← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

ဝိုင်သောက်နေရင်း ဖန်ခွက်တစ်၀က်လောက်ရောက်သောအခါမှ သူတို့နှစ်ယောက်ပြော‌ချင်သောစကားရဲ့လိုရင်းကို ရောက်ရှိခဲ့သည်။

ဆောင်းယုချင်းက လက်ထဲတွင်ကိုင်ထားသော အသားလှီးဓားကို ချလိုက်ပြီး မျှော်လင့်တောင်းတခြင်း အရိပ်အမွက်ပါသော အမူအရာဖြင့် ပြောလိုက်သည်။

" မစ်စတာလင်ကို ဒီတစ်ကြိမ်အပြင်မှာ တွေ့ဖို့ဖိတ်လိုက်ရသည့် အဓိကအကြောင်းအရင်းက ဘာလဲဆိုတော့ ရှင်ကူညီနိုင်မယ်လို့ မျှော်လင့်ရတဲ့ အရေးကြီးကိစ္စတစ်ခုရှိလို့ပါ "

" ဘာကိစ္စလဲဆိုတာ ပြောကြည့်လေ? အကယ်၍ ငါကူညီနိုင်တဲ့ ကိစ္စဆိုရင် အသေအချာ ကူညီပေးမယ်။ "ဟု ပြောရင်း လင်ပေ့ဖန်သည် သူ့အသားလှီးဓားကို အောက်သို့ချ၍ ဂရုတစိုက်နားထောင်လိုက်သည်။

ဆောင်းယုချင်းလည်း သူမတို့ ဆေးရုံမှာ ကြုံတွေ့နေရသော ပြဿနာကို စတင်ရှင်းပြခဲ့သည်။

"ကျွန်မတို့ဆေးရုံက လက်ရှိမှာ ငွေကြေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်။ ပြီးတော့ ခု၀ယ်ယူမည့် ဆေးပစ္စည်းများရဲ့ ကုန်ကျမည့် ငွေကြေးပမဏ သန်း၂၀ ဆိုတာ က ကျွန်မတို့အတွက်မတတ်နိုင်တဲ့ အခြေအနေဖြစ်‌ နေတယ်။"

"အကယ်၍ ဆေးရုံမှာရှိတဲ့ ပိုက်ဆံများကို ထုတ်ပြီး ၀ယ်ယူမည်ဆိုရင် ဆေးရုံရဲ့ ပုံမှန်ငွေကြေးလည်ပတ်မှု ကို သက်ရောက်စေလိမ့်မယ်။ဒါကြောင့် ဒီအ‌ခြေအနေကို ကူညီနိုင်မယ်လို့ မျှော်လင့်ပြီး တော့ ကျွန်မတို့ဆေးရုံက ဆေးပစ္စည်းအသစ်များကို ‌မစ်စတာလင်စီကနေ ချေးငွေယူပြီးတော့၀ယ်ယူချင်ပါတယ်။"

"ကျွန်မတို့ ဒီချေးငွေကိုလည်း ခြောက်လအတွင်းပြန်ပေးမယ်လို့ ကတိပေးပြီးတော့ လက်ရှိဘဏ်တွေက ချေးငှားသော နှုန်းထားအတိုင်း အတိုးကို ပြန်ပေးပါ့မယ်။" ဟု ဆောင်းယုချင်းက ရိုးရိုးသားသားပြောခဲ့သည်။

လင်ပေ့ဖန်ခေါင်းညိတ်လိုက်ပြီး "အိုကေ,ငါမင်းအတွက် ပြောပေးလိုက်မယ်" ဟုပြောလိုက်သည်။

သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး လျင်မြန်စွာသူ့၏လက်ချောင်းများဖြင့် ဝီချက်ကနေ စာအမြန်ပို့လိုက်သည်။

