← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ထို့နောက် သူသည် ကုမ္ပဏီကို အလုပ်လုပ်ရန်လာသောအချိန်၌ သူ့သွားရာ နေရာတိုင်းတွင် လူများကထူးဆန်းသောအကြည့်များဖြင့်သူ့ကို ကြည့်နေခဲ့ကြသည်။

" အမြဲတမ်းပါဖက်ဖြစ်နေတဲ့ ဆက်စီအကျဆုံးသက်တော်စောင့်က သူပေါ့ "

" အဲ့ဒီဆက်စီ အကကို ကတဲ့ သက်တော်စောင့်က ငါတို့ကုမ္ပဏီကလို့ ငါမထင်ထားခဲ့ဘူး "

" မနေ့ညကလည်း ဒီဗီဒီအိုကို ကြည့်ပြီးတဲ့နောက်မှာ ငါတစ်ညလုံး ထိုင်ခွီးနေရတယ်။ပြီးတော့ ငါ့ရဲ့ စိတ်ဓာတ်ကျနေတဲ့စိတ်တောင် ဒီဗီဒီအိုကိုကြည့်ပြီးတော့ ပျောက်လုနီးပါးဖြစ်သွားတယ်။"'

" ဟားဟား ...ဒါက တကယ့်ကို ရယ်မောစရာ ကောင်းတယ်။ သူ့ရဲ့တင်ပါးကိုလိမ်ပြီး ကတဲ့ ကကွက်က သူ့တင်ပါးမှာ လျှပ်စစ်မော်တာ တပ်ထားသလိုပဲ။"

" သူ့ အဝတ်‌တွေချွတ်တာက ကိုယ်လုံးတီး တောင်ဖြစ်လုနီးပါးဘဲ။"

"တကယ့်ကို မယုံနိုင်စရာဘဲ။ သူ့ကိုပုံစံက အရမ်းစမက်ကျပြီး‌တော့ ချောမောတယ်။ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ချက်က နွဲ့နှောင်းပြီး ဆက်စီကျတဲ့အမျိုးသားတစ်ယောက်ဖြစ်နေတာပဲ။ပြီး‌တော့သက်တော်စောင့် အဖွဲ့တစ်ခုလုံးမှာ ဒီလို ပါရမီရှင်တွေချည်းပဲ ပြည့်‌နေတယ် ထင်တယ်။"

**စကားပြော‌နေတာကို ရပ်လိုက်တော့။အခု ငါမင်းတို့ဘေးမှာရှိနေတာကိုလည်း သတိရပါဦးဟ**

ဇာတ်လိုက်ရဲ့ရှင်းချန်သည် ရှက်လွန်းသောကြောင့် တွင်းတစ်တွင်းတူးပြီး အဲ့ဒီတွင်းထဲ၌ ပုန်းအောင်းချင်နေမိသည်။

သူသည် သူ့၏မျက်နှာကို ကာလိုက်ပြီး လူအုပ်ကြားထဲ၌ ဝင်ပုန်းခဲ့သည်။ထို့နောက်သူသည် လျင်မြန်စွာဖြင့် လုံခြုံရေးဌာနဆီသို့ ပြေးသွားခဲ့သည်။

ဒါပေမယ့်လည်း ဘုန်းကြီးက ထွက်ပြေးနိုင်ရင်တောင်မှ ဘုန်ကြီးကျောင်းကတော့ ကျန်နေဦးမှာပဲ ဖြစ်သည်။

လုံခြုံရေးဌာနတွင်ရှိသော သူ့၏လုပ်ဖော်ကိုင်ဖက်အားလုံးကလည်း သူ့ကိုမြင်သောအခါ၌ ဟားတိုက်ရယ်မောခဲ့ကြသည်။

" ငါတို့ ရှောင်ရဲ့မှာ ဒီလိုစက်ဆီကျတဲ့ ဘက်ခြမ်းရှိနေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး " ဟု စနှောက်ခဲ့ကြသည်။

" အိုမိုင်ဂေါ့ဖ် ၊ ဒါဆိုရင် သူက အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်လာပြီပေါ့။"

" အကယ်၍ငါတို့ကုမ္ပဏီမှာ ဖျော်ဖြေပွဲတစ်ခုခုရှိရင် သူ့ကို ဖျော်ဖြေခိုင်းရမယ်။သူရဲ့ဖင်ခါတာကို တစ်ချက်လေး မြင်လိုက်ရရင်တောင် ပွဲကြည့်ရတာတန်သွားပြီလို့ ငါအာမခံတယ်။

" ဟားဟား, ငါတောင် အခုသူကတာကို မြင်ချင်သွားပြီ "

