အခန်း (၁၆)
Vol. 2 Ch. 16
အဓိကဇာတ်လိုက်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာနဲ့ ကြည့်နေခဲ့ပြီး သူတို့၏စိတ်ခံစားချက်များကလည်း ရှုပ်ထွေးနေကြသည်။
သူတို့ပြန်လည်မွေးဖွားလာတာက အရာအားလုံးကို လိပ်ပြာအကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ သူတို့နှစ်ယောက်စလုံး ယုံကြည်ခဲ့ကြသည်။
" ဒါဆိုရင်လည်း အစ်ကိုရှောင် အေးအေးဆေးဆေး အနားယူတော့လေ။ မနက်ဖြန်မှပဲ ကျွန်တော် နောက်တစ်ခေါက် လာပြန်တွေ့ တော့မယ်။ " ဟု ပြော၍ လင်ပေ့ဖန်သည် ရှောင်ချန်း၏ပုခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီး အခြားလူနှစ်ယောက်နှင့် အတူတူထွက်ခွာသွားခဲ့သည်။
" အခုရော ကျွန်မတို့ဘယ်နေရာကို ထပ်သွားမှာလဲ " ဟု လျိုယုမေ့က မေးမြန်းခဲ့သည်။
လင်ပေ့ဖန်က ပြန်ပြောလိုက်သည်။
" အခြားဆေးရုံက သူငယ်ချင်းကောင်းတစ်ယောက်ဆီ သွားလည်မလို့ "
" ဘာကြောင့် ရှင့်သူငယ်ချင်းတွေအားလုံးက ဆေးရုံမှာပဲရှိနေရတာလဲ? " ဟု လျိုယုမေ့က ပြောလိုက်သည်။
ထို့နောက် နာရီ၀က်အကြာတွင် ဆောင်းဆေးရုံသို့ သူတို့ရောက်ရှိခဲ့ကြသည်။
အလုပ်လုပ်နေတဲ့စီအီအို အချောလေးဆောင်းယုချင်းက လင်ပေ့ဖန် လမ်းလျှောက်၀င်လာတာကိုမြင်လိုက်ရ၍ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး " ရှင်ရောက်လာပြီပဲ " ဟု ပြောလိုက်သည်။
ထို့နောက်သူမသည် အခြားတစ်ယောက်ကို မြင်လိုက်ရပြီးနောက် သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်သောအပြုံးကိုထုတ်ဖော်လိုက်ပြီး " ယုမေ့၊နင်ပြန်လာပြီပဲ" ဟု ပြောလိုက်သည်။
" မင်းတို့တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား? " ဟု လင်ပေ့ဖန်သည် ပဟေဠိဖြစ်ဟန်ဆောင်ပြီး မေးမြန်းခဲ့သည်။
" ဟုတ်တာပေါ့၊ကျွန်မတို့အချင်းချင်းသိတယ်လေ။ကျွန်မတို့ ငယ်ငယ်ကတည်းက ညီအစ်မကောင်း တွေလို အတူတူကြီးပြင်းလာခဲ့ကြတာလေ။ " ဟု ပြောလိုက်ပြီး လင်ပေ့ဖန်ကို ဘေးဘက်သို့တွန်းလိုက်သည်။
ထို့နောက်ဆောင်းယုချင်းဆီသို့ အပြေးအလွှားသွား၍ စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်ပြီး " ငါ နင့်ကို အရမ်းလွှမ်းနေခဲ့တာ " ဟု ပြောလိုက်သည်။
