အခန်း (၂၅)
Vol. 2 Ch. 25
ထို့နောက် သူတို့ကျောက်တုံးကို ဖြတ်ဖို့အဆင်သင့်ဖြစ်သည့်အချိန်၌ လူအုပ်ကြီးသည် သူတို့ပတ်ပတ်လည်တွင် ဝိုင်း၍ ကြည့်လာကြသည်။
ကျောက်ဖြတ်သမားသည် မဖြတ်ခင် ကျောက်တုံး၏ မျက်နှာပြင်ကို အရင်စစ်ဆေးခဲ့သည်။ထို့နောက် သူသည် အစက်အပျောက်ရှိသောနေရာကို ရှာတွေ့ပြီးနောက် အဲ့ဒီမျက်နှာပြင်တစ်လျှောက်ကို ဖြတ်တောက်ခဲ့သည်။
ပထမအကြိမ်ဖြတ်လိုက်ရုံဖြင့် တောက်ပသော အစိမ်းရောင်က ပေါ်ပေါက်လာခဲ့သည်။
လူတိုင်းက စိတ်လှုပ်ရှားလာခဲ့ကြသည်။
"ခုနက အစိမ်းရောင် တောက်ပတာကို မြင်လိုက်ရတယ်။"
ကျောက်ကျွမ်းကျွင်သူ တစ်ယောက်က ရှင်းပြခဲ့သည်။
" ဒါက ရေခဲကျောက်စိမ်း အမျိုးအစားဖြစ်လိမ့်မယ်။ဒါပေမဲ့ ဒီကျောက်ကို ကြည့်ရတာက အရမ်းပဲကြည်လင်ပြီးတော့ ဖန်ခွက်နဲ့တောင်တူနေတယ်။ ဈေးကွက်ထဲမှာ ရောင်းရင် ဈေးတော်တော်မြင့်မြင့်ရလိမ့်မယ်။ ကျပန်း ပြုလုပ်ထားတဲ့ ရေခဲကျောက်စိမ်းလက်ကောက်တစ်ခုတောင်မ သိန်းနဲ့ချီပြီး ရောင်းချနိုင်တယ်။"
ဇာတ်လိုက်ရဲ့ရှင်းချန်သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူ့ရင်ထဲ၌ တင်းကျပ်သွားသလို ခံစားခဲ့ရသည်။
ထို့နောက် သူသည် " ဒီကျောက်တုံးက တကယ်ပဲ အဲ့လောက် တန်ဖိုးရှိတာလား? " ဟု မေးမြန်းလိုက်သည်။
" ဒီကျောက်တုံးက တန်ဖိုးရှိလား ၊ မရှိလားဆိုတာက ကျောက်တုံးထဲမှာပါတဲ့ ကျောက်စိမ်းနဲ့ ရေ ပေါ်မှာမူတည်တယ်။အကယ်၍ ကျောက်တုံးတစ်တုံးလုံးက ရေခဲကျောက်စိမ်းကြီးပဲဆိုရင် အရမ်းဈေးကြီးပြီးတော့ သန်း၅၀ကျော်လောက်ေတာင် တန်ကြေးရှိတယ်။ဒါပေမဲ့ အဲ့ဒီဖြစ်ရပ်က တော်တော်ရှားတယ်။ငါဒီအလုပ်ကို လုပ်နေတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ ဒါတောင် အဲ့ဒီဖြစ်ရပ်ကို တစ်ကြိမ်ပဲကြုံဖူးသေးတယ်။ " ဟု ကျောက်ကျွမ်းကျင်သူက ပြန်ဖြေခဲ့သည်။
ထိုအခါမှ ရဲ့ရှင်းချန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချခဲ့သည်။
**ကံကောင်းချင်တော့ ကျောက်တုံးတစ်ခုလုံးကို ရေခဲကျောက်စိမ်း ဖြစ်နိုင်ခြေက နည်းလွန်းတယ်။**
**အဆင်ပြေပါတယ်။မင်းကို နည်းနည်းတော့ ပေးရထားမယ်။**
**ဒါပေမဲ့ မင်း ငွေအများစုတော့ ရှုံးနေတုန်းဘဲ။**
ထိုအချိန်တွင် ကျောက်ကျွမ်းကျင်သူသည် ပြုံးပြီး
