အခန်း (၁၈)
Vol. 2 Ch. 18
အဲ့ဒီအချိန်တွင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ဆီသို့ လက်ညိုးထိုးပြီး ပြောလိုက်သည်။
" ဒီလူက ငါ့ရဲ့ညီအစ်ကိုကောင်းပဲ ။ဘယ်သူပဲဖြစ်ဖြစ် သူ့ကိုပြုစုပေးရင် အဲ့ဒီပြုစုတဲ့သူကို ဘောက်စူးကောင်းကောင်းပေးမယ်။ "
ဟဲရွှီဝမ်ကလည်းပဲ " ဒါအမှန်ပဲ , ဘောက်စူးကို ငါလည်းပေးမယ် " ဟု ပြောလိုက်သည်။
ဘောက်စူးပေးမည်ဆိုသည့် စကားက ငယ်ရွယ်တဲ့မော်ဒယ်မလေးများကို စိတ်ဝင်စားစေခဲ့သည်။
သူမတို့သည် ဇာတ်လိုက် ရဲ့ရှင်းချန်ကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုခဲ့သည်။
သူမတို့သည် သူက သက်တော်စောင့်ဖြစ်တယ်ဆိုတာကို သိရှိနေခဲ့သည်။ ထို့ပြင် သူသည် အရပ်ရှည်ပြီး တောင့်တင်းသောဘော်ဒီနှင့် ချောမောသောရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
သူ့ဆီကနေရသည့် အေးစက်တဲ့အော်ရာနှင့် သွေးနံကလည်း သူမတို့ကို တစ်မျိုးဆွဲဆောင်နေခဲ့သည်။ထို့ကြောင့် လူငယ်မော်ဒယ်မလေးနှစ်ယောက်သည် ချက်ချင်းပဲ သူ့ဆီသို့ ပြေးလာခဲ့ကြသည်။
" ရှင့်နာမည်ဘယ်လိုခေါ်လဲ ? ကောင်ချောလေးဘယ်လိုလဲ ကျွန်မတို့နဲ့ရော အတူတူသောက်ချင်လား ? "ဟု သူမတို့က ရဲ့ရှင်းချန်ကို မေးမြန်းလိုက်သည်။
ရဲ့ရှင်းချန်သည် ချက်ချင်းပဲ သူမတို့နှစ်ယောက်ဆီကနေ အလွန်ပြင်းသောရေမွှေးရနံ့ကို ရရှိခဲ့ပြီး ထိုရနံ့ကသူ့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
ထို့နောက်သူသည် အဲ့ဒီမော်ဒယ်မလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူမတို့နှစ်ယောက်၏ မျက်နှာတွင် မိတ်ကပ်များကို ထူပိန်းနေအောင် လိမ်းခြယ်ထားပြီး သူမတို့ပုံစံကိုကြည့်ရတာကလည်း ဒီနည်းလမ်းမျိုးကို ပုံမှန်အသုံးပြုနေကြပုံစံဖြစ်နေသည်။
ထို့ပြင် သူမတို့စကားပြောသော အခါတွင်လည်း အရက်နံ့ကို သူမတို့ပါးစပ်ကနေ ရနေရသည်။သူမတို့နှင့် လူဘယ်လောက်များများက ကစားပြီးပြီလဲဆိုတာကို သူ မခန့်မှန်းနိုင်ပေ။
သူသည် ဂုဏ်သိက္ခာရှိသော စစ်နတ်ဘုရားတစ်ပါးဖြစ်သည်။
ထို့ကြောင့် သူ့လိုလူက ဒီလိုမိန်းမမျိုးကို ဘယ်လိုလုပ်ပြီး ထိတွေဆက်ဆံနိုင်မှာလဲ?။
ထို့ပြင် သူ့နှင့်အတူတူအိပ်ချင်သည့် ဂုဏ်သရေရှိအမျိုးသမီးတွေကိုတောင်မှ သူ လုံးဝစိတ်မဝင်စားခဲ့ပေ။
သူသည် ရုတ်တရက် အလွန်နေမထိထိုင်မသာဖြစ်သလို ခံစားခဲ့ရပြီး " ဘော့စ်လင် , ကျွန်တော်ဒီလိုကိစ္စတွေကို စိတ်မဝင်စားဘူး။" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် သူ့၏လက်ကို ဝှေ့ယမ်းခဲ့ပြီး
" အကယ်၍ မင်းကစားချင်တယ်ဆိုရင်လည်း သွားကစားပါ။ငါ့ကို ရှက်နေစရာမလိုပါဘူး။ပြီးေတာ့ , အစ်ကိုရဲ့ ငါ့ကို အရမ်းလည်းယဉ်ကျေးနေစရာမလိုပါဘူး " ဟု ပြန်ပြောလိုက်သည်။
ဟဲရွှီဝမ်ကလည်း ဟက်ဟက်ပတ်ပတ်ရယ်မောလိုက်ပြီး " ဒါအမှန်ပဲဘရို …မင်းကယောက်ျားဆိုရင် ဒီမှာ ထိုင်လိုက်တော့ " ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ ယုံကြည်မှုကို ရရှိရန်အတွက် နောက်ဆုံးတွင် နာခံစွာဖြင့် ဆိုဖာပေါ်၌ ထိုင်ချခဲ့သည်။ထို့ပြင်သူသည် ငယ်ရွယ်တဲ့မော်ဒယ်မလေးနှစ်ယောက် က သူ့ကို မထိတထိစနေတာကိုလည်း လွှတ်ထားပေးလိုက်သည်။
