အခန်း (၃၀)
Vol. 2 Ch. 30
ထို့နောက် အဆင့်အတန်းရှိသော လူအချို့သည်
လင်ပေ့ဖန်နှင့် ဆက်ဆံရေးတစ်ခု တည်ထောင်ရန်အတွက် သူတို့၏ လုပ်ငန်းကဒ်များကို လင်ပေ့ဖန်ဆီသို့ ပေး၍ ဖလှယ်ခဲ့ကြသည်။
ထို့ပြင် လင်ပေ့ဖန်ပေါ်တွင်လည်း အကြီးကဲဟွမ်က မြင့်မြင့်မားမား မျှော်လင့်ထားခဲ့သည်။
လူတိုင်း၏ ချီးကျူးမှုအလည်တွင် လင်ပေ့ဖန်သည် မျက်နှာသေဖြင့် ဖြစ်နေသော ရဲ့ရှင်းချန်ကို အရှေ့သို့ တွန်းလိုက်ပြီး ပြောလိုက်သည်။
"တကယ်တော့ ,ငါ့မှာ ဘာအရည်အချင်းမှမရှိပါဘူး။ပြီးတော့ ကျောက်လောင်းတာနဲ့ ပတ်သတ်တဲ့အကြောင်းကိုလည်း ငါဘာမှမသိဘူး။အရာရာတိုင်းက ငါ့ဘေးနားမှာရှိနေတဲ့ အစ်ကိုရဲ့ ကြောင့်ဘဲ။သူ မပါဘဲနဲ့ ၊ ငါဒီလောက်ပိုက်ဆံအများကြီးကို ရှာနိုင်မှာမဟုတ်ဘူး။သူက အမှန်တကယ်ကို အံ့ဩဖို့ကောင်းတယ်။ "
လူတိုင်းက ပိုလို့တောင်မှဘဲ လင်ပေ့ဖန်ကို သဘောကျလာခဲ့ကြသည်။
ကြည့် , ဒီလိုပုံစံကိုမှ စံပြလို့ ခေါ်တာ။!
ကြည့် , ဒါမှ စိတ်ဓာတ်ကောင်းတာလို့ ခေါ်တာ။
ကြည့် , ဒါမှ သဘောထားကြီးတာလို့ ခေါ်တာ။
ထို့ပြင် သူသည် မာနမကြီးဘဲနဲ့ သူ့ရဲ့သက်တော်စောင့်အစ်ကိုက ကူညီပြီးထောက်ပံ့ပေးတာကြောင့် အောင်မြင်မှုရလာတာလို့ ဝန်ခံခဲ့သည်။
*ဒီလူငယ်လေးမှာ တကယ်ပဲ အရည်အချင်းရှိတယ် ။*
*သူရဲ့ သက်တော်စောင့်အစ်ကိုက သူ့နဲ့နှိုင်းယှဉ်တဲ့အခါမှာတော့ ချို့ယွင်းချက်တွေရှိနေခဲ့တယ်။*
ရဲ့ရှင်းချန်သည် သူ့၏မိဘများသေဆုံးသွားသကဲ့သို့ မျက်နှာသေဖြင့် ဘာစကားမှတောင် မပြောဘဲ စိတ်ခံစားမှုကင်းမဲ့စွာနဲ့ ရပ်နေခဲ့သည်။
ဒီလိုဖြစ်နေတဲ့ လူက ဘယ်အရာကို ဖြစ်မြောက် အောင် လုပ်နိုင်မှာလဲ?
