အခန်း (၂၈)
Vol. 2 Ch. 28
ထို့နောက် အထူးခြားဆုံးမြင်ကွင်းတစ်ခုသည် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။
" ငါ ၃သန်းပေးမယ်!"
" ၃သန်းလေးနဲ့ ဒီကျောက်တုံးကို ဝယ်ချင်တာလား?ငါက ၄သန်းပေးမယ်ကွာ!"
"ငါက ၅သန်းပေးမယ်ကွာ "
ဇာတ်လိုက် ရဲ့ရှင်းချန်သည် ဒုံးပျံလို မြှင့်တက်လာသော ဈေးနှုန်းကို ကြည့်၍ သူ့၏မျက်နှာသည် စိမ်းလာပြီး သူ့ရဲ့ရင်ထဲ၌လည်း အမုန်းတရားများဖြင့် လောင်မြိုက်လာခဲ့သည်။
**သေစမ်း!! ဘာလို့ ဈေးက နောက်တစ်ကြိမ်ထပ်တက်လာပြန်တာလဲ?**
**ခုနက မင်းတို့တွေဘဲ ဒီကျောက်တုံးမှာ ဘာမှမပါဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာလေ။ဒါဆို ဘာလို့ ဈေးနှုန်းက မြင့်တက်သွားပြန်တာလဲ?**
**ဒါက ဘယ်လိုလောဂျစ်ကြီးလဲ?**
ရဲ့ရှင်းချန်သည် သူ့စိတ်ကိုသူလျော့လိုက်ပြီး **အဆင်ပြေပါတယ်။ဒါက မတော်တဆဖြစ်သွားတာပဲ နေမှာပါ။နောက်တစ်ခါ ကျောက်ဖြတ်တဲ့အခါမှာတော့ အဲ့ကျောက်က သေချာပေါက်ကို ပျက်စီးလိမ့်မယ်။ အခုအမြင့်ဆုံးပေးတဲ့ဈေးနှုန်းက လည်း ၅သန်းပဲရှိသေးတယ်။ဒါကြောင့် လင်ပေ့ဖန်က ၄သန်းကျော်တောင် ရှုံးနေတုန်းဘဲ။သူ့ကံက နောက်တစ်ခါ ထပ်ကောင်းဦးမယ်လို့ ငါမယုံကြည်ဘူး။**ဟု တွေးလိုက်သည်။
လင်ပေ့ဖန်၏ အချက်ပြမှုအောက်၌ ကျောက်ဖြတ်သမားသည် အခြားကျောက်မျက်နှာပြင် တစ်လျှောက်ကို ထပ်မံဖြတ်တောက်ခဲ့သည်။
ထို့နောက် အစိမ်းရောင်အလင်းသည် နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်သည်။
ထို့ပြင် အလွန်ကြည်လင်ပြီး အလွန်သန့်စင်သော အစိမ်းရောင်လည်း ဖြစ်သည်။
"ဒါက ဖန်အမျိုးအစားကျောက် ပြန်ဘဲ။ပြီးတော့ အရမ်းလည်းလှပလွန်းတယ်။"
"ငါဒီကျောက်ကို ၆သန်းပေးပြီးဝယ်မယ်။"
"ငါက ဒီကျောက်ကို ၇သန်းပေးပြီးဝယ်မယ်။"
" ဘယ်သူမှ ငါနဲ့ ဒီကျောက်ကို ပြိုင်လုဖို့မကြိုးစားနဲ့။ငါ ၈သန်းပေးမယ်ကွာ"
** ဇာတ်လိုက် ရဲ့ရှင်းချန် : မအေမွေးလေးတွေ **
သူသည် သူ့၏စိတ်ထဲတွင် ရူးသွပ်စွာဖြင့် အော်ပြောခဲ့သည်။
* ဘာလို့ ဈေးနှုန်းက နောက်ထပ် ထပ်တိုးသွားရတာလဲ? *
* ဒါက သိသိသာသာကို ဘာတန်ဖိုးမှမထိုက်တန်တဲ့ ကျောက်တုံးတစ်တုံးဘဲလေ*
* ဒီမကောင်းတဲ့ ကျောက်တုံးက ဘာတန်ဖိုးမှမရှိဘူး *
* အဲ့ဒါကို မင်းတို့အားလုံးက ဘာအတွက် ယှဉ်ပြိုင်ပြီးလုနေကြတာလဲ *
ရဲ့ရှင်းချန်သည် သူ့၏ ရင်ဘတ်ကို ဖိလိုက်ပြီး
