အခန်း (၂၆)
Vol. 2 Ch. 26
လျိုယုမေ့သည်လည်း အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
သူမသည် ငွေအများကြီးရတာကို ဒီမတိုင်ခင်က မမြင်ဖူးခဲ့တာ မဟုတ်ပေမဲ့လည်း အချိန်ခဏလေးနဲ့ အမြတ်အများကြီးရတာကိုတော့ သူမ တစ်ခါမှ မမြင်တွေ့ဖူးခဲ့ပေ။
လေးသန်းပဲ ရင်းနှီးခဲ့မြှုပ်နှံ၍ တစ်နာရီမပြည့်ခင်အချိန်လေးမှာဘဲ ဈေးနှုန်းက မူရင်းဈေးနှုန်းထက်ကို ၁၀ဆကျော်လောက်ေထာင်တက်သွားပြီးတော့ သန်း၆၀လောက်ရောက်ရှိခဲ့သည်။
ထို့ပြင် ဒါက ပိုက်ဆံအစစ်ဖြစ်ပြီး ပိုက်ဆံကိုလည်း ချက်ချင်းပဲ ငွေပေးချေလိမ့်မည်ဖြစ်သည်။
"ရောင်းလိုက်တော့၊ကျွန်မတို့ တစ်ကြိမ်ရောင်းလိုက်တာနဲ့ ချမ်းသာသွားလိမ့်မယ်။"ဟု လျိုယုမေ့က စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။
လင်ပေ့ဖန်သည် အေးဆေးသောအမူအရာဖြင့် ဆက်ရှိနေခဲ့ပြီး " လောစရာမလိုပါဘူး။" ဟု ပြောလိုက်သည်။
ထို့ပြင် သူသည် စနစ်ဆီကနေ ဆုတောင်းထားတာက ကျောက်တုံး၏ ဈေးသည် မူရင်းဈေးထက် အဆနှစ်ဆယ်တိုးတက်လာဖို့ဖြစ်သည်။
ယခုအချိန်တွင် ဈေးနှုန်းသည် သန်း၆၀ကိုသာ ရောက်ရှိသေးပြီး ကြားထဲတွင်သန်းနှစ်ဆယ်လောက် ကွာဟနေသေးသည်။ထို့ကြောင့် သူ လောစရာမလို သေးပေ။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ အသံတစ်ခုထွက်လာခဲ့သည်။
" ငါ သန်း၈၀ပေးမယ်။"
လူတိုင်းသည် ထိုအသံကိုကြားလိုက်ရပြီးနောက် ထိတ်လန့်သွားခဲ့သည်။
ထို့နောက် သူတို့၏ဦးခေါင်းကို လှည့်၍ကြည့်လိုက်ချိန်၌ ထန်ခေတ်ကဝတ်ဆုံကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ထို့ပြင် သူသည် နဂါးဦးခေါင်းပါသော လမ်းလျှောက်တုတ်ကိုကိုင်ပြီး သူတို့ဆီသို့ လမ်းလျှောက်လာခဲ့သည်။
သူ့ဆံပင်တွေက ဖြူနေပေမဲ့လည်း သူသည် ဘုန်းအာနုဘောဖြင့် ပြည့်နေခဲ့သည်။သူ့၏ဘေးနားတွင်လည်း အသက်နှစ်ဆယ်လောက်ရှိသော ကောင်လေးတစ်ယောက်သည် တစ်လှမ်းချင်း လျှောက်၍ သူ့ကိုသတိထားကြည့်ရင်းဖြင့် ဂရုတစိုက်လိုက်ပါလာခဲ့သည်။
ထို့ပြင် လူတိုင်းက သူ့ကို မြင်လိုက်ရသောအခါတွင် သူ့အတွက် လမ်းဖယ်ပေးကြပြီး ရိုသေလေးစားသောအမူအရာကို ပြသခဲ့သည်။
" အကြီးအကဲဟွမ်, အကြီးအကဲဟွမ်။သင် ဒီကို လာတယ်ပေါ့"
"အကြီးအကဲဟွမ်… ဒီနေ့ဒီကို လာဖို့ အချိန်ရှိလို့လား?"