သေချာတာတစ်ခုကတော့, လူတိုင်းရဲ့အတွေးများကလည်း မတူညီကြပေ။
ဇာတ်လိုက် ရဲ့ရှင်းချန် : ……
ထိုအချိန်တွင် လူတစ်ချို့သည် မျက်မှောင်ကြုတ်ပြီး ရဲ့ရှင်းချန်ကို ကြည့်၍ ပြောခဲ့သည်။
" ဒီလူပုံစံကို ကြည့်ရတာ ရင်းနှီးနေပုံရတယ်။ငါသူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားနေရတယ်။"
" အခုတော့ မင်းပြောလိုက်မှ သူ့ပုံစံကို ကြည့်ရတာ ရင်းနှီးနေသလိုလိုဘဲ။ "
" သူက ဘယ်သူလဲ? "
လင်ပေ့ဖန်က ဂုဏ်ယူစွာဖြင့် ပြောခဲ့သည်။
" ရင်းနှီးနေမှာပေါ့ ၊ဘာကြောင့်လဲဆိုတော့ ငါ့အစ်ကို က သက်တော်စောင့်တစ်ယောက်သာလျှင် မဟုတ်ဘဲနဲ့ အင်တာနက် ဆယ်လီတစ်ယောက်လည်း ဖြစ်တယ်လေ။ပြီးတော့ သူက အလွန်ကျော်ကြားပြီး လူကြိုက်များတဲ့ အင်တာနက်ဆယ်လီတစ်ယောက်လည်းဖြစ်တယ်။ထို့ပြင် သူ့ကို လူတွေက အွန်လိုင်းကြယ်ပွင့်ကြီးတစ်ပွင့်လို့လည်း အများအားဖြင့်သိကြတယ်။ "
" အင်တာနက်ဆယ်လီ? ဘယ်သူလဲ? "
" ငါသူ့ကို ခုချိန်ထိတိုင်အောင် မမှတ်မိသေးဘူး။ "
" ငါမင်းတို့ကို အရိပ်အမွက်တစ်ခု ပေးမယ်။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ညုတုတုလေသံဖြင့်
"မင်းက အရမ်း ဆက်စီကျတာဘဲ, ငါကြိုက်တယ် " ဟု ပြောလိုက်သည်။
ထို့နောက် လူတိုင်းက ရုတ်တရက် သဘောပေါက်သွားကြသည်။
" အို့ , ဒါဆိုရင် သူက ဟိုကိုယ်လုံးတီးနဲ့ကတဲ့လူပေါ့။သူက အခုအဝတ် ဝတ်ထားတော့ သူ့ကို မမှတ်မိ တော့ဘူး။ ''
" သူ့ကို ကြည့်ရတာ ရင်းနှီးနေတာက အံ့ဩစရာမဟုတ်တော့ပါဘူး။ "
" ဘော့စ်လင် , မင်းရဲ့ သက်တော်စောင့်အစ်ကိုက အမှန်တကယ်ကို ပါရမီရှိတာဘဲ။ "
" သူ ကတာ အရမ်းဆက်စီကျတာဘဲ။ ဟားဟား "
ဇာတ်လိုက် ရဲ့ရှင်းချန် : အဟွတ်...အဟွတ်
ထို့နောက် ပိုက်ဆံအများကြီးလည်း ရှာနိုင်ပြီး အကြီးကဲဟွမ် နှင့်လည်း ရင်းနှီးခဲ့တာကြောင့် ကျောက်လောင်းကစားရုံမှ ထွက်ခွာချိန်၌ လင်ပေ့ဖန်နှင့်သူ့၏အဖွဲ့သည် စိတ်ခံစားချက်ကောင်းနေခဲ့သည်။
" မိန်းမလှလေး , ဒီနေ့အတွက် ငါတို့ရှာနိုင်ခဲ့တဲ့ ငွေစုစုပေါင်းက ယွမ်သန်း၄၉၀ဘဲ။ဒါ့အပြင် ငါတို့မှာ ဒီမတိုင်ခင်က ရန်ပုံငွေ ပိုက်ဆံသန်း၁၀၀ရှိသေးတယ်။အဲ့တာအားလုံးကို ပေါင်းလိုက်ရင် ငွေစုစုပေါင်းက သန်း၅၅၀တောင်ရှိသွားပြီ။ အဲ့ဒီပိုက်ဆံအများကြီးနဲ့ဆိုရင် ငါတို့တစ်ခုခုကို ရင်းနှီးမြှုပ်နှံလို့ရပြီ ၊ မဟုတ်လား? " ဟု လင်ပေ့ဖန်က ဂုဏ်ယူစွာဖြင့် ပြောခဲ့သည်။
