← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

" ဟုတ်တယ်" ဟု ပြော၍ လင်ပေ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်သူသည် ဆက်လက်ပြီး " ငါက ဒီလုပ်ငန်းနဲ့ အရမ်းမရင်းနှီးဘူး။ဒါ့ကြောင့် ဘယ်ကျောက်တုံးကို မင်းရွေးချယ်ပါစေ အတူတူပဲလေ။ ငါ့အစား ဘာလို့ အစ်ကိုရဲ့ကို မကြိုးစားခိုင်းရမှာလဲ? ။ မင်း ငါ့ကို စိတ်မပျက်စေဘူးဆိုတာကို ငါယုံကြည်တယ်။" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ အကယ်၍ ကျွန်တော်ရွေးချယ်တာက မှားသွားရင်ရော?" ဟု ရဲ့ရှင်းချန်က မေးလိုက်သည်။

" အကယ်၍ မင်းရွေးတဲ့ကျောက်တုံးက မှားသွားခဲ့ရင်လည်း မှားသွားတာပဲပေါ့။ ငါတို့က အခုသန်း ၉၀တောင် ရရှိထားတယ်လေ။သန်းအနည်းငယ်လေးကို ပြန်ဆုံးရှုံးရတာက ဘာမှမဖြစ်ပါဘူး။ငါတို့ ကံမကောင်းတာလို့ မှတ်လိုက်ရုံဘဲပေါ့။ " ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်လိုက်၍ အားပေးခဲ့သည်။

" အစ်ကိုရဲ့…မင်းကြိုက်တဲ့ ကျောက်တုံးကို မင်းသဘောအတိုင်း ရွေးချယ်နိုင်တယ်။"

" ငါ့ကို ဒီအခွင့်အ‌ရေး‌ပေးတဲ့အတွက် ဘော့စ်လင်ကို ကျေးဇူးတင်ပါတယ်။ " ဟု ရဲ့ရှင်းချန်က အသက်ပြင်းပြင်းရှု၍ ပြောလိုက်သည်။

**မင်း မတော်တဆ သန်းဆယ်ဂဏန်းလောက်ကို ရရှိသွားတာက ငါ့ကို တကယ်မပျော်ရွှင်စေဘူး။**

**ဒါပေမဲ့ ဒီအချိန်မှာတော့ မင်းရရှိထားတဲ့ ငွေအားလုံးကို ပြန်အန်ထုတ်ခိုင်းမယ်။**

**အနည်း‌ဆုံးတော့ မင်းကို ပိုက်ဆံ ၉သန်းလောက် ပြန်ဆုံးရှုံးရ‌ေအာင် လုပ်မယ်**

**ဒါမှမဟုတ်‌ရင်‌ေတာ့ ငါ့ရင်ထဲမှာ ရှိတဲ့ ဒေါသကို ဖြေဖျောက်နိုင်မှာမဟုတ်ဘူး**

ဇာတ်လိုက်ရဲ့ရှင်းချန်သည် စိတ်ထဲတွင်တွေးပြီးနောက် သူ့၏သွားကိုကြိတ်၍ ကြီးမားတဲ့ကျောက်တုံးတစ်တုံးကို ညွှန်ပြခဲ့သည်။

ထို့နောက် သူသည် ဆက်လက်ပြီး " ဘော့စ်လင်, မင်းဒီကျောက်တုံးကို ဘယ်လိုထင်လဲ?ကျွန်တော် ဒီကျောက်တုံးအတွင်းမှာ တစ်ခုခုရှိတယ်လို့ ခံစားနေရတယ်။" ဟု ပြောခဲ့သည်။

ထိုကျောက်တုံးကြီးကို အရင်က သူတို့မဝယ်ယူနိုင်ပေ။ဘာကြောင့်လဲဆိုတော့ ကျောက်တုံးကြီး၏ ဈေးနှုန်းသည် ၉.၆သန်း‌ ရှိသောကြောင့် သူတို့၏သုံးစွဲနိုင်သည့် ရန်ပုံငွေဘတ်ဂျက်ထက် ကျော်လွန်သွားခဲ့သည်။

ဒါပေမဲ့လည်း အခုအချိန်တွင်‌ေတာ့ သူတို့၏သုံးစွဲနိုင်‌ေသာ ရန်ပုံငွေပမဏက ဆယ်သန်းလောက် တိုးလာခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူတို့သည် ဒီကျောက်တုံးကို ဝယ်ယူဖို့အတွက် တတ်နိုင်ပြီဖြစ်သည်။