" ငါလည်း အတူတူပဲ၊နင့်ကို လွှမ်းနေတာ ။ဒါနဲ့ ဘာကြောင့် နင်တို့နှစ်ယောက်က ငါ့ဆီကို အတူတူလာတာလဲ ? " ဟု ဆောင်းယုချင်းက မေးမြန်းခဲ့သည်။
" ဘာကြောင့်လဲဆိုတော့ ငါကသူ့ရဲ အတွင်းရေးမှူးအဖြစ်နဲ့ သူ့အတွက်အလုပ်လုပ်ပေးနေတာ" ဟု လျိုမေ့က ပြောလိုက်သည်။
ထို့နောက်လျိုယုမေ့သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး " ဘော့စ်လင်, ရှင်ဒီမှာ ဘာမှလုပ်စရာမရှိတော့ဘူး။ဒါကြောင့် ရှင် ၊အရင်အပြင်ထွက်သွားပေးတော့။ ကျွန်မတိုအချစ်ဆုံးညီအစ်မနှစ်ယောက် အချင်းချင်း စကားပြောစရာရှိသေးတယ်။ " ဟု ပြောလိုက်သည်။
" သူ့သူဌေးကိုတောင် အဝေးကိုမောင်းထုတ်တဲ့ အတွင်းရေးမှူးမျိုးလည်းရှိတာပဲလား? "ဟု လင်ပေ့ဖန်က ရယ်မော၍ ပြောလိုက်သည်။
" ဘာလို့မရှိရမှာလဲ? အခုပဲ အဲ့ဒီဖြစ်ရပ်က ဖြစ်နေပြီမဟုတ်လား? ရှင် မြန်မြန် အပြင်ထွက်တော့။ကျွန်မတို့နှစ်ယောက်မိန်းကေလးအချင်းချင်း အတွင်းရေးအကြောင်း ပြောစရာရှိသေးတယ်။ရှင်နားထောင်လို့ မရဘူး။ " ဟု ပြောပြီးနောက် လျိုမေ့သည် လင်ပေ့ဖန်ကို တံခါးအပြင်ဘက်သို့တွန်းထုတ်၍ တံခါးကို ဆောင့်ပိတ်ခဲ့သည်။
လင်ပေ့ဖန်သည် ခါးခါးသီးသီးပြုံးလိုက်ပြီး သူ့၏ဦးခေါင်းကို ခါ၍ " လာ ရှင်းချန် ၊ အပြင်မှာနေပြီးေတာ့ သူတို့ကို သွားစောင့်ကြရအောင်။အခုတော့ မင်းတစ်ယောက်ထဲကပဲ ငါ့နောက်ကို လိုက်မယ့်သူရှိတယ်။ " ဟု ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ ၊ဘော့စ်လင် " ဟု ရဲ့ရှင်းချန်က သူ့၏မျက်နှာတွင် လေးနက်သောအမူအရာကို ပေါ်စေပြီး ပြောလိုက်သည်။
ထို့ပြင် သူ့၏မျက်နှာပေါ်တွင်လည်း ဘာခံစားချက်အမူအရာမှမပေါ်လွင်ခဲ့ပေ။ ဒါပေမဲ့ သူ့၏အတွင်းစိတ်ထဲတွင်တော့ လင်ပေ့ဖန်ကို မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
** ဘာလို့ ဒီကောင်ရဲ့ မိန်းမကံဇာတာက အရမ်းကံကောင်းနေရတာလဲဟ? ပြီးတော့ သူမတို့နှစ်ယောက်လုံးက တိုင်းပြည်ပျက်လောက်အောင်ကို ချောမောလှပလွန်းတယ်။**
** ငါ့လို စစ်ပွဲနတ်ဘုရားလို့ တင်စားခံရတဲ့ သူတောင်သူ့လောက် စော်မကြည်ဘူး **
ထိုအချိန်၌ ရုံးခန်းထဲတွင် အမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်တိုးတိုးလေးစကားပြောနေကြသည်။
