အခန်း (၁၉)
Vol. 2 Ch. 19
ထိုအချိန်တွင် စင်ပေါ်သို့ Djဆရာ ရောက်ရှိလာခဲ့ပြီး ဘား၏လေထုကို သက်ဝင်လှုပ်ရှားလာစေခဲ့သည်။
စင်ပေါ်သို့ သီချင်းဆိုပြီး ဖျော်ဖြေတင်ဆက်ပေးမည့် အဆိုရှင်များကလည်း တက်လာခဲ့ကြသည်။
ထို့နောက် အဲ့ဒီအချိန်တွင် လူအုပ်ကြီး၏ အံ့အားသင့်စွာကြည့်နေကြသော မျက်လုံးများရဲ့ အလယ်တွင် ရဲ့ရှင်းချန်သည် စင်ပေါ်သို့ အပြေးအလွှားပြေးတက်သွားခဲ့သည်။ထို့ပြင် သီချင်း သီဆိုမည့်သူ့ကိုလည်း စင်အောက်သို့ ကန်ချ၍ မိုက်ကိုကိုင်ပြီး စင်ပေါ်၌ခံ့ညားသောအမူအရာဖြင့် ရပ်နေခဲ့သည်။
ဘား၌ရှိနေကြသော လူတိုင်းက ဒီဖြစ်ရပ်ကို မြင်ပြီး ထိတ်လန့်သွားခဲ့သည် ။
*ဒီကောင်ကဘယ်သူလဲဟ?ပြီးတော့ သူကစင်ပေါ်ကိုတက်ပြီး ဘာလုပ်ချင်တာလဲ?*
" ခုနကသီချင်းဆိုမယ့်သူက သီချင်းဆိုတာ မကောင်းဘူး။ဒါကြောင့် ငါပဲ သူ့အစား သီချင်းဆိုပေးပါရစေ။ လူတိုင်းပဲ ငါ့ရဲ့သံစဉ်နဲ့အတူ လိုက်ပါစီးမျှော်ပေးကြပါဦး ။ " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် မိုက်ကို ကိုင်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် အပီအပြင် သီချင်းဆိုခဲ့သည်။
{ ရင်မှာရှိတဲ့ ပန်းလေးတစ်ပွင့်ကို
အိမ်ပြန်သယ်သွားပြီး သိမ်းထားချင်မိတယ်။
ဒီညဘားက ငါ့အတွက်တော့
မင်းမရှိတဲ့ဘဝလိုပဲ
အားလုံးက
အစစ်လားအတုလားတောင် မခန့်မှန်းနိုင်တော့ဘူးကွယ် }
သီချင်းတစ်ပုဒ်သီဆိုပြီးနောက် သူသည် ချက်ချင်းပဲ နောက်တစ်ပုဒ်ကို ဆက်လက်၍သီဆိုခဲ့သည်။
{ ငါက မင်းရဲ့တံခါးအပြင်ဘက်က
ထိုက်ရှန်းတောင်တစ်တောင်ပါ
ငါပြောတာကို မင်းနားထောင်ပေးနိုင်မလား
ငါမထင်မှတ်ဘဲနဲ့ မင်းရဲ့အချစ်နွယ်ပင်ကို ဖမ်းဆုပ်မိခဲ့တယ်။}
အူ~~ ဝူး...~~
အူ~~ ဝူး..~~
{အရမ်းလှပလွန်းတဲ့ ဂျန်းနီလေးရယ်
မင်းရဲ့လက်ကိုကိုင်ပြီး နှစ်ယောက်အတူတူ
ကမ္ဘာပတ်ချင်လိုက်တာကွယ်။}
အူ~~ ဝူး..~~
အူ~~ ဝူး..~~
ထို့နောက် သူသည် နောက်သီချင်းတစ်ပုဒ်ကို ဆက်လက်သီဆိုခဲ့သည်။
{ လေကြမ်းလေးရယ် မင်း ဆက်ပြီးတော့
