← Chapters

နားလည်မှုလွဲသွားတာ

Vol. 18 Ch. 268

နားလည်မှုလွဲသွားတာ

Vol. 18 Ch. 268

တွင်းနက် ပိုမို နီးကပ်လာသည်နှင့်အမျှ ဟန်ရှန်းတောင်ကြား၏ နေထွက်ချိန်သည် နံနက် ၁၁ နာရီသို့ နောက်ကျသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနန္တ ရထားပေါ်၌ အဖွဲ့ဝင်များသည် တစ်ညတာ အနားယူပြင်ဆင်ပြီးနောက် အပြည့်အဝ ပြန်လည်ကောင်းမွန်ကာ အဆင်သင့်ဖြစ်နေကြသည်၊၊

ကီကီသည် သူမ ဘယ်လောက်ကြာကြာ လူးလဲနေခဲ့ပြီးမှ နောက်ဆုံး အိပ်ပျော်သွားသည်ကို မသိပေ။ သို့သော် မိုးလင်းချိန်တွင် လင်းရှန် မရောက်သေးသည်ကို သိသောအခါ သူမသည် ချန်ဆီရွှမ်ကို အလျင်အမြန် ရှာဖွေခဲ့သည်။

“အစ်မချန် မနက်ရောက်နေပြီ။ ကျွန်မ သူ့ကို ရှာဖို့ ချင်းရွှေမြို့ကို သွားတော့မယ်”

တစ်ညလုံး မအိပ်ရသေးသော ချန်ဆီရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ဂရုစိုက်သွား… လမ်းမှာ လင်းရှန်ကို ဆက်သွယ်လို့ ရရင် ငါ့ကို သတင်းပို့ပါ”

“ကောင်းပါပြီ”

ကီကီသည် ခိုင်မာစွာ ခေါင်းညိတ်ပြီးနောက် အပြင်သို့ ထွက်သွားသည်၊၊ လက်ချောင်းများကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ကာ ဖုတ်ကောင်တစ်အုပ်ကို ကြေမွသွားစေပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

“ဂျစ်... ဂျစ်...”

“ဖက်ဒရေးရှင်း... ဖီးနစ်ရေဒီယို ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှင့်မှု: တွင်းနက်ဇုန် အမှတ် ၃ ၏ အမှောင်ဒီရေသည် ၃၅ ရက်အတွင်း ချွမ်းချန်နှင့် တာကန် သကန္တာရအပေါ်၌ တွင်းနက်ဇုန် အမှတ် ၅ နှင့် ပေါင်းစည်းမည်။ အရှေ့မြောက်ဘက်သို့ ထွက်ခွာသော အသက်ရှင်ကျန်ရစ်သူများ ချက်ချင်း ထွက်ခွာသင့်သည်။ စီလန်နှင့် ချွမ်းချန်ရှိ ဖီးနစ်စခန်းများက အကူအညီ ပေးနေပါသည်...”

“ဂျစမ... တွင်းနက်ဇုန် အမှတ် ၇ ၏ အမှောင်ဒီရေသည် ၂၈ ရက်အတွင်း ဝေမြစ်၊ လုံကျန်းနှင့် ကျင်းဟိုင်ဒေသများအပေါ်၌ တွင်းနက်ဇုန် အမှတ် ၅ နှင့် ပေါင်းစည်းမည်။ အရှေ့ဘက် ရှင်းချန်၊ ခန်းချန်နှင့် ယုံကျန်းဆိပ်ကမ်းဘက်သို့ ဦးတည်သော အသက်ရှင်ကျန်ရစ်သူများ ချက်ချင်း ထွက်ခွာသင့်သည်။ ဖီးနစ်သည် ကျင်းဟိုင်နှင့် ယုံကျန်းဆိပ်ကမ်းတို့တွင် အကူအညီစခန်းများ ဖွင့်လှစ်ထားပါသည်...”

“ဂျစ်...စီလန်စခန်းက သတင်းပို့သည်: S-Class ထူးဆန်းသောသတ္တဝါတစ်ကောင်ကို ပါမားမြက်ခင်းပြင် အနက်ပိုင်းတွင် မနေ့က တွေ့ရှိခဲ့ရသည်၊၊ သို့သော် တောင်ဘက် ပိုင်လုစိမ့်မြေများအနီးတွင် ပျောက်ကွယ်သွားခဲ့သည်...”

