အခန်း (၁၇)
Vol. 2 Ch. 17
ထို့နောက် လင်ပေ့ဖန်သည် လျိုယုမေ့နှင့် ရဲ့ရှင်းချန်တို့ဖြင့် အသစ်ဖွင့်ထားသော ဘားသို့ ရောက်ရှိလာခဲ့သည်။
ဘားပိုင်ရှင်သည် ဒုတိယမျိုးဆက် သူဌေးသားဖြစ်ပြီး လင်ပေ့ဖန်၏ သူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။
ဘားစတင်ဖွင့်တဲ့အချိန်ကတည်းက ပျော်ပွဲရွှင်ပွဲများစွာကို လုပ်ပေးခဲ့သောကြောင့် ကာစတန်မာ တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့သည်။ထို့ကြောင့် ဘား၏လေထုကလည်း ပိုပြီးတော့သက်ဝင်လှုပ်ရှားနေသည်။နေရာတိုင်းတွင် ကခုန် နေသူများဖြင့် ပြည့်နှက် နေတာကတကယ့်ကို ရှုးသွပ်ချင်စရာကောင်းသည်။
အဲ့ဒီအချိန်မှာပဲ လူတစ်ယောက်က လင်ပေ့ဖန်၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
" ဟားဟား ,ဘရို မင်းနောက်ဆုံးတော့ ဒီကို လာပြီပေါ့။ငါမင်းကိုဖိတ်ခေါ်နေတာ အကြိမ်အများကြီးရှိနေခဲ့ပြီ ဒါပေမယ့်မင်းက ငါဖိတ်ခေါ်တာကို အမြဲတမ်းငြင်းခဲ့တယ်။ ဒီနှစ်ရက်အတွင်း မှာ မင်းဘယ်မှာ သွားပျော်နေတာလဲဆိုတာငါ့ကိုမှန်မှန်ပြောစမ်း?မင်းကမင်းရဲ့ ညီအစ်ကိုကောင်းကိုတောင်မှ လစ်လျူရှုထားခဲ့တာလေ။ အကယ်၍ မင်း ငါ့ကို ရှင်းရှင်းလင်းလင်းမရှင်းပြရင် ဒီည အိမ်ပြန်ဖို့ မစဉ်းစားနဲ့တော့။ငါမင်းနဲ့အတူတူသောက်ဖို့အတွက် ကောင်မလေးနည်းနည်း ခေါ်ပေးမယ်။ "
ဒီလူကတော့ ဘားပိုင်ရှင် ဟဲရွှီ၀မ်ဖြစ်ပါတယ်။
သူ့နာမည်က နားထောင်ရတာ ခေတ်ဆန်ပေမဲ့လည်း သူ့ရဲ့ ပညာအရေအချင်းကတော့ ဇီးရိုး ဖြစ်သည်။ ထို့ကြောင့် သူစကားပြောသောအခါတွင် အလွန်ရိုင်းသည်။
သူသည် ချမ်းသာ၍ အပျော်အပါးကို နှစ်သက်သောကြောင့် အထူးသဖြင့် သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် ဒီဘားကို ဖွင့်ထားရခြင်းဖြစ်သည်။
ထို့ပြင် သူ့တွင် စိတ်ပျက်စရာ အချက်တွေအမျိုးမျိုးရှိ နေပေမဲ့လည်း သူ့တွင် ကောင်းသောအချက်တစ်ချက်ရှိ သေးသည်။ သူသည် စိတ်ခံစားချက်ကို အလေးပေး၍ အလွန်သစ္စာလည်းရှိသည်။
မူရင်းဇာတ်လမ်းတွင် လင်ပေ့ဖန်သည် ရူးသွပ်
တော့မလို အခြေအနေကို ရောက်ရှိခဲ့သည်။အဲ့ဒီအချိန်တွင် ဟဲရွှီဝမ်ကဘဲ သူ့ကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ပေး၍ အကောင်းဆုံးဆေးဝါးများကိုလည်း သူ့အတွက် အသုံးပြုဖို့ စီစဉ်ပေးခဲ့ပြီး သူ့ဆီကိုလည်း ရပ်အနည်းငယ်ကြာတိုင်း လာရောက်လည်ပတ်ခဲ့သည်။