" ဘာလို့မင်းက ဒီကျောက်တုံးကို ကောင်းတယ်လို့ထင်ရတာလဲ?" ဟု လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

ရဲ့ရှင်းချန်သည် ရိုးရှင်းသောစကားဖြင့် ပြန်ပြောခဲ့သည်။

" ကျွန်ထင်တာကတော့ ဒီကျောက်တုံးထဲမှာ အရည်တွေနဲ့ ပြည့်နေတယ်။ပြီးတော့ ‌ဒီကျောက်က သိမ်မွေ့တဲ့ အော်ရာတစ်ခုကို ထုတ်လွှင့်နေတယ်။ဒါကြောင့်ပဲ ဒီကျောက်တုံးကို ဖြတ်လိုက်ရင် ကောင်းတာတစ်ခုခု ရရှိလိမ့်မယ်လို့ ငါယုံကြည်တယ်။"

" ငါတော့ ဒီကျောက်တုံးကို သိပ်ပြီးအကောင်းမမြင်ဘူး။"

" ဒီကျောက်တုံးက ဒီမှာရှိနေတာပဲ ၅နှစ်လောက်ရှိနေပြီ။အဲ့ဒီငါးနှစ်အတွင်းမှာဘဲ ကျောက်ကျွမ်းကျင်တဲ့သူအများကြီးက ဒီကျောက်တုံးကို လာပြီးကြည့်ကြတယ်။ဒါပေမဲ့ သူတို့ဘာမှမခန့်မှန်းနိုင်လို့ အဆုံးမှာတော့ လက်လျော့လိုက်ကြတယ်။ "

" ဒီကျောက်တုံးရဲ့ မူလတန်ကြေးက ယွမ်သန်းနှစ်ဆယ်ဘဲ။ဒါပေမဲ့ တစ်ယောက်မှ မဝယ်ယူတာကြောင့် ဈေးနှုန်းက ၉.၆သန်းလောက်ကို ရောက်သွားပြီး‌ေတာ့ မူလဈေးနှုန်းရဲ့ ထက်ဝက်ကျော်ကျော်လောက် ဖြစ်သွားခဲ့တယ်။ဒါကြောင့် ဒီကျောက်တုံးကို ဝယ်ယူဖို့အတွက် ငါမင်းကို မထောက်ခံရတာဘဲ။ "ဟု ကျောက်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်က ပြောခဲ့သည်။

ထိုကျွမ်းကျင်သူသည် တကယ်ဘဲ အကူအညီပေးချင်တာကို တွေ့မြင်နိုင်သည်။

" တကယ်တော့ ,ဒီကျောက်တုံးကို ကြည့်ရတာ ကောင်းပေမဲ့လည်း ကျောက်တုံးရဲ့ မျက်နှာပြင်ကတော့ တော်တော်‌မကောင်းဘူး။ပြီးတော့ ဒီကျောက်တုံးက ပုံမှန်လည်း မဟုတ်ဘူး။ငါ့ရဲ့ အတွေ့ကြုံပေါ်ကို မူတည်ပြီး ပြောရရင်တော့ ဒီကျောက်တုံးကိုဖြတ်လိုက်ရင် ကျောက်စိမ်း ကောင်းကောင်းရမှာမဟုတ်ဘူး။" ဟု ထပ်ပြောခဲ့သည်။

"အကယ်၍ မင်း ဒီကျောက်တုံးကို ဖြတ်လိုက်လို့ ကျောက်စိမ်းရခဲ့ရင်တောင် အဲ့ဒီကျောက်စိမ်းက ပဲစေ့အရွယ်လောက်ပဲဖြစ်လိမ့်မယ်။ပြီးတော့ ဈေးလည်း အရမ်းထိုက်တန်မှာမဟုတ်ဘူး။"

" ဒီကျောက်တုံးက သာမှန်ကျောက်တုံး တစ်တုံးပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။"

" ဒီကျောက်တုံးကို ၉.၆သန်းပေးပြီးဝယ်လိုက်ရင်တော့ အဲ့ဒီငွေတွေက ပလုံသွားလိမ့်မယ်။"

လူတိုင်းလူတိုင်းသည် သူတို့၏ ထင်မြင်ချက်များကို တစ်ယောက်ပြီးတစ်ယောက်ဖော်ပြခဲ့ကြသည်။

