အခန်း (၂၃)
Vol. 2 Ch. 23
ထိုအချိန်မှတော့ လျိုယုမေ့က ချက်ချင်းမတုန့်ပြန်ခဲ့ပေ။သူမသည် ခဏကြာတွေးတောပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
" ပညာရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာက ဖြစ်နိုင်တယ်လို့ ကျွန်မလည်းစဥ်းစားမိတယ်။"
ဇာတ်လိုက်ရဲ့ရှင်းချန်သည် ထိုဖြစ်ရပ်ကို မြင်ပြီးနောက် ချက်ချင်းပဲ စိတ်လှုပ်ရှားလာခဲ့သည်။
ဆက်သွား….မြန်မြန်ပဲ ပညာရေးလုပ်ငန်းထဲကို ဝင်လိုက်တော့…
ပညာရေးလုပ်ငန်းသည် ယခုအချိန်တွင် အောင်မြင်ကျော်ကြားနေတယ်လို့ ထင်ရပုံရသည်။ဒါပေမဲ့လည်း မကြာခင်အချိန်အတွင်းမှာဘဲ အသစ် ပြင်လိုက်သော နိုင်ငံရေးမူဝါဒအသစ်များကြောင့် ပညာရေးလုပ်ငန်းအားလုံးသည် ပျက်ဆီး ဆုံးရှုံးမှုကြီးနှင် ကြုံတွေ့ခဲ့ရသည်။
**အကယ်၍ မင်းက ပညာရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်တော့ မင်းရင်းနှီးမြှုပ်နှံလိုက်တဲ့ အရာအားလုံးကို သေချာပေါက် ဆုံးရှုံးသွားရလိမ့်မည်ဖြစ်သည်။**
လင်ပေ့ဖန်က ခေါင်းညိတ်လိုက်ပြီးပြောလိုက်သည်။
" ပညာရေးလုပ်ငန်းက တကယ့်ကို ကောင်းပါတယ်။ဒါပေမဲ့ ဒီပညာရေးလုပ်ငန်းကို ဝင်မယ်ဆိုရင် အဓိကအဟန့်အတား တစ်ခုရှိတယ်။ ဒါကြောင့် ဝင်ဖို့အတွက် မလွယ်ကူဘူး။ဥပမာအနေနဲ့ပြောရရင် အသင်အပြကောင်းတဲ့ဆရာ/ဆရာမတွေ။ပြီးတော့ သင်ကြားရေးနည်းလမ်းကောင်းတွေလည်း လိုအပ်တယ်။ဒါပေမဲ့ ငါတို့မှာ အဲ့တာအကုန်မရှိနေဘူး။ဒါကြောင့် ငါတို့လုပ်ငန်းက ဘယ်လိုတိုးတက်မှာလဲ?"
" အကယ်၍ ငါတို့က တစ်ခြားအဖွဲ့တွေနဲ့ ပူးပေါင်းမယ်ဆိုရင်လည်း ငါတို့မှာ အခြားအရင်းအမြစ် ဘာတစ်ခုမှမရှိဘူး။ ဒါကြောင့် ငါတို့က သူတို့အသုံးချတာပဲ ခံရလိမ့်မယ်။ နောက်ဆုံးတော့ သူတို့ကပဲ အကျိုးခံစားရတယ်။ငါတို့ကတော့ ဘာတစ်ခုမှရမှာမဟုတ်ဘူး။ "
" ပိုပြီးအရေးကြီးတဲ့ အကြောင်းပြချက်တစ်ခုရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ ငါတို့မှာရှိတဲ့ ရန်ပုံငွေက အရမ်းနည်းလွန်းတယ်။ "
လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး ပြောခဲ့သည်။
"ဒါ့အပြင် ပညာရေးလုပ်ငန်းက အခြားလုပ်ငန်းတွေနဲ့ မတူဘူး။ အနည်းငယ် ကွဲပြားတယ်။ ပြီးတော့ ဒီလုပ်ငန်းကိုရင်းနှီးမြှုပ်နှံဖို့က အရင်းအနှီးငွေက နည်းတယ်။ ဒါပေမဲ့ အမှတ်တံဆိပ်ကတော့ အရမ်းမြင့်တယ်။၊ အထူးသဖြင့် ဒီလုပ်ငန်းမှာ အမှတ်တံဆိပ်ကသာ အရာရာဖြစ်တယ်။ဒါပေမဲ့ ဘရန်းတစ်ခုလုပ်ပြီး ကြော်ငြာဖို့က ပိုက်ဆံအများကြီးလိုအပ်တယ်။"
" ဒါကြောင့် ငါတို့က ဒီလုပ်ငန်းကို အရင်ဆုံးလေ့လာသင့်တယ်။"