ထို့ကြောင့် ယခင်ဘဝ၌ လင်ပေ့ဖန်ကလည်းပဲ သူ့ကို ပြန်ပြီး ထောက်ပံ့ကူညီပေးခဲ့သည်။
ဟဲရွှီဝမ်ကို ဖျော်ဖြေရေးလုပ်ငန်းသို့ ချက်ချင်းဝင်ရောက်နိုင် အောင်ကူညီပေးခဲ့ပြီး သူသည် လင်ပေ့ဖန်၏ ကူညီသူတစ်ယောက်လည်းဖြစ်လာခဲ့သည်။
လင်ပေ့ဖန်သည် အကူအညီမဲ့စွာဖြင့် " ငါ့မှာငါလိုက်ေနတဲ့ ကောင်မလေးရှိနေပြီလေ ဘယ်လိုလုပ်ပြီး အားလပ်ချိန်ရှိတော့မှာလဲ? " ဟု ပြန်ပြောလိုက်သည်။
ဟဲရွှီဝမ်သည် အလွန်အံ့အားသင့်သွားခဲ့ပြီး " မင်းမှာ တကယ်ရောကိုက်ေနတဲ့သူ ရှိတာဟုတ်လို့လား? ဘယ်လိုကောင်မလေးမို့လို့ မင်းရဲ့အချိန်တွေကို သူမအတွက် သုံးရတာလဲ? မင်းအတွက် ဒီလိုကိစ္စက ပုံမှန်ပမဟုတ်ဘူး? " ဟု မေးလိုက်သည်။
"သူမက ဆောင်းဆေးရုံရဲ့ စီအီအို ဆောင်းယုချင်းပဲ "ဟု လင်ပေ့ဖန်ကပြောလိုက်သည်။
ဟဲရွှီဝမ်သည် ပိုပြီးတော့တောင်မှ အံ့အားသင့်သွားခဲ့ပြီး "သူမ က မိုဟိုင်မြို့မှာရှိတဲ့ ရွှေပန်းပွင့်လေးနှစ်ပွင့်ထဲက တစ်ပွင့်မဟုတ်လား?ထို့ပြင် သူမက လူတော်တော်များရဲ့ အိမ်မက်ထဲက ချစ်သူလေးလည်းဖြစ်သည်။အကယ်၍ လူတိုင်းကသာ မင်းတို့နှစ်ယောက်ချိန်းတွေ့နေတယ်ဆိုတာ သိခဲ့ရင် သူတို့ အသည်းကွဲသွားကြမှာပဲ။ ဒါနဲ့ မင်းတို့နှစ်ယောက်ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ? မင်းတို့နှစ်ယောက်အတူတူရော အိပ်ပြီးကြပြီလား? ဟု မေးမြန်းခဲ့သည်။
" လူယုတ်မာ" ဟုပြောရင်း လင်ပေ့ဖန်သည် မထီမဲ့မြင်ပြုလိုက်ပြီး " ငါနဲ့သူမရဲ့ ဆက်ဆံရေးက သန့်သန့်ရှင်းရှင်းပဲ။ ဘယ်လိုလုပ်ပြီး အိပ်တယ်ဆိုတဲ့ စကားကို ပြောရမှာလဲ? ဟု ပြန်ပြောလိုက်သည်။
" ဘယ်လို ပေါက်ကရလဲ! ချိန်းတွေ့တယ်ဆိုတဲ့အကြောင်းအားလုံးက အတူတူအိပ်ဖို့ပဲမဟုတ်လား? ဟု ဟဲရွှီဝမ်သည် ရယ်မောပြီးညစ်ညမ်းစွာ ပြောခဲ့သည်။
လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကိုခါလိုက်ပြီး " မင်းလိုလူယုတ်မာတွေကို ရှင်းပြဖို့အတွက် ငါ့မှာအကြောင်းပြချက်မရှိဘူး။" ဟု ပြောလိုက်သည်။
ဟဲရွှီဝမ်သည် ဆေးလိပ်သောက်၍ မျက်မှောင်ကြုတ်လိုက်ပြီး " ဒါဆိုရင် မင်းက ကောင်းတဲ့လူဖြစ်လာလိမ့်မယ်ပေါ့?" ဟု ပြန်ပြောလိုက်သည်။
လင်ပေ့ဖန်သည် သူပြောတာကို လက်မခံဘဲနဲ့ ငြင်းဆိုလိုက်သည်။ " ဘာကောင်းတာလဲဟ? ငါကအမြဲတမ်း နိုင်ငံသားကောင်းတစ်ယောက်ပဲေလ။"
