← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ထိုအချိန်တွင် လူတိုင်းသည် ဒဏ္ဍာရီလာ ကျောက်စိမ်းတစ်တုံး၏ ပေါ်ထွက်လာမှုကို မျက်မြင်သက်သေအနေဖြင့် တွေ့ရှိရသောကြောင့် အတော်လေးကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့သည်။

ဇာတ်လိုက် ရဲ့ရှင်းချန်တစ်ယောက်ထဲသာလျှင် ဖြူဖျော့သောအသားအရေ နှင့်၊ ပိန်လှီးပြီး‌ ဖျော့တော့သောမျက်နှာဖြင့် အသက်ကင်းမဲ့သလို ဖြစ်နေခဲ့သည်။

ထို့ပြင် သူ့ပုံစံကို ကြည့်ရ‌တာကလည်း ကြောက်စရာကောင်းတဲ့ပုံစံကြီး ဖြစ်နေခဲ့သည်။

သူသည် တော်တော်လေးကို စိတ်ဓာတ်ကျနေသလို ခံစားနေရပြီး သူ့ကိုယ်ကိုသူတောင် သတ်ပစ်ချင်နေခဲ့သည်။

ယေဘုယျအားဖြင့် သူသည် လင်ပေ့ဖန်၏ ပိုက်ဆံအချို့ကို ရင်းနှီးမြှုပ်နှံရာ၌ ရှုံးနှိမ့်စေပြီး သူ့ရဲ့ဒေါသကို ဖြေဖျောက်ချင်ခဲ့သည်။

ဒါပေမဲ့လည်း လင်ပေ့ဖန်သည် ပိုက်ဆံဆုံးရှုံးမည့်အစား အမြတ်‌ငွေပမဏတောင် ပိုမိုရရှိခဲ့သေးသည်။

ထို့ပြင် သန်း၄၀၀ထိုက်‌တန်သောကျောက်စိမ်းနှင့် သူအရင်ရောင်းလိုက်သော‌ ကျောက်တုံးကို ပေါင်းလိုက်လျှင် သူသည် တစ်နေ့ထဲ၌ ပိုက်ဆံသန်း၅၀၀ ကို ရှာနိုင်ခဲ့သည်။

ရဲ့ရှင်းချန် ၏ အတိတ်ဘဝက ကောက်ကျစ်သောလင်ပေ့ဖန်တောင်မှဘဲ ပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံရာ၌ ဒီလောက်ငွေအများကြီးကို မရှာနိုင်ခဲ့ပေ။

ထို့ပြင် လင်‌‌ပေ့ဖန်သည် အတိတ်ဘဝ၌ စစချင်းမှာ သန်း၅၀၀ရရှိဖို့အတွက် ရင်းနှီးမြှုပ်နှံရာ၌ တစ်ပတ်ကျော်ကျော် ကြာခဲ့သည်။

ဒါပေမဲ့ အခုတော့ သူ့ကြောင့်ပဲ လင်ပေ့ဖန်၏ တာဝန်သည် အချိန်မတိုင်ခင်မှာဘဲ ပြီးမြောက်သွားခဲ့သည်။

ရဲ့ရှင်းချန်သည် အလွန်ဒေါသထွက်သွားခဲ့ပြီး သူ့၏ပါးကို သူ့ဘာသာသူနှစ်ချက်ရိုက်ခဲ့သည်။

" ဒါက မင်းအရမ်းစကားများတဲ့အတွက် "

" ဒါက မင်း ကိုယ့်နဲ့မဆိုင်ဘဲ ဝင်စွက်ဖက်ခဲ့လို့ "

" ဒါက မင်း အထင်သေးစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လို့ "

" အခုတော့ ကြည့်ကြည့်လိုက်ဦး၊ မင်းရဲ့ရန်သူက မင်းကြောင့်ပဲ ဒီတစ်ကြိမ်တော့ ပိုက်ဆံအများကြီးရသွားခဲ့ပြီ။ "