ဇာတ်လိုက်ရဲ့ရှင်းချန်သည် စိတ်ဓာတ်ကျသလို ခံစားခဲ့ရသည်။

ထို့နောက် သူထင်တာက လင်ပေ့ဖန်သည် လူများ၏ ထင်မြင်ချက်များကို နားထောင်ပြီး လက်လျော့လိမ့်မယ်လို့ ထင်ခဲ့သည့်အချိန်တွင် လင်ပေ့ဖန်က

" မဟုတ်ဘူး။ အစ်ကိုရဲ့ကို ငါယုံကြည်တယ်။ပြီးတော့ ငါဒီကျောက်တုံးပဲ လိုချင်တယ်။ သူငါ့အတွက် ကျောက်စိမ်းကောင်းတစ်လုံးကို ဖြတ်တောက်ပေးမယ်လို့ ယုံကြည်တယ်။" ဟု ပြောခဲ့သည်။

" လူငယ်လေး၊ဒီကျောက်တုံးက တကယ့်ကို မကောင်းဘူး။ဘာလို့ တစ်‌ခြားကျောက်တုံးတစ်တုံးကို မပြောင်းဝယ်တာလဲ?" ဟု အဘိုးကြီးတစ်ယောက်က အကြံပေးခဲ့သည်။

လင်ပေ့ဖန်သည် သူ့ရဲ့ဦးခေါင်းကိုခါလိုက်ပြီး

" မပြောင်းတော့ဘူး။ကျွန်တော် ဒီကျောက်တုံးကိုပဲ လိုချင်တယ်။ငါတို့ စောစောက အစ်ကိုရဲ့ ရွေးချင်တဲ့ကျောက်တုံးကို ရွေးချယ်နိုင်တယ်လို့ သဘောတူထားခဲ့တယ်။အကယ်၍ ငါကအခုချိန်မှာ ငါ့ရဲ့စကားကို ပြင်လိုက်မယ်ဆိုရင် အစ်ကိုရဲ့ ခံစားချက်ကို နာကျင်စေမှာပေါ့ ။မဟုတ်ဘူးလား? " ဟု ပြန်ပြောလိုက်သည်။

" ငါ ပိုက်ဆံသန်းအနည်းငယ်လောက် ဆုံးရှုံးတာကို‌တော့ တတ်နိုင်ပါတယ်။ဒါက ၉သန်းလေးပဲလေ။ဒီလောက်တော့ ငါအဆုံးရှုံး ခံနိုင်ပါတယ်။" ဟု လင်ပေ့ဖန်က ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောခဲ့သည်။

" ဘော့စ်လင်၊ မင်းငါ့ကို ယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ဟု ရဲ့ရှင်းချန်သည် ဝမ်းသာသောအမူအရာဖြင့် ဟန်ဆောင်ပြီး ပြောခဲ့သည်။

လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်လိုက်ပြီး ယုံကြည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ပြီး‌ေနာက် သူသည် သူ့၏လက်ချောင်းများကို ပွတ်သပ်၍

" မိန်းမလှလေး၊ပိုက်ဆံကို ရှင်းပေးလိုက်တော့။ပြီးတော့ ဆရာရေ ငါ့အတွက် ဒီကျောက်ကို ဖြတ်ပေးပါ။" ဟု ပြောလိုက်သည်။

ထို့နောက် လျိုယုမေ့သည် ‌ငွေပေးချေခဲ့ပြီး ကျောက်တုံးကြီးကို အပြည့်အဝပိုင်ဆိုင်သွားခဲ့သည်။ကျောက်တုံးကြီးကို ဖြတ်တောက်ရန်အတွက် ကျောက်ဖြတ်သမားကို ပေးလိုက်သည်။

ဇာတ်လိုက်ရဲ့ရှင်းချန်သည် စိတ်လှုပ်ရှားသလို ခံစားခဲ့ရသည်။

**သွားပြီး, ဖြတ်လိုက်တော့**

**လူတိုင်းက ဒီကျောက်ကို အကောင်းမမြင်ဘူး။ဒါ့‌ေကြာင့် ငါလည်းပဲ ဒီကျောက်ကို ဖြတ်တဲ့အခါမှာ ကျောက်ကောင်းရရှိမယ်လို့ မယုံကြည်ဘူး။**