လင်ပေ့ဖန်သည် ထိုဖြစ်ရပ်ကို သူ့ဆိုဖာပေါ်တွင်ထိုင်၍ ကျေနပ်စွာနဲ့ ကြည့်ရှုနေခဲ့သည်။ထို့ပြင် စစ်ပွဲနတ်ဘုရား၏ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့အမူအရာကို ကြည့်ရတာကလည်း သူ့ကိုပျော်ရွှင်စေသည်။
အဲ့ဒီအချိန်မှာပဲ ဟဲရွှီဝမ်သည် သူ့၏လက်တွင် ကိုင်ထားသောဖန်ခွက်ကို မြှောက်လိုက်ပြီး " အစ်ကိုလင် မင်းကို ငါ တို့စ်လုပ်တယ်။" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်က ငြင်းတော့မည့်အချိန်တွင် သူ့၏ဘေးနားတွင်ထိုင်နေသော လျိုယုမေ့က နှာခေါင်းရှုံ့လိုက်ပြီး " ကျွန်မရဲ့ဘော့စ်က မနက်ဖြန်မနက်အစောကြီး အလုပ်သွားစရာရှိတယ်။ အဲ့ဒါကြောင့် ဒီည အရက်သောက်လို့မရဘူး။မဟုတ်ရင် မနက်အစောကြီးမထနိုင်ဘဲနေလိမ့်မယ်။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် ချက်ချင်းခေါင်းညိတ်ခဲ့ပြီး " သူမပြောတာအမှန်ပဲ။ ငါတို့ မနက်ဖြန်မနက်မှာ အရေးကြီးအလုပ်ကိစ္စတစ်ခုကို သွားစရာရှိသေးတယ်။ဒါကြောင့် ငါတို့သောက်လို့မရဘူး " ဟု ပြောလိုက်သည်။
ဟဲရွှီဝမ်သည် ရှက်တက်တက်အမူအရာဖြင့် ပြန်ကြည့်လိုက်ပြီး " လုပ်စမ်းပါကွာ ညီအစ်ကိုကလဲ? မင်းငါ့ရဲ့ ဘားကိုလာပြီးတော့ မိန်းကလေးတွေလည်းမခေါ်ဘူး။ပြီးတော့ အခု မင်းကို အရက်တိုက်ပြန်တော့လည်း အရက်လည်းမသောက်ဘူး? ဒါကဘယ်လိုကြီးလဲ?အကယ်၍ တစ်ယောက်ယောက်ကသာ ဒါကိုသိသွားရင် ငါ့မျက်နှာပျက်ရမှာပေါ့။ " ဟု ပြန်ပြောခဲ့သည်။
" ကောင်းပြီလေ…. ဒါဆိုရင်လည်း ငါ့အစားတစ်ခြားသူကို သောက်ခိုင်းလို့ကောရလား? သူဆိုရင်ရော?"ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ညွှန်ပြခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် ပြုံးလိုက်ပြီး " ငါ့အစ်ကို ရဲ့က မင်းနဲ့အတူလိုက်ပြီး ငါ့အစားသောက်ပေးလိမ့်မယ်။ဒါဆိုရင် အဆင်ပြေလား? "ဟု ပြောလိုက်သည်။
" အစ်ကိုရဲ့ လား?သူဆိုရင်တော့ အဆင်ပြေတယ်။"ဟု ဟဲရွှီဝမ်က ပြောခဲ့သည်။
ထို့နောက် ဟဲရွှီဝမ်သည် သူ့၏ဖန်ခွက်ကို နောက်တစ်ကြိမ်မြှောက်လိုက်ပြီး " အစ်ကိုရဲ့ …ငါမင်းကို ဒီတစ်ခွက်နဲ့ တို့စ်လုပ်တယ် " ဟု ပြောလိုက်သည်။
ဇာတ်လိုက်ရဲ့ရှင်းချန်သည် တုံ့ဆိုင်းစွာဖြင့် လင်ပေ့ဖန်ကို ကြည့်လိုက်ပြီး " ဘော့စ်လင်…ကျွန်တော်သောက်လို့မဖြစ်ဘူး။အပြန်ကျရင် ကျွန်တော် ကားမောင်းဖို့ရှိသေးတယ်။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် ရယ်မောလိုက်ပြီး " အဆင်ပြေပါတယ် အစ်ကိုရဲ့။ငါ့ဘာသာငါပဲ ကားမောင်းပြီးပြန်နိုင်တယ်။ဒါပေမဲ့ အစ်ကိုရဲ့ကတော့ ငါ့အစားသောက်ပေးရလိမ့်မယ်။အစ်ကိုရဲ့ ငါ နဲ့ ဘော့စ်ဟဲတို့ရဲ့ညီအစ်ကို ဆက်ဆံရေးကို မပျက်စီးစေနဲ့နော်။" ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် ခဏကြာတွေးတောလိုက်ပြီးနောက် အခုချိန်တွင် သူသည် ကျားတွင်းထဲသို့ပင်ဝင်ရောက် နေပြီဖြစ်သည်။
ထို့ကြောင့် နောက်ထပ်အရက်နည်းနည်းလေးက သူ့ကို ဘာဖြစ်စေမှာလဲ?