လျိုယုမေ့သည် တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့ပြီး
" ယွမ်သန်း၆၀၀ နီးပါးဘဲ။ကျွန်မတို့ ဒီပိုက်ဆံနဲ့ တကယ်ပဲ အများကြီးကို ရင်းနှီးမြှုပ်နှံနိုင်တယ်။ပြီးတော့ ကျွန်မတို့ရဲ့ အစီစဉ်အများကြီးကိုလည်း အခုအကောင်ထည်ဖော်လို့ရပြီ။ဘော့စ်လင် , ဒီနေ့ ရှင့်ရဲ့ကံက တကယ့်ကို ကောင်းတယ်။ ရှင် ကျောက်စိမ်းတုံး အကြီးကြီးနှစ်တုံးကိုတောင်မှဘဲ ရှာဖွေနိုင်ခဲ့တယ်။ " ဟု ပြောခဲ့သည်။
" ဒါတွေအားလုံးကို အစ်ကိုရဲ့ကဘဲ ယူလာခဲ့ပေးတာ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် ဂုဏ်ယူစွာဖြင့် ရဲ့ရှင်းချန်၏ ပုခုံးကို ရိုက်လိုက်ပြီး
" အကယ်၍ သူ့ရဲ့အကြံပေးချက်ကြောင့်သာမဟုတ်ရင် ဒီကိုလာပြီး ကျောက်လာလောင်းဖြစ်မှာမဟုတ်ဘူး။ပြီးတော့လည်း ဒီ၉သန်းတန် ကျောက်တုံးကို ငါရွေးချယ်ပြီး ဖွင့်ခဲ့တာမဟုတ်ဘူး။ အစ်ကိုရဲ့သာ အဲ့ဒီကျောက်တုံးကို ငါ့အတွက် ကူညီပြီး မရွေးချယ်ပေးခဲ့ရင်တော့ ငါဒီလောက်တန်ဖိုးမဖြတ်နိုင်တဲ့ သန်း၄၀၀တန်ရတနာကို ပိုင်ဆိုင်ခဲ့မှာမဟုတ်ဘူး။ " ဟု ပြောခဲ့သည်။
" သူက ငါ့ရဲ့ ကျေးဇူးရှင်ဘဲ။"
" ဒီနေ့ ငါရခဲ့တာအကုန်လုံးက သူ မပါဘဲနဲ့ ငါရနိုင်မှာမဟုတ်ဘူး။ကျေးဇူးတင်ပါတယ် အစ်ကိုရဲ့။ ငါကုမ္ပဏီပြန်ရောက်တဲ့အခါကျရင် အသေအချာကို ဘောက်စူးကောင်းကောင်းပေးမယ်။ "ဟု လင်ပေ့ဖန်က သူ့၏ စိတ်ရင်းမှန်ဖြင့် ပြောခဲ့သည်။
ဒါပေမဲ့လည်း သူ့ချီးကျူးလိုက်သော စကားတစ်ခွန်းဆီက ရဲ့ရှင်းချန်၏ နှလုံးသားကို လေးလံသောတူဖြင့် ထုလိုက်သလိုဖြစ်နေခဲ့သည်။ထိုစကားသည် သူ့ကို နေရထိုင်ရခက်စေပြီး ဖြည်းဖြည်းချင်းချင်း ညှဉ်းပန်းနှိပ်စက်နေသလို ဖြစ်နေခဲ့သည်။
*အကယ်၍ သူသာ အချိန်နောက်ပြန်ဆုတ်လို့ ရခဲ့ရင်တော့ ဒီနေရာလာဖို့ကို ဘယ်တော့မှ အကြံပေးခဲ့မှာ မဟုတ်ဘူး။ပြီးတော့လည်းသူသည် ကျောက်တုံးကို ကူညီပြီး ရွေးချယ်ပေးမိမှာ မဟုတ်တာကတော့ အသေအချာဘဲဖြစ်သည်။*
*မင်းမှာ တကယ့်ကို သွက်လက်တဲ့ လျှာနဲ့ အံ့ဩဖွယ်ကောင်းတဲ့ လက်တစ်စုံရှိတာဘဲ။*
" သူကြောင့်လား! မေ့လိုက်ပါတော့ " ဟု လျိုယုမေ့က သူမ၏ မျက်လုံးများကို လှိမ့်လိုက်ပြီး ပြောခဲ့သည်။