တိုက်ပေးနိုင်မလား
ငါ့ရင်ထဲမှာရှိတဲ့ ဒဏ်ရာများနဲ့
နာကျင်မှုတွေကိုလည်း မင်းနှင့်အတူ
အဝေးကို သယ်ဆောင်သွားပေးနိုင်မလား}
{ ရှုဖုန်းမှာ သည်းကြီးမဲကြီးရွာတဲ့မိုးကလည်း
မင်းနဲ့တွေ့မှပဲ သက်ပြင်းချခဲ့တယ်။
ဒါက မင်းနဲ့ငါ့ရဲ့ ကံကြမ္မာပဲထင်ပါတယ်လေ။}
ထို့နောက်သူသည် နောက်သီချင်းတစ်ပုဒ် ပြန်ဆိုပြန်သည်။
{လာပါ, ငါတို့ အတူတူမြောင်ကြမယ်လေ
မြောင် မြောင် မြောင် မြောင်}
သီချင်းစာကြောင်းများက တစ်ကြောင်းထဲရှိသော်လည်းပဲ အရှေ့နှင့် အနောက်သံစဉ်က ကွဲပြားနေသည်။
ဒါပေမဲ့လည်း ဒီဘားကိုလာတဲ့ လူအားလုံးကလည်း အပျော်ရှာဖို့အတွက်သာ ဖြစ်သည်။ထို့ပြင်မင်းဆိုတဲ့သီချင်းက ကောင်းမကောင်းကိုလည်း သူတို့က ဂရုမစိုက်ကြေပ။ သူတို့ဂရုစိုက်တာ တစ်ခုကတော့ ဘားရဲ့သက်ဝင်လှုပ်ရှားတဲ့ လေထုပဲဖြစ်သည်။
ရဲ့ရှင်းချန် သီချင်းသီဆိုပြီးသည့်နောက်တွင် ဘား၏လေထုသည် မထင်မှတ်ထားလောက်အောင်ကို သက်ဝင်လှုပ်ရှားလာခဲ့သည်။
ထို့ပြင် လူတစ်ရာလောက်ကလည်း သူနှင့်အတူ သီချင်းဆိုပြီး ရှုးသွပ်စွာကခုန်နေတာကိုလည်း မြင်တွေ့နေရသည်။
ထို့ကြောင့် ဇာတ်လိုက် ရဲ့ရှင်းချန်သည် သီချင်းကိုလည်း ကျယ်လောင်စွာသီဆိုခဲ့ပြီး သူ ကရာတွင်လည်း ပိုပြီးတော့ ကွေးကောက်လာခဲ့သည်။
ထို့ပြင်သူသည် သူ့၏ခါးကိုလိမ်ပြီး တင်ပါးကို လှုပ်၍လည်း ကပြလာခဲ့သည်။ { လင်ပေ့ဖန်ရဲ့ စနစ်ဆီက တောင်းတဲ့ ဆုတောင်းကြောင့် အသိစိတ်လွတ်ပြီး နည်းနည်းရှုးသွားတာပါဗျ ပြီးတော့ အရက်လည်းသောက်ထားတာကို}
" လာပါ အတူတူပျော်ကြရအောင်။ငါတို့မှာ အချိန်အများကြီးကျန်ပါသေးတယ်။"
"လာပါ အချစ်လေးရယ် ဒီမှာ အရူးတွေလည်း အများကြီးရှိပါတယ် " ဟု ရဲ့ရှင်းချန်က အော်ဟစ်ခဲ့သည်။
လင်ပေ့ဖန်အပါအဝင် စင်အောက်မှာရှိတဲ့ ပရိတ်သတ်များသည် သူ့၏စကားကြောင့် ထိတ်လန့်သွားခဲ့ကြသည်။
သူတို့၏ ပြူးကျယ်နေသော မျက်လုံးများဖြင့် စင်ပေါ်တွင် ဖင်ကိုခါပြီးကနေသော ရဲ့ရှင်းချန်ကို ကြည့်နေခဲ့ကြသည်။