ထို့ပြင် သူ့၏အဖွဲ့က ညီအစ်ကိုများနှင့်လည်း အရက်ယှဉ်သောက်ရာတွင် သူ့တို့အားလုံးသာ သူ့ကို ရှုံးနှိမ့်ခဲ့ရသည်။
ထို့ကြောင့် သူသည် ဖန်ခွက်ကို မြှောက်လိုက်ပြီး ခွက်ထဲကအရက်အားလုံးကိုတစ်ကျိုက်ထဲဖြင့် သောက်ချလိုက်သည်။
" ကောင်းလိုက်တဲ့ သောက်နိုင်စွမ်းပဲ။ရော့ဒီမှာ နောက်တစ်ခွက် " ဟုပြောလိုက်ပြီး ဟဲရွှီဝမ်သည် ချက်ချင်းပဲ ဖန်ခွက်တစ်ခွက်ကိုယူ၍ ဝိုင်များကို လောင်းထည့်ခဲ့သည်။
လင်ပေ့ဖန်သည် အပြုံးဖြင့် လူနှစ်ယောက်အရက်ပြိုင်သောက်တာကို ကြည့်ရှုနေပြီး သူ့၏ စိတ်ထဲတွင်တော့ တိတ်တိတ်ကလေးမေးမြန်းလိုက်သည်။
[ စနစ် အကယ်၍ ငါကဆုတစ်ခုတောင်းလိုက်ရင် ငါနဲ့အနီးဆုံးဇာတ်လိုက်ကပဲ ဆုနှစ်ဆရမှာလား? ဒါမှမဟုတ် ဇာတ်လိုက်အားလုံးက ဆုနှစ်ဆရမှာလား? ]
[ဒင်!! ကောင်းကင်ကိုဆန့်ကျင်တဲ့စနစ်၏ လုပ်ဆောင်ချက်သည် ပိုင်ရှင်နှင့်အနီးစပ်ဆုံးဇာတ်လိုက်ရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့အတွက်သာ ဖြစ်သည်။ ]
ဒါဆိုရင် ပြဿနာမရှိတော့ဘူး။
ထို့ နောက် လင်ပေ့ဖန်သည် တောက်ပသောအပြုံးကိုပြုံးလိုက်ပြီး [ ငါဆုတစ်ခုတောင်းမယ်စနစ်။ငါ ဒီညအရက်သောက်ရာမှာ အလွန်စိတ်လှုပ်ရှားပြီးစိတ်ဓာတ်တက်ကြွချင်တယ်စနစ်။ ]" ဟု စိတ်ထဲကနေ စနစ်ကို ပြောလိုက်သည်။
[ ဒင်!! ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါသည်။]
အဲ့ဒီအချိန်မှာပဲ ဇာတ်လိုက်ရဲ့ရှင်းချန်သည် နောက်ထပ်အရက်တစ်ခွက်ကို သောက်ခဲ့ပြီး ချက်ချင်းပဲ ခေါင်းမူးလာသလိုခံစားလိုက်ရသည်။
** ဒါက ဘယ်လိုဝိုင် အမျိုးအစားလဲဟ? အရမ်းပြင်းတယ်။ ငါကစစ်ပွဲနတ်ဘုရားလေ ။ဘယ်သူကမှ ငါ့နဲ့ အရက်ပြိုင်မသောက်နိုင်ဘူး**
ထို့နောက် ရဲ့ရှင်းချန်သည် သူ့၏မျက်လုံးများကို နောက်တစ်ကြိမ်ဖွင့်လိုက်ချိန်တွင် မျက်လုံးများသည် အနည်းငယ် နီနေပြီး သူ့၏မျက်နှာကလည်း နီရဲနေခဲ့သည်။
သူသည် ချက်ချင်းပဲဖန်ခွက်နှစ်ခွက်သို့ အရက်လောင်းထည့်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ပြောခဲ့သည်။
" သောက်မယ်...လာ ...ငါ့နဲ့အတူတူသောက်မယ်။ငါ့နဲ့ ပြိုင်မသောက်တဲ့သူက သူရဲဘောကြောင်တဲ့လူဘဲ။ "