"အကြီးအကဲဟွမ် "
……
အဘိုးကြီးပုံစံကို ကြည့်ရတာ တကယ့်ဂုဏ်သိက္ခာ ရှိမဲ့ပုံဘဲ။
လင်ပေ့ဖန်သည် ဒီလူကြီးကို မှတ်မိခဲ့သည်။ သူ့နာမည်ကတော့ ဟွမ်ကျင်းပိုင်ဖြစ်ပြီး မိုဟိုင်မြို့၌ ကျောက်မြတ်ရတနာများရောင်းချသည့် လုပ်ငန်းလုပ်ကိုင်နေသော လူဖြစ်သည်။
ထို လူအိုကြီး၏ မိသားစုသည် ရွှေ၊ငွေ နဲ့ ကျောက်မြတ်ရတနာလုပ်ငန်းများကို မျိုးရိုးစဉ်ဆက်အလိုက် လုပ်ကိုင်ခဲ့ကြပြီး အထူးသဖြင့် ကျောက်စိမ်း နှင့် ရွှေလုပ်ငန်း၌ တော်တော် အောင်မြင်ကြသည်။သူတို့သည် နိုင်ငံတစ်ဝှမ်းလုံး၌ ဆိုင်ခွဲပေါင်းတစ်ရာလောက်ကို ဖွင့်လှစ်ထားခဲ့ပြီး သူတို့မိသားစု၏ သမိုင်းကြောင်းကလည်း နှစ်တစ်ရာလောက် ရှိနေခဲ့ပြီဖြစ်သည်။
လင်ပေ့ဖန်၏ ရှေ့၌ ရှိနေသော လူအိုကြီးသည် ဟွမ်မိသားစု၏ တတိယမျိုးဆက်ဖြစ်တဲ့ ဟွမ်ကျင်းပိုင် ဖြစ်သည်။
သူသည် နိမ့်ချပြီး ကြင်နာတတ်သည့်အတွက်ကြောင့် မိုဟိုင်မြို့၌ ဂုဏ်သတင်းကြီးမားသည်။လင်ပေ့ဖန်၏ အဖေတောင်မှဘဲ သူ့ကိုအရမ်းလေးစားသည်။
" မင်္ဂလာပါ, အကြီးအကဲ ဟွမ် " ဟု ပြောပြီး လင်ပေ့ဖန်က ယဉ်ကျေးစွာနဲ့ နှုတ်ဆက်ခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲဟွမ်သည် လမ်းလျှောက်လာ၍ လင်ပေ့ဖန်ကို မျက်မှောင်နည်းနည်းကြုတ်၍ ကြည့်လိုက်ပြီး " မင်း၊လူငယ်လေး မင်းကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုဘဲ " ဟု ပြောလိုက်သည်။
" ကျွန်တော့်အဖေနာမည်က လင်နန်ရှန်းပါ။ ကျွန်တော်က သူ့သားလင်ပေ့ဖန်ပါ။" ဟု လင်ပေ့ဖန်က ရှင်းပြခဲ့သည်။
အကြီးအကဲဟွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး " ငါသိပြီ။ မင်းကို ကြည့်ရတာ ငါ့အသိအကျွမ်းဟောင်းနဲ့ နည်းနည်းဆင်နေပါတယ်လို့ ထင်နေရတာက အံ့ဩစရာမရှိတော့ပါဘူး။ဒါနဲ့ မင်းရဲ့ အဖေကော နေကောင်းလား၊ အခုရော သူဘာလုပ်နေတာလဲ?" ဟု မေးမြန်းလိုက်သည်။
" အဖေကတော့ နေကောင်းပါတယ်။အခုလောလောဆယ်တော့ နိုင်ငံခြားမှာဘဲ အလုပ်ကိစ္စရှိလို့ နေနေတယ် ။" ဟု လင်ပေ့ဖန်က ပြောပြခဲ့သည်။
" သူနေကောင်းတာ ကောင်းပါတယ်။ကမ္ဘာပေါ်မှာ အကြီးမာဆုံး ချမ်းသာတဲ့ဘဝကတော့ ကျန်မာရေးကောင်းခြင်းသာဖြစ်တယ်။" ဟု အကြီးအကဲဟွမ်က ပြောလိုက်သည်။