** ရပါသေးတယ်။ လင်ပေ့ဖန် ပိုက်ဆံတစ်သန်းကို အရှုံးပေါ်နေတုန်းဘဲ။ ပြီးတော့လည်း ဈေးနှုန်း တက်တာနဲ့ ကျတာက ပုံမှန်ဘဲလေ။ ဖြစ်ကောင်းဖြစ်နိုင်တာက ဒီတစ်ကြိမ်ဖြတ်တောက်တဲ့အခါမှာ သေချာပေါက်ကို ပျက်စီးသွားလိမ့်မယ်။နောက်တစ်ကြိမ်ထပ်ပြီး အစိမ်းရောင်ပေါ်လာမှာကိုတော့ ငါမယုံဘူးကွာ။** ဟု သူ့၏စိတ်ထဲ၌ ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်၏ အချက်ပြမှုကြောင့် ကျောက်ဖြတ်သမားသည် ဆက်လက်ပြီး ဖြတ်တောက်ခဲ့သည်။
နောက်တစ်ကြိမ်ထပ်မံပြီး အစိမ်းရောင်ပဲ ပေါ်လာခဲ့ပြန်သည်။
ထို့ပြင် သန့်စင်တဲ့ ဖန်ကျောက်စိမ်းအမျိုးအစားဘဲ နောက်တစ်ကြိမ်ထပ်ပြီး ဖြစ်နေပြန်သည်။
" ကျောက်စိမ်းကောင်းဘဲ။ ငါဒီကျောက်ကို ၁၀ သန်းပေးပြီး ဝယ်မယ်"
" ငါက ၁၂သန်းပေးပြီး ဝယ်မယ်။ "
" ငါက ၁၅သန်းပေးမယ်ကွာ။ "
ထို့နောက် ဈေးနှုန်းသည် ချက်ချင်းမြင့်တက်သွားခဲ့ပြီး သန်း၂၀သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
ဆိုလိုတာကတော့ လင်ပေ့ဖန်သည် ဒီကျောက်တုံးကို ဝယ်ပြီး အရှုံးမပေါ်တဲ့အပြင် အမြတ်ကြီးကြီးမားမားတောင် ရရှိသွားခဲ့သေးသည်။
ရင်းနှီးမြှုပ်နှံရာတွင်လည်း တစ်ရာ ရာခိုင်းနှုန်းတောင်မှာ အမြတ်ပြန်ရခဲ့သည်။
**ဇာတ်လိုက်ရဲ့ရှင်းချန် : ဘောဘောပဲကွာ**
လျိုယုမေ့သည် စိတ်လှုပ်ရှားစွာဖြင့် လင်ပေ့ဖန်၏ လက်ကို ကိုင်လိုက်ပြီး " ဈေးနှုန်းက နောက်တစ်ကြိမ် ထပ်တိုးလာတယ်နော်။အခုသန်း၂၀ကိုတောင်မှ ရောက်သွားပြီ။ဒါက ကျွန်မတို့ တစ်ရာရာခိုင်နှုန်း ပြန်ရတာဘဲ။ကျွန်မတို့ အခုချိန်မှာ ရောင်းလိုက်ရင် ၁၀သန်းလောက်ကို အမြတ်ပြန်ရလိမ့်မယ်။ " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် အေးဆေးစွာဖြင့် " လောစရာ မလိုပါဘူး။ ငါထင်တာကတော့ ဈေးနှုန်းက ထပ်တက်လာနိုင်တယ်။ဒါကြောင့် ကျောက်တုံးကိုဘဲ ဆက်ဖြတ်ကြရအောင်။ " ဟု ပြောခဲ့သည်။
ထို့ကြောင့် ကျောက်ဖြတ်ဆရာသည် ဆက်လက်ပြီး ဖြတ်တောက်ခဲ့သည်။
မျော်လင့်ထားတဲ့အတိုင်းဘဲ နောက်တစ်ကြိမ်ထပ်ပြီး အစိမ်းရောင် ပေါ်လာခဲ့ပြန်သည်။
" ၂၅သန်းပေးမယ်။ "
" သန်း၃၀ ပေးမယ်။ "
ဇာတ်လိုက် ရဲ့ရှင်းချန်သည် သူ့၏မိဘများသေဆုံးသွားသကဲ့သို့ သူ့၏မျက်နှာအမူအရာသည် ဖျော့တော့ပြီး အတော့်ကို ကြောက်စရာကောင်းနေသည်။
သူသည် သူ့၏လက်နှစ်ဖက်ကို အတူတူပူး၍ ဆုပ်ကိုင်လိုက်ပြီး စိတ်ထဲကနေဆုတောင်းလိုက်သည်။
