← Chapters

ဆေးကုသစက် တပ်ဆင်ခြင်း

Vol. 18 Ch. 270

ဆေးကုသစက် တပ်ဆင်ခြင်း

Vol. 18 Ch. 270

“ဟန်ရှန်းတောင်ကြားကို ပြန်သွားမယ်လား...အဲ့ဒီ ရထားဘူတာရုံ ပျက်စီးနေလောက်ပြီ”

ချန်ဆီရွှမ်က လင်းရှန်ကို ပြောသည်။

“ကျွန်မတို့ အရှိန်လျှော့ပြီး လမ်းအခြေအနေကို သေချာ စောင့်ကြည့်ဖို့ လိုနိုင်တယ်”

လင်းရှန်က ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ ပြီးတော့—မင်းနဲ့ ရှုချင်းတို့ လူနေတွဲထဲက အအေးဒဏ်ခံပစ္စည်းစာရင်းကို စစ်ဆေးသင့်တယ်။ ပိုပြီး ကုန်သွယ်ဖို့ လိုနိုင်တယ်”

“ဟုတ်ကဲ့”

ချန်ဆီရွှမ်က ခေါင်းညိတ်သည်။

“ကျွန်မ ချက်ချင်း လုပ်လိုက်မယ်”

“ဟေး၊ ကလေးမ” လင်းရှန် ကီကီကို လှမ်းခေါ်လိုက်သည်။

“ဘာလဲ” ကီကီသည် မော့ပင် မကြည့်ပေ....ပျင်းရိစွာ သကြားလုံး စုပ်နေကာ သူနှင့် စကားပြောရန် စိတ်မပါသည်မှာ ရှင်းနေသည်။

“ဆေးကုသစက်ကို တပ်ဆင်ဖို့ လာကူညီဦး”

“အိုး~”

လင်းရှန်သည် သူမကို ကြည့်လိုက်ပြီး ထပ်ပြောသည်။

“မနေ့က မင်းကို စက်ရုပ် မောင်းခွင့် မပေးခဲ့မိဘူး၊၊ ငါ နောက်မှ လူအနည်းငယ်နဲ့ စမ်းသပ်ဖို့ စီစဉ်နေတယ်။ ငါတို့ရဲ့ ပေါင်းစည်းထိန်းချုပ်မှုအညွှန်းကိန်းကို စစ်ဆေးဖို့ လိုတယ်။ မင်း အရင်စမ်းကြည့်မလား”

ကီကီ၏ မျက်လုံးများသည် ချက်ချင်း တောက်ပသွားကာ သူမ၏ ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်သည်။

“တကယ်လား”

“တကယ်”

ဘေးမှ ကြည့်နေသော ရှားရှားသည် ရှုပ်ထွေးနေသည်။

“အစ်ကိုလင်း ပေါင်းစည်းထိန်းချုပ်မှုအညွှန်းကိန်းဆိုတာ ဘာလဲ”

လင်းရှန်က ရှင်းပြသည်၊၊

“ဒါက ပိုင်းလော့နဲ့ စက်ရုပ်ရဲ့ လုပ်ဆောင်မှုစနစ်ကြားက အာရုံကြောပေါင်းစည်းမှု အချက်ပြကို ရည်ညွှန်းတယ်။ ကိန်းပိုမြင့်လေ ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလေပဲ။ ဒါက သဘာဝအရည်အချင်းကြောင့်လို့ အများအားဖြင့် ဆုံးဖြတ်တယ်။ အာရုံခံနိုင်စွမ်း မြင့်မားသူတွေ၊ လှုပ်ရှားမှု စွမ်းရည်ကောင်းသူတွေနဲ့ တည်ငြိမ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရှိသူတွေက စက်ရုပ် မောင်းနှင်ဖို့ ပိုသင့်တော်တယ်။