ဇာတ်လိုက် ရဲ့ရှင်းချန် :………

ထိုအချိန်၌ လုံခြုံရေးဌာန၏ မန်နေဂျာသည် ရုပ်တည်ကြီးဖြင့်လမ်းလျှောက်လာခဲ့ပြီး " အခုချိန်က အလုပ်လုပ်ရမယ့် အချိန်ဘဲ။ ရီနေတာကို ရပ်ပြီး အခုအလုပ်လုပ်တော့။ ပြီးတော့ ရဲ့ရှင်းချန်, ငါ့ဘေးနားကို အခုလာပြီးမနေ့ညက အကြောင်းကို ပြောပြစမ်း။ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် လောလောနဲ့ မနေ့ညက အခြေအနေကို ပြန်ရှင်းပြလိုက်ပြီး " မန်နေဂျာ , မနေ့ညက ကိစ္စက ငါရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး " ဟု ပြောလိုက်သည်။

လုံခြုံရေးဌာနရဲ့မန်နေဂျာသည်သူ၏လက်ကို‌ ဝှေ့ယမ်းလိုက်ပြီး " အဲ့လောက်လည်း မစိုးရိမ်ပါနဲ့။ ဘော့စ်လင်က ငါ့ကိုပြောပြီးပြီ။မင်းကသူ့အစား ကူညီပြီး အရက်သောက်ပေးတဲ့အတွက် ဒီလို အဖြစ်မျိုးနဲ့ကြုံရတာဘဲ။မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ ဂရုစိုက်ပါ။ အရက်လည်း များများထပ်မသောက်နဲ့တော့။ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်သက်သာရစွာ သက်ပြင်းချခဲ့သည်။

တစ်ခြားလူက သူ့ကို အပြစ်မမြင်တာက ကောင်းတဲ့ ကိစ္စတစ်ခုပဲ ဖြစ်သည်။

အကယ်၍ ဒီလို မတော်တဆဖြစ်တဲ့ ကိစ္စတစ်ခုကြောင့် သူ ကုမ္ပဏီကနေအလုပ်ထုတ်ခံရရင်တော့ဖြင့် လင်ပေ့ဖန်နှင့်ရင်းနှီးမည့် အခွင့်အရေးတစ်ခုကို သူလက်လွှတ်ဆုံးရှုံးရနိုင်သည်။ဒါက သူ့အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်လိမ့်မည်ဖြစ်သည်။

" မင်းဘာမှ ဒီမှာ လုပ်စရာမရှိတော့ရင်လည်း ဘော့စ်လင်ဆီကို အခုသွားနိုင်တယ်။ပြီးတော့သူ့ရဲ့ဘေးနားမှာ နေပြီး အလုပ်ကောင်းကောင်းလုပ်။အဲ့တာပ မင်းအတွက်တော့ အကျိုးကျေးဇူးကို ရရှိစေလိမ့်မယ်။ရပြီ မင်း သွားတော့။ " ဟု ပြော၍ လုံခြုံရေးဌာန၏ မန်နေဂျာသည် သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး အချက်ပြခဲ့သည်။

" ဟုတ်ကဲ့ပါ , မန်နေဂျာ " ဟု ပြောလိုက်၍ ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို လှည့်လိုက်ပြီး အဝေးသို့ လမ်းလျှောက်ထွက်ခဲ့သည်။

ထိုအချိန်တွင် လုံခြုံရေးဌာန၏ မန်နေဂျာသည် နောက်တစ်ကြိမ်သူ့ကို ပြန်ခေါ်ခဲ့သည်။

" ခဏစောင့်ဦး၊ ငါ့မှာမင်းကို ပြောချင်တဲ့ ကိစ္စတစ်ခု‌ရှိသေးတယ် " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် ပြန်လှည့်လာခဲ့ပြီး " ဂျာကြီး , ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ? " ဟု မေးလိုက်သည်။

ထို့နောက် မန်နေဂျာသည် သူ့၏ သွယ်လျသော လက်ချောင်းများကို မြှောက်လိုက်၍ ချက်ချင်းပင် ဘော်စမန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး ရဲ့ရှင်းချန်ဆီသို့ ကလူမြူသောအကြည့်ဖြင့် ကြာပစ်လိုက်ပြီး

" မင်းက အရမ်း ဆက်စီကျတာဘဲ။ ငါ အဲ့ပုံစံကိုတကယ် ကြိုက်တယ်။" ဟု ပြောလိုက်သည်။

ဇာတ်လိုက် ရဲ့ရှင်းချန် : …....