" အကယ်၍ မင်းကြောင့်သာ မဟုတ်ရင် သူက ဒီပိုက်ဆံသန်း၅၀၀ကို အနည်းဆုံးတစ်‌ပတ်လောက် နှောင့်နှေးပြီးမှဘဲ ရှာနိုင်လိမ့်မယ်။"

" မင်း‌ကြောင့်ပဲ ဒီအရာက အမှန်တကယ် ပျက်ဆီးခဲ့တာ၊ ပြီးတော့လည်း မင်းက ပြဿနာကို မီးထွန်းရှာခဲ့တာဘဲ။ "

" ဒီအရာကမင်းအတွက်တော့ လုံလောက်ပါပြီ "

" မင်းက အထင်သေးစရာကောင်းတဲ့လူဘဲ။"

( ရဲ့ရှင်းချန်က သူ့ကိုယ်ကို ပါးရိုက်ပြီး အပြစ်တင်နေတာပါဗျ)

ထိုအချိန်တွင် သူသည်‌ နွေးထွေးပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်မှုတစ်ခုကို ခံခဲ့ရသည်။

လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ပွေ့ဖက်၍ သူ့၏နောက်ကျောကိုလည်း လက်နှစ်ဖက်ဖြင့် စိတ်အားထက်သန်စွာပုတ်ခဲ့သည်။

" အစ်ကိုရဲ့ တော်တယ်။ မင်းငါ့ဆီကို အံ့ဩစရာကောင်းတာတစ်ခုခု ယူလာလိမ့်မယ်လို့ ငါသိနေတယ်။ဒါပေမဲ့လည်း ဒီလောက်ကြီးမားတဲ့ အံ့သြစရာကြီးကိုယူလာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။မင်းဆယ်သန်းလောက်တန်တဲ့ ကျောက်တုံးကို သန်း၄၀၀ထိုက်တန်တဲ့ကျောက်စိမ်းဖြစ်အောင် ဖြတ်တောက်ပြီး ငါ့အတွက်ယူလာပေးခဲ့တယ်။ အစ်ကိုရဲ့ မင်းကောင်းကောင်းလုပ်ခဲ့တယ်။ မင်းငါ့ကို တကယ်စိတ်မပျက်စေခဲ့ဘူးပဲ။ငါတို့ပြန်ပြီးတဲ့အခါကျရင် ငါမင်းကို အသေအချာ ဘောက်စူးကြီးကောင်းကောင်းပေးမယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် အားတင်းပြီးပြုံးခဲ့၍ " ကျေးဇူးတင်ပါတယ် ဘေ့ာစ်လင်။ တကယ်တော့ ငါဘာမှ အများကြီး မလုပ်ခဲ့ပါဘူး။" ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က အံ့အားသင့်စွာပြောခဲ့သည်။

" ဘာကြောင့် မင်းမျက်နှာကို ကြည့်ရတာက ရိုက်ခံထားသလို ဖြစ်နေတာလဲ? ။ပြီးတော့ မင်းပါးမှာ လက်ဝါးရာကြီးနှစ်ချက်ရှိနေတယ်။ ဘယ်သူ့က မင်းကို ရိုက်ခဲ့တာလဲ? "

" ဘော့စ်လင်, ဒါက ငါ့ဘာသာငါရိုက်ထားတာပါ။ မနေ့ညက အများကြီးသောက်‌ထားလို့ အပြည့်အဝ အမူးမပြေသေးဘူး။ ငါ့ခေါင်းက ခုချိန်ထိတောင် နည်းနည်းမူးနေတုန်းဘဲ။ ဒါ့ကြောင့်ပဲ နည်းနည်းလန်းဆန်းသွားအောင် ငါ့ပါးကို နှစ်ချက်ရိုက်လိုက်တာပါ။" ဟု ရဲ့ရှင်းချန်က ပြန်ပြောခဲ့သည်။

လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို ပြောလိုက်သည်။

"အစ်ကိုရဲ့ , ဘာကြောင့် မင်းငါ့ကို စောစောကမပြောတာလဲ?။အကယ်၍ ငါသိရင်တော့ မင်းကို ဒီလောက်သောက်ခိုင်းမိမှာမဟုတ်ဘူး။ "

ထိုအချိန်တွင် အကြီးကဲဟွမ်သည် သူ့၏ လမ်းလျှောက် တုတ်ချောင်းဖြင့် လမ်းလျှောက်လာခဲ့သည်။

သူ့၏တုန်နေသော လက်များဖြင့် ကျောက်စိမ်းတုံးကို နူးညံ့စွာဖြင့်ထိလိုက်ပြီး အံ့အားသင့်စွာပြောခဲ့သည်။

" ဒါက အမှန်တကယ်ကို ဒဏ္ဍာရီလာကျောက်စိမ်းတစ်တုံးဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဘဲ။ငါအသက်ရှင်လျှက် နေထိုင်ခဲ့တာဘဲ နှစ်၈၀နီးပါးလောက်ရှိပြီ။ဒါ‌တောင် ဒီလောက်အပြစ်အနာဆာကင်းပြီးပြည့်စုံတဲ့ ကျောက်စိမ်းတုံးကို တစ်ခါမှမမြင်တွေ့ခဲ့ဖူးဘူး။အခုတော့ ငါတွေ့မြင်ဖို့အတွက် အခွင့်အရေးရခဲ့ပြီ။အကယ်၍ အခုချိန်မှာသေမယ်ဆိုရင်တောင် ငါနောင်တမရဘဲနဲ့ သေနိုင်ပြီ။"

" အကြီးကဲဟွမ် ဒီ‌လိုစကားမျိုးကို ‌မပြောပါနဲ့။မင်းကျန်းကျန်းမာမာနဲ့ အသက်အရှည်ကြီးနေရဦးမှာပါ။"

" ငါတို့တွေက မင်းလိုမျိုးအကြီးကဲတွေကို လိုအပ်တယ်။ "

လူတိုင်းသည် သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ကြသည်။

အကြီးဟွမ်သည် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

" ငါ့ကို ဆွဲဆောင်ပြီးပြောဖို့မလိုပါဘူး။ငါ့ရဲ့ အခြေအနေကို ငါသိတယ်။ ငါ့ခန္ဓာကိုယ်က အများဆုံးနှစ်အနည်းငယ်လောက်ပဲ နေနိုင်တော့မယ်။ပြီးရင်တော့ ငါ ရာမဘုရင်နဲ့ သွားတွေ့ရလိမ့်မယ်။ဒါပေမဲ့လည်း ဒီတစ်သက်မှာ ငါအများကြီး တွေ့ကြုံခဲ့ရပြီးပြီ။ ပြည့်စုံတဲ့ဘဝကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ဒါက ငါ့အတွက်တော့ လုံလောက်ပါပြီလေ။ "

လူတိုင်းသည် လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။

" ဒါက အကြီးကဲဟွမ်အတွက် အမှန်တကယ်ထိုက်တန်တယ်။"

သူ့၏ ရိုးသားပြီး ပွင့်‌လင်းသောစိတ်ထားသည် အတုယူထိုက်‌သော အရာဖြစ်သည်။

ထိုအချိန်တွင် အကြီးကဲဟွမ်သည် သူ့၏ဦးခေါင်းကိုလှည့်၍ လင်ပေ့ဖန်ကို မျှော်လင့်မှုအပြည့်ပါသောအကြည့်ဖြင့် ကြည့်လိုက်ပြီး " လူငယ်လေး ၊မင်းဒီကျောက်တုံးကို ရောင်းမှာလား?" ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် ခေါင်းညိတ်လိုက်ပြီး " ရောင်းမှာပေါ့။ကျွန်တော်ဒီကိုလာတာ ငွေလာရှာတာဘဲလေ။" ဟု ပြောခဲ့သည်။