အဆင့် ငါးဆင့် ရှိတယ်—အဆင့် ၁ ရောက်သူတိုင်းကို အရည်အချင်းပြည့်မီတဲ့ စက်ရုပ်ပိုင်းလော့အဖြစ် သတ်မှတ်တယ်။ ဒါပေမဲ့ စစ်ဘက်သုံး တိုက်ခိုက်ရေးစက်ရုပ်တွေ....အထူးသဖြင့် စစ်ပွဲအမျိုးအစား စက်ရုပ်တွေကို ထိန်းချုပ်ဖို့ မင်းက အနည်းဆုံး အဆင့် ၃နဲ့ အထက် လိုအပ်တယ်”

ရှားရှား၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒါဆို အဆင့် ၄ နဲ့ ၅ က ဘယ်လိုမျိုးလဲ”

ကီကီသည် လက်ချောင်းများကို ခေါက်လိုက်သည်။

“အဆင့် ၄ ဆိုတာ နင်က ထက်မြက်တဲ့ ပိုင်းလော့ ဖြစ်နေပြီ။ အဆင့် ၅...အဲ့ဒါတွေက အရမ်းကို ရှားတယ်”

လင်းရှန်က ခေါင်းညိတ်သည်။ “ရှားရှား၊ မင်းလည်း စမ်းကြည့်လို့ ရတယ်။ ပိုငယ်တဲ့ ပိုင်းလော့တွေက ပိုပြီး လိုက်လျောညီထွေ ဖြစ်တတ်တယ်လို့ ငါ ကြားဖူးတယ်—သူတို့က ပိုမြန်မြန် တုံ့ပြန်ပြီး စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေ နည်းတယ်။ မင်း ပင်ကိုသဘာဝအရည်အချင်း ရှိကောင်း ရှိနိုင်တယ်”

“တကယ်လား” ရှားရှားသည် ချက်ချင်း အားတတ်သွားသည်။

“ဝိုး...စက်ရုပ် မောင်းရမယ်....အဲ့ဒါ အရမ်း မိုက်မှာပဲ”

“အရမ်း စိတ်မလှုပ်ရှားနဲ့ဦးနော်~”

ကီကီသည် ထရပ်လိုက်ပြီး ရှားရှား၏ ပါးကို ညှစ်လိုက်သည်။

“နင့်ရဲ့ အမကြီး ကီကီတောင် မမောင်းရသေးဘူး။ နင်က ငါ့အရင် အလှည့်ရမယ်လို့ ထင်နေတာလား”

ရှားရှားက ချက်ချင်း ကန့်ကွက်လိုက်သည်။

“ဒါပေမဲ့ အစ်မကီကီ ရှင်က ပျံနိုင်ပြီးသားလေ... စက်ရုပ်တောင် မလိုဘူး”

“ဘာလို့ ငါ ပျံပြီး စက်ရုပ်လည်း မမောင်းနိုင်ရမှာလဲ...အာ့လိုဆို သောက်ရမ်းမိုက်တယ်”

“ကဲ၊ အချိန်ဆွဲတာ ရပ်ပြီး အလုပ် စလုပ်ကြစို့”

လင်းရှန်သည် ကီကီကို ကြည့်ရင်း ဖြတ်ပြောသည်။

ကီကီနှင့် လို့ဟွာတို့ ပြန်ယူလာခဲ့သော အသက်ကယ်ခွဲစိတ်ကုခန်းကို တင်းကျန်းရီ၏ ရထားတွဲ ၃ သုတေသနဓာတ်ခွဲခန်းတွင် တပ်ဆင်ထားသည်။ ဤရထားတွဲသည် နေရာကျယ်ဝန်းသည်၊၊ သို့သော် ပို၍ အရေးကြီးသည်မှာ ၎င်းသည် ကောင်းမွန်စွာ ခိုင်ခံ့အောင် ပြုလုပ်ထားသည်၊၊ ပြတင်းပေါက်များ မရှိဘဲ လေလည်ပတ်မှုစနစ်သည် လုံနေသည်။