သူမရဲ့အမြင်အရတော့ ဒီဖြစ်ရပ်အားလုံးက ကံကောင်းလို့ပဲဖြစ်သည်။ထို့ပြင် မျက်မမြင်ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို တိုက်မိပြီးသေစေသလိုပဲ ဖြစ်နေသည်။
*ပြီးတော့လည်း ရဲ့ရှင်းချန်၏ ဒီနေ့အတွက် လုပ်ဆောင်ချက်က ကြောက်မက်ဖွယ်ကောင်းနေသည်။*
*လင်ပေ့ဖန်၏ ပုံရိပ်ကို ကိုယ်စားပြုသော အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူ့မှာ ဖော်ရွေတဲ့အမူအရာနဲ့ မျက်နှာပေါ်တွင်လည်း အပြုံးတစ်စွန်းတစ်စတောင် မရှိပေ။ထို့ပြင် သူသည် မျက်နှာသေဖြင့် စကားမပြောဘဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေခဲ့သည်။*
*ဆန့်ကျင်ဘက်အနေဖြင့် လင်ပေ့ဖန်ကတောင်မှ လူများနဲ့ ပြောဆိုဆက်ဆံရာတွင် အလွန်ဖော်ဖော်ရွေရွေရှိခဲ့သည်။*
*သူသည် အင်္ကျီလက်ရှည်ဖြင့် တွဲကပြီး သူငယ်ချင်းေတာင် ဖွဲ့ခဲ့သေးသည်။*
*ထို့ပြင် လူအများရှေ့တွင်လည်း သူသည် သူ့ရဲ့သက်တော်စောင့်ကို မျက်နှာသာပေးပြီး ဘာမှမတုံ့ဆိုင်းဘဲနဲ့ ပိုက်ဆံသန်းအနည်းဆုံးရှုံးဖို့ကို ဆန္ဒရှိခဲ့တယ်။*
*.ပိုက်ဆံရရှိပြီးတဲ့နောက်မှာာလည်း လင်ပေ့ဖန်သည် ဆက်လက်နှိမ့်ချ၍ သူ့ရဲ့အစ်ကိုကို ထောက်ပံ့ပေးဖို့အတွက်လည်း မမေ့ခဲ့ပေ။*
ထိုအရာကြောင့် သူမ၏အမြင်သည် လင်ပေ့ဖန်အပေါ်၌ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ဒီအသုံးဖြုန်းကြီးတဲ့ သူဌေးသားက ဘာမှသုံးစားမရတာတော့ မဟုတ်ဘူးဘဲ။
ထိုအချိန်တွင် ဇာတ်လိုက်ရဲ့ရှင်းချန်သည် ပင်ပန်းနေသောမျက်နှာအမူအရာဖြင့် " ဘော့စ်လင် , ကျွန်တော်ဒီနေ့ ၊နေ့တစ်ဝက်လောက် အလုပ်နားချင်တယ်။" ဟု ပြောခဲ့သည်။
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး " အစ်ကိုရဲ့၊ဘာကိစ္စရှိလို့လဲ? " ဟု မေးမြန်းလိုက်သည်။
" ကျွန်တော် မနေ့ညက သောက်တာနည်းနည်းများသွားတယ်။ပြီးတော့ ကျွန်တော်ရဲ့ခန္ဓာကိုယ်က အခုချိန်ထိတိုင်အောင် သက်တောင့်သက်သာမရှိသလို ခံစားနေရတယ်။ဒါ့ကြောင့်ပဲ ကျွန်တော်ခွင့်ယူပြီး နားချင်လို့ပါ။ဘော့စ်လင်၊ခွင့်ပြုမယ်လို့ ကျွန်တော်ထင်ပါတယ်။ " ဟု ရဲ့ရှင်းချန်က လင်ပေ့ဖန်ဆီသို့ လာပြီး ခွင့်တောင်းလိုက်သည်။
အမှန်တကယ်တန်းတော့ သူပြန်ပြီးအနားယူချင်တာက သူ့ရဲ့ စိတ်ဒဏ်ရာကို ကုသဖို့အတွက်ဖြစ်သည်။