ကျားကျားယားယား သက်တော်စောင့်တစ်ယောက်သည် အမှန်တကယ်ပင် ဒီလို ဆက်စီသီချင်းကို သီဆိုပြီး ဆက်စီဆန်ဆန်ကပြ ဖျော်ဖြေနေခဲ့သည်။
ထို့ပြင် သူ ကပြဖျော်ဖြေတာကလည်း အရမ်းပဲကြည့်လို့ကောင်းနေပြီး အလွန်လည်း စိတ်လှုပ်ရှားစေသည်။
လူတိုင်း၏အတွေးထဲတွင် စကားတစ်ခွန်းသာ ဆွဲ ကျန်ရစ်ခဲ့သည်။
ဒါကယောက်ျားတစ်ယောက် ကနေတာတော့ ဟုတ်ပါတယ်နော်? မိန်းမတစ်ယောက်နဲ့ မှားပြီး မြင်နေတာတော့ မဟုတ်ဘူးမလား?
ဟဲရွှီဝမ်သည် မနေနိုင်ဘဲ လက်ခုပ်တီးလိုက်ပြီး
" လင်ပေ့ဖန်၊ မင်းရဲ့အစ်ကိုက တကယ့်ကို မယုံနိုင်စရာပဲ။သူက ဘားရဲ့လေထုကို သက်ဝင်လှုပ်ရှားလာအောင် ပြုလုပ်တဲ့နေရာမှာ ဆရာကြီးပဲ။ ပြီးတော့ သူ ကတာကလည်း အရမ်းပဲဆွဲဆောင်မှုရှိတယ်။ အထူးသဖြင့် သူ ခါးကို လိမ်ပြီး ကတာက မိန်းမတွေထက်တောင် ပိုတော်သေးတယ်။ငါတောင် သူ့ကို သဘောကျလုနီးပါးဘဲ။ငါသူ့ကို မင်းဆီကနေ ဒီမှာရက်အနည်းငယ်အလုပ်လုပ်ပေးဖို့အတွက် ငှားလို့ရနိုင်မလား?သူ့နဲ့ဆိုရင် ငါ့ရဲ့ဘားက ပျော်ပွဲရွှင်ပွဲတောင်လုပ်စရာမလိုတော့ဘူး။ အမြဲလူတွေနဲ့ပြည့်ကြပ်နေလိမ့်မယ်။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် ခါးသက်စွာဖြင့် ပြုံးလိုက်ပြီး " မင်းသူ့ကိုမေးကြည့်နိုင်တယ်။ငါ့မှာ သူ့အစား အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ဒါပေမဲ့ သူ ကတာတကယ့်တော်တယ်ဆိုတာကိုတော့ ငါဝန်ခံရလိမ့်မယ်။ " ဟု ပြောခဲ့သည်။
လျိုယုမေ့တစ်ယောက်ထဲသာလျှင် အလွန်အမင် စက်ဆုပ်ရွံရှာနေခဲ့ပြီး " ဟွန့် ၊အကျင့်မကောင်းတဲ့လူ " ဟု ပြောလိုက်သည်။
ထို့နောက် အကသမား ကောင်မလေးတစ်ယောက်သည် စင်ပေါ်သို့ပြေးတက်လာပြီး သူမ၏ခါးကိုလိမ်၍ ညုတုတု လေသံဖြင့် ပြောလိုက်သသည် ။
"ဟေးအချောလေး, ရှင်က အရမ်းဆွဲဆောင်မှုရှိတာပဲ။ကျွန်မရှင့်ကို အရမ်းကြိုက်သွားပြီ။ "
ရဲ့ရှင်းချန်သည် ကနေရင်းဖြင့် သူမကို ပြန်ပြောလိုက်သည်။
" ငါ့မှာ ဒီထက် ပိုပြီးကောင်းတဲ့ ဆက်စီကကွက်အသစ်တွေရှိသေးတယ်။ မင်းကြည့်ချင်လား?