ရထားတွဲ ၂ အတွင်း၌ ချန်ဆီရွှမ်နှင့် ရှုချင်းတို့သည် ကမ္ဘာပျက်ကပ်ရေဒီယို၏ နောက်ဆုံးရသတင်းများကို သေချာစွာ နားထောင်နေရင်း အခြေအနေကို စောင့်ကြည့်နေကြသည်။

“ကီကီက လင်းရှန်ကို ရှာဖို့ သွားပြီ။ မကြာခင် သတင်းရသင့်တယ်”

သူတို့၏ အဓိက ခေါင်းဆောင်မရှိသောကြောင့် အဖွဲ့ဝင်များသည် စိုးရိမ်ပူပန်စိတ်များလာကြသည်။ မသိစိတ်ဖြင့် လူတိုင်း၏ အကြည့်များသည် ချန်ဆီရွှမ်ဆီသို့ ဦးတည်သွားသည်။

သူမ၏ စိတ်မသက်မသာ ဖြစ်မှုကို ထိန်းချုပ်ကာ ချန်ဆီရွှမ်သည် ကိုယ်ကို တည်ငြိမ်စေသည်။

“ဒီသတင်းသစ်တွေက ငါတို့ရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကို ပိုသက်ရောက်မှု ရှိလာလိမ့်မယ်”

မြေပုံကို စစ်ဆေးရင်း သူမက ထပ်ပြောသည်၊၊

“ပိုင်လုစိမ့်မြေ... အဲ့ဒါ ဝေမြစ်အနီးမှာပဲ။ ငါတို့ လမ်းကြောင်း ပြောင်းရနိုင်တယ်”

ရှုချင်းက ခေါင်းညိတ်သည်။

“ဒီနေ့ နေ့အလင်းရောင် ရှိတုန်းမှာ အဲ့ဒီအပိုင်းကို အလျင်စလို ဖြတ်မသွားဘူးဆိုရင်ပေါ့”

“လင်းရှန် ပြန်လာတာကို ငါတို့ စောင့်မယ်”

ချန်ဆီရွှမ်က ဆုံးဖြတ်သည်။

“သူမှာ တခြား အစီအစဉ်တွေ ရှိကောင်း ရှိနိုင်တယ်”

ထိုအချိန်၌ ကီကီ၏ အသံသည် ရေဒီယိုမှ အက်ရှစွာ ထွက်ပေါ်လာသည်။

“အစ်မချန် ကျွန်မ သူ့ကို တွေ့ပြီ။ သူ အဆင်ပြေတယ်”

အဖွဲ့အပေါ်တွင် သိသာထင်ရှားသော စိတ်သက်သာရာရမှု လှိုင်းတစ်ခု ဖြတ်သန်းသွားသည်။

ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ချလက်ချ ဖြစ်နေသော ချန်ဆီရွှမ်သည် နက်ရှိုင်းစွာ အသက်ရှူထုတ်လိုက်သည်။ “ကောင်းပြီ၊ ထမင်းစားကြရအောင်။ လင်းရှန် ပြန်လာတာနဲ့ ငါတို့ ခရီးစထွက်မယ်”

တစ်ချိန်တည်းမှာပင် ကီကီသည် ချင်းရွှေမြို့ဆီသို့ အရှိန်ပြည့်ဖြင့် ပျံသန်းနေရင်း စိတ်တိုစွာ ရေရွတ်နေသည်၊၊ “ဘာတွေလုပ်နေလို့… ဒီလောက်ကြာနေတာလဲ… သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးလုံးကို ဝါးမျိုဖို့ သူစီစဉ်နေတာလား”

သူမ၏ ညည်းတွားလိုက်ရင်း သူမသည် မသိစိတ်ဖြင့် အရှိန်ကို မြှင့်လိုက်သည်။

မကြာမီ သူမသည် သယ်ယူပို့ဆောင်ရေးသင်္ဘောသို့ ရောက်ရှိလာကာ ဧရိယာကို ကင်းထောက်လိုက်သည်၊၊ ပြီးနောက် သူမ၏ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။

“လင်းရှန်... ရှင် အဲ့ဒီထဲမှာ ရှိလား”

“အင်း...” သူ၏ အသံသည် လုံးဝ ကုန်ခန်းနေပုံရသည်။

ကီကီ၏ မျက်နှာအမူအရာ တင်းမာသွားသည်။ သူမသည် အတွင်းသို့ ပျံသန်းသွားသည်၊၊စင်္ကြံလမ်းများကို လိုက်၍ အောက်ဘက် စွမ်းအင်ခန်းသို့ ရောက်သွားသည်—ထိုအခါ လင်းရှန်သည် ထောင့်တစ်နေရာတွင် ပစ်လဲနေသည်၊၊ ချွေးများ ရွှဲနေကာ ဖြူဖျော့နေပြီး အသက်ရှူကျပ်နေသည်ကို တွေ့လိုက်ရသည်။ PX-05 စက်ရုပ်သည် သူ၏ ဘေးတွင် ဝဲနေပြီး တိတ်ဆိတ်စွာ စောင့်ကြပ်နေသည်။

“ဟေး ရှင်...”