အချိန်ခဏကြာပြီးနောက် သူ့ဖုန်းကို အဝေးမှာထားလိုက်ပြီးပြောလိုက်သည်။

"ငါ အရောင်းဌာနရဲ့ ဒါရိုက်တာကိုတော့ ပြောပြီးပြီ ဘာပြဿနာမှ မရှိဘူးလို့ သူတို့ပြောတယ်။ မနက်ဖြန် မှာ မင်းရဲ့ သက်သေခံစာရွက် နဲ့အတူ ငါတို့ကုမ္ပဏီကို လာဖို့ပဲလိုပြီး ထုတ်လုပ်သူတွေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရုံပဲ။"

" ဒါက......?" ဆောင်းယုချင်း အံ့အားသင့်သွားခဲ့သည်။

"ဟုတ်တာပေါ့ ,ဒါက မင်းအတွက် ခက်ခဲတဲ့အရာတစ်ခုမဟုတ်နိုင်ပါဘူး" ဟု လင်ပေ့ဖန်ကပြောလိုက်သည်။

" ရှင့်ဆီမှာ တစ်ခြားတောင်းဆိုစရာတွေ မရှိဘူးလား?" ဟု ဆောင်းယုချင်းက မယုံနိုင်သော အမူအရာဖြင့် မေးလိုက်သည်။

လင်ပေ့ဖန်က ရယ်မောပြီး "ဘာ‌ တွေထပ်လိုအပ်ရမှာလဲ? လူတိုင်းမှာ ငွေကြေးအခက်အခဲဆိုတာ တစ်ကြိမ်မဟုတ်တစ်ကြိမ်ရှိတာပဲလေ!!မင်းအကူအညီ‌လိုလို့ငါကူညီတယ်။ဒါကစီးပွားရေးကိစ္စပဲ မဟုတ်လား?မစ်ဆောင်းရဲ့ ဦးဆောင်မှုနောက်မှာ ဆောင်းဆေးရုံက ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်ဆိုတာ အသေအချာပဲလေ!! မင်းအောင်မြင်သွားရင် ကျေးဇူးပြုပြီး ငါတို့မိသားစုရဲ့ စီးပွားရေးကို လည်းဂရုစိုက်ပြီး ပြန်ကြည့်ပေးပါဦး။ " ဟု လင်ပေ့ဖန်ကပြောလိုက်သည်။

" သေချာတာပေါ့။ မစ်စတာလင်ကို တို့စ်လုပ်ပါတယ်" ဟု ပြောပြီး ဆောင်းယုချင်းက ပျော်ရွှင်စွာနဲ့ သူမဖန်ခွက်ထဲ ရှိဝိုင်နီကို မြှောက်ပြခဲ့သည်။

လင်ပေ့ဖန်လည်း တူတူပဲ သူ့ဖန်ခွက်ကို မြှောက်ပြခဲ့သည်။

" Cheers!"

ဆောင်းယုချင်းလည်း အရေးကြီးသောကိစ္စကို ဖြေရှင်းပြီးနောက် စိတ်သက်သာရာရခဲ့သည်။

သူမဟာ သိမ်မွေ့စွာနဲ့ ဝိုင်ခွက်ကို သူမ၏ကျောက်စိမ်းကဲ့သို့ လက်ချောင်းများဖြင့် လှုပ်ခါ၍ လင်ပေ့ဖန်ကို ကို ပြုံးပြလိုက်သည်။

"မစ်စတာလင် ကို ကြည့်ရတာ အပြင်မှာထွက်နေတဲ့ ကောလဟာလထဲက ပုံစံလို မဟုတ်ဘူး"

" ကောလဟာလမှာ ငါက ဘယ်လိုလူမျိုးမို့လို့လဲ??"

" ကောလဟာလမှာတော့ ရှင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားတွေလို ပါတီတွေမှာဘယ်လိုအချိန်ဖြုန်းရမလဲသိပြီး မိဘတွေဆီကနေ ဘယ်လိုလက်ဖြန့်တောင်းရမလဲ ဆိုတာပဲသိတဲ့ သူဖြစ်တယ်။ဒါပေမဲ့ အခုရှင့်ကို ကြည့်ရတာ ကြားရတဲ့စကား‌နဲ့ တစ်ခြားစီဘဲ။ရှင့်ရဲ့အမူအရာကလည်း ကျွန်မကို ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းလို ၊ ဗဟုသုတပြည့်စုံသော ပညာရှင်လို ပြီးတော့ အရာရာကို ဂရုမစိုက်တဲ့ လူအိုကြီးတွေလိုပဲခံစားရစေတယ်။"