ဆေးကုခန်းကို ဤနေရာတွင် ထားရှိခြင်းသည် လင်းရှန်အတွက် လုံးဝ အဓိပ္ပာယ်ရှိသည်။

၎င်းသည် အပြည့်အဝ အလုပ်လုပ်နိုင်သော ကိရိယာဖြစ်သောကြောင့် လင်းရှန်သည် တွဲဖက်သုံးနိုင်သော အခြေခံတစ်ခုကို ထုတ်လုပ်ရန် ဝါယာကြိုးများ ချိတ်ဆက်ရန်သာ လိုအပ်သည်.....ပြီးနောက် တင်းကျန်းရီနှင့် ကီကီတို့ကို စနစ်ကို ပြင်ဆင်ရန် ခွင့်ပြုလိုက်သည်။ ထို့နောက် ၎င်းသည် အသုံးပြုရန် အသင့်ဖြစ်လိမ့်မည်။

တပ်ဆင်မှုပြီးသည်နှင့် တစ်ပြိုင်နက် လင်းရှန်သည် ဒဏ်ရာရထားသော အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သော လုချန်ကို ချက်ချင်း ခေါ်လိုက်သည်။

လုချန်သည် ဆေးကုခန်းကို မြင်သည်နှင့် တစ်ပြိုင်နက် တင်းမာသွားသည်။

“ကပ္ပတိန်လင်း... အမ်... အဲ့ဒီထဲမှာ ငါ ဘယ်လောက်ကြာကြာ သေနေရမှာလဲ”

ကီကီ နှာမှုတ်လိုက်သည်၊၊

“ဟမ့်…သေနေရမယ်…..နင် ဘာတွေ ပြောနေတာလဲ…ဒါက ဆေးကုခန်းလေ….အအေးခန်း မဟုတ်ဘူး။ နင် ခဏလေးနဲ့ ပြန်ကောင်းသွားမှာလေ”

“မဟုတ်ဘူး…မဟုတ်သေးဘူး”

လုချန်သည် သူ၏ ခေါင်းကို ကုတ်လိုက်သည်။

“ငါ ဆိုလိုတာက... ဒါက မေ့ဆေး အပြည့်ပေးဖို့ လိုလား”

တင်းကျန်းရီက ပြန်ဖြေသည်၊၊

“မလိုပါဘူး။ စနစ်က မင်းရဲ့ ဒဏ်ရာတွေအပေါ် မူတည်ပြီး မေ့ဆေးကို အလိုအလျောက် ပေးလိမ့်မယ်၊၊ ဒါပေမဲ့ ဆေးဝါးတွေ အစား၊ အာရုံကြောတုန်ခါမှု နည်းပညာကို အသုံးပြုတယ်”

“အိုး…ဒီလိုကိုး”

တင်းကျန်းရီ ရှင်းပြသည်ကို ကြားသောအခါ လုချန်သည် ချက်ချင်း စိတ်သက်သာရာရသွားသည်။ သူသည် သူ၏ ဒဏ်ရာရထားသော လက်မောင်းတစ်ဝိုက်မှ ပတ်တီးများကို ဖြည်လိုက်ပြီး ခန်းအတွင်း၌ လှဲလျောင်းလိုက်သည်။

တင်းကျန်းရီသည် ခလုတ်အနည်းငယ်ကို နှိပ်လိုက်သည်၊ ဆေးကုခန်း၏ တံခါးသည် ဖြည်းညင်းစွာ ပိတ်သွားသည်။

【အသက်လက္ခဏာ စကင်န်ဖတ်ခြင်း လုပ်ဆောင်နေသည်...】

【ဒဏ်ရာများ ရှာဖွေတွေ့ရှိနေသည်...】

【ဘယ်ဘက် လက်မောင်းရိုး အဆင့် ၃ ကျိုးခြင်း၊ ကြွက်သားစုတ်ပြဲခြင်းနှင့် အရေပြားစုတ်ပြဲခြင်း တွေ့ရှိသည်။】

【ကုသမှု စနစ် စတင်နေသည်။ ဧရိယာ အပြည့်အဝ ပိုးသတ်ခြင်း လုပ်ဆောင်နေသည်။】

ရှဲ

အဖြူရောင်မြူခိုးတစ်ခု ခန်းကို ပြည့်နှက်သွားသည်၊၊ ထို့နောက် အပြာရောင်စွမ်းအင်စကင်န်ဖတ်မှုတစ်ခု လုချန်၏ ကိုယ်ခန္ဓာကို ဖြတ်သွားသည်။