" ယုမေ့ ၊ နင်က ဘာေကြာင့် ရုတ်တရက် လင်ပေ့ဖန်ရဲ့အတွင်းရေးမှူးဖြစ်လာရတာလဲ?နင်ပဲ သူ့ကို အရမ်းစိတ်တိုနေတာမဟုတ်ဘူးလား?။ " ဟု ဆောင်းယုချင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းခဲ့သည်။
" ငါလုပ်နေတာအားလုံးက နင့်အတွက်လေ " ဟု လျိုယုမေ့က ပြန်ပြောခဲ့သည်။
" ငါ့အတွက် ဟုတ်လား? " ဟု ဆောင်းယုချင်းက မေးမြန်းလိုက်သည်။
" ဟုတ်တာပေါ့ " ဟု လျိုယုမေ့သည် စိတ်မရှည်စွာနဲ့ ပြန်ပြောခဲ့သည်။
" နင့်ကိုနင်ပဲ အရင် ကြည့်လိုက်ဦး။ နင်သူ့နဲ့တွေ့တာ ရက်နည်းနည်းပဲရှိသေးတယ်။ နင့်နှလုံးသားကို သူ့အတွက်ဖွင့်ပေးလိုက်ပြီလေ။ ပြီးတော့ နင်က တီဗွီဇာတ်လမ်းတွေထဲမှာရှိတဲ့ ဇာတ်ဆောင်မင်းသမီးတွေထက်တောင်မှ ပိုပြီးတော့နုံအသေးတယ်။ငါတော့ နင့်ကို ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ဒါကြောင့် နင်သူ့ဆီမှာ မကျဆုံးရအောင်တားဆီးဖို့အတွက် ငါက သူ့ဘေးနားမှာ အလုပ်လုပ်ပြီးတော့ သူ့ကို နီးနီးကပ်ကပ် စောင့်ကြည်ေနရတာပဲ။အဲ့ဒါမှ သူ့ရဲ ပုံစံအမှန်ကို ငါသိနိုင်မှာ ပေါ့။
" ယုမေ့, နင်ငါ့အပေါ် တကယ်ကောင်းတာပဲ။ဒါပေမဲ့ သူက နင်ပြောသေလာက်လည်း အရမ်းဆိုးတဲ့လူ မဟုတ်ဘူးလို့ ငါသူ့ကို ယုံကြည်တယ်။သူက အရမ်းထူးချွန်ပြီးတော့ အလွန်လည်းကြင်နာတတ်တယ်။သူက သူတစ်ပါးကိုလည်းထောက်ထားညှာတာတတ်တယ် ။ သူက လူကြီးလူကောင်းပီသတယ်။ တာဝန်ယူချင်စိတ်လည်း အပြည့်ရှိတယ်။ တစ်နေ့နေ့တော့ ထိပ်ဆုံးကို သူသေချာပေါက် ရောက်ရှိလိမ့်မယ်လို့ ငါထင်တယ်။ " ဟု ဆောင်းယုချင်းက ပြန်ပြောလိုက်သည်။
" ငါ ထင်တာကတော့ နင်ဒီလူလိမ်ရဲ့ ထောင်ချောက်ထဲမိသွားပြီ။နင်ပြောမှပဲ လူတွေထင်ထားတဲ့ လူလိမ်က နင့်စိတ်ထဲမှာတော့ မစ်စတာပါဖက်စ် ကြီးဖြစ်နေတယ်။ "
လျိုယုမေ့သည် ဆောင်းယုချင်းကို အနည်းငယ် ဆွဲဆောင်ဖို့ကြိုးစားသေးသည်။ဒါပေမဲ့လည်း သူမသူငယ်ချင်းကတော့ တုတ်တုတ်တောင်မလှုပ်ခဲ့ပေ။ထိုအရာက သူမကို စိတ်ပျက်သလိုခံစားရစေသည် ။
ထို့ကြောင့် သူမဒေါသအားလုံးကို လင်ပေ့ဖန်အပေါ်၌ ပုံချခဲ့သည်။