ကီကီ၏ မျက်နှာပျက်သွားပြီး သူမသည် အံ့အားသင့်ကာ ပြေးသွားသည်။

“ရှင် ဘာဖြစ်နေတာလဲ”

လင်းရှန်သည် ဖြည်းညင်းစွာ အသက်ရှူနေသည်၊၊ ပင်ပန်းနွမ်းနယ်မှုသည် သိသာထင်ရှားသော်လည်း ကျေနပ်သော အပြုံးဖြင့် “အကြီးစား တစ်ကောင်ကို ချေမှုန်းနိုင်ခဲ့တယ်... ငါ့ကို ကြိုးစားအားထုတ်မှု အနည်းငယ် ကုန်ကျစေခဲ့တယ်”

“ရှင့်ကို သွေးစုပ်ဖုတ်ကောင်က ကိုက်သွားတာလား” ကီကီသည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏ နဖူးပေါ်သို့ လက်ကို တင်လိုက်သည်၊၊ ထို့နောက် သူမ၏ နဖူးကို ပြန်ကိုင်ကြည့်ကာ နှိုင်းယှဉ်ကြည့်နေသည်။

“ရှင် တကယ် အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ်”

လင်းရှန်သည် ကိုယ်ကို မတ်၍ ထိုင်လိုက်သည်၊၊ သူ၏ စနစ်မြင်ကွင်းသည် ရွှေရောင်စာသားများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

【ဝါးမျိုမှု ပြီးစီးသည်။ +၁၀၀၀ ယန္တရားရင်းမြစ်အမှတ်၊ +၄၀၀ ယန္တရားဝါးမျိုကျွမ်းကျင်မှု ရရှိသည်။ အပိုဆု: +၂၀ ခွန်အား၊ +၂၀ အမြန်နှုန်း၊ +၂၀ ကာကွယ်ရေး】

【ဂုဏ်ယူပါသည်။ ယန္တရားဝါးမျိုမှုသည် အဆင့် ၄ သို့ ဆင့်ကဲပြောင်းလဲသွားသည်။】

【ဂုဏ်ယူပါသည်။ သင်၏ ခွန်အားအဆင့်သည် အဆင့် ၄ သို့ တိုးလာသည် (အပို ခံနိုင်ရည်အား မြှင့်တင်မှု ရရှိသည်)】

【ဂုဏ်ယူပါသည်။ သင်၏ အမြန်နှုန်းအဆင့်သည် အဆင့် ၃ သို့ တိုးလာသည် (တုံ့ပြန်မှု အမြန်နှုန်း မြှင့်တင်မှု ရရှိသည်)】

【ယန္တရားဝါးမျိုမှု: ၄ (၂၄၁/၂၀၀၀)】

【ဂုဏ်ယူပါသည်။ ဤ ဝါးမျိုမှုမှ အပိုအထူးစွမ်းရည်တစ်ခု ရရှိသည်: ဆွဲငင်အားမှန်ဘီလူး】

【ဆွဲငင်အားမှန်ဘီလူး: ကြီးမားသော ဆွဲငင်အား ရင်းမြစ်ကို ဖန်တီးသည်၊၊ အနီးမှ ဖြတ်သန်းသွားသော အလင်းကို ကွေးညွတ်စေပြီး မြှင့်တင်ပေးသည်။】

“ဆွဲငင်အားမှန်ဘီလူး...”

လင်းရှန်သည် ထိုအမည်ကို စိုက်ကြည့်ရင်း ခဏတာမျှ မှင်တက်သွားသည်။ သူ၏ ယခင် စွမ်းရည်များသည် လေအမြောက်၊ ရေခဲဒိုင်းကာနှင့် စွမ်းအားထိုးတတ်ခြင်းသာ ဖြစ်သည်—သူသည် ကမ္ဘာလုံးဆိုင်ရာ ဆွဲငင်အားနယ်ပယ်များကို ခြယ်လှယ်ခြင်းသို့ မည်သို့ ရုတ်တရက် ခုန်ကူးသွားခဲ့သနည်း၊၊