" ကြည့်ချင်တယ် " ဟု စင်အောက်တွင်ရှိသော ပရိသတ်တစ်ရာလောက်က ညီညာစွာနဲ့တစ်ပြိုင်တည်း အော်ဟစ်ခဲ့သည်။
" လာပါ အချစ်လေး " ဟု ရဲ့ရှင်းချန်သည် ကျယ်လောင်စွာအော်ဟစ်ပြီး ချက်ချင်းပဲ သူ့၏ ရှပ်အင်္ကျီ ကို ချွတ်လိုက်၍ သူ့ရဲ့ ခန္ဓာကိုယ်ကြွက်သားများကို ပြသခဲ့သည်။
" Wow😲" ဟု အာမေဍိတ်သံများထွက်လာခဲ့ကြပြီး
စင်အောက်ရှိပရိသတ်များကလည်း ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာကြသည်။
" နောက်တစ်ထည် ထပ်ချွတ်!
ဆက်ပြီးချွတ်ထားဦး " ဟု ပရိသတ်များက အော်ဟစ်ကြသည်။
စိတ်လှုပ်ရှားနေခဲ့သော ဇာတ်လိုက်ရဲ့ရှင်းချန်သည် ဘာမှ မတုံ့ဆိုင်းဘဲနဲ့ သူ့၏ ဘောင်းဘီခါးပတ်ကိုဖြုတ်ပြီး အဝေးသို့ ချွတ်ပစ်လိုက်သည်။
" ထပ်ပြီးချွတ်ဦး "
"အဝတ်ဘာမှမကျန်တဲ့ အထိ ချွတ်ပစ်လိုက် "
.....
ရဲ့ရှင်းချန်သည် သူ့၏ ဖိနပ်နှစ်ရံကိုလည်း ချွတ်ပစ်လိုက်ပြီး ခြေဗလာဖြင့် စင်ပေါ်၌ရပ်နေခဲ့သည်။
ထို့နောက်ရဲ့ရှင်းချန်သည် သူ့၏အောက်ခံဘောင်းဘီကို လေထဲသို့ မြှောက်ပစ်လိုက်သည်။
လူအုပ်ကြီးကလည်း ပိုပြီးတော့ ရူးသွပ်လာကြပြီး
" ချွတ်ပစ်လိုက်!ချွတ်ပစ်လိုက်! ငါတို့အတွက်ချွတ်ပစ်လိုက် " ဟု အော်ဟစ်အားပေးခဲ့ကြသည်။
ထို့ကြောင့်ရဲ့ရှင်းကလည်း သူ့၏အဝတ်များကိုဆက်လက်ချွတ်ပစ်ခဲ့သည်။နောက်ဆုံးတွင် သူ့၌ အတွင်းခံတစ်ထည်သာကျန်ရှိခဲ့သည်။
" မင်းတို့ပြော, ငါဒီဟာကိုလည်း ထပ်ချွတ်ရမလား? " ဟု ရဲ့ရှင်းချန်က မေးလိုက်သည်။
" ချွတ်ပစ်လိုက် " ဟု လူတိုင်းကတစ်ပြိုင်တည်း အော်ဟစ်ခဲ့သည်။
ထို့နောက်ရဲ့ရှင်းချန်သည် သူ့၏လက်ဖြင့် သူ့အတွင်းခံဘောင်းဘီကို ကိုင်ပြီး အနည်းငယ်ယိမ်းယိုင်၍ " ကောင်းပြီလေ, မင်းတို့က ကြည့်ချင်တယ်ဆိုတော့လဲ။ငါမင်းတို့အတွက် ချွတ်ပေးလိုက်မယ်။ " ဟု ပြောလိုက်သည်။
ဟဲရွှီဝမ်သည် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး " မြန်မြန်သွားပြီး သူ့ကို စင်ပေါ်ကနေ ဆင်းခိုင်းလိုက် " ဟု ပြောခဲ့သည်။