*သေသင့်တဲ့လူလိမ်, သူ့ကြောင့်ပဲ ငါတို့အချစ်ဆုံးညီအစ်မတွေရဲ့ ဆက်ဆံရေး ပျက်စီးရတာ။ငါသူ့ရဲ့ မျက်နှာအစစ်အမှန်ကို ရှာပြမယ်။*
" ယုမေ့, အမှန်တကယ်တော့ နင် သူ့ဘေးနားမှာ အလုပ်လုပ်နေတာက ငါကို ပျော်ရွှင်စေတယ် ။
" နင်က ဘာအတွက်ကြောင့် ပျော်ရတာလဲ? ဟု လျိုယုမေ့သည် သူမ၏လက်ကိုအနည်းငယ် ဝှေ့ယမ်းပြီး မေးမြန်းလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ နင်ကအရမ်းထူးချွန်ထက်မြက်တယ်လေ။ ပြီးတော့ နင့်လိုထူးချွန်ထက်မြက်တဲ့လူက သူဘေးနားမှာ ကူပြီး အလုပ်လုပ်ပေးနေတာကငါ့ကိုပျော်ရွှင်စေတယ်လေ။ "ဟု ဆောင်းယုချင်းကပြောလိုက်သည်။
အဲ့ဒီအချိန်မှာပဲ ဆောင်းယုချင်း၏မျက်နှာသည်အနည်းငယ်ရှက်သွေးဖြာသွားခဲ့ပြီး " ပြီးတော့ နင်သူ့ဘေးနားမှာ အလုပ်လုပ်ရင်းနဲ့ သူ့ကို ငါ့အစား စောင့်ကြည့်ပေးထားဦး။တစ်ချို့ စနိုက်ကြော်မတွေကိုလည်း သူ့ဘေးနား အကပ်မခံနဲ့နော်။ လင်ပေ့ဖန်က အရမ်းထူးချွန်တဲ့သူဆိုတော့ လွယ်လွယ်ကူကူနဲ့
စနိုက်ကြော်မတွေကိုဆွဲဆောင်နိုင်တယ်လေ။ " ဟု ပြောလိုက်သည်။
" အို့ ဘုရားဘုရား, ငါထင်တာကတော့ နင်ဒီလူလိမ်ရဲ့ ပြုစားခြင်းကို ခံလိုက်ရပြီ " ဟု ပြောပြီးနောက် လျိုယုမေ့သည် သူမ၏လက်နှစ်ဖက်ဖြင့် သူမ၏မျက်နှာကို ကာလိုက်ပြီး သူမသူငယ်ချင်းကို ရင်လေးစွာနဲ့ ကြည့်နေခဲ့သည်။
" ယုမေ့, ကျေးဇူးပြုပြီး ငါ့ကို ဒီတစ်ခုတော့ကူညီပေးပါဟာ" ဟု ဆောင်းယုချင်းက တောင်းဆိုခဲ့သည်။
လျိုယုမေ့သည် သူမ၏ဦးခေါင်းကိုခါလိုက်ပြီး " ငါမကူညီပေးနိုင်ဘူး "ဟု ပြောလိုက်သည်။
သို့သော် အချိန်ခဏကြာစဉ်းစားလိုက်ပြီးနောက် သူမပြန်ပြောလိုက်သည်။
" ငါအများဆုံး သူ့ကို သတိပဲပေးနိုင်မယ်။ငါသတိ ပေးနေတာတောင် သူက မပြောင်းလဲဘူးဆိုရင်တော့ ဒီလူကိုဘယ်လိုမှ ပြောင်းလဲပေးလို့မရနိုင်တော့ဘူး။ အဲ့ဒါကြောင့်နင်က ဒီလိုလူနဲ့ အစောကြီးပြတ်ပြတ်သားသား လမ်းခွဲလိုက်သင့်တယ်။ "
" ကျေးဇူးတင်ပါတယ် , အချစ်ဆုံးသူငယ်ချင်းရယ်။ ငါနင့်ကို အရမ်းချစ်သွားပြီ " ဟု ဆောင်းယုချင်းသည် ပျော်ရွှင်စွာနဲ့ပြောလိုက်သည်။
သူငယ်ချင်းနှစ်ေယာက်လုံးသည် ပျော်ရွှင်စွာနဲ့ တခြားအရာများကို ဆက်လက်ပြောနေကြသည်။
....