" မင်းက အရမ်းဆက်စီကျတာဘဲ။ ငါတကယ့်ကို ကြိုက်တယ် " ဟူသောစကားကြောင့် လုံခြုံရေးဝန်ထမ်းအားလုံးဆီမှ နောက်တစ်ကြိမ် ရယ်မောသံများ ပေါက်ကွဲထွက်လာခဲ့ကြသည်။

ဇာတ်လိုက် ရဲ့ရှင်းချန် : …....

ထို့ကြောင့် ရဲ့ရှင်းချန်သည် ဟားတိုက်ရယ်မောသံများကြားထဲမှ လွတ်မြောက်ရန်အတွက် လုံခြုံရေးဌာနမှ လျင်မြန်စွာဖြင့် ထွက်ခွာလာခဲ့သည်။

ထို့နောက် သူသည် လင်ပေ့ဖန်၏ရုံးခန်းဆီသို့ ရောက်ရှိလာခဲ့သည်။

လင်ပေ့ဖန်သည် သူ့ကို မြင်ပြီးနောက် မနေ့ညကအဖြစ်အပျက်ကို သွားသတိရမိခဲ့သည်။ထို့ကြောင့် လင်ပေ့ဖန်သည် မထိန်းထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောခဲ့သည်။

" တောင်းပန်ပါတယ်, ငါတကယ့်ကို ရယ်ဖို့ မရည်ရွယ်ပါဘူး။ဒါပေမဲ့ ငါ ဒီထက်ပိုပြီး မထိန်းထားနိုင်တော့ဘူး။" ဟု ရယ်မော၍ လင်ပေ့ဖန်က ပြောလိုက်သည်။

ဇာတ်လိုက် ရဲ့ရှင်းချန် : …....

" ငါ့ကို အရင်ဆုံး ခဏလောက် ပေးရယ်ခွင့်ပြုပါဦး။ပြီးမှပဲ မင်းကို ငါပြောတော့မယ်။ " ဟု လင်ပေ့ဖန်က ရယ်မော၍ ပြောခဲ့ပြန်သည်။

ဇာတ်လိုက် ရဲ့ရှင်းချန် : …....

ဇာတ်လိုက်ရဲ့ရှင်းချန်သည် အလောတကြီး နဲ့ လင်ပေ့ဖန်ကို ရှင်းပြခဲ့သည်။

" ဘော့စ်လင် , ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါဗျာ။ကျွန်တော်က ဒီလို လူစားမျိုးမဟုတ်ပါဘူး။ သူတို့ပေးတဲ့အရက်ကြောင့် ကျွန်တော့်စိတ်တွေရှုပ်ထွေးလာပြီးတော့ ဒီလိုဖြစ်ရပ်မျိုးကို ဖြစ်စေတာလို့ ကျွန်တော် သံသယရှိတယ်"

" ရပြီ ထပ်မပြောနဲ့တော့။ အရက်အများကြီးသောက်ပြီးရင်တော့ လူတိုင်းက အသိစိတ်လွတ်သွားမှာဘဲ။ဒါကြောင့် ဆေးခတ်ဖို့တောင် မလိုတော့ဘူး" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရဲ့ရှင်းချန် :………

" မင်းက အရက်မူးလာရင် အလွန် ဆက်စီကျတဲ့ ပုံစံ ပြောင်းသွားမယ် လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး။လူတွေကို အပြင်ပန်းမကြည့်နဲ့ဆိုတဲ့ စကားက တကယ်မှန်တာပဲ။ဟားဟား... " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရဲ့ရှင်းချန်၏ မျက်နှာပေါ်တွင် နွမ်းနွယ်သောအမူအရာပေါ်လာပြီး " ဘော့စ်လင် , ငါက တကယ့်ကို ဒီလို လူမျိုးမဟုတ်ပါဘူး။ " ဟု လင်ပေ့ဖန်ကို ပြောပြခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ ရယ်ချင်စိတ်ကို ဖိနှိပ်လိုက်ပြီး " ကောင်းပြီ။ ကောင်းပြီ။ ငါမင်းကို ယုံကြည်ပါတယ်။ ပြီးတော့လည်း မင်းမှာ အပြစ်မရှိဘူးဆိုတာကို ငါသိတယ်။ ဒါပေမဲ့ မင်းကို ပြောချင်တာတစ်ခုကျန်သေးတယ်။အဲ့တာက ဘာလဲဆိုတော့ မင်းဖင်ခါပြီး ကတဲ့ကကွက်က တကယ့်ကို ကြည့်ကောင်းတယ်။ မနေ့ညက ဘားရဲ့ ဘားပိုင်ရှင်ဖြစ်တဲ့ ငါ့သူငယ်ချင်းကတောင် မင်းကို မေးခိုင်းထားတစ်ခုရှိ‌ေသးတယ်။ မင်းကိုသူ့ဘားမှာ အလုပ်လုပ်မယ်ဆိုရင် လစာလည်းပေးမယ်တဲ့။ ပြီးတော့ အရက်လည်းဖရီးတိုက်မယ်တဲ့။ အကယ်၍ မင်းစိတ်ဝင်စားတယ်ဆိုရင် အဲ့မှာသွားလုပ်လို့လည်း ရပါတယ် " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို ပြတ်သားစွာဖြင့် ခါလိုက်ပြီး " မသွားပါဘူး, ကျွန်တော် တကယ့်ကို အဲ့မှာ အလုပ်သွားမလုပ်ချင်ဘူး။ " ဟု ပြန်ပြောခဲ့သည်။