ဆောင်းယုချင်းက သူမခေါင်းကို ခါလိုက်ပြီး " ရှင်ကကျွန်မ ကို ထူးဆန်း တဲ့ခံစားချက်ကို ပေးစွမ်းတယ်! ဘယ်ဟာကရှင်အစစ်လဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား??"ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က ပြုံးလိုက်ပြီး " အဲ့တာအကုန်လုံးက ငါပဲလေ! " ဟု ပြောလိုက်သည်။

ဆောင်းယုချင်းသည် အံ့ဩသွားခဲ့ပြီး " အားလုံးလား? " ဟု မေးလိုက်သည်။

" ဟုတ်တယ် အားလုံးပဲ။ သုံးစားမရ‌တဲ့ ဒုတိယမျိုးဆက်သူဌေးသားလည်းငါပဲ ၊အရားအားလုံးသိတဲ့ ပညာရှင်ကလည်းငါပဲ၊ ပြီးတော့ အရာရာကိုဂရုမစိုက်တဲ့ လူအိုကြီးပုံစံကလည်းငါပဲ!! လိုအပ်ချက်တစ်ခုပဲရှိတယ်။ ငါ့ကို ပျော်ရွှင်စေသ၍ တော့ အားလုံးက ငါပဲဖြစ်တယ်။ တစ်ခြားလူတွေ အတွက်တော့ ငါ့ကို ဘယ်လိုထင်ထင် ဂရုမစိုက်ဘူး။ဘာကြောင့်လဲဆိုတော့ ငါကသူတို့ အတွက်အသက်‌ရှင်နေတာ မှမဟုတ်တာ" (that's right 👍)ဟု ပြောလိုက်သည်။

ဆောင်းယုချင်း၏ နှလုံးသားလေး တုန်လှုပ်သွားခဲ့သည်။

**ဒါဆို သူက သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်း‌ တွေနဲ့ နေတဲ့ ‌ယောက်ျားပေါ့**

အကြောင်းပြချက်တစ်ခုခုကြောင့် သူမရှေ့မှာ နေသောလူကို ကြည့်ရတာ ဆွဲဆောင်မှုရှိတယ်လို့ ခံစား‌ေနရသည်။

ရှက်စနိုးအမူအရာဖြင့် သူမပြောလိုက်သည်။

" မစ်စတာလင် ကျေးဇူးပြုပြီးကျွန်မကို မစ်ဆောင်းလို့ မခေါ်ပါနဲ့လား။ အဲ့လို့ခေါ်တာ အရမ်း ပုံမှန်ဖြစ်‌နေသလိုကျွန်မကိုခံစားရစေလို့ပါ ! ကျွန်မကို ယုချင်းလို့ ‌ခေါ်ရင်ခေါ် ဒါမှမဟုတ်လည်း အစ်မဆောင်းလို့ ခေါ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ရှင့်ထက် အသက်ကြီးတယ်လေ ။ခစ်ခစ် !"

" ဒါဆိုရင် ကျွန်တော့်ကိုလည်း မစ်စတာလင် လို့မခေါ်နဲ့ လေ။ ကျွန်တော့်နာမည်ခေါ်ချင်ရင်ခေါ် ဒါမှမဟုတ်လည်း ရှောင်ဖန်‌လို့ ခေါ် ပေါ့။"ဟု ပြောလိုက်သည်။

" အို ကေ!! ဝီချက် အကောင့် ကို အချင်းချင်းအပ်ထားလိုက်မယ်။ ဒါမှ အနာဂတ်မှာ အချင်းချင်းဆက်သွယ်ဖို့အတွက် အဆင်ပြေမှာ " ဟု ဆောင်းယုချင်းက ပြောလိုက်သည်။

" ကျွန်မ ရှင့်ရဲ့ ဝီချက် ကုဒ် ကို စကန် ဖတ်လိုက်မယ် "