** နတ်ဘုရားများ ၊ ဗုဒ္ဓ ၊ ကျောက်စိမ်းဧကရာဇ် နှင့် ကမ္ဘာပေါ်တွင် ရှိရှိသမျှ ဘုရားများအားလုံးကို ကျွန်တော် ရိုသေလေးမြတ်စွာဖြင့် ဆုတောင်းအပ်ပါတယ်။ ကျေးဇူးပြုပြီး ဈေးနှုန်းကို ဒီထပ်ပိုပြီးမတိုးလာပါစေနဲ့။ပြီးတော့ သူ့လို လူဆိုး ၊ လူလိမ်လူကောက်က ဘယ်လိုလုပ်ပြီးတော့ ကံအရမ်းကောင်းနေရတာလဲ?။ နောက်တစ်ကြိမ် ကျောက်ဖြတ်ရာတွင်လည်း မြန်မြန်ပဲ ပျက်ဆီးပါစေ။ အကယ်၍ ဒီဆုကို ဖြည့်ဆည်းပေးပြီးတဲ့အခါကျရင် ကျွန်ုပ်သည် ကြက်သားနှင့် ဘဲသားများကို ရိုသေလေးမြတ်စွာဖြင့် ပူဇော်ကန်တော့ပါမည်။ **
ဒါပေမဲ့လည်း လက်တွေ့တွင်တော့ သူ့၏ဆုတောင်းများသည် မပြည့်ခဲ့ပေ။
ထို့နောက် ကျောက်တုံး၏ ဈေးနှုန်းသည် ဖြတ်တောက်မှုတစ်ခုပြုလုပ်လိုက်တိုင်း ဆက်လက်တိုးမြှင့် သွားခဲ့ပြီး သန်း၉၀ကိုတောင်မှ ကျော်လွန်သွားခဲ့သည် ။
ထို့ပြင် ခုနက ရောင်းချခဲ့သော ဈေးနှုန်းထက်တောင်မှ ကျော်လွန်သွားခဲ့သည်။
ဇာတ်လိုက်ရဲ့ရှင်းချန်သည် တော်တော်လေးကို စိတ်ပျက်သွားခဲ့သည်။
**ဘာကြောင့် ဒီလို ဖြစ်ရတာလဲ? **
**ဘာလို့ နောက်တစ်ကြိမ်ဒီလိုထပ်ဖြစ်ပြန်ရတာလဲ?**
**အို !!နတ်ဘုရားများ , ကျွန်ုပ်သည် သူ့ဆီကနေ ပိုက်ဆံနည်းနည်းေလးပဲ လိမ်လည်ချင်တာပါ။ဘာကြောင့် ကျွန်ုပ်၏ ရိုးရှင်းသော ဆုတောင်းကို မဖြည့်ဆည်းပေးနိုင်ရတာလဲ?**
** ကျွန်တော်လုပ်တာ ဘာများမှားသွားလို့လဲ?ဘာေကြာင့် ကျွန်တော်ကို ဒီလိုမျိုး အပြစ်ပေးရတာလဲ?**
နောက်ဆုံးတွင်တော့ ကျောက်တုံးကြီးတစ်ခုလုံးကို အပြည့်အဝဖြတ်တောက်နိုင်ခဲ့သည်။
ထို့နောက် အလွန်ကြီးမား၍ အပြစ်အနာဆာကင်းပြီး သန့်စင်သော မြကျောက်သည် လူတိုင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ထိုမြကျောက်သည် အလွန်ကြည်လင်ပြီးအလွန်လှပသောကြောင့် ကျောက်ကိုဖြတ်၍ကြည့်လိုက်ေသာအခါ၌ တစ်ခြားတစ်ဖက်တွင်ရပ်နေသော လူပုံကို အစိမ်းရောင်မှန်အလွှာနှစ်ခု ခွဲခြားထားသကဲ့သို့ ရှင်းလင်းစွာဖြတ်မြင်နိုင်သည်။
ထို့ပြင် ဓာတ်မီးဖြင့် ထိုးကြည့်သောအခါတွင်လည်း အလွန်တောက်ပသောအစိမ်းရောင်အလင်းကိုတောင်မှ ထုတ်လွှတ်နေခဲ့သည်။
" ဒါက အရမ်းကို လှပလွန်းတယ်။ "
ထို့နောက် ကျောက်ကျွမ်းကျင်သူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့်အော်ပြောခဲ့သည်။
" ဒါကအထူးကောင်းမွန်တဲ့ အင်ပါယာဖန်ကျောက်စိမ်း အမျိုးအစားဘဲ။ ဒီလို အရမ်းကြီးပြီး ပြည့်စုံတဲ့ကျောက်တုံးမျိုးက ကမ္ဘာပေါ်မှာ အမှန်တကယ်ရှားပါးလွန်းလို့ တစ်ခါမှတောင်မကြားဖူးဘူး။ "