ဇာတ်လိုက်ရဲ့ရှင်းချန်သည် လင်ပေ့ဖန်က ပညာရေးလုပ်ငန်းထဲဝင်ဖို့ကို ချက်ချင်းဆုံးဖြတ်ချက်မချခဲ့သည့်အတွက်ကြောင့် အနည်းငယ်စိတ်ပျက်သလို ခံစားခဲ့ရသည်။
ဒါပေမဲ့လည်း အနည်းဆုံးတော့ လင်ပေ့ဖန်ကချက်ချင်းမငြင်းပယ်တဲ့အတွက်ကြောင့် သူ့ကိုလှည့်စားနိုင်ဖို့အတွက် မျှော်လင့်လို့ရသေးသည်။
" အစ်ကိုရဲ့ ….မင်းပေးတဲ့ အကြံပေးချက်က အရမ်းကောင်းတယ်။မင်းမှာ တစ်ခြားအကြံပေးချင်တဲ့ အကြံဉာဏ်ကောင်းတွေရော ရှိသေးလား? " ဟု လင်ပေ့ဖန်က မေးမြန်းလိုက်သည်။
" ဟုတ်ကဲ့…ရှိပါတယ် ဘော့စ်လင်" ဟုပြော၍ ရဲ့ရှင်းချန်က စိတ်လှုပ်ရှားစွာဖြင့် တင်ပြခဲ့သည်။
" တိုက်ရိုက်ထုတ်လွှင့်ပြီး အွန်လိုင်းကနေရောင်းတဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံရတာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"
"တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းတာဟုတ်လား?" ဟု လင်ပေ့ဖန်က မေးလိုက်သည်။
ရဲ့ရှင်းချန်က လင်ပေ့ဖန်ကို ရှင်းပြလိုက်သည်။
" အခုချိန်မှာ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြီးရောင်းချတဲ့လုပ်ငန်းတွေက နိုင်ငံတစ်ဝှမ်းလုံးမှာ လူကြိုက်များပြီးတော့ ကျော်ကြားနေတယ်။ ဆယ်လီတွေနဲ့ အွန်လိုင်းနာမည်ကြီးသူတွေတောင် ထုတ်ကုန်များရောင်းချရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြုလုပ်နေကြတယ်။ ပြီးတော့ သူတို့ အကျိုးအမြတ်တွေလည်း တော်တော်ရကြတယ်။အထူးသဖြင့် အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတဲ့ စူပါဆယ်လီနှစ်ယောက်ဘဲ။ သူတို့နှစ်ယောက်က တစ်ရက်ထဲနဲ့ တစ်ဘီလီယံလောက်ကို ရောင်းချနိုင်ခဲ့တယ်။ဒါက တကယ့်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်။"
" ဒါကြောင့် ကျွန်တော်အကြံပေးချင်တာက ကျော်ကြားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်၊နှစ်ယောက်လောက်ဆီမှာ ငါတို့ရင်းနှီးမြှုပ်နှံသင့်တယ်။ဒါမှမဟုတ်ရင် ဆယ်လီ နဲ့ အင်တာနက်နာမည်ကြီးသူတွေနဲ့ပူးပေါင်းပြီးတော့ ငါတို့ထုတ်ကုန်တွေကို ရောင်းချသင့်တယ်။ ဒါ့အပြင် ဒီလုပ်ငန်းကနေ ငါတို့ရင်းနှီးထားတဲ့ ငွေတွေကိုလည်း တစ်လ နှစ်လအတွင်းမှာ ပြန်ရနိုင်တယ်။ ပြီးတော့ ဒီလုပ်ငန်းမှာ ရင်းနှီးရမယ့် ပိုက်ဆံပမဏက သိပ်မများဘူး ။တစ်ဘီလီယံလောက်ဆို ရင်းနှီးလို့ရပြီ။"
လျိုယုမေ့သည် ရဲ့ရှင်းချန်၏ အကြံပေးချက်ကို နားထောင်ပြီးနောက် သူမထပ်ပြီး စိတ်လှုပ်ရှားလာခဲ့ပြန်သည်။
သူမသည် ၎င်းလုပ်ငန်းနှင့် အလွန်ရင်းနှီးသည်။ဘာကြောင့်လဲဆိုတော့ သူမသည် မကြာခဏ ထုတ်ကုန်များကို အွန်လိုင်းကနေဝယ်ယူတဲ့အတွက်ကြောင့်ဖြစ်သည်။