ထို့နောက် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာသူစိမ်းအဆင့်ကနေ တစ်လှမ်းတိုး ပြီး သူငယ်ချင်းများ ဖြစ်လာခဲ့သည်။

သူတို့နှစ်ယောက်က ပျော်ရွှင်စွာနဲ့ပဲ ညစာကို ရယ်မောပြီးစကားပြောရင်း ဆက်လက်စားသောက် ခဲ့ ကြသည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် စားသောက်ဆိုင်၀င်ပေါက်ဆီကို တစ်ခါတစ်ရံ ကြည့်‌နေခဲ့သည်။

** အမျိုးသားဇာတ်လိုက် ရှောင်ချန်းက ဘယ်မှာလဲ ?? သူခုချိန်ထိတောင် ရောက်မလာသေးဘူးလား ? **

အဲ့ဒီအချိန်မှာပဲ ဦးထုပ်နှင့်မျက်မှန်တပ်ထားသော ချောမောသော‌ယောက်ျားတစ်ယောက်သည် လင်ပေ့ဖန်နှင့် မလှမ်းမကမ်းမှာ ပုန်း‌နေပြီး သူ့၏မီးတောက်လုမတတ် ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

**မင်းတို့ခွေးနှစ်ကောင်က တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်နေကြတယ်ပေါ့လေ။ အထူးသဖြင့် ဆောင်းယုချင်း မင်းက အရှက်မရှိတဲ့ မိန်းမပဲ! ရှင်းရှင်းပြောရရင် မင်းက ငါ့နဲ့စေ့စပ်ထားတဲ့သူပဲ။ ဒါတောင်မင်းက တစ်ခြားလူနဲ့ရှုပ်ပြီး လက်ထပ်တော့မည့်မိန်းမတစ်ယောက်ရဲ့ ကိုယ့်ကျင့်သိက္ခာကို မစောင့်ထိန်းပဲ ပလူးနေတယ်ပေါ့လေ။ ဒီတစ်ခါတော့ မင်းပြန်ပေးဆပ်စေရမယ် ဆောင်းယုချင်း! **

ဒီလူကတော့ တစ်ခြားလူမဟုတ်ဘဲ ဝိဉာဏ်ချိုင့်ဝှမ်းရဲ့ နတ်ဆေးဆရာအဖြစ် ကျော်ကြားတဲ့ အမျိုးသားဇာတ်လိုက် ရှောင်ချန်းဖြစ်သည်။သူသည် ဆောင်းယုချင်းရဲ့ အဘိုး ရွေးချယ်ခဲ့တဲ့ သူမနဲ့စေ့စပ်မဲ့ သူဖြစ်သည်။

**မှန်တာပေါ့; သူကလည်းပြန်လည်းမွေးဖွားလာသူတစ်ယောက်ဖြစ်သည်။**

ဇာတ်လမ်းအစကို ပြန်သွားရရင် ရှောင်ချန်းသည် ဆေးပညာရဲ့အထွတ်အထိတ်ကို ရောက်ရှိချိန်တွင် သူနှင့်စေ့စပ်ထားသူကိုရှာဖွေပြီး သူမ၏မိသားစု နောက်ခံကိုမှီခို ရန် တောင်ပေါ်ကနေဆင်းလာခဲ့သည်။

သူတို့နှစ်ယောက်တစ်ခေါက်မှ မတွေ့ဖူးသော်လည်းပဲသူသည် ဆောင်းယုချင်းကို ပထမဆုံး အကြိမ်တွေ့လိုက်ရသောအချိန်၌ သူ့စိတ်ထဲတွင် သူမသည်သူ့၏အမျိုးသမီးဖြစ်သည်ဟု တွေးလိုက်သည်။သူမအပြင်သွားမှာကို သူမြင်လိုက်သောအခါတွင် သူမနောက်က‌နေ ခိုးလိုက်လာခဲ့သည်။

ဒါပေမဲ့ သူမက ချောမောသောယောက်ျားတစ်ယောက်နှင့်ဖော်ရွေစွာ ရင်းရင်းနှီးနှီးစကားပြောနေတာကို သူတွေ့ရှိခဲ့သည်။