လင်ပေ့ဖန်ကို ပြောလိုက်သည်။
" သူငယ်ချင်းလေး… မင်းဒီကျောက်ကို ရောင်းချင်လား? ငါ ဒီကျောက်တုံးကို ၁.၅သန်း ပေးပြီးဝယ်မယ်။"
" မရောင်းဘူး။"
လင်ပေ့ဖန်သည် အေးဆေးသောအမူအရာဖြင့်
" ဆရာ… ဆက်ပြီးတော့ ကျောက်ကို ဖြတ်ပေးပါ။" ဟု ပြောလိုက်သည်။
ကျောက်ဖြတ်သမားသည် ဆက်လက်၍ ဖြတ်တောက်ခဲ့သည်။
အစိမ်းရောင်ပေါ်နေတာကြောင့် သူသည် ဒီတစ်ကြိမ်တွင် ဂရုတစိုက်ဖြင့် ကျောက်မျက်နှာပြင်ကို နောက်တစ်ကြိမ် ဖြတ်တောက်ခဲ့သည်။
ရလဒ်အနေဖြင့် နောက်တစ်ကြိမ်ထပ်မံပြီး အစိမ်းရောင်ပေါ်လာခဲ့ပြန်သည်။
လူတိုင်းသည် ထပ်မံပြီး စိတ်လှုပ်ရှားလာခဲ့သည်။
"နောက်တစ်ကြိမ် အစိမ်းရောင်ပဲ။ပြီးတော့ ဒါက ရေခဲကျောက်စိမ်းပြန်ဘဲဟ။"
" ကြည့်ရတာ ပထမတစ်ခါလို တစ်ပုံစံထဲဘဲ "
ကျောက်ကျွမ်းကျင်သူသည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့ပြီး " ဒါက နောက်တစ်ကြိမ် ရေခဲကျောက်စိမ်းဘဲ။ အရောင်ကလည်း ကြည်လင်နေတာဘဲ။ ဒါက ကျောက်ကောင်းတစ်တုံးဘဲ။သူငယ်ချင်းလေး…ငါမင်းရဲ့ကျောက်ကို ၃သန်းပေးပြီးဝယ်မယ်ကွာ။" ဟု ပြောလိုက်သည်။
ဇာတ်လိုက်ရဲ့ရှင်းချန်သည် ဒီစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် အဆင်မပြေသလို ခံစားခဲ့ရသည်။
**သူ့ကို လှည့်စားဖို့အတွက် ဒီလောက်ခက်ခက်ခဲခဲကြိုးစားခဲ့ရတာတောင် သူက တစ်သန်းပဲ ဆုံးရှုံးမယ်ပေါ့။**
**ဒီတစ်သန်းလောက်နဲ့ သူ့ကို ဘာဆုံးရှုံးစေမှာမို့လို့လဲ?**
**တစ်ခြားလူအတွက်တော့ ဒီတစ်သန်းလောက်က စိမ်ခံကားတစ်စီးဖိုးလောက်တောင်မရှိပေ။**
ရဲ့ရှင်းချန်သည် သူ့ဘာသာသူ စိတ်လျော့လိုက်၍
** မေ့လိုက်တော့၊ ပိုက်ဆံ နည်းနည်းဆုံးရှုံးတာကလည်း ဆုံးရှုံးတာပဲလေ။သူပိုက်ဆံ မရသ၍တော့ အဆင်ပြေတယ်။** ဟု တွေးလိုက်သည်။
ကျောက်ကျွမ်းကျင်သူဆီမှ ကမ်းလှမ်းမှုကို ရရှိသောအခါတွင်လည်း လင်ပေ့ဖန်က သက်တောင့်သက်သာ အမူအရာဖြင့် " ငါက ဒီကျောက်တုံးကို ၄သန်းနဲ့ဝယ်ထားရတယ်။ဒါကို မင်းက ၃သန်းနဲ့ဝယ်ချင်ပေါ့လေ?မရောင်းနိုင်ဘူး။ဆရာ ဆက်ပြီးတော့ ဖြတ်ပါ။" ဟု ကျောက်ဖြတ်သမားကို ပြောလိုက်သည်။