ထို့ပြင် မနက်ကလည်း သူ့ကို လူတိုင်းက လုံးတီးကတဲ့ယောက်ျားကြီးဟု လှောင်ပြောင်ခဲ့ကြပြီး နေ့လည်ပိုင်းမှာလည်းသူသည် သူ့ရန်သူအတွက် ငွေအများကြီးကို ရှာပေးခဲ့မိသည်။
သူ့၏ နှလုံးသားလေးသည် တော်တော်လည်းနာကျင်၍ အလွန်လည်း ပင်ပန်းနေသောကြောင့် သူအနားယူပြီး ကုသဖို့အတွက် လိုအပ်နေခဲ့သည်။
လင်ပေ့ဖန်သည် ကိုယ်ချင်းစာသောအမူအရာကို ပြသခဲ့ပြီး " အစ်ကိုရဲ့ မင်းအလုပ် ကောင်းကောင်းလုပ်ခဲ့တယ်။ပြန်ပြီးတော့ကောင်းကောင်းအနားယူလိုက်ဦး။ငါမင်းနေ့တစ်ဝက်ခွင့်ယူတာကို။ ခွင့်ပြုတယ် " ဟု ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်၊ ဘော့စ်လင် ။"
ဟု ပြောပြီး ရဲ့ရှင်းချန်သည် သူ့၏ရင်ဘက်ကိုကာ၍ စိတ်ညစ်စွာဖြင့်ထွက်ခွာသွားခဲ့သည်။
လျိုယုမေ့သာလျှင် သူမ၏မျက်လုံးကို လှိမ့်၍ မကျေမနပ်ဖြစ်နေသလို ခံစားနေရသည်။
" ရဲ့ရှင်းချန်က ဘာဖြစ်နေတာလဲ ? ။ သူက သက်တော်စောင့်တစ်ဦးလည်း ဖြစ်ပြီး ယာဉ်မောင်းတစ်ဦးလည်းဖြစ်တယ်ေလ။ ပြီးတော့ လက်ရှိအချိန်ကလည်း သူ့အလုပ်ချိန်မှာ။ ဒါ့ကြောင့် ရှင့်ရဲ့လုံခြုံရေးအတွက် သူ တာဝန်ရှိတာပေါ့။ သူနေ့တစ်ဝက်ပဲ လုပ်ရသေးတယ်၊ ဘယ်လိုလုပ်ပြီး ထွက်သွားလို့ရမှာလဲ ?။အကယ်၍ ဒီကြားထဲမှာ ရှင်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ? ။ သူ့မှာ ဘာပရော်ဖက်ရှင်နယ် ကျင့်ဝတ်မှ မရှိဘူး။ သူက ငွေရှာဖို့အတွက် ကူညီပေးရင်တောင်မှ အဲ့လောက် မာနမကြီးသင့်ဘူး။ " ဟု ပြောခဲ့သည်။
" ငါ့ အစ်ကိုရဲ့ကို အဲ့လို မပြောပါနဲ့။" ဟု လင်ပေ့ဖန်က သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
" သူ့တကယ် ပင်ပန်းနေလို့ဖြစ်မှာပါ။ငါတို့နဲ့ အခုချိန်ထိတိုင်အောင် အတူတူလိုက်ပေးတာကဘဲ တော်တော်တောင် လုံလောက်နေပြီ။သူ့ကို ကောင်းကောင်း အနားယူခွင့်လေး ပေးလိုက်သင့်တယ်။ တော်တော်တောင်နောက်ကျနေပြီ။သွားကြရအောင်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ကျွန်မတို့ ဘယ်ကို သွားမှာလဲ? " ဟု လျိုယုမေ့က မေးလိုက်သည်။
" ဆေးရုံသွားပြီး ရှောင်ချန်းဆီကိာ သွားလည်မလို့။" ဟု လင်ပေ့ဖန်က ပြန်ဖြေခဲ့သည်။
မကြာမှီ သူတို့သည် ဆေးရုံသို့ ရောက်ရှိခဲ့သည်။
လင်ပေ့ဖန်သည် ဖြူဖျော့နေသော ပန်းစီးတစ်စီးကို ကိုင်၍ လေးလံနေသော မျက်နှာအမူအရာဖြင့် လူနာဆောင်သို့ လမ်းလျှောက်သွားခဲ့သည်။