" ကောင်းပြီ!! ငါ ဒီကျောက်စိမ်းကို အရှက်မဲ့စွာနဲ့ ဝယ်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ ဒီကျောက်စိမ်းကို ငါတကယ် ကြိုက်လို့ဘဲ။ပြီးရင် ငါ့ရဲ့ ဆိုင်မှာ လည်း ဒီကျောက်စိမ်းကို လက်ဝတ်ရတနာအဖြင့် ပြုလုပ်ပြီး ရောင်းချမလို့ဘဲ။ ပြီးတော့ ငါဒီကျောက်စိမ်းကို သန်း၄၅၀ပေးပြီးဝယ်မယ်။ဒါက မင်းအတွက် လုံလောက်ရဲ့လား? " ဟု အကြီးကဲဟွမ်က ပြောခဲ့သည်။

ထိုစကားကို ကြားလိုက်ရပြီးနောက် လူအုပ်ကြီးဆီမှာ အာမေဍိတ်သံတွေ ထွက်ပေါ်လာခဲ့သည်။

" သန်း၄၅၀‌တောင် "

" အကြီးကဲဟွမ်က အမှန်တကယ်ရက်ရောတာဘဲ။သန်း၅၀တောင် အပိုပေးဝယ်လိုက်သေးတယ်။"

" ဒါအမှန်ပဲ။ဒါ့ကြောင့်ပဲ ငါအကြီးကဲဟွမ်ကို အလေးစားဆုံးဖြစ်နေရတာဘဲ။ "

" ဒီလူငယ်လေးရဲ့ ကံက နောက်တစ်ဆင့်ကိုတောင် ရောက်နေပြီဟ။"

လင်ပေ့ဖန်က အကြီးကဲဟွမ်ကို အမြန်ပြန်ပြောလိုက်သည်။

" အကြီးကဲဟွမ် , သန်း၄၅၀ဆိုတာက တော်တော် များတယ်။သန်း၄၀၀‌ လောက်ပေးတာကဘဲ လုံလောက်‌နေပါပြီ။ "

အကြီးကဲဟွမ်သည် သူ့၏ဦးခေါင်းကိုခါလိုက်၍ အပြုံးတစ်ခုဖြင့် " ရိုးရိုးသားသားပြောရရင်တော့ ဒီကျောက်တုံးကို သန်း၄၅၀နဲ့ဝယ်လို့ရတာကဘဲ ငါ့အတွက်တော့ အရမ်းတန်လွန်းနေတယ်။အကယ်၍ ဒီကျောက်တုံးကို လက်ဝတ်ရတနာလုပ်ပြီးရောင်းချလိုက်ရင် အနည်းဆုံး သန်း၅၀၀လောက်ကို လွယ်ကူစွာနဲ့ရောင်းချနိုင်တယ်။ " ဟု ပြောခဲ့သည်။

" အကြီးကဲဟွမ်, အကယ်၍ တစ်ယောက်ယောက်က ငါ့ဆီကနေ ဒီကျောက်တုံးကို ဈေးကြီးကြီးပေးပြီးဝယ်ရင်တော့ ငါရောင်းမိမှာအမှန်ဘဲ။ဒါပေမဲ့လည်း အကြီးကဲဝယ်မယ်ဆိုရင်တော့ ငါ သန်း၄၀၀ထက်ပိုပြီး‌ ရောင်းချလို့မရဘူး။ဒီအပို‌ပေးတဲ့သန်း၅၀ကိုတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အနေနဲ့ ကျွန်တော်ကပဲ အကြီးကဲကို လက်ဆောင်ပေးတယ်လို့ မှတ်ယူပေးပါ။တစ်နည်းအားဖြင့် ကျွန်တော်အကြီးကဲ‌ ပေးတာကိုယူခဲ့ရင်တော့ အိမ်မှာရှိတဲ့လူအိုကြီးက ပြဿနာရှာလိမ့်မယ်။ " ဟု ပြောပြီး လင်ပေ့ဖန်က ခါးခါးသီးသီးပြုံးပြခဲ့သည်။