ထို့နောက် ကျောက်ကျွမ်းကျင်သူကထပ်ပြီး အကြံပေးခဲ့ပြန်သည်။
" သူငယ်ချင်းလေး… မင်းသေသေချာချာစဉ်းစားသင့်တယ်နော်။မင်းကို ငါပေးတဲ့ဈေးနှုန်းက ကောင်းပါတယ်။အကယ်၍ မင်းဆက်ဖြတ်လို့ မတော်တဆ မှားဖြတ်မိသွားရင် ဆုံးရှုံးမှုကြီးလိမ့်မယ်။ဒီကျောက်တုံးလောင်းကစားနည်းက စွန့်စားမှုအရမ်းကြီးတယ်။
ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲ၊ဘယ်အချိန်မှာ ရှေ့တိုးရမလဲဆိုတာကို သိထားသင့်တယ်။"
" အဆင်ပြေပါတယ်။ဒါက သန်းအနည်းငယ်လေးပဲ လေ။ဒီလောက်လေးဆုံးရှုံးရတာက ငါ့အတွက်တော့ ပါးပါးလေးပါ။ဆရာ ဆက်ပြီးတော့ ဖြတ်မယ်။" ဟု လင်ပေ့ဖန်က ပြန်ပြောလိုက်သည်။
ထို့နောက် ကျောက်ဖြတ်သမားသည် ကျောက်တုံး၏မျက်နှာပြင်ကို နောက်တစ်ကြိမ် ဖြတ်တောက်ခဲ့သည်။
နောက်တစ်ကြိမ်ထပ်မံပြီး အစိမ်းရောင်ကို မြင်တွေ့လိုက်ရပြန်သည်။
" နောက်တစ်ကြိမ် ထပ်ပြီး ဖြတ်ဦး "
" ဒါက ရေခဲကျောက်စိမ်းဘဲ"
" သုံးကြိမ်ဖြတ်တာကို သုံးကြိမ်လုံးက ကျောက်စိမ်းတွေချည်းပဲ။ဒီကောင်က မောင်ကံကောင်းပဲဟ။"ဟု လူအုပ်ကြီးသည် နောက်တစ်ကြိမ်ထပ်မံပြီး အော်ပြောခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်၌ထိုင်ပြီး ကြည့်နေကြသော လူများသည် မထိုင်နိုင်တော့ဘဲ ထ၍ကြည့်လာခဲ့သည်။
" ငါ ဒီကျောက်တုံးကို ၄သန်းပေးပြီးဝယ်မယ်။"
" ငါက ဒီကျောက်တုံးကို ၄.၅ သန်းပေးမယ်။"
"ငါက ဒီကျောက်တုံးကို ၅ သန်းပေးမယ်။"
ထို့နောက် ဈေးနှုန်းသည် လျင်မြန်စွာဖြင့် မြင့်တက်လာ၍ ၈သန်းထိတောင် ရောက်ရှိသွားခဲ့သည်။လင်ပေ့ဖန်၏ မူရင်းဝယ်ဈေးထက်ကို ကျော်လွန်သွားခဲ့သည်။
တစ်နည်းအားဖြင့်ပြောရရင်တော့ လင်ပေ့ဖန်သည် ပိုက်ဆံအမြတ်ရနေခဲ့သည်။ ထို့ပြင် သူသည် မူရင်းဝယ်ရင်းထက်ကို ၂ဆပြန်လည်ရရှိခဲ့သည်။
ဇာတ်လိုက်ရဲ့ရှင်းချန်သည် အတော်လေးကို စိတ်ပျက်နေသလို ခံစားခဲ့ရသည်။ထို့ပြင် သူ၏မျက်နှာသည်လည်း အနည်းငယ်မည်းမှောင်နေခဲ့သည်။
သူသည် မူလက လင်ပေ့ဖန်ပိုက်ဆံဆုံးရှုံးတာကို မြင်ချင်ပေမဲ့လည်း တစ်ခြားလူသည် အမှန်တကယ်ကို ပိုက်ဆံမဆုံးရှုံးသည့်အပြင် ပိုက်ဆံတောင် ပြန်ရှာသွားနိုင်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။
သေစမ်း….
