဝှစ်
စက်ရုပ်၏ တွန်းကန်အားအင်ဂျင်သည် မြည်သံပေးပြီး မြေပြင်မှ မြှောက်တက်လာကာ ၎င်း၏ ကင်းလှည့်လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်သည်။ လင်းရှန်သည် ကင်းလှည့်ဇုန်ကို ကန့်သတ်လိုက်သည်—နောက်ဘက် အခန်းနှင့် စင်္ကြံလမ်းမျှသာ ဖြစ်သည်။
“ကောင်းပြီ၊ ဒီည မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အဖော်ပဲ”
သူသည် စက်ရုပ်ကို ပုတ်လိုက်သည်၊၊ ၎င်းသည် လေထဲတွင် အနည်းငယ် ယိမ်းထိုးသွားပြီးနောက် ပတ်ဝန်းကျင်ကို 3D မြေပုံဆွဲခြင်း စနစ်ဖြင့် စကင်န်ဖတ်ကာ ၎င်း၏ ကင်းလှည့်မှု လမ်းကြောင်းကို ပုံဖော်လိုက်သည်။
လင်းရှန်သည် ၎င်းကို လျစ်လျူရှုပြီး စွမ်းအင်ခန်းဆီသို့ လျှောက်သွားကာ ဝါးမျိုခြင်းကို ပြင်ဆင်သည်။
“နျူကလီးယား စွမ်းအင်ကို ပထမဆုံးအကြိမ် ဝါးမျိုခြင်း... တန်ဖိုးရှိမယ်လို့ မျှော်လင့်ပါတယ်”
အသက်ကို ပြင်းပြင်း ရှူသွင်းကာ သူသည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးနောက် နျူကလီးယားတာဘိုင်ပရိုဆက်ဆာပေါ်သို့ တက်ကာ သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်သည်။
【ဝါးမျိုမှု တိုးတက်မှု- ၁%】
သူသည် ထိုဧရိယာကို ကြိုတင် စကင်န်ဖတ်ထားသောကြောင့် ဝါးမျိုမှု ဖြစ်စဉ်သည် အကျိုးသက်ရောက်လာသည်ကို ချက်ချင်း ခံစားမိသည်။ ရုတ်တရက် အလွန်ကြီးမားသောဖိအားတစ်ခု လွှမ်းခြုံလာသည်။ သူ၏ မျက်နှာ နက်မှောင်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်-
“သေစမ်း... ငါ လျှော့တွက်မိသွားပြီ”
သူသည် မူလက လေးနာရီမှ ခြောက်နာရီအထိ ကြာမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ ၎င်းသည် အလွန် အကောင်းမြင်လွန်းကြောင်း သူ သဘောပေါက်လိုက်သည်။ ပိုကြာမည့်အပြင် စွမ်းအင်ကုန်ခန်းမှုက အလွန်အမင်း ပြင်းထန်သည်—သူ၏ စိတ်ထဲသို့ ရေလွှမ်းမိုးမှုတစ်ခု ဝင်ရောက်လာသကဲ့သို့ပင်။
တစ်မိနစ်ပင် မပြည့်မီမှာပင်၊ သူ၏ နဖူးမှ ချွေးများ စီးကျနေပြီဖြစ်သည်၊၊ သူ၏ ယန္တရားနှလုံးသားသည် အပြည့်အဝလည်ပတ်နေသည်။
လင်းရှန်သည် သူ၏ သွားများကို စေ့ထားလိုက်သည်။
“ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒါကို အဆုံးသတ်အောင် လုပ်မယ်”
ဤအချိန်မှစ၍ ဝါးမျိုခြင်း၏ တစ်မိနစ်တိုင်းသည် ညှဉ်းပန်းနှိပ်စက်မှုကဲ့သို့ ခံစားရသည်။ သူသည် နာရီပေါင်းများစွာ ခံနိုင်ရည်ရှိရမည်။
အချိန်များ ဆက်တိုက် စီးဆင်းနေသည်။ သူ၏ အဝတ်အစားများသည် ချွေးများ လုံးဝ စိုစွတ်နေပြီး…သူ၏ စွမ်းအားမြှင့်ဝတ်စုံရှိ အသက်ကယ်စနစ်ပင် မူမမှန်မှုများကို တွေ့ရှိပြီး အရေးပေါ် သတိပေးချက်များ ထုတ်ပြန်နေသည်-
【နှလုံးခုန်နှုန်း မှားယွင်းနေသည်၊၊】
【အီလက်ထရိုလိုက် ကုန်ခန်းနှုန်း မူမမှန်ပါ။】
【သတိပေးချက်: ပြင်းထန်သော အာရုံကြော လှုပ်ရှားမှု တွေ့ရှိသည်။】
တစ်နာရီ၊ နှစ်နာရီ...
ငါးနာရီ၊ ခုနစ်နာရီ...