ထို့နောက်သူသည် ရယ်မော၍ ဖြတ်ထားသော ကျောက်စိမ်းတုံးဆီသို့သွားပြီး ဂရုတစိုက်နဲ့ စစ်ဆေးခဲ့သည်။
သူ့၏ အသံသည် အနည်းတုန်နေပြီး " ဒါက ကျောက်ကောင်းတစ်ခုဘဲ။ဒီလိုကျောက်ကောင်းမျိုးကို ငါမြင်ဖူးတာ နှစ်တော်တော်တောင် ကြာနေပြီ။ဒီကျောက်တုံးကို ဖြတ်ပြီးတော့ ဗုဒ္ဓါရုပ်ပွားတော်တစ်ဆူ ထုလုပ်နိုင်တယ်။ဒီကျောက်တုံးက ယေဘုယျအားဖြင့် သန်း၈၀ပဲ ထိုက်တန်တယ်။ ဒါပေမဲ့ မင်းက ငါ့အသိဟောင်းရဲ့ သားဖြစ်တာကြောင့် မင်းကို နောက်ထပ် ၁၀သန်းထပ်ပေးမယ်။" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြည့်နေကြတဲ့ လူအုပ်ကြီးသည် နောက်တစ်ကြိမ်ထပ်မံပြီး အံ့အားသင့်သွားခဲ့သည်။
" နောက်ထပ် ဆယ်သန်းထပ်တိုးပေးတာလားဟ။ဒီဈေးနှုန်းက မယုံနိုင်စရာဘဲ။"
" သန်း၉၀ဆိုတာက အရမ်းပဲ မြင့်သွားပြီ။ ဒီကျောက်တုံးက အများဆုံး သန်း၈၀ပဲ ထိုက်တန်တယ်။"
" မင်းမြင်လိုက်လား? အကြီးအကဲဟွမ်က လူငယ်မျိုးဆက်တွေကို ဂရုစိုက်တယ်။'
" ကျောက်တုံးတစ်တုံးပဲ လောင်းတာေတာင် သန်း၉၀ ရတယ်ပေါ့လေ။ငါအရမ်းပဲ မနာလိုတောင်ဖြစ်မိတယ်။"
ဇာတ်လိုက်ရဲ့ရှင်းချန်၏ မျက်နှာသည် နောက်တစ်ကြိမ် မည်းမှောင်လာပြီး ဘာစကားမှ မပြောဘဲနဲ့ သူတို့၏ဘေးနားတွင် တိတ်ဆိတ်စွာဖြင့် ရပ်နေခဲ့သည်။
"အဲ့လောက်ကြီးလည်း မပေးပါနဲ့ဗျာ။သန်း၈၀လောက် ပေးရင်ဘဲ လုံလောက်ပါပီ။" ဟု
လင်ပေ့ဖန်က စကားအမြန်ပြန်ပြောခဲ့သည်။
" ဘာမှမဖြစ်ပါဘူး။ယူလိုက်စမ်းပါကွာ။ဒီလူအိုကြီးက မင်းကို ပထမဆုံးအကြိမ်တွေဆုံတဲ့အနေနဲ့ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်။ဒါပေမဲ့ ပိုက်ဆံလွှဲပီးသွားရင်တော့ ဒီကျောက်တုံးကို ငါ့နဲ့အတူတူ ယူသွားမယ်"ဟု အကြီးအကဲဟွမ်က ရယ်မောပြီး ပြောလိုက်သည်။
ထို့ပြင် အကြီးအကဲဟွမ်သည် သူ့၏ လုပ်ရပ်များ၌ စေတနာပါပြီး ရိုးသားသည်ဟု ပြောရမည်ဖြစ်သည်။
သူ့၏ဘေးနားတွင်ရှိနေသော လူငယ်လေးသည် ချက်ချင်းဘဲ လင်ပေ့ဖန်ရဲ့အကောင့်နံပါတ်ကို တောင်း၍ ငွေလွှဲပြီး စီစဉ်ပေးခဲ့သည်။
အချိန်သိပ်မစောင့်လိုက်ရဘဲ ဘဏ်ကနေ ငွေလက်ခံရရှိကြောင်း အသိပေးစာရောက်ရှိလာခဲ့သည်။
လျိုယုမေ့သည် နောက်တစ်ကြိမ် သူမ အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။
" ကျွန်မ အိမ်မက် မက်နေတာတော့ မဟုတ်ဘူး
မလား?'