လုံခြုံရေးနှစ်ယောက်သည် ချက်ချင်းပဲ စင်ပေါ်ကို အပြေးအလွှားတက်သွားခဲ့ပြီး ရဲ့ရှင်းချန်ကို ဒရွတ်တိုက်ဆွဲ၍ စင်နောက်သို့ ဆွဲခေါ်သွားခဲ့သည်။
လင်ပေ့ဖန်သည် အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး
" ငါက အခုမှစပြီး စိတ်လှုပ်ရှားနေတုန်းပဲရှိသေးတယ်။ဘာလို့ သူ့ကို ဆက်မချွတ်ခိုင်းတော့တာလဲ?" ဟု မေးမြန်းလိုက်သည်။
ဟဲရွှီဝမ်သည် ဒေါသတကြီးဖြင့် " ငါတို့သူ့ကို ထပ်ချွတ်ခိုင်းလို့မရဘူး။ဒီဘားက တရားဝန်ခွင့်ပြုထားတဲ့ ဘားပဲ။ အကယ်၍ သူ့ကို ဆက်ပြီး ပေးချွတ်လိုက်ရင် ငါတို့ဘားက အပိတ်ခံရလိမ့်မယ်။" ဟု ပြောခဲ့သည်။
ထို့နောက် လူတိုင်းသည် ပျော်ရွှင်စရာ ညတစ်ညကို ပိုင်ဆိုင်ခဲ့ကြသည်။
ထို့ပြင် ဒီဖြစ်ရပ်ကိုလည်း လူတစ်ယောက်က မှတ်တမ်းတင်ခဲ့ပြီး အင်တာနက်ပေါ်ကိုလည်း တင်ခဲ့သည်။ထိုဗီဒီယိုသည် တင်ပြီးပြီးချင်း အင်တာနက်ပေါ်၌ ဟစ်ဖြစ်ခဲ့သည်။
" Wow ! ဒီလိုတော်တဲ့ သက်တော်စောင့်က ဘယ်ကနေလာတာလဲ? ပြီးတော့ သူ ကတာကလည်း အရမ်းဆက်စီကျတယ်။"
" ဟားဟား ! သူ့ရဲ့ မွေးရာပါကိုယ်လုံးတီး ခန္ဓာကိုယ်ကိုတောင် သူ ဖော်ပြလုနီးပါးဘဲ "
" ငါတော့ သူ့လို ယောက်ျားပီသပြီး ဆက်စီဆန်ဆန်ကတတ်တဲ့သူ ဒီကမ္ဘာပေါ်မှာမရှိနိုင်တော့ဘူးလို့ လောင်းတယ်။ ပြီးတော့ သူ ကတာက ပိုပြီးတော့ဆွဲဆောင်မှုရှိတယ်။ "
"သူကတာ အရမ်းလည်း တောက်ပပြီးတော့ အရမ်းလည်းဆက်စီကျတယ်။ငါတော့သဘောကျတယ်။"
"တိုက်ရိုက်ထုတ်လွှင့်ပြီး ကပြပါလား?။ ငါမင်းကို ထောက်ပံ့ပေးမယ်။"
နောက်တစ်နေ့မနက်၌ ရဲ့ရှင်းချန်သည် အိပ်ယာမှနိုး၍ ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ရပြီးနောက် သူသည် သွေးတစ်လုတ်ကို အန်ထုတ်ခဲ့သည်။
**ငါ့ရဲ့ ကျော်ကြားတဲ့နာမည်ဂုဏ်သတင်းကတော့ သွားပါပြီကွာ ** ဟု တွေးတောလိုက်သည်။