ရလဒ်အနေဖြင့် သူသည် မနာလိုမှုနှင့်အတူ အကူညီမဲ့စွာနဲ့ ပုန်းအောင်းပြီး လောင်မြိုက်၍ကြည့်နေခဲ့ရသည်။

သူသည် ဦးစွာသူ့ရဲ့စွမ်းရည်များကို ယုံကြည်ခဲ့ပြီး သူ့၏ နောက်ခံနှင့်လည်း ဒီအခြေအနေကို သာသာယာယာကိုင်တွယ်နိုင်သည်။ ဒါပေမဲ့ အဲ့ဒီအစား သူသည်တစ်ဖက် ယောက်ျားကို ရိုက်နှက်ချင်သည်။

ထို့နောက် ထိပ်တိုက်တွေ့ဆုံမှုအမျိုးမျိုးမှာ တစ်ဖက်လူကို အဆက်မပျက်ဖိနှိပ်၍ ရှုံးနှိမ့်မှုကို ခံစားပြီးရင်ခံစားစေချင်သည်။

ထို့ပြင် သူ့အပိုင်အမျိုးသမီးဆောင်းယုချင်းသည်လည်း သူ့ထံမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး တစ်ခြားယောက်ျား၏ လက်မောင်းထဲသို့ လဲကျသွားမှာကိုအဖြစ်မခံနိုင်‌ပေ။

**သူနားမလည်တဲ့အချက်တစ်ချက်ရှိ‌ေနသည်။ သုံးစားမရတဲ့ ဒုတိယမျိုးဆက်သူဌေးသားလို့ ထင်ပုံရသည့်သူက ဘယ်လောက်ကြောက်စရာကောင်းနိုင်မှာလဲ?**

ကံကောင်းချင်တော့ ကံကြမ္မာက သူ့ကို ပြန်လည်မွေးဖွားဖို့အခွင့်အရေးပေးခဲ့သည်။

ပြန်လည်မွေးဖွားတာက ဇာတ်လိုက်များ၏ အရေးသာမှုဖြစ်သည်။

ပြန်လည်မွေးဖွားပြီး ဇာတ်လမ်းအကုန်လုံးကို သိသူအနေဖြင့် သူသည် လင်ပေ့ဖန်ထက် မသာလွန်နိုင်ဘူးလို့ သူမယုံကြည်နိုင်ပေ။

**ငါရှောင်ချန်း ကျိန်ဆိုတယ်။**

**ဒီဘ၀မှာ ငါရှောင်ချန်းက လင်ပေ့ဖန်ကို ငါ့အမျိုးသမီး ဖွန်ကြောင်တဲ့အတွက် တန်ရာတန်ကြေးပြန်ပေးမယ်။**

**ငါသူ့ကို အရာရာ ‌ဆုံးရှုံးရအောင်လုပ်မယ်။

ငါသူ့ကို နောက်ဆုံးမှာ လမ်းဘေးမှာခွက်ဆွဲ ပြီးတောင်းစားရအောင် ပြုလုပ်မယ်။**

**သူတစ်ခါစားတိုင်း ၁၀ခါ ပြန်အန်ထုတ်ရမည်။ပြီးတော့ ဆောင်းယုချင်းက ငါ့အပိုင်ပဲဖြစ်ရမည်။**

ကျိန်ဆိုပြီးသည့်နောက်တွင် သူသည် တစ်ခြားတစ်ဖက်တွင်ရှိနေသော လူနှစ်ယောက်ကို လေးနက်စွာနဲ့စိုက်ကြည့်ခဲ့သည်။

ဒါကအလွန်အရေးကြီးသော ဇာတ်လမ်းအလှည့်အ‌ ပြောင်းဖြစ်သည်။

ဒီဇာတ်လမ်း၌ ညစားအတူတူစားပြီးသည့်နောက်တွင် သူတို့နှစ်‌ယောက်၏ ဆက်ဆံရေးသည် လျင်မြန်စွာနဲ့တိုးတက်လာနိုင်သည်။