ဟဲရွှီဝမ်သည် အော်ဟစ်ပြီး " မင်းကမကာင်းတဲ့ကောင်ဘဲ။ မင်းပဲငါ့ကို မကောင်းတာလုပ်ဖို့ အတွက် ဦးဆောင်ပြီးမြူစွယ်ခဲ့သည်။ ပြီးတော့ မင်းထားခဲ့တဲ့အချိန်မှာ ငါက လမ်းမှားကို ရောက်နေပြီေလ။ဒါတောင်မင်းကိုယ်မင်း နိုင်ငံသားကောင်းတစ်ယောက်လို့ ခေါ်နိုင်သေးတယ်ပေါ့လေ?ဒါပေမဲ့ အကယ်၍ မင်းဆောင်းယုချင်းကို တကယ်လိုက်နိုင်ခဲ့တယ်ဆိုရင် ငါမင်းကို အနီရောင်စာအိတ်ကြီးကြီးပေးမယ်။ဒါက မင်းအတွက် ဂုဏ်ရှိတာပေါ့။ " ဟု ပြောလိုက်သည်။
အဲ့ဒီအချိန်မှာပဲသူသည် လင်ပေ့ဖန်ဘေးနားတွင် လူနှစ်ယောက်ရှိနေေသးသည်ကို သိရှိခဲ့သည်။
" ဒါနဲ့ စကားမစပ်, သူတို့နှစ်ယောက်က ဘယ်သူတွေလဲ? " ဟု လင်ပေ့ဖန်ကို မေးလိုက်သည်။
လင်ပေ့ဖန်က ပြန်လည်ပြီးမိတ်ဆက်ပေးခဲ့သည်။ " အမျိုးသမီးနာမည်ကတော့ လျိုယုမေ့ဖြစ်ပြီး သူမက ငါ့အဖေ ငါ့အတွက် စီစဉ်ပေးထားတဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်သည်။ယောက်ျားနာမည်က တော့ ရဲ့ရှင်းချန်ဖြစ်သည်။သူက ငါ့ရဲ့ သက်တော်စောင့်တစ်ယောက်ဖြစ်ပြီးတော့ တိုက်ခိုက်ရာတွင်လည်း အရမ်းတော်သည်။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးက ငါ့ရဲ့သူငယ်ချင်းကောင်းနှစ်ယောက်လည်းဖြစ်သည်။"
" မင်းရဲ့သူငယ်ချင်းဆိုတာကလည်း ငါ့ရဲ့သူငယ်ချင်းပဲပေါ့။ အနာဂတ်မှာဒီကိုမကြာခဏ လာခဲ့ပေးပါဦး။ " ဟု ပြောရင်း ဟဲရွှီဝမ်သည် သူတို့သုံးယောက်စလုံးကို စင်ပေါ်တွင်ဖျော်ဖြေမှုကို တိုက်ရိုက်မြင်တွေ့နိုင်သော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
အဲ့ဒီအချိန်မှာပဲ ငယ်ရွယ်သောမော်ဒယ်မလေးများကလည်း သူတို့နှင့်နီးသောနေရာတွင်ထိုင်နေခဲ့သည်။သူမတို့သည် လင်ပေ့ဖန်ကို မြင်လိုက်သောအခါတွင် ချက်ချင်းပြေးလာကြပြီး ပြန့်တန့်တန့်အမူအရာဖြင့်
" သခင်လေးလင်, သခင်လေးဟဲ ရှင်တို့နှစ်ယောက်ဒီကို ရောက်လာပြီပေါ့ ။" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် သူမတို့ကို အဝေးသို့ မောင်းထုတ်လိုက်ပြီး " သူ့ဘေးနားကိုပဲ သွားကြ ကောင်မတွေ နင်တို့ဆီကနေ ငံပြာရည်နံ့နံတယ် ပြီးတော့ငါက အစစ်မတွေမလိုဘူး " ဟု ပြောလိုက်သည်။(🤧🤧ဟာသအမြင်ဖြင့်သာဖတ်ပေးကြပါ just kidding )
ဟဲရွှီဝမ်သည် အူလိုက်သည်းလိုက်ရယ်မောလိုက်ပြီး " သူမှာ ချစ်ရမယ့်သူရှိနေပြီ။ နင်တို့လို့သာမန်ကောင်မလေးတွေကို သူကဂရုမစိုက် တော့ဘူး။လာငါ့ဘေးနားပဲ လာကြ။" ဟု ပြောလိုက်သည်။