ထိုလုပ်ငန်းတွင် အရောင်းရဆုံး တိုက်ရိုက်ထုတ်လွှင့်သူများသည် ပုဂ္ဂလိကကုမ္ပဏီများထက်တောင်မှ ဝင်ငွေပိုကောင်းသေးသည်။
ထို့ကြောင့် ဆယ်လီအများစုသည် မနေနိုင်တော့ဘဲ ဒီလုပ်ငန်းထဲသို့ ဝင်လာပြီး ပိုက်ဆံရှာကြသည်။
ထို့ပြင် ၎င်းလုပ်ငန်းတွင် ထူးခြားသောလက္ခဏာရပ် တစ်ရပ်ရှိသည်။ အကယ်၍ ပိုက်ဆံနည်းနည်းလေးရင်းနှီးလိုက်ရင်တောင် လျင်လျင်မြန်မြန်ပဲ ပြန်ရနိုင်သည်။ထို့ကြောင့် မိမိရင်းနှီးထားသောငွေများကို မြန်မြန်ပြန်ရှာနိုင်သည်။
အကယ်၍ ထိုအရာကတကယ်မှန်တယ်ဆိုရင် အဲ့လုပ်ငန်းကနေတောင် သူမတို့ ပိုက်ဆံအများကြီးရှာနိုင်သည်။
လျိုယုမေ့သည် ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး
" ကျွန်မထင်တာကတော့ ဒီအကြံပေးချက်ကလည်း တကယ်ကောင်းတယ်။" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်သည် ထပ်ပြီး စိတ်လှုပ်ရှားလာခဲ့ပြန်သည်။
အမှန်တော့ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းတဲ့လုပ်ငန်းက အခုလောလောဆယ်၌ အလွန့်ကိုတိုးတက်နေသည်။
ဒါပေမယ့် သိပ်မကြာခင်အချိန်မှာဘဲ နိုင်ငံတော်က တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းတွင် အခွန်မဆောင်သူများကို ဖမ်းဆီးမည်ဖြစ်သောကြောင့် အင်တာနက်ကျော်ကြားသူများနှင့် အထူးသဖြင့် ထိုစူပါဆယ်လီများသည် ပိုပြီးတော့ ခံစားရလိမ့်မည်ဖြစ်သည်။
အကယ်၍ လင်ပေ့ဖန်သည် ဒီအချိန်တွင် ထိုလုပ်ငန်းသို့ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံပါက ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ခံစားရလိမ့်မည်ဖြစ်သည်။
ရဲ့ရှင်းချန်သည် ဒီအချိန်တွင် မနေနိုင်တော့ဘဲ သူ့၏ ဉာဏ်ကောင်းမှုကြီးကို ချီကျူးမိလိုက်သည်။
ငါလေးက တကယ်တော်တာဘဲ ….
" တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချတဲ့လုပ်ငန်းက တကယ်ပဲ ကောင်းပါတယ်။ဒါပေမဲ့ ဒါက ဖျော်ဖြေရေးလုပ်ငန်းနဲ့ သွားဆင်နေတယ်။ပြီးတော့ အရာရာတိုင်းက လူတွေအပေါ်မှာသာ မူတည်နေတယ်။ဒါ့အပြင် ဖျော်ဖြေရေးလုပ်ငန်းတွေက ကျော်ကြားတဲ့ ကြယ်ပွင့်တွေကို မှီခိုရတယ်။တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချတဲ့ လုပ်ငန်းကျတော့လည်း ဆယ်လီတွေရဲ့ရောင်းအားကို မှီခိုရတယ်။အကယ်၍ ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ ဆယ်လီတွေက ကိုယ်ကျင့်တရားမကောင်းတဲ့လူဆိုရင်တော့ သွားပြီဘဲ။မကြာသေးမီကဆယ်လီတွေရဲ့ မကောင်းတဲ့သတင်းတွေကို လတိုင်းကြားနေရတယ်။ ဒါက တကယ့်ကို စိတ်ရှုပ်စရာဘဲ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဒါ့ကြောင့် ဒီလုပ်ငန်းမှာ ရင်းနှီးမမြှုပ်နှံခင် ငါတို့က ကိုယ်ကျင့်တရားကောင်းတဲ့ ဆယ်လီတွေကိုရှာဖို့အတွက် အချိန်အနည်းငယ်လိုတယ်။ " ဟု လင်ပေ့ဖန်က ထပ်ပြောခဲ့သည်။