【နေရာအလိုက် အာရုံကြောတုန်ခါမှု မေ့ဆေး စတင် အသက်သွင်းသည်။】

ဘီပီ…

တိကျသော စက်ရုပ်လက်တစ်စုံသည် အခန်းမှ ထွက်ပေါ်လာကာ လေဆာရောင်ခြည်များကို လုချန်၏ ကျိုးနေသော လက်မောင်းဆီသို့ ဦးတည်စေသည်။

3D-ပုံနှိပ်ခြင်းပုံစံမျိုးဖြင့် လေဆာများသည် သူ၏ အရိုးနှင့် တစ်ရှူးများကို ပြန်လည် တည်ဆောက်ပြီး ဒဏ်ရာကို ချောမွေ့စွာ ပိတ်လိုက်သည်။

လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊ အချိန်နှင့်တပြေးညီ ပြန်လည် ကုသမှုကို စောင့်ကြည့်နေသည်—သူ၏ ဒဏ်ရာသည် သွေးထွက်ခြင်း….အမာရွတ်ဖြစ်ခြင်း မရှိပဲ ပိတ်သွားသည်၊၊ အသားသည် ပြီးပြည့်စုံစွာ ပြန်လည် ဖြစ်ပေါ်လာသကဲ့သို့ပင်။

“ပြီးပြီလား”

မိနစ်ပိုင်းအတွင်း အခန်း၏ တံခါး ပွင့်သွားသည်၊၊ လုချန် ထထိုင်လိုက်သည်၊၊ သူ၏ မျက်နှာသည် အံ့အားသင့်မှုဖြင့် ပြည့်နေပြီး သူ၏ လုံးဝပြန်လည်ကောင်းမွန်လာသော လက်မောင်းကို စိုက်ကြည့်နေသည်။

“မိုက်လိုက်တာ….လက်အသစ်တစ်ချောင်း ပေါက်လာသလိုပဲ”

လင်းရှန်က မေးသည်။

“မင်း ဘယ်လို ခံစားရလဲ”

လုချန်သည် သူ၏ လက်ချောင်းများကို စိတ်လှုပ်ရှားစွာ ကွေးလိုက်သည်၊၊ “အမ်... နည်းနည်း တင်းကျပ်နေတုန်းပဲ…ဒါကလွဲရင် အကောင်းအတိုင်းပဲ….ကပ္ပတိန် လင်း….ဒီဟာက တကယ်ကို အံ့ဩစရာပဲ”

လင်းရှန် ရယ်မောလိုက်သည်။

“ဒါက ကမ္ဘာပျက်ကပ် မတိုင်ခင်က အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာပဲ—အချမ်းသာဆုံးသူတွေသာ ဝယ်နိုင်ခဲ့တာ။ အခု ငါတို့ လိုအပ်တဲ့အခါတိုင်း ဒဏ်ရာတွေကို ချက်ချင်း ကုသနိုင်ပြီ”

“ကောင်းတယ်”

ကီကီသည် လက်ခုပ်တီးကာ အားပေးပြီးနောက် ဆက်သည်းမခံနိုင်တော့ပေ။

“ဆေးကုသခန်း တပ်ဆင်ပြီးပြီ…လင်းရှန်၊ စက်ရုပ်ကို သွားစမ်းသပ်ရအောင်”

သူမ၏ အသံထဲမှ စိတ်လှုပ်ရှားမှုသည် မဖုံးကွယ်နိုင်ပေ။

လင်းရှန်သည် အပြင်ဘက်သို့ လက်ညှိုးထိုးပြသည်။

“ဟန်ရှန်းတောင်ကြားကို ရောက်မှ ငါတို့ စမ်းသပ်မယ်။ စက်ရုပ်က အခု မရပ်နိုင်ဘူးလေ—မင်း ဘယ်လို စမ်းသပ်ဖို့ စီစဉ်နေတာလဲ”

“အိုး... ဟုတ်သားပဲ”

Telegram-linxian2069

All Chapters