" အကြီးကဲဟွမ်သည် လင်ပေ့ဖန်ကို လေးလေးနက်နက်တစ်ချက်ကြည့်လိုက်၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး " ကောင်းတယ်။ငါမင်းပေးတဲ့ လက်ဆောင်ကို လက်ခံလိုက်မယ်။ပန်းသီးပင်ပေါ်မှာရှိတဲ့ ပန်းသီးတစ်လုံးက ဘယ်တော့မှ သစ်ပင်ပေါ်ကနေမပြုတ်ကျဘူးဆိုတာ တကယ်မှန်တာဘဲ။ လင်နန်ရှန်းက သားကောင်းတစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့တာဘဲ။ " ဟု ပြောလိုက်သည်။

ထို့နောက် သူသည် သူ့၏ဘေးနားတွင်ရှိသောလူငယ်လေးကို အကြံပေးခဲ့ပြီး " မင်းတို့လူငယ်အချင်းချင်းအနာဂတ်မှာ ဒီထက်ပိုပြီး ပြောဆိုဆက်ဆံသင့်တယ်။အထူးသဖြင့်ငါ့မြေးမင်းပဲ လင်မိသားစုရဲ့ ဒီလူငယ်လေးက ဘယ်လိုအမြင်ကျယ်ပြီး ဘယ်လိုလူတွေနဲ့ပြေဆိုဆက်ဆံသလဲဆိုတာကို သူ့ဆီကနေ သင်ယူရမယ်။ ဒါက မင်းကို ကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိစေလိမ့်မယ်။ "ဟု အကြီးကဲ ဟွမ်က သူ့မြေးကို ပြောလိုက်သည်။

" ဟုတ်ကဲ့ပါအဖိုး။ " ဟု ပြောပြီး‌ေနာက် သူ့၏ဘေးနားတွင်ရပ်နေသော လူငယ်လေးသည် ခေါင်းညိတ်၍ လင်ပေ့ဖန်ကို ရင်းနှီးစွာဖြင့် ပြုံးပြခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးသည် အဆက်အသွယ်အသေးစိတ်များကို သီးသန့်ဖလှယ်ခဲ့ကြသည်

ဘေးပတ်ပတ်လည်တွင် ရှိသောလူတိုင်းက မနာလိုဖြစ်ပြီးအားကျခဲ့ကြသည်။

အကြီးကဲဟွမ်သည် အမှန်တကယ်ပဲ သူ့၏ စိတ်‌စေတနာ‌ကောင်းကို ဖော်ပြခဲ့သည်။

ဆိုလိုတာကတော့ အကြီးကဲဟွမ်သည် လင်ပေ့ဖန်အပေါ်၌ ကြီးကြီးမားမားမျှော်လင့်ထားခဲ့သည်။

လေလံပွဲတွင် အကြီးကဲဟွမ်၏ ရာထူး‌ေကြာင့် ဒီစကားသည် တိုင်းတာ၍မရသော အကျိုးသက်ရောက်မှုများကို ရရှိနိုင်‌ေစသည်။

တစ်ချို့ဖြစ်ရပ်များတွင် စကားတစ်လုံး၏တန်ဖိုးသည် ငွေသန်းနဲ့ချီပြီးသုံးစွဲတာထက်ကို ပိုအသုံးဝင်သည်။

ရဲ့ရှင်းချန်သည် ဘေးနားတွင် အံ့ဩစွာဖြင့် မတ်တပ်ရပ်နေခဲ့သည်။

" ဒါကဘာလဲ? "

" သူက ငွေရှာရုံတင်မကဘဲ တန်ဖိုးရှိတဲ့ အဆက်အသွယ်ကိုလည်း ရရှိခဲ့တာလား?"

All Chapters