**ဒီတစ်ကြိမ်မှာတော့ မင်းရှုံးမှာလား ဒါမှမဟုတ် မြတ်မှာလားဆိုတာကို ကြည့်ကြည့်ရအောင်**

**မ ရှုံးခဲ့ရင်တော့ ငါ့နောက်ဆုံးနာမည်က မင်းအပိုင်ဘဲ။**

ကျောက်ဖြတ်သမားသည် ကျောက်တုံးကြီးကို ခဏကြာအောင် စစ်ဆေးခဲ့သည်။ထို့နောက် ကျောက်မျက်နှာပြင်တစ်‌လျောက်ကို ဖြတ်တောက်ခဲ့ပြီး ဘာမှမရှာတွေ့ခဲ့ပေ။

လူတိုင်းဆီမှ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သောအသံထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကျောက်ဖြတ်သမားသည် နောက်တစ်ကြိမ် ကျောက်မျက်နှာပြင်ကို ဖြတ်တောက်ခဲ့သည်။ဒါပေမဲ့လည်း ဘာတစ်ခုကိုမှ မရှာတွေ့ခဲ့ပေ။

လူတိုင်းသည်နောက်တစ်ကြိမ် ထပ်မံပြီး စိတ်ပျက်သွားခဲ့သည်။

ထို့နောက် ဆက်လက်ပြီး ဖြတ်တောက်ခဲ့ရာ တတိယအကြိမ်၊စတုတ္ထအကြိမ်၊..ခုနှစ်ကြိမ်မြောက်ကို ရောက်ရှိသည့်တိုင်အောင် ဘာမှမရှာတွေ့သေးပေ။

" ငါ မင်းကို ပြောပါတယ်။ဒီကျောက်တုံးမှာ ဘာကျောက်စိမ်းကောင်းမှ ရှိမှာ မဟုတ်ဘူး။"

"ဒါက သာမန်ကျောက်တုံးတစ်တုံးတောင် ဖြစ်နိုင်တယ်။"

" ဒီလူ‌ငယ်လေး ပိုက်ဆံတော့ ရှုံးပြီဘဲ။"

" သူ့ထက်ကြီးသူတွေရဲ့ အကြံပေးတဲ့စကားကို နားမထောင်တာကြောင့် အကျိုးဆက်ကို ခံစားရတာဘဲ။"

ဇာတ်လိုက်ရဲ့ရှင်းချန်၏ အမူအရာသည်လည်း စိတ်ပျက်‌နေသလို ဖြစ်နေခဲ့သည်။

ဒါပေမဲ့လည်း သူ့၏စိတ်ထဲတွင် အရမ်းပဲပျော်ရွှင်နေသည်။

**ဒါအမှန်ပဲပေါ့၊ ဒီလိုပဲဖြစ်ရမယ်လေ**

*အကယ်၍ ဘာကျောက်စိမ်းမှ မရှာတွေ့နိုင်လေ သူ့အတွက်တော့ ကောင်းလေဖြစ်သည်။။**

**ကျောက်တုံးတစ်ခုလုံးက ဘာမှ တန်ကြေးမရှိတာက အကောင်းပဲဖြစ်လိမ့်မည်။ဒါမှပဲ လင်ပေ့ဖန်၏ ပိုက်ဆံကို လုံးဝဆုံးရှုံးစေမှာဖြစ်သည်။**

ဒါပေမဲ့လည်း ထိုအချိန်တွင် ကျောက်ဖြတ်သမားသည် နောက်တစ်ကြိမ်ဖြတ်တောက်ခဲ့ရာ၌ တောက်ပသောအစိမ်းရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး ညို့ယူဖမ်းစားနိုင်တဲ့အလင်းရောင်ကို ဖော်ပြနေခဲ့သည်။

" ဒါက အစိမ်းရောင်ပဲ။ငါတို့ အစိမ်းရောင်ကို မြင်ရပြီ။"

" ဒါက ဖန်ကျောက်စိမ်းအမျိုးအစားပဲ။ပြီးတော့ အရည်အသွေးကလည်း တော်တော်ကောင်းတဲ့ ဖန်ကျောက်စိမ်းအမျိုးအစားဘဲ။"

" ငါဘယ်တုန်းကမှ ဒီလောက်သန့်စင်ပြီးချို့ယွင်းချက်ကင်းတဲ့ ဖန်ကျောက်စိမ်းကို ဒီမတိုင်ခင်က တစ်ခါမှမတွေ့ဖူးဘူး။"

" ဆက်ပြီးတော့ဖြတ်ပါဦး"

ဇာတ်လိုက်ရဲ့ရှင်းချန် : ):

All Chapters