သူ့၏ဘေးပတ်ပတ်လည်တွင်ရှိသော လူများကလည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြီးသဘောတူခဲ့သည်။
ဇာတ်လိုက် ရဲ့ရှင်းချန်သည် အရှုံးပေးဖို့ဆန္ဒမရှိဘဲ မေးမြန်းလိုက်သည်။
" ဒီကျောက်တုံးက ဘယ်လောက်တန်ကြေးရှိလောက်မလဲ? "
ကျောက်ကျွမ်းကျင်သူက စိတ်လှုပ်ရှားစွာဖြင့် " အဖိုးမဖြတ်နိုင်ဘူး " ဟု ပြန်ပြောခဲ့သည်။
" အဖိုးမဖြတ်နိုင်ဘူး ဟုတ်လား?ဒါက ရတနာတစ်ခုပဲလေ။ဘာလို့ ဈေးနှုန်းကို မသိရတာလဲ?"ဟု ရဲ့ရှင်းချန်က ထပ်ပြောခဲ့သည်။
" ကောင်းပြီလေ, မင်းကို ငါပြောပြမယ်။ ဒီမြကျောက်တစ်ခုလုံးက အနည်းဆုံး သန်း၂၀၀ေလာက်တန်တယ်။" ဟု ကျောက်ကျွမ်းကျင်သူက သူ့၏လက်နှစ်ချောင်းကို ထောင်ပြ၍ ပြောလိုက်သည်။
ဇာတ်လိုက် ရဲ့ရှင်းချန် : ချီ*ပဲ
ထို့နောက် တစ်ခြားကျွမ်းကျင်သူတစ်ယောက်က ထိုစကားကို သဘောမတူဘဲ ကန့်ကွက်ခဲ့သည်။
" သန်း၂၀၀ပဲလား? မင်းရဲ့မျက်လုံးက ဘာမှားနေလို့လဲ? ဒီကျောက်တုံးတစ်ခုလုံးက အပြစ်အနာဆာ ကင်းတဲ့ အင်ပါယာဖန်ကျောက်စိမ်းအမျိုးအစားဘဲ။ငါကြည့်ကြည့်မယ်။ဒီကျောက်ရဲ့တန်ကြေးက အနည်းဆုံးတော့ သန်း၅၀ကိုကျော်လိမ့်မယ်။ " ဟု ပြောခဲ့သည်။
ဇာတ်လိုက် ရဲ့ရှင်းချန် : ဘောဘောပဲ
ထိုအချိန်၌ တတိယကျောက်ကျွမ်းကျင်သူတစ်ယောက်ကလည်း ထိုစကားကို ကန့်ကွက်ခဲ့သည်။
" ကြည့်ကြည့်လိုက်ဦး ၊ဒါက အရည်အသွေးကောင်းမွန်ပြီး ၂၀၀ကီလိုဂရမ်လောက်ရှိတဲ့ အင်ပါယာဖန်ကျောက်စိမ်းအမျိုးအစားဘဲ။ဒီလို ကမ္ဘာပေါ်မှာ တစ်ခုထဲသာ ရှိတဲ့ ကျောက်အမျိုးအစားက သေချာပေါက်ကို တန်ကြေးမြင့်မှာဘဲ။ဒါ့ကြောင့် ငါတော့ ဒီကျောက်ကို သန်း၃၀၀လောက်တန်ကြေးရှိတယ်လို့ ယုံကြည်တယ်။ "
ဇာတ်လိုက် ရဲ့ရှင်းချန် : ကျေးဇူးတင်ပါတယ်လို့။
ထို့နောက် တစ်ခြားလူတစ်ယောက်ကလည်း သူ့ရဲ့ထင်မြင်ချက်ကို ပြောပြခဲ့သည်။
" သန်း ၃၀၀ ဆိုတာ တကယ်ဘဲနည်းလွန်းတယ်။အကယ်၍ ဒီကျောက်တုံးကို ထွင်းထုရန် ဆရာတစ်ယောက်ထံ ပေးလိုက်ရင်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်လာမှာအသေအချာဘဲ။ဒါကြောင့် ငါထင်တာကတော့ သန်း၃၆၀လောက် တန်ကြေးရှိလိမ့်မယ်။"
ဇာတ်လိုက် ရဲ့ရှင်းချန် : ):
ထို့နောက်လူတိုင်းက သူတို့၏ ထင်မြင်ချက်များကိုပြောပြကြသည်။ထို့ပြင် အင်ပါယာ ဖန်ကျောက်စိမ်း၏ တန်ကြေးကလည်း ဂျက်လိုဘဲ သန်း၄၀၀ ထိမြှင့်တက်သွားခဲ့သည်။