နျူကလီးယားစွမ်းအင်သုံးတာဘိုင်အင်ဂျင်... ဤနည်းပညာသည် ဤအဆင့်သို့ ရောက်ရှိနေပြီလား…

သူ၏ နှလုံးသားသည် ရူးသွပ်စွာ ခုန်ပေါက်နေသည်၊ သူ၏ သွေးဖိအား တဟုန်ထိုး မြင့်တက်သွားသည်။ ၁,၀၀၀ ရင်းမြစ်အမှတ်—ဒါဟာ လုံးဝ ဂျက်ပေါ့ဆုကြီးပဲ….သူသည် စွမ်းရည်အသစ်တစ်ခုရရှိမည်ဟု မမျှော်လင့်ခဲ့ပေ၊၊ ၎င်းသည် အလွန်စွမ်းအားကြီးသည့် စွမ်းရည်တစ်ခု ဖြစ်နေသည်။

“ဟေး... ဟေး”

စူးရှသောအသံတစ်ခုသည် လင်းရှန်ကို လက်တွေ့သို့ ပြန်လည်ဆွဲခေါ်လာသည်။ သူ ဖြည်းညင်းစွာ ပြန်အာရုံစိုက်နိုင်လာသည်၊၊ ထိုအသံသည် ပိုမို ရှင်းလင်းလာသည်။ သူ၏ ရှေ့တည့်တည့်တွင် ကီကီသည် သူမ၏ ကြီးမားသော ကာဆီလန်နှင့်တူသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်၊၊ ထူးဆန်းသော မျက်နှာအမူအရာဖြင့် သူမ၏ လက်ကို သူ၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းနေသည်။

“ဟေး…ဘာတွေ စဥ်းစားနေတာလဲ…ရှင် ဘာဖြစ်နေတာလဲ” သူမသည် အလျင်စလိုလေသံဖြင့် မေးသည်။

သူမသည် အလွန်နီးကပ်နေသောကြောင့် လင်းရှန်သည် သူမ၏ အသက်ရှုနေသည့်လေ မျက်နှာကို ထိနေသည်ကိုပင် ခံစားနိုင်သည်။ ကီကီကို ကြည့်ရင်း သူ စိတ်လှုပ်ရှားမှုဖြင့် လွန်ကဲနေပြီး သူ၏ဦးနှောက် ရှော့ခ်ဖြစ်သွားသည်—သူ မသိလိုက်မီမှာပင်၊ သူသည် သူ၏ လည်ပင်းကို ဆန့်ထုတ်ကာ မျက်နှာကို မော့လိုက်သည်….ပြီးနောက် သူမ၏ စကားများနေသော နှုတ်ခမ်းအစုံကို လျင်မြန်စွာ နမ်းလိုက်သည်။

ပြွတ်…

ထိုအသံသည် ပြတ်သားပြီး ရှင်းလင်းသည်။

တစ်ခဏတာမျှ မြင်ကွင်းတစ်ခုလုံး ရပ်တန့်သွားသည်။

ကီကီသည် လုံးဝ လစ်ဟာသွားသည်၊၊ သူမ၏ မျက်လုံးများ ဖြည်းညင်းစွာ ပြူးကျယ်လာသည်။ သူမသည် အယောင်အမှားမှားဖြင့် သူမ၏ နှုတ်ခမ်းများကို လက်ချောင်းများဖြင့် တို့ထိလိုက်သည်၊၊ ထို့နောက် လင်းရှန်ဘက်သို့ လှည့်လိုက်ကာ သူမ၏ မျက်နှာအမူအရာသည် ရှုပ်ထွေးမှုမှ ထိတ်လန့်မှု.....ထို့နောက် စစ်မှန်သောဒေါသမီးပွားများ လျင်မြန်စွာ ဖြစ်လာသည်၊၊

သူ ဘာလုပ်လိုက်မိမှန်း သိသွားသော လင်းရှန်၏ စိတ်သည် အလျင်အမြန် လည်ပတ်သွားပြီး “နားလည်မှုလွဲတာ…တကယ်ကို နားလည်မှုလွဲသွားတာပါ”

“နားလည်မှုလွဲတာ”

ကီကီ၏ မျက်နှာသည် အနီရောင်နှင့် အဖြူရောင် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဒီကောင်စုတ်က သူမကို ပေါ်တင် နမ်းလိုက်ပြီး အထင်လွဲတယ်လို့ ပြောရဲသေးတာလား....

သူမ၏ ဒေါသသည် ချက်ချင်း တောက်လောင်လာသည်။ သူမသည် အံကြိတ်ပြီး လင်းရှန်ကို စိုက်ကြည့်နေသည်၊၊ သူမ၏ မျက်လုံးများက အန္တရာယ်ရှိသော အလင်းဖြင့် တောက်ပနေသည်။ ထို့နောက် သူမသည် အသက်ပြင်းပြင်းရှူသွင်းပြီး မိုးခြိမ်းသံအလား ထအော်လိုက်သည်။

“ငရဲမှာ သွားသေစမ်း”

အုန်းး

Telegram-linxian2069

All Chapters