ထို့နောက် ဟဲရွှီဝမ်သည် သူ့၏လက်မောင်းဖြင့် မော်ဒယ်မလေးတစ်ယောက်၏ ပုခုံးကို ဖတ်လိုက်၍ဇိမ်ခံဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး ဖော်ရွယ်စွာနဲ့ပြောလိုက်သည်။" လူတိုင်း ထိုင်ကြပါဦး။မင်းတို့ကြိုက်တာကိုမှာပြီး စားသောက်နိုင်တယ်။ဒီညအတွက် မင်းတို့သောက်တာအားလုံးက အခမဲ့ပဲ။ "
လင်ပေ့ဖန်ကလည်းပဲ ပြောလိုက်လိုက်သည်။
" အားလုံးပဲကျေးဇူးပြုပြီး ထိုင်နိုင်ပါတယ်။ "
လျိုယုမေ့သည် အနည်းငယ်မျက်မှောင်ကြုတ်၍ ဘေးပတ်ပတ်လည်ကို ကြည့်ခဲ့သည်။
သူမသည် ဟဲရွှီဝမ်နှင့် နီးနီးကပ်ကပ်မထိုင်ချင်ပေ။သူဆီကနေရတဲ့ ဆေးလိပ်နံ့ နှင့်အရက်နံ့က သူမကို သက်တောင့်သက်သာမဖြစ်စေပေ။ထို့ပြင်သူမသည်ပြန့်တန့်တန့်နိုင်ပြီး အရှက်မရှိသော ငယ်ရွယ်သော မော်ဒယ်မလေးများနှင့်လည်း နီးနီးကပ်ကပ်မထိုင်ချင်ပေ။
နောက်ဆုံးမှာတော့သူမသည် လင်ပေ့ဖန်ဘေးနားတွင်သာ ဝင်ထိုင်လိုက်သည်။ သူမတို့နှစ်ယောက်သည် အလွန်နီးကပ်စွာထိုင်နေသောကြောင့် တစ်ယောက်၏အပူချိန်ကို တစ်ယောက်ကခံစားနေရသည်။
လျိုယုမေ့သည် အနည်းငယ်ရှက်သွားပြီး လင်ပေ့ဖန်ကို " ဘာမှ အတွေးမလွန်နေနဲ့။ကျွန်မသူတို့နဲ့ အတူတူမထိုင်ချင်လို့ " ဟု ရှင်းပြလိုက်သည်။
လင်ပေ့ဖန်သည် ငဲ့ညာစွာဖြင့် " ငါနားလည်ပါတယ်။ ငါမင်းအတွက် သောက်စရာတစ်ခုခုမှာပေးမယ်။ " ဟု ပြောလိုက်သည်။
လျိုယုမေ့က ပြန်ပြောလိုက်သည်။" ဟမ်! ! ငဲ့ညာတယ်ပေါ့လေ,ဒါဆိုရင် ရှင့်ဆီမှာ အသိတရားတော့နည်းနည်းရှိသေးတာဘဲ "
လင်ပေ့ဖန် :………
သူတို့အားလုံးထိုင်ပြီးချိန်တွင် ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်ကတော့ မထိုင်ရသေးပေ။သူသည် လင်ပေ့ဖန်ဘေးနားတွင်မတ်တပ်ရပ်နေပြီး သူ့၏သက်တော်စောင့်တာဝန်ကို ကျေပွန်စွာနဲ့ ထမ်းဆောင်နေခဲ့သည်။
ဟဲရွှီဝမ်က သူ့ကို လက်ဟန်ပြပြီး " ဘရို , မင်းဒီလိုရပ်နေစရာမလိုပါဘူး ဒီမှာထိုင်ပါဦး။ မင်းငါနဲ့အတူ ဒီဘားထဲမှာ ရှိနေချိန်မှာ မင်းဘော့စ်ရဲ့ လုံခြုံရေးကို ဘာမှ စိုးရိမ်နေစရာမလိုပဘူး။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်ကလည်းပြောလိုက်သည်။ " ရှင်းချန် , မင်းထိုင်လို့ရပါတယ်။ဒီဘရိုဟဲရဲ့ပိုင်နက်ထဲမှာ အလွန်လုံခြုံတယ်။မင်းငါ့နောက်ကို တစ်နေ့လုံးလိုက်နေရာတော့ မင်းပင်ပန်းသွားပြီပေါ့။ဒီမှာနားပြီး တစ်ခုခုသောက်ဦး။
" ဟုတ်ကဲ့ပါ, ဘော့စ်လင်။ " ဟု ပြောရင်း ရဲရှင်းချန်သည် သူ့နှင့်နီးသောထိုင်ခုံတွင်ထိုင်ချခဲ့သည်။