ထိုနေရာကို တစ်ကြိမ်သွားတာတောင်မှဘဲ သူ့၏ ဂုဏ်သိက္ခာကို ပျက်စီးနေစေပြီဖြစ်သည်။

အကယ်၍ သူသာ အဲ့နေရာကို အကြိမ်များစွာ ထပ်သွားဖြစ်ခဲ့မယ်ဆိုရင်တော့ သူအသက်တောင်ရှင်ပါတော့မလား?

ထို့ပြင် ဒီဖြစ်ရပ်ကို မြေအောက်လောကက လူတွေသာ စစ်ပွဲနတ်ဘုရားက ဘား သွားပြီး သူ့ရဲ့ဆက်စီကျတဲ့ တစ်ဘက်ခြမ်းကို ပြသနေတယ်ဆိုတာ သိရှိသွားမယ်ဆိုရင်တော့ မြေအောက်လောကတွင် ကျော်ကြားသော သူ့၏နာမည်သည် ဟာသ တစ်ခုဖြစ်သွားလိမ့်မည်ဖြစ်သည်။

ထို့ပြင် သူလည်း မြေအောက်လောက၌ တစ်သက်လုံး လှောင်ပြောင်ရယ်မောခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

" ကောင်းပြီ , ဒီမှာ ဘာမှလုပ်စရာလည်း မရှိတော့ဘူး။ဒါ‌ကြောင့် မင်းအခုသွားနိုင်တယ်။ ပြီးရင် ငါတို့ လင်ရင်းနှီးမြှပ်နှံ‌ရေးကုမ္ပဏီကို သွားပြီး တင်ပြစရာ ကိစ္စတစ်ခုရှိတယ်။ရော့ဒီမှာ ကားသော့ယူသွားပြီး သွားပြင်ဆင်လိုက်ဦး။" ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ကားသော့ကို သူ့ဆီသို့ ပစ်ပေးလိုက်သည်။

" ဟုတ်ကဲ့ , ဘော့စ်လင် " ဟု ပြောပြီးနောက် ရဲ့ရှင်းချန်သည် ရုံးခန်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။

ထို့နောက် လျိုယုမေ့သည် သူ့ဆီသို့ လာနေတာကို မြင်လိုက်ရပြီးနောက် သူ့၏ ခြေလှမ်းများကို ရပ်တန့်ခဲ့သည်။ သူသည် သူမနှင့်စကားအနည်းငယ်ပြော၍ သူတို့နှစ်‌ေယာက်ရဲ့ဆက်ဆံရေး အခြေအနေကို ပြောင်းလဲချင်ခဲ့သည်။

ဒါပေမဲ့လည်း သူမသည် သူ့ကို စိုက်ကြည့်ပြီး စက်ဆုပ်ရွံရှာသော အမူအရာဖြင့်

" ကျွန်မဘေးနားကို ကပ်မလာ‌နဲ့။ လူယုတ်မာကြီး "ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန် : ……

သူ့၏ နှလုံးသားလေးလည်း နောက်တစ်ကြိမ် ကြွေကာပျက်စီးသွားခဲ့သည် ။

ရဲ့ရှင်းချန်သည် သက်ပြင်းချလိုက်ပြီးနောက် သူ့၏အကြည့်များထဲတွင်တော့ တစ်ဖန် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့်ပြည့်နှက်လာခဲ့သည်။

**ခေါက်ထားလိုက်စမ်းပါကွာ။ အဲ့ဒီနတ်ဆိုးကြီး လင်ပေ့ဖန်ရှုံးနှိမ့်သွားသ၍တော့ ဒီအရှက်တရားလေးကိုခံစားရတာက ငါ့အတွက်‌ဘာဖြစ်မှာမို့လို့လဲ? ငါပြန်လည်မမွေးဖွားခင် အတိတ်ဘဝမှာ ခံစားခဲ့ရတဲ့ အရာတွေနဲ့ယှဉ်ရင် ဒီပြဿနာလေးက အသေးအမွှားလေးပါဘဲ။ ** ဟု တွေးလိုက်သည်။

All Chapters