လင်ပေ့ဖန်သည် ထပ်မံအားပေးခဲ့ပြီး " အစ်ကိုရဲ့…မင်းမှာတစ်ခြားအကြံပေးစရာ အကြံဉာဏ်တွေများရှိသေးလား?" ဟု ပြောလိုက်သည်။
ထို့နောက်ဇာတ်လိုက်ရဲ့ရှင်းချန်သည် လုပ်ငန်းများစွာကို ဆက်တိုက်အကြံပေးခဲ့သည်။သူ့အကြံပေးသည့် လုပ်ငန်းအားလုံးကလည်း ယခုအချိန်၌ အတော့် လေးကို ဖွံ့ဖြိုးတိုးတက်နေသည်ဟု ထင်ရသည်။
ဒါပေမဲ့လည်း လက်တွေ့မှာတော့ သူ့အကြံပေးထားတဲ့ လုပ်ငန်းအားလုံးက အနာဂတ်တွင် ထပေါက်မည့် ချိန်ကိုက် ဗုံးများဖြစ်နေခဲ့သည်။
လင်ပေ့ဖန်သည် သူ့ကို အားပေးသောအပြုံးဖြင့်ကြည့်ခဲ့သည်။
ဒီဇာတ်လိုက်က သေချာပေါက်တစ်ခုခုတော့မှားနေပြီ…
သူ့အကြံပေးထားတဲ့ လုပ်ငန်းအားလုံးက အနာဂတ်မှာ သေချာပေါက် ပျက်ဆီးဆုံးရှုံးမှာချည်းပဲ….
သူပေးတဲ့ အကြံတစ်ခုချင်းဆီက ပုန်းကွယ်နေတဲ့ လျို့ဝှက်ချက်တွေရှိတယ်…
သူ့ပေးတဲ့ အကြံတွေက ပိုပြီးတော့လည်း ဆိုးလာတယ်....
ဘာလို့ သူပေးတဲ့ အကြံဉာဏ်အားလုံးက အလွန်တိကျနေရတာလဲ?.
ဖြစ်နိုင်တာက သူလည်းပဲငါ့လိုပဲ........?
" ကျွန်တော် ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး။ အဲ့တာအားလုံးက ကျွန်တော်သိတဲ့ အကြံဉာဏ်အားလုံးဘဲ။ကောင်းကောင်းမရှင်းပြနိုင်တဲ့ အတွက်လည်း ကျွန်တော်တောင်းပန်ပါတယ်။" ဟု ရဲ့ရှင်းချန်သည် သူ့၏ ခေါင်းအနောက်ဘက်ကို ကုတ်ခဲ့ပြီး ကိုးရိုးကားရားအမူအရာဖြင့်ပြောလိုက်သည်။
သူ့ရဲ့ အကြံအစည်ကို ရှေ့ဆက်မတိုးခင် ဒီအချိန်ကရပ်တန့်ရမဲ့အချိန်ဘဲ….
အရမ်းလည်း မာနမကြီးနဲ့ ဒါမှမဟုတ်ရင် မင်းကို သူတို့တွေ သံသယဖြစ်လာလိမ့်မယ်….
" ဒါက တကယ်ကောင်းတဲ့ အကြံပေးချက်တွေဘဲ။ရှင့်လို သက်တော်စောင့်တစ်ယောက်က ဒီလောက်တော်လိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။အမှန်တကယ်ကို မယုံနိုင်စရာဘဲ။" ဟု လျိုယုမေ့က ရယ်မောပြီး ချီးကျူးခဲ့သည်။
ရဲ့ရှင်းချန်သည် သူ့၏ဦးခေါင်းကို ဂုဏ်ယူစွာဖြင့် မော့လိုက်ပြီး သူသည် နောက်ဆုံးမှာတော့ လျိုယုမေ့ဆီကနေ အထင်မြင်ကောင်းရရှိအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
အနာဂတ်မှာ သူမနဲ့ ဒီထက်ပိုပြီး အခွင့်အရေးတွေ ရှိကောင်းရှိလာနိုင်တယ်..…
ထိုအချိန်တွင် လျိုယုမေ့၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး သူမသည် စက်ဆုပ်သော အမူအရာဖြင့် " ကျစ်….သူက မကောင်းတဲ့လူဖြစ်နေတာက တကယ့်ကို ဝမ်းနည်းစရာကောင်းတယ်။ " ဟု ပြောခဲ့သည်။
ရဲ့ရှင်းချန် : :ဟားဟား!