လင်ပေ့ဖန်သည် စိပ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။
" ဒါပေါ့.. ဒါက အိပ်မက်တစ်ခု မဟုတ်ဘူး။ငါတို့ ဒီနေ့ ၄သန်း ရင်းနှီးခဲ့တယ်။ဒါပေမဲ့ ငါတို့ သန်း၉၀ပြန်ရခဲ့တယ်။ပြီးတော့ အမြတ်ငွေက မူရင်းဈေးထက် အဆ၂၀ပြန်ရခဲ့တယ်။"
" ဟုတ်တယ်၊ဟုတ်တယ်။" ဟု လျိုယုမေ့က စိတ်လှုပ်ရှားစွာပြောပြီး ခေါင်းညိတ်ခဲ့သည်။
" အလှလေး, ငါမင်းနဲ့ ကိစ္စတစ်ခု ဆွေးနွေးလို့ရမလား ?"ဟု လင်ပေ့ဖန်က လျိုယုမေ့ကို မေးလိုက်သည်။
" ဘာဆွေးနွေးမှာလဲ?"ဟု လျိုယုမေ့က ပြန်ပြောခဲ့သည်။
"ငါ့ကို ရန်ပုံငွေထဲကနေ ပိုက်ဆံသုံးဖို့အတွက် အခွင့်အာဏာလေး ပေးပါလား။ငါနောက်ထပ်ကျောက်တုံးတစ်တုံးကို ဝယ်ပြီး ကစားချင်လို့ပါ။" ဟု လင်ပေ့ဖန်က သူ့လက်များကို ပွတ်သပ်ရင်း ပြောခဲ့သည်။
အရင်တုန်းကသာ ဒီစကားပြောခဲ့ရင်တော့ လျိုယုမေ့သည် အသေအချာကို ဆန့်ကျင်လိမ့်မည်ဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူမတို့သည် ပိုက်ဆံအများကြီးကိုလည်း ရရှိထားပြီဖြစ်သည်။ထို့ပြင် သူမသည် အခုအချိန်တွင် အနည်းငယ် စိတ်ကောင်းဝင်နေခဲ့သည်။
" ရှင်သုံးနိုင်တယ်။ဒါပေမဲ့ ၁၀သန်းထက်ကို ကျော်ပြီးတော့ ပိုသုံးလို့မရဘူး။" ဟု လင်ပေ့ဖန်ကို ပြောလိုက်သည်။
" အိုကေ….မိန်းမလှလေး"
လင်ပေ့ဖန်သည် စတင်၍ အခြားကျောက်တုံးတစ်တုံးကို ရွေးချယ်တော့မည်အချိန်တွင် သူ့၏ဘေးနားတွင် အသက်မဲ့သောမျက်နှာအမူအရာဖြင့် ရှိနေသော ရဲ့ရှင်းချန်ကို မြင်လိုက်ရပြီး " အစ်ကိုရဲ့, ဒီကို ခဏလာပါဦး "ဟု ခေါ်လိုက်သည်။
ရဲ့ရှင်းချန်သည် နောင်တရပြီးဝမ်းနည်းနေသော စိတ်မှ နိုးထလာခဲ့ပြီး " ဘော့စ်လင်... ဘာကိစ္စရှိလို့လဲ? " ဟု မေးမြန်းလိုက်သည်။
လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကို စိတ်လှုပ်ရှားစွာဖြင့် ပုတ်ခဲ့ပြီး " အစ်ကိုရဲ့ …မင်းက ငါ ဒီနေ့ပိုက်ဆံအများကြီးရှာနိုင်ရတဲ့ အဓိကအကြောင်းအရင်းဘဲ။ဒါကြောင့်မင်းကို ကျေးဇူးတင်ပါတယ်။အကယ်၍ မင်းသာ ကျောက်လောင်းတာကို အကြံမပေးခဲ့ဘူးဆိုရင် ဒီကိုလာပြီး ငါ ကျောက်လာလောင်းမှာမဟုတ်ဘူး။ဒါဆိုရင် ဒီလောက်များတဲ့ ပိုက်ဆံကိုလည်း ရမှာ မဟုတ်တော့ဘူးပေါ့။" ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် သူ့၏နှလုံးကို ဓားဖြင့်ထိုးမိသလို ခံစားခဲ့ရသည်။
** မှန်တယ်လေ။အကယ်၍ သူသာ ဒီအကြံကို မပေးခဲ့ဘူးဆိုရင် တစ်ခြားလူက သန်း၉၀ကို ဒီလောက်မြန်မြန် ရရှိနိုင်မှာမဟုတ်ပေ။**
**သူသည် သူကိုယ်ကိုသူ တကယ်ကို ရိုက်ပစ်ချင်ခဲ့သည်။**
""ဘာေကြာင့် ဒီအကြံကို သွားပေးမိတာလဲ?**
** ဘာကြောင့် သူက အရမ်းပဲ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်ခဲ့မိတာလဲ?**
လင်ပေ့ဖန်သည် ဆက်လက်ပြီး ပြောလိုက်သည်။
" ဒါကြောင့် နောက်တစ်ကြိမ်ရွေးမဲ့ ကျောက်တုံးကို ငါ့အတွက် ကူညီပြီးတော့ မင်း ရွေးပေးလို့ရမလား? "
" ငါက မင်းအစား ကူရွေးပေးရမှာလား? "ဟု ပြော၍ ရဲ့ရှင်းချန်က အံ့အားသင့်သွားခဲ့သည်။