ထို့ကြောင့် သူသည် သူ့ ပြိုင်ဘက်နဲ့ ဆက်သွယ်မဲ့အခွင့်အရေးကို ကြားဖြတ်ပြီး လျော့ချပစ်ရမည်ဖြစ်သည်။

ဒါကလည်း သူရဲ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။

**ဘယ်လို ကြားဖြတ်ရမလဲ?

လင်ပေ့ဖန်ကို နေမကောင်းဖြစ်အောင်လုပ်ပြီးတော့လား!!**

သူ့၌ ပိုပြီးကောင်းတဲ့အစီအစဉ်ရှိမှပဲ သူ့လုပ်မှန်းမသိမှာဖြစ်သည်။

ဒီနည်းလမ်းကပဲ ဆောင်းယုချင်း၏ အပြစ်တင်တာကို မခံရမှာဖြစ်သည်။ပြီးတော့ သူမနှင့်လင်‌ေပ့ဖန်ရဲ့ပူးပေါင်း‌‌ေဆာင်ရွက်မှုကလည်း ကျဆင်းသွားမှာဖြစ်သည်။

ဆောင်းယုချင်းနဲ့ ဆောင်းမိသားစု အကျပ်အတည်းကြုံမှဘဲ သူ့အတွက် အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူနိုင်မှာဖြစ်သည်။

ဒါမှသူ့ရဲ့ အံ့မခန်းဆေးစွမ်းနဲ့၀င်ကူ၍ အလှလေးရဲ့ နှလုံးသားကိုရရှိပြီး ဆောင်းမိသားစုရဲ့ ထောက်ပံ့မှုကို လည်းရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် အခုချိန်၌ သူတို့တစ်ယောက်နဲ့တစ်ယောက်မသိပေ။ ဒီအချိန်က အစီအစဉ်ကိုစတင်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်သည်။

အစီအစဉ်က ရိုးရှင်းပြီးပြည့်စုံသည်။

သူ့ရဲ့စိတ်ထဲမှာတွေးတောပြီးသည့်နောက်တွင် ရှောင်ချန်း၏လက်ထဲတွင် အပ်လေးတစ်ချောင်းပေါ်လာသည်။

*ဆရာ၀န်က အသက်လည်းကယ်နိုင်တယ်!သတ်လည်းသတ်နိုင်တယ်!*

တစ်ခြားလူရဲ့အရေပြားထဲကို သူထိုးလိုက်တဲ့ အပ်ကထိုး‌‌ ဖောက်၀င်ရောက်သွားသ၍တော့ သူ့အစီစဉ်ကအောင်မြင်သွားမှာပဲဖြစ်သည်။

အချိန်ကလူကိုမစောင့်ဘူး။သူသည် အရက်မူးနေပြီး စားသောက်ဆိုင်ကိုလာစားသော စားသုံးသူလိုဟန်ဆောင်၍ ယိမ်းယိုင်စွာလမ်း‌လျောက်ရင်း လင်ပေ့ဖန်ဆီသို့ သွားခဲ့သည်။

ဆူညံနေသော လူတွေကြောင့် လင်ပေ့ဖန်ဟာ သူ့ခေါင်းကိုလှည့်ပြီးကြည့်လိုက်‌ သောအခါ သူအံ့အားသင့်သွားခဲ့သည်။

**ဇာတ်လိုက်ရှောင်ချန်းတော့ရောက်လာပြီ။ဘာကြောင့်သူ့ကိုကြည့်ရတာ ဒီလိုဖြစ်နေရတာလဲ??

ကိစ္စမရှိပါဘူး!‌သူရောက်လာတော့လည်း စနစ်ရဲ့ အစွမ်းကို ဆုတောင်းရင် စမ်းသပ်တာကလည်း နောင်တရစရာမရှိပါဘူး။

တွေးနေတာနဲ့တောင်ငါ့ကိုအနည်းငယ် စိတ်လှုပ်ရှားစေသည်။**

လင်ပေ့ဖန်အနည်းငယ် စိတ်မရှည်သလိုတောင်ဖြစ်လာသည်။

စနစ် ငါဆုတစ်ခုတောင်းမယ်။

All Chapters