ဘာလို့ ဒီကောင့် မိသားစုက အရမ်းကံကောင်းနေရတာလဲ?…
ထိုအချိန်တွင် လျိုယုမေ့သည် လင်ပေ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာဖြင့်ကိုင်လိုက်ပြီး " ရောင်းလိုက်တော့။ အကယ်၍ ကျွန်မတို့အခု ရောင်းလိုက်ရင် ၄သန်းတောင် မြတ်လိမ့်မယ်။" ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် အေးအေးဆေးဆေး ပြန်ပြုံးပြလိုက်ပြီး သူ့၏လက်ကို ဝှေ့ယမ်း၍ " လောစရာမလိုပါဘူး။ဈေးနှုန်း အနည်းငယ်ထပ်မြှင့်တာကို စောင့်လိုက်ဦး။ ဆရာ....ငါ့အတွက် ကျောက်တစ်ခုလုံး ကို ရုပ်လုံးပေါ်လာတဲ့ အချိန်ထိ ဖြတ်ပေးပါ။" ဟု ပြောလိုက်သည်။
"အိုကေ"ဟု ကျောက်ဖြတ်သမားက ပြန်ဖြေခဲ့သည်။
ထို့နောက် ကျောက်ဖြတ်သမားသည် ကျောက်တုံးကို စုတ်ချက်ပေး၍ ဂရုတစိုက် ဖြတ်တောက်ခဲ့သည်။
သူကျောက်တုံးကို ဖြတ်လိုက်တိုင်း အစိမ်းရောင်ကို သူတို့မြင်ခဲ့ရသည်။
"ထပ်ပြီးတော့ အစိမ်းရောင်ပြန်ပဲလား။"
"ပြီးတော့အကုန်လုံးကလည်း ရေခဲကျောက်စိမ်းကြီးဘဲ။"
" ဒီလူငယ်လေးရဲ့ ကံက တော်တော်ကောင်းတာဘဲ "
ထို့နောက် ကျောက်တုံးကို တစ်ခါဖြတ်လိုက်တိုင်း ကျောက်တုံး၏ ဈေးနှုန်းသည်လည်း မြင့်တက်လာခဲ့သည်။
" ငါ ဆယ်သန်းပေးမယ်"
" ငါက ၁၅သန်းပေးမယ်။"
" သန်း၂၀ပေးမယ်ကွာ"
ရဲ့ရှင်းချန်၏မျက်နှာသည် ကျောက်တုံးကို တစ်ခါဖြတ်လိုက်တိုင်း မည်းမှောင်လာခဲ့ပြီး သူ့၏ စိတ်ထဲတွင်လည်း အေးစက်လာခဲ့သည်။
**သေစမ်းကွာ!! ဘာလို့ ထပ်ဖြစ်ပြန်ရတာလဲ?**
**မင်းရပ်ပေးနိုင်မလား?**
**ကွဲလိုက်စမ်း!ကွဲလိုက်စမ်း!ငါ့အတွက် ကွဲပေးလိုက်စမ်း!**
**နတ်ဘုရားတွေကို ကျွန်တော်အနူးအညွှတ်တောင်းပန်ပါတယ်၊ သူ့ကို ဒီထက်ပိုပြီးတော့ မလွှတ်ထားပါနဲ့တော့**
ထို့နောက် နောက်ဆုံးတွင် ကျောက်တုံးအစိတ်အပိုင်းအားလုံးသည် ကျောက်စိမ်း ဖြစ်နေခဲ့ပြီး လုံးဝိုင်း၍ အပြစ်အနာအဆာ ကင်းသောပုံစံဖြင့် လူတိုင်း၏ ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ပင့်သက်ရှိုက်၍ အံအားသင့်သွခဲ့သည်။
ကျောက်တုံးတစ်ခုလုံးက ကျောက်စိမ်းဖြစ်နေခဲ့သည်။
ရေခဲကျောက်စိမ်း!
"အရမ်းလှတာဘဲ။ ဘယ်လောက်များများ တန်ကြေးရှိလိမ့်မလဲ?"
" ခန့်မှန်းရတော့ ခက်လိမ့်မယ်။ ဒီလူငယ်လေးရဲ့ ကံကတော့ ရူးသွပ်ချင်စရာဘဲ"
ထို့နောက် လူတိုင်းက ရူးသွပ်ချင်လာကြသည်။
'"ငါဒီကျောက်တုံးကို သန်း၄၀ပေးပြီး ဝယ်မယ်။"
" သန်း၄၀ပဲလား?အိမ်မက်ပဲဆက်မက်နေလိုက်။ငါ ဒီကျောက်တုံးကို ၄၅သန်းပေးမယ်။"
" ငါနဲ့ ဈေးကို ပြိုင်ပြီးမပေးကြနဲ့။ငါ ကျောက်တုံးကို သန်း၅၀ပေးမယ်။"
" ငါက သန်း၆၀ပေးမယ်ကွာ။"
ဇာတ်လိုက်ရဲ့ရှင်းချန်၏ မျက်နှာသည် မည်းမှောင်လာခဲ့ပြီး သူသည် မေ့လဲလုနီးပါးဖြစ်လာခဲ့သည်။