ထို့နောက်အမျိုးသမီးနှစ်ယောက်သည် လင်ပေ့ဖန်ကို ကျော်ကြားသော အသားကင်ဆိုင်သို့ ခေါ်လာခဲ့ကြသည်။
သက်တော်စောင့်ဖြစ်တဲ့ ရဲ့ရှင်းချန်အတွက်ကတော့ သူသည် ကားထဲ၌ကျန်ခဲ့ပြီး ပေါင်မုန့်ဖြင့်သာ နှစ်ပါးသွားခဲ့ရသည်။
ရဲ့ရှင်းချန် ။။ ……🤧
ည၈နာရီထိုးခါနီးလောက်တွင် ဆောင်းယုချင်းဆီသို့ ဖုန်းဝင်လာ၍ ဖုန်းပြောပြီးနောက် သူမသည် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
" လင်ပေ့ဖန် , ယုမေ့ ငါတောင်းပန်ပါတယ် ။ ငါအခုချက်ချင်းကိုင်တွယ်စရာ ကိစ္စတစ်ခုရှိနေလို့ ချက်ချင်းပြန်ရလိမ့်မယ်။ဒါကြောင့် ငါ နင်တို့နဲ့ အတူတူ မလိုက်နိုင်တော့ဘူး "
" ရပါတယ်။အလုပ်က ပိုပြီး အရေးကြီးတယ်လေ။ ငါတို့အားလုံးက တစ်မြို့ထဲမှာပဲ အတူတူနေတော့ နောက်တစ်ကြိမ် လွယ်လွယ်ကူကူနဲ့ ထပ်ဆုံနိုင်သေးတယ်။ " ဟု လျိုယုမေ့သည် ခပ်တည်တည်နဲ့ပြောလိုက်သည်။
လင်ပေ့ဖန် ။ ။ ……
"တကယ်တော့ငါ့မှာလည်း လုပ်စရာတစ်ခုရှိသေးတယ်။ " ဟု လင်ပေ့ဖန်သည် ခါးခါးသီးသီးပြုံး၍ ပြောလိုက်သည်။
" ငါ့ သူငယ်ချင်းကောင်းတစ်ယောက်က သူဖွင့်ထားတဲ့ ဘားအသစ်ကို လာဖို့အတွက် ငါ့ကို ဖိတ်ထားခဲ့တယ်။ငါသူ့ကို အမြဲတမ်းငြင်းထားခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်မသွားရင်တော့ ငါတို့ရဲ့ ဆက်ဆံရေးက အဖုအထစ်တွေရှိသွားလိမ့်မယ်။ "
" ဒါကြောင့် သွားရမယ်ပေါ့ "
ထို့နောက်ဆောင်းယုချင်းသည် နားလည်စွာဖြင့် ပြန်ပြောလိုက်သည်။
" ဒါဆိုလည်းသွားလေ ။ဒါပေမဲ့ ရှင်သွားရင်လည်း စောစောပြန်ပြီး အရက်လည်းအရမ်းမသောက်နဲ့ဦးနော်။"
" အိုကေ, ပြဿနာမရှိဘူး "ဟု လင်ပေ့ဖန်က ပြန်ပြောလိုက်သည်။
ဆောင်းယုချင်းသည် လျိုယုမေ့ဆီသို့ မျက်လုံးဖြင့် လျို့ဝှက်စွာနဲ့ * သူ့ကို ငါ့အစား လိုက်ပြီး စောင့်ကြည့်ပေးပါဦး * ဟု အချက်ပြလိုက်သည်။
လျိုယုမေ့ကလည်း အကူညီမဲ့စွာဖြင့် သူမကို ပြန်ကြည့်လိုက်သည်။* ငါသိပြီ *
" အိုကေ, အခုပဲသွားကြရအောင် " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။