ဟဲရွှီဝမ်သည် သူ့၏မျက်ခုံးများကိုပင့်၍ လင်ပေ့ဖန်ကိုကြည့်လိုက်ပြီး " ဟားဟား...., မင်းရဲ့အစ်ကိုက စိတ်ဝင်စားစရာပဲ " ဟု ပြောလိုက်သည်။
ထို့နောက်သူသည် သူ့၏ဖန်ခွက်ကိုလည်းမြှောက်လိုက်ပြီး " ချီးယားစ် " ဟု အော်ပြောလိုက်သည်။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သည် စတင်ပြိုင်သောက်ခဲ့ကြသည်။ထို့ပြင် သူတို့နှစ်ယောက်သည် ဝိုင်နီ၊ဝိုင်ဖြူ နှင့် ဝိုင်အဝါ စသည်တို့ကိုလည်း ဘာတစ်ခုမှမငြင်းဘဲ ပြိုင်သောက်ခဲ့ကြသည်။
တစ်ခွက်ကုန်ပြီးနောက် နောက်တစ်ခွက်ကို ထပ် သောက်ခဲ့ကြသည်။ခဏအကြာ၌ စားပွဲပေါ်တွင် ဝိုင်ပုလင်းခွံ အလွတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဟဲရွှီဝမ်သည် ဆိုဖာပေါ်တွင်လှဲနေပြီး သူသည်ဆက်မသောက်နိုင်တော့တာကြောင့် သူ့၏လက်ကိုဝှေ့ယမ်းလိုက်ပြီး " ငါဒီထက်ပိုပြီး ဆက်မသောက်နိုင်တော့ဘူး။မင်းဘာသာမင်းပဲ ဆက်သောက်လိုက်တော့ " ဟု ပြောလိုက်သည်။
" မင်းကတော်တော်ပျော့တာပဲ။ ဒီလောက်အရက်နည်းနည်းလေးသောက်ပြီးတော့ မင်းမှောက်သွားပြီ။" ဟု ရဲ့ရှင်းချန်သည် အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့ပြီး ပြောခဲ့သည်။
သူ့၏ဘေးနားတွင်ထိုင်နေသော မော်ဒယ်မလေးနှစ်ယောက်ကလည်း ချက်ချင်းပဲခွက်ကိုမြှောက်ပြီး သူ့ကို ချီးယားစ်လုပ်ခဲ့သည်။
" အိုပါး…. ရှင်က အရက် အရမ်းသောက်နိုင်တာဘဲ။ ပြီးတော့ အရမ်းလည်း ရဲရင့်တယ်။ ကျွန်မရှင့်ကို အရမ်းချစ်သွားပြီ အိုပါး " ဟု ပြောခဲ့သည်။
" ဟီးဟီး.... ငါက အိပ်ယာထဲမှာဆို ပိုပြီးရဲရင့်တယ် " ဟု ရဲ့ရှင်းချန်က လူယုတ်မာအပြုံးကိုပြုံး၍ နိုင်ထူးလေသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူ့၏လက်များသည် မရိုးသားဘဲ မော်ဒယ်မလေးနှစ်ယောက်၏ တို့ဖူများကို အခွင့်အရေးယူ၍ နှိုက်မြည်းလိုက်သည်။ ( တို့ဖူးဟင်းပဲ စားတာပါဗျ🤣 )
လျိုယုမေ့၏ မျက်လုံးများသည် လက်သွားခဲ့ပြီး စက်ဆုပ်စွာဖြင့် လင်ပေ့ဖန်ကို ကြည့်လိုက်ပြီး
" ယောက်ျားတွေအားလုံးက အတူတူနဲ့ အနူနူကြီးပဲ " ဟု ပြောလိုက်သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ဘာသာသူ တိတ်ဆိတ်စွာဖြင့် အရက်သောက်နေခဲ့သည်။။
